Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mark Margolis
7.2
Dinner Rush (2000)
2000ခုနှစ်က ထွက်ရှိပြီး Rotten Tomatoes 91% ရထားတဲ့ Crime/Thriller ရုပ်ရှင်ကားဖြစ်ပါတယ်။2022 ကထွက်ခဲ့တဲ့ The Bear လိုမျိူး စားဖိုဆောင်ထဲမှာ စားဖိုမှူးတွေ ရုန့်ရင်းဆန်ခတ် သုတ်သီးသုတ်ပျာဖြစ်နေတာမျိုး၊ စားသောက်ဆိုင်ထဲက စားပွဲဝိုင်းတွေမှာ ထိုင်နေတဲ့ လူတွေရဲ့ အကြောင်းတွေကို တစ်ညအတွင်းမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတာပါ။Mr. Cropa က လောင်ကစားဒိုင် ပိုင်ရှင်ပါ။ သူ့မှာ Gigino ဆိုတဲ့ အီတလီ စားသောက်ဆိုင်လည်း ရှိပါတယ်။ သူ့ရဲ့ သားဖြစ်သူ Udo ကတော့ စားသောက်ဆိုင်ရဲ့ အကြီးဆုံးစားဖိုမှူးပါ။ လက်ထောက်စားဖိုမှူး Duncanကတော့ မလောင်းရမနေနိုင်အောင် လောင်းကစားခုံမင်သူဖြစ်ပါတယ်။ Duncan ပတ်သတ်မိသွားတဲ့ ဂန်းစတား နှစ်ယောက်က Cropa ရဲ့ စားသောက်ဆိုင်ကို ရောက်လာခဲ့ပြီး Cropa ကို အကြပ်ကိုင်ကြပါတယ်။ကြည့်ရတာ သုတ်သီးသုတ်ပျာ ဖြစ်နေပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File ...
movie
Dinner Rush (2000)
Tales from the Darkside: The Movie (1990)
Tales from the Crypt တို့ Creepshow တို့လို နာမည်ကျော် Horror anthology series တွေကိုအခြေခံတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ ဇာတ်ကားကိုလည်း ဇာတ်လမ်းတိုသုံးခုနဲ့ဖွဲ့စည်းထားပါတယ်။စုန်းမတစ်ယောက်ကဖမ်းပြီး ပါတီပွဲအတွက်သတ်စားဖို့ ကြံစည်ခံထားရတဲ့ ကောင်လေးတစ်ယောက်က အချိန်ဆွဲတဲ့အနေနဲ့ Tales from the Darkside ဆိုတဲ့စာအုပ်ထဲကစိတ်ဝင်စားစရာအကောင်းဆုံးဇာတ်လမ်းသုံးခုကို ပြန်ပြောပြတဲ့ပုံစံနဲ့ ဇာတ်လမ်းကို စတင်ထားတာဖြစ်ပါတယ်။Lot 249 ဘယ်လင်တန်ဆိုတဲ့စာကြမ်းပိုး၊ ဆင်းရဲတဲ့ကောလိပ်ကျောင်းသားလေးတစ်ယောက်ဟာ ကျောင်းထောက်ပံ့ကြေးလျှောက်တဲ့အချိန်မှာ သူဌေးသားကျောင်းသူကျောင်းသားတစ်စုရဲ့ လှည့်ဖျားမှုကိုခံလိုက်ရပြီး နောက်ကောက်ကျခဲ့ပါတယ်။ အဲ့ဒါကိုပြန်ကလဲ့စားချေတဲ့အနေနဲ့ ရှေးဟောင်းမံမီတစ်ကောင်ကိုအသက်သွင်းပြီး သူ့ကိုညစ်ခဲ့တဲ့သူတွေကို လိုက်သတ်ခိုင်းတဲ့အခါ..။The Cat from Hell ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ ဟော်စတန်ဟာ ရှေးဟောင်းစံအိမ်ကြီးတစ်ခုကိုဖိတ်ခေါ်မှုကြောင့်ရောက်လာခဲ့ပါတယ်။ စံအိမ်ကြီးရဲ့ပိုင်ရှင်ကတော့ သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်ပြီး သူ့ကိုကြေးကြီးကြီးနဲ့ငှားလိုက်ရတဲ့အကြောင်းရင်းက သူ့အိမ်မှာရှိနေတဲ့ ကြောင်နက်တစ်ကောင်ကိုသတ်ဖို့ဆိုတာ သိလိုက်ရပါတယ်။ တကယ်ပဲ အဲ့ဒီကြောင်နက်က အဘိုးကြီးထင်နေသလို ဒုက္ခပေးနိုင်တဲ့ ငရဲကလာတဲ့ကြောင်တစ်ကောင်ဖြစ်နေမလား။Lover's Vow ပရက်စတန်က ကြိုးစားနေဆဲအနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့လက်ရာတွေကို လူတွေအားမပေးတဲ့အတွက် ငွေပြတ်ပြီး စိတ်ဓာတ်ကျနေပါတယ်။ ဘားတစ်ခုကအပြန် ...
movie
Tales from the Darkside: The Movie (1990)
5.8
Noah (2014)
Noah (2014)နောက်ထပ် သမ္မာကျမ်းဝင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ "Noah" နောဧအကြောင်း ရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် နာမည်ကြီးသရုပ်ဆောင် Russell Crowe က နောဧအဖြစ်သရုပ်ဆောင်ထားပြီး ဝါရင့်သဘာရင့် ဂန္ထဝင်သရုပ်ဆောင်ကြီး Anthony Hopkins နဲ့ Jennifer Connelly, Emma Watson, Logan Lerman တို့က အသီးသီးဇာတ်ပို့နေရာကနေပါဝင်ထားကြပါတယ်။~ ဖန်ဆင်းခြင်း အကျဉ်း ~သမ္မာကျမ်းစာရဲ့ Timeline အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ခန့်လောက်က ထာဝရဘုရားကဗလာနတ္တိကနေ ဖန်ဆင်းခြင်းကိုအစပြုခဲ့ပါတယ်။ ဖန်ဆင်းခြင်းကို ရက်ပေါင်းခုနစ်ရက်အနေနဲ့ ပိုင်းခြားထားခဲ့ပါတယ်။ ပထမနေ့ရက်မှာ ကောင်းကင်နဲ့မြေကြီး၊ နေ့နဲ့ညလို့ သမုတ်ခြင်းကိုခံရတဲ့ အလင်းနဲ့အမှောင်ကို ဖြစ်စေခဲ့ပါတယ်။ ဒုတိယနေ့မှာ ဘုရားသခင်ဟာ မိုဃ်းကောင်းကင်နဲ့ ကုန်း(မြေ)အသီးသီးမှာရေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ တတိယနေ့မှာ မြေကြီးပေါ်ကရေကို စုဝေးစေပြီး ပင်လယ်၊ ကုန်းကိုစုဝေးစေပြီး မြေလို့အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြေပေါ်ကပေါက်တဲ့အပင်၊ အလင်းအိမ်ကြီးနှစ်လုံးဖြစ်တဲ့ နေနဲ့လ၊ သားရဲတိရစ္ဆာန်တို့ကို ...
movie
Noah (2014)
4K HEVC
4.5
The Courier (2012)
The Courier (2012) ==============ဒီကားလေးကတော့ 2012 တုန်းကထွက်ရှိထားတဲ့ Crime Drama ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ ကော်ရီရာ ဆိုတဲ့ ပစ္စည်းပို့သမားတစ်ယောက်ဟာ Client တွေလာအပ်တဲ့ပစ္စည်း မှန်သမျှကို ပို့ချင်တဲ့သူဆီ မရောက်ရောက်အောင် ပို့ပေးတဲ့ အလုပ် လုပ်ပါတယ်။ ပြောရရင်တော့ မြေအောက်အလုပ်တွေပေါ့။ တစ်ရက် သား သူ့ဆီကို Evil Sivie ဆိုတဲ့ လူတစ်ယောက်ဆီကို SuitCase တစ် ခုပို့ခိုင်းရာကနဲ့ ဇာတ်တည်ထားပါတယ်။လာအပ်တဲ့ Client ကလည်း Evil Sivie ဆိုတဲ့ နာမည်ကလွဲပြီး ဘာမှ မပေးတော့ Evil Sivie ဆိုတဲ့လူတစ်ယောက်အကြောင်းကို လိုက်ရှာရင်း နဲ့ ကော်ရီရာတစ်ယောက် ပစ္စည့်ပို့တာထက်ပိုတဲ့ကိစ္စတွေမှာ ပတ်သတ် မိသွားတဲ့အခါမှာတော့ Evil Sivie ဆိုတဲ့သူကဘယ်သူလဲ ကော်ရီရာတ စ်ယောက်ပတ်သတ်မိတဲ့ကိစ္စတွေရဲ့ နောက်ဆက်တွဲတွေဘာဆက်ဖြစ်မ လဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.4 GB) / (608 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 35Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, ...
movie
The Courier (2012)
2012
Stand Up Guys (2012)
ကဲ ဒီတစ်ခါတော့ သရုပ်ဆောင်လည်းဖြစ် စာရေးဆရာလည်းဖြစ် ဒါရိုက်တာလည်းဖြစ်နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Short Circuit 1,2 ရဲ့ပဲ့ကိုင်ရှင်ကြီး ဒါရိုက်တာ Fisher Stevens ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ အဓိက သရုပ်ဆောင်တွေအကုန်လုံးကလည်း နာမည်ကြီး Academy ရမင်းသားကြီးတွေဖြစ်တဲ့ Alfredo James Pacino, Christopher Walken နဲ့ Alan Arkin တို့လိုဝါရင့်မင်းသားကြီးတွေက Main Role အနေနဲ့သရုပ်ဆောင်ထားပြီတော့ မင်းသမီးတွေကလည်း နာမည်ကြီးတွေပဲနော်ဇာတ်လမ်းကတော့ မင်းသားကြီးသုံးယောက်က မိုက်ဖော်မိုက်ဖက် သူငယ်ချင်းတွေဖြစ်ပြီ သူ့ခေတ်သူ့ခါမှာတော့ ဂျင်တွေပေါ့တစ်နေ့တော့လုပ်ငန်းသဘောအရ သူငယ်ချင်း အချင်းချင်းပြန်သတ်ဖို့ အကြောင်းဖန်လာပြီး အချိန် ၁၀ နာရီလောက်ပဲကျန်တော့တဲ့အချိန်မှာသူငယ်ချင်းတွေ တက်ညီလက်ညီနဲ့ တစ်မျို့လုံးကိုပတ်ပြီ မွှေ တဲ့အကြောင်းကို ဇာတ်အိမ်လေးတည်ထားတာပါ တစ်ခေတ်တစ်ခါက ဇိုးကြီးတွေ ဒီဘက်ခေတ်မှာ ဘယ်လိုတွေ မီးကုန်ယမ်းကုန်သောင်းကြမ်းမလဲဘယ်လိုတွေ ပတ်ပွေးကြမလဲဆိုတာကိုတော့ ဇာတ်ကားကိုသာမြန်မြန်ကြည့်ကြပါတော့လို့ပဲတိုက်တွန်ချင်ပါတော့တယ်Plot ခိုင်ခိုင်မာမာနဲ့ အစွမ်းကုန်လည်းကြမ်း တစ်လွဲလုပ်တာတွေကို ခွီလည်းခွီရမယ့် ...
movie
Stand Up Guys (2012)
Delta Force 2: The Colombian Connection (1990)
Delta Force 2: The Colombian Connection (1990)မင်းသားကြီး Chuck Norris ရဲ့ Delta Force Trilogy ထဲက ဒုတိယမြောက်ကား လာပါပြီ။ ပထမကားကတော့ 1986 ထွက် The Delta Force ပါ။ဒီတစ်ခါကတော့ အမေရိက မှောင်ခိုဈေးကွက်မှာ အကြီးအကျယ် လုပ်ပိုင်ခွင့်ရထားတဲ့ တောင်အမေရိက မူးယစ်ဆေး တင်ပို့ရောင်းချသူ ရာမွန်ကိုတာကို ဖျက်ဆီးပစ်ရမယ့် မစ်ရှင်ဖြစ်ပါတယ်။နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဆန်ကားလို့စ်နိုင်ငံက ကိုကိန်းဘုရင် ရာမွန်ကိုတာဟာ Chuck Norris (ကာနယ် မက်ကွိုင်း) ရဲ့ Delta Force တွဲဖက်အပြင် အမေရိကရဲ့ မူးယစ်ဆေးဝါး အေးဂျင့်အဖွဲ့ကို ဖမ်းထားပြီး သူ့အိမ်မှာ အကျဉ်းချထားတာပါ။ အဲဒါနဲ့ပဲ Delta Force ဟာ ကိုတာရဲ့ အင်အားကြီးမားတဲ့ ကိုကိန်းအင်ပါယာကြီးကို ရင်ဆိုင်တိုက်ခိုက်ရဖို့ ဖြစ်လာပါတယ်။ ...
movie
Delta Force 2: The Colombian Connection (1990)
1990
The Tailor of Panama(2001)
The Tailor of Panama(2001)**************************James Bond မင်းသားကြီး Pierce Brosnan အပြင် Geoffrey Rush,Jamie Curtis တို့လိုနာမည်ကြီး သရုပ်ဆောင်များနဲ့ ဟယ်ရီပေါ်တာမင်းသားလေး Daniel Radcliffe ကကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်ငံရေးလှည့်ကွက်တွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးရဲ့ အပျော်မယားနဲ့ကိစ္စတွေရှုပ်ခဲ့လို့ ပန်နမာကိုစေလွှတ်ခံရတဲ့ စစ်တပ်သတင်းဌာနက အန်ဒီအော့စ်နာဟာ ပန်နမာမှာဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ မကောင်းမှုဒုစရိုက်တွေကိုစုံစမ်းဖို့ ပုံပြောကောင်းတဲ့ အပ်ချုပ်သမား ဟယ်ရီပန်ဒယ်ကိုအကြပ်ကိုင်ခိုင်းစေပါတယ်။ ဟယ်ရီအနေနဲ့ သူ့ရဲ့အတိတ်ကအကြောင်းတွေကို မပေါ်စေချင်တဲ့အတွက်ကြောင့်ပဲ အန်ဒီခိုင်းသမျှကိုလိုက်လုပ်ပေးရာကနေ ဘယ်လောက်အထိဆိုးဝါးသွားမလဲ... သူ့ရဲ့ပုံပြောကောင်းတဲ့အရည်အချင်းနဲ့ ဘယ်လိုဇာတ်လမ်းတွေဖန်တီးခဲ့တာလဲဆိုတာကို လှည့်ကွက်ပေါင်းများစွာနဲ့ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်.....File Size :(3.4GB) (0.9GB) and (472MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:49:00 Genre : Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie
The Tailor of Panama(2001)
6.7
Absolute Power (1997)
အက်ရှင်ကားတွေရဲ့မင်းသားကြီးဖြစ်တဲ့ အော်စကာဆုများရှင် ကလင့်အိစ်ဝုဒ်က ခေါင်းဆောင်မင်းသားေနရာကေန ပါဝင်သရုပ်ေဆာင်ထားပြီး ကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးပုံစံကိုအခြေခံထားတဲ့ Action, Thriller ဇာတ်လမ်းအမျိုးအစားဖြစ်တာမလို့ ဒီလိုgenereတွေကို ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်စတမ်းကြည့်ရှုသင့်ပါတယ်။ကလင့်အိစ်ဝုဒ်သရုပ်ေဆာင်ထားတဲ့ အဓိကဇာတ်ကောင် လူသာဝစ်တနီဟာ ဖောက်ထွင်းနိုင်စွမ်းအကောင်းဆုံးတွေထဲက အမိုက်စားသူခိုးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူဟာ ဘီလျံနာသူဌေးကြီးတစ်ယောက်ရဲ့အိမ်ကို ဖောက်ထွင်းရာကနေ လူသတ်မှုတစ်ခုနဲ့ပါဝင်ပတ်သက်သွားပါတော့တယ်။ အဲဒီလူသတ်မှုရဲ့အဓိကတရားခံဟာလည်း နိုင်ငံရဲ့ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ဖြစ်နေချိန်မှာတော့ လူသာက ဒီအမှုရဲ့သံသယရှိသူေနရာကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဥပဒေဘောင်အပြင်ဘက်ကနေ တရားခံကိုဘယ်လိုအပြစ်ပေးမယ်ဆိုတာတွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာဖြစ်ပါတယ်။သူခိုးအကျော်အမော်လူသာဝစ်တနီနေရာကနေ ကလင့်အိစ်ဝုဒ်၊ အမေရိကန်သမ္မတအယ်လန်ရစ်ခ်ျမွန်းနေရာကနေ ဂျီးန်ဟက်ခ်မန်း၊ အထက်တန်းစုံထောက်ဆက်သ်ဖရန့်နေရာကနေ အက်ခ်ဟဲရစ်နဲ့ ကိတ်ဝစ်တနီနေရာကနေ လော်ရာဝင်းနေးတို့က အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။1997မှာ ရုံတင်ထားတာဖြစ်ပါတယ်။File size…(2.02GBGB) / (`1019MB) / (486MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:01:00 Genre... Drama / Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Absolute Power (1997)
6.7
Stay(2005)
Stay (2005)==========Ryan Gosling Ewan McGregor တို့လိုဝါရင့်သရုပ်ဆောင်ကြီးများပါ၀င်ထားတဲ့ThrillerMystery ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေဆမ် ဖော်စတာဟာစိတ်ရောဂါကုဆရာ၀န်တယောက်ပါ။တနေ့မှာ ဟင်နရီဆိုတဲ့ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့အနုပညာကျောင်းသားလေးတယောက်ကသူ့ဆီကိုရောက်လာခဲ့တယ်။ထူးဆန်းတာကဟင်နရီရဲ့အဖြစ်အပျက်တွေ အခြေအနေတွေကတခုမဟုတ်တခုထူးဆန်းနေတယ်။ အနာဂတ်ကိုကြိုပြောနိုင်တာမျိုးတွေလည်းရှိသလို ဆမ်နဲ့တခြားလူတွေရဲ့တချို့အကြောင်းကိစ္စတွေကိုမပြောပဲသိနေတာတွေကအစရှိနေတယ်။ဟင်နရီကသူ့ကိုယ်သူ၃ရက်အတွင်းအဆုံးစီရင်တော့မယ်လို့ပြောပြီးနောက်မှာတော့ဆမ်တယောက်ဟင်နရီ့ကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ဟင်နရီရဲ့အတွေးကမ္ဘာ အတုအယောင်ဆိုတာကနေကယ်ဖို့ကြိုးစားရင်း ဆမ်ကရောကိုယ့်ရဲ့ဖြစ်တည်မှုကိုအစစ်အမှန်လားမေးခွန်းထုတ်ရတဲ့အထိဖြစ်လာတဲ့အခါမှာတော့ဘာကအမှန်လဲဘာကအမှားလဲဘာကတကယ့်အစစ်အမှန်ဖြစ်ပေမယ့်ဘာကကိုယ့်စိတ်ကကိုယ့်ကိုလှည့်စားနေတာဖြစ်နေတာလဲ?ဟင်နရီ့ကိုရောကယ်တင်နိုင်ပါ့မလားဆိုတာကိုstay ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးပါဦး။ File size…1.26GB / 562MB Quality…Blu-Ray 1080p5.1CH / 720p Format…mp4 Duration….1h 39m Genre .....Drama , Thriller , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Stay(2005)
5.8
End of Days (1999)
End of Days (1999)ငယ်စဉ်တောင်ကျေး ကလေးဘဝက အထိတ်တလန့်ကြီး ကြားလိုက်ရတယ်။ ကမ္ဘာပျက်မယ်တဲ့။ ဟင် ဘာလား။ ပျော်စရာကြီး။ ကမ္ဘာပျက်ရင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ကြည့်မယ်ပေါ့။ တိုင်ပင်ကြ။ ပြင်ဆင်ကြ။ မုန့်တွေ သစ်သီးတွေ စုဆောင်းသိမ်းဆည်းကြ။ အချိုလေးတည်းရင်း ကြည့်ရရင် သိပ်ဇိမ်ရှိမှာကိုးဗျ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့မျက်နှာက သိပ်မကောင်းကြဘူး။ လက်ဖက်ရည်ဆိုင်တွေ အိမ်က လက်ဖက်ရည်ကြမ်းဝိုင်းတွေမှာ တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်ကြ တိုင်ပင်ကြ။ကလေးပေမဲ့လို့ သိတတ်တဲ့အရွယ်ဆိုတော့ ကမ္ဘာပျက်မယ့်ကိစ္စက ပျော်စရာမဟုတ်မှန်းသိပြီလေ။ ကိုယ်ဖတ်ရတဲ့ ကာတွန်းလေးတွေ မဂ္ဂဇင်းတွေထဲမှာလည်း အဲဒီအကြောင်း မမြင်ချင်မှအဆုံး။ လူတိုင်း လူတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက ပူပင်သောကတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရချိန်ပေါ့လေ။ မျောက်မူးလဲအောင် ဆော့တတ်တဲ့ကိုယ်တွေတောင် လူကြီးတွေမျက်နှာကိုငေးမောပြီး ငြိမ်ငြိမ်လေး ထိုင်နေတတ်လာတယ်။လူကြီးမင်းတို့ မီတဲ့သူတွေ မီကြမှာပါ။ Y2K တဲ့။ ဘာလဲဟ ဝိုင်တူးကေ။ လူကြီးတွေပြောစကားနားထောင် လက်လှမ်းမီသလောက် စာလေးတွေဖတ်ပြီးသိလာပါတယ်။ ...
movie
End of Days (1999)
1999
5.2
Every Last Secret (2022) Broken Soldier
Every last secrets (2022)GOT စီးရီးမှာ Sansa Stark အဖြစ်သရုပ်ဆောင်ပြီး နာမည်ကြီးလာတဲ့ မင်းသမီး Sophie Turner ခေါင်းဆောင်မင်းသမီးအနေနဲ့ ပါဝင်ထားတဲ့ ဒရမ်မာဇာတ်ကားအသစ်လေးဖြစ်ပါတယ် ။စစ်မြေပြင်ကနေ စိတ်ဒါဏ်ရာရပြီး ပြန်လာတဲ့ ၃၅ နှစ်အရွယ် တပ်သားတစ်ယောက် ၊ အချစ်ကိုတစ်ခါမှမကြုံဖူးသေးတဲ့ ၁၇ နှစ်အရွယ်ကောင်မလေးတစ်ယောက် ၊ တစ်ဦးတည်းသော သမီးလေးကို အချစ်လွန်ပြီး over protective ဖြစ်လွန်းတဲ့ ဖခင်တစ်ယောက် ဒီ ၃ယောက်ရဲ့ ဆုံမှတ်ကတစ်နေရာတည်းအဖြစ် ထပ်တူကျလာတဲ့အချိန်မှာ ဘယ်လိုမျိုးရှေ့ဆက်ကြမှာပါလဲဆိုတာ...။ File size…(1.1 GB)/(400 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:33:oo Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Htet Kyaw Myo
movie
Every Last Secret (2022) Broken Soldier
8.3
Requiem for a Dream (2000)
Requiem for a Dream (2000)IMDb - 8.3/10, RT - 79%တစ်ချို့က Requiem For A Dream ကို ကြည့်ရအခက်ဆုံးရုပ်ရှင်တစ်ကားလို့ ဆိုကြတယ်။ တခြားတော့မဟုတ်ပါဘူး။ စိတ်ညစ်စရာတော်တော်ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေကြောင့်ပါပဲ။ နာမည်ကျော်ဝေဖန်ရေးဆရာ ရော်ဂျာအတ်ဘတ်ကတော့ ဒီလိုပြောထားတယ်။" Requiem for a Dream ဟာ အတော်လေးလက်တွေ့ကျတဲ့ စိတ်ဓာတ်ကျစရာအတော်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ Requiem for a Dream နဲ့ ပတ်သက်ပြီး စွဲမက်စရာကောင်းတဲ့အချက်က... ဒါရိုက်တာက ဆေးစွဲနေတဲ့ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြောင်ပြောင်မြောက်မြောက် ပုံဖော်သွားတဲ့အချက်ပါပဲ။ ဆေးသုံးနေတဲ့အချိန်မှာ... ဆေးဟာ ဘာမဆိုဖြစ်နိုင်တဲ့ ကမ္ဘာတစ်ခုထဲကို ပြတင်းတံခါးခဏဖွင့်ပြပေးပြီး... အဲဒီတံခါးပိတ်ကျသွားတဲ့အခါမှာ... ဘဝက အဲဒီပြတင်းတံခါးကိုပြန်ဖွင့်ဖို့ ငွေနဲ့ဆေးကိုရှာဖို့ ကြံမိကြံရာရှာနေရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတော့တယ်" တဲ့။ဒီရုပ်ရှင်ဟာ ဆေးစွဲနေတဲ့သူရဲ့ စိတ္တဗေဒကို အစစ်အမှန်ပြသထားတဲ့ ...
movie
Requiem for a Dream (2000)
2000
6.8
Hannibal (2001)
Hannibal (2001)Cannibal ဆိုတဲ့အင်္ဂလိပ်စကားလုံးရဲ့အဓိပ္ပာယ်က လူသားစားတဲ့သူပေါ့။ ဒီလူသားစားတဲ့အရာကဘယ်လောက်ထိခရီးပေါက်နေလဲဆိုရင် cannibal တို့ cannibalism တို့ဆိုတဲ့စကားလုံးတွေကိုပါသုံးနေရတဲ့အထိပေါ့။ ဒီထဲကလူသတ်သမားက လူသားလည်းစားတဲ့ဇာတ်ကောင်မျိုး။ လူသတ်သမားဖြစ်တဲ့အတွက် သွေးအေးအေးနဲ့သတ်ပြီးတော့ကို ပယ်ပယ်နှယ်နှယ်စားတာမျိုးပေါ့။၊ ဇာတ်ကားတစ်လျှောက်လုံး စားပြမနေ၊သတ်ပြမနေပေမဲ့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်ကောင်ကောင်းကောင်းတွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ကြည့်ရှူသူပရိသတ်ကို မျောနေအောင်ဆွဲခေါ်သွားတာမျိုး။Triller/Crime လို့ genre သတ်မှတ်ထားပေမဲ့ Horror/Action ဆိုလည်းမမှားဘူးဗျ။ Triller/Crime ဆိုတဲ့အတိုင်း ရဲမှုခင်းဇာတ်ကားမျိုးပေါ့၊ လူသတ်သမားနဲ့စုံထောက်ကြားဇာတ်အိမ်ကောင်းကောင်းကိုဘယ်လိုတည်ဆောက်ထားလဲ တစိမ့်စိမ့် အရသာခံရင်းကြည့်ရမယ့်ကားမျိုး။ 1991 ကထွက်ခဲ့တဲ့ The Silence of the Lambs ဆိုတဲ့ IMDb 8.6/10 ရသွားပြီး 1991 ခုနှစ်အတွင်း တစ်ကမ္ဘာလုံးရဲ့ငါးကားမြောက်စာရင်းဝင်သွားတဲ့ Triller/Horror ကားတစ်ကားကိုတော့မှတ်မိကြမယ်ထင်ပါတယ်။ Triller/Horror ကြည့်သူတိုင်း ကြည့်ကိုကြည့်ထားသင့်တဲ့ကားကောင်းတစ်ကားပေါ့။ ဒီကားက အဲကားရဲ့ Sequel လို့ပြောလည်းရမယ့် ကားတစ်ကားပါပဲ။သုံးထားတဲ့ဘက်ဂျက်နဲ့ရုံတင်ဝင်ငွေပြန်ရခဲ့တဲ့ကားကောင်းတစ်ကားဖြစ်တာနဲ့အညီ အတော်လေး ကြည့်လို့ကောင်းတာမျိုးကိုသွားတွေ့ရပါတယ်။ ဒီ Hannibal ...
movie
Hannibal (2001)
2001
7.8
Glory 1989
ဇာတ်လမ်းနာမည် ဂလိုရီ ဆိုတာကတော့ ဂုဏ်ကျက်သရေရှိတဲ့ အောင်မြင်မှုလို့ ဆိုလိုပါတယ်။ အမေရိကန် ပြည်တွင်းစစ် ကာလက တိုက်ပွဲတစ်ခုအကြောင်းကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။ လူမည်းတွေ ကျွန်ဘဝက ကင်းလွတ်ခွင့်အမိန့်ကို သမ္မတ လင်ကွန်းက ထုတ်ပြန်ပြီးနောက် ပထမဆုံး လူမည်း တပ်ရင်းတစ်ခု ဖွဲ့စည်းခွင့် ပေးလိုက်ပါတယ်။ မက်ဆာချူးဆက် တပ်ရင်း (၅၄) ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ လူဖြူစစ်သားတွေကလည်း လူမည်းတွေကိုအထင်မကြီးသလို လက်ထဲကို သေနတ်အပ်ဖို့လည်း မယုံကြည်နိုင်သေးပါဘူး။ ပိုဆိုးသွားတာက တောင်ပိုင်းစစ်တပ်က မြောက်ပိုင်းက ဝင်တိုက်တဲ့ လူမည်းမှန်သမျှ သေဒဏ်ပေးမယ်လို့ ကြေညာစာတမ်း ထုတ်လိုက်တာပါပဲ။ အဲဒီအချိန်မှာ တပ်ရင်းမှူး က ထွက်လိုက ထွက်နိုင်ပြီလို့ ကြေညာခဲ့ပေမယ့် တစ်ယောက်မှ လျော့မသွားခဲ့တဲ့ တပ်ရင်းပါ။ ဒါပေမယ့် တပ်ရင်းတစ်ခုလုံးက စစ်မတိုက်ရသလို ဗြူဟာမှူးကိုယ်တိုင်က အလုပ်ကြမ်းတွေပဲ ခိုင်းထားပြီး နှိမ်ထားခဲ့ပါတယ်။ ဒါကို မခံနိုင်တဲ့ တပ်ရင်းမှူးက နောက်ဆုံးမှာ ...
movie
Glory 1989
7.7
Gone Baby Gone(2007)
Gone Baby Gone (2007)IMDB- 7.7/10 ....Rotten...94%ရရှိထားတဲ့ Crime/Drama ဇာတ်ကားတစ်ကားပါ ဒါရိုက်တာကတော့ Good Will Hunting နဲ့ လက်စွမ်းပြထားတဲ့ Ben Affleck ဖြစ်ပါတယ်(Morgan Freeman ကြီးကိုလည်း သူနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ ခပ်လေးလေးစကားလုံးတွေကို ပြောရင်း တွေ့ရဦးမှာပါ)ဇာတ်ကားကြည့်ပြီးတဲ့အချိန်ကျရင် ဒီမေးခွန်း(၂)ခုကို ဖြေကြည့်ကြပါဦး(၁) ဘယ်သူက မှန်လဲ? (၂) မှန်ကန်တဲ့အဖြေဆိုတာရော ရှိခဲ့လား?ဒီတစ်ခါ Review ကို မရေးဘဲ နိုင်ငံတကာ ရုပ်ရှင်ပရိသတ်အချိ့ ခံစားရှုမြင်ခဲ့တဲ့အပေါ် Spoil မဖြစ်စေအောင် ရှောင်ရင်း ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်...(A) Gone Baby Gone ဟာ ကလေးသူငယ်ပြန်ပေးမှုအကြောင်းနဲ့ အဲဒါတွေက ဖျက်ဆီးလိုက်တဲ့ ဘဝတွေ အကြောင်းကို ခပ်ကြမ်းကြမ်း ဖော်ပြထားတဲ့ ဇာတ်ကားပါ။ ဇာလမ်းက ရှည်လျားဟန်ရှိပေမယ့် အစကနေအဆုံးထိ ပျင်းစရာ ကောင်းတာမျိုး မရှိပါဘူး။ဇာတ်ကားရဲ့အဆုံးသတ်ဟာ ခင်ဗျားတို့အတွက် အချိန်အတိုင်းအတာတစ်ခုထိ ပြောဆိုငြင်းခုန်စရာအကြောင်းအရာတစ်ခုအဖြစ် ကျန်နေခဲ့မှာပါ။(B) ဒီဇာတ်ကားက တကယ့်စစ်မှန်တဲ့ခံစားမှုတစ်ခုကို ပေးနိုင်စွမ်းရှိပါတယ်။ ဒါရိုက်တာ Ben Affleck ဟာ ဘော်စတွန်မြို့ရဲ့လမ်းမပေါ်က ဘဝတွေကို တင်ဆက်ပြသတတ်သူပါ။ ဇာတ်ကားက မကောင်းပါဘူးလို့ ပြောမိမယ့် အချိန်တွေမှာ သူပေးချင်တဲ့ Message တွေကို တစ်ခုချင်းစီ ...
movie
Gone Baby Gone(2007)
2007
8.3
Scarface(1983)
Scarface(1983) ************** IMDb...8.3,,,,,Rotten .....82% Al Pacino ပါတယ် ...Rating တွေကလည်း အတော်ကောင်း ဆိုပေမယ့်လည်း ၁၉၈၃ ခုနှစ်က ကားဆိုတော့ လက်တွန့်နေတယ်....ဒါပေမယ့် ကြည့်ဖူးတာမမှားပါဘူးဆိုတဲ့အတွေးနဲ့အောင့်အီးသီးခံပြီးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်...သို့ပေမယ့် ဒီကားက ဇာတ်လမ်းအစထဲက ခပ်ကြမ်းကြမ်းနဲ့စထားတယ်...ပြသချိန်၃နာရီနီးပါးလုံးမှာ တစ်စက်ကလေးမှမပျင်းရိရဘူး...ဒီကားဟာ အပြင်မှာ တကယ်ရှိခဲ့တယ် မူးယစ်ရာဇာ ဂန်းစတားAl Capone ရဲ့အကြောင်းကိုအခြေခံရိုက်ကူးထားတယ်လို့ဆိုပါတယ်...သူ့ရဲ့နာမည်ပြောင်ဖြစ်တဲ့ Scarface ကိုပဲ ကားနာမည်အဖြစ်ယူပြီးရိုက်ကူးထားပါတယ်.....အန်တို နီယိုမွန်တားနားဆိုတဲ့ လူတစ်ယောက်ဟာ ကျူးဘားဒုက္ခသည်တွေနဲ့အတူ မိုင်ယာမီကိုရောက်လာတယ်.. သူနဲ့အတူ သူငယ်ချင်းတွေဖြစ်တဲ့ မန်နီ၊အိန်ဂျယ်နဲ့ချီချီတို့လည်းပါလာတယ်..မူးယစ်ဆေးဝါးကုန်သည် သူဌေးဖရန့်နဲ့အဆက်အသွယ်ရပြီး သူတို့အဖွဲ့ဟာ အရောင်းအဝယ်တစ်ခုလုပ်ခဲ့တယ်..တိုနီဟာ ဒီလောကနဲ့မစိမ်းသလို လက်ရဲဇက်ရဲ အကွက်မြင်တဲ့သူမို့ သူဌေးခိုင်းတဲ့အရောင်းအဝယ်ကိစ္စမှာ အအောင်မြင်ဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့တယ်...ဒီနောက်မှာတော့ သူဟာ တဖြည်းဖြည်းအောင်မြင်လာပြီး ကမ်းကုန်အောင်မိုက်တဲ့မူးယစ်ရာဇာဖြစ်သွားပါတော့တယ်...ကိုင်း ပရိတ်သတ်ကြီးရေ ခံစားကြည့်လိုက်ပါဦး....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hnin Amy Khine ဖြစ်ပါတယ်...File Size : (950 MB) and (374 MB) Quality : Blu-Ray 720p Format…mp4 Duration…02:50:00 Genre : Crime,Drama Subtitle : ...
movie
Scarface(1983)
1983
6.3
Abe(2019)
Abe(2019)မတူကွဲပြားမှုတွေကို တူညီတာလေးတစ်ချက်နဲ့ ပေါင်းစည်းသွားဖို့ ကြိုးစားခဲ့တဲ့ အေ့ဘ်...သူ့ကိုလူတွေက အေဗရာဟင်လို့လည်းခေါ်တယ် အီဗရာဟမ် အာဗီ စတဲ့နာမည်အမျိုးမျိုးခေါ်ကြတယ်။ဒါပေမယ့် သူကတော့ ဟင်းချက်ဝါသနာပါတဲ့ ၁၂နှစ်အရွယ်ကောင်လေး အေ့ဘ်ပါပဲ။အမေဘက်က ဂျူး အဖေဘက်က မူစလင်ဖြစ်နေတဲ့မိသားစုမှာ ခဏခဏပဋိပက္ခတွေလည်းဖြစ်နေကြပါ။၁၂အရွယ်ကလေးတစ်ယောက်အဖို့ မိသားစုအလိုကျ လိုက်နေပေးရင်း နှစ်ဖက်လုံးအတွက်အဆင်ပြေတာကိုရှာဖွေနေခဲ့တာပါ။စားစရာတစ်ခုကိုတောင် အမြင်ကွဲလွဲတဲ့ဒီမိသားစုမှာ သူပါရမီပါတဲ့ အချက်အပြုတ်ဝါသနာကို ဘယ်လိုအသုံးချပြီးပေါင်းစည်းဖို့ကြိုးစားမလဲ?ဘာတွေဘယ်လိုဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးပါ။ရယ်လည်းရယ်ရတဲ့ကားလေးဆိုတော့ အဆုံးထိမငြီးမငွေ့ကြည့်ရှုရမှာပါ။ဟင်းချက်ဝါသနာရှင်တွေအတွက်လည်း အကြိုက်တွေ့စေမှာပါ။Rating တွေအနေကလည်း Rotten Tomatoes 72% Imdb Rating 6.2 တောင်ရရှိထားတာမလို့ကောင်းကြောင်းကိုအထွေအထူးမညွှန်းတော့ပဲ ကိုယ်တိုင်ကြည့်ရှုခံစားဖို့တိုက်တွန်းလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်... File Size : (795 MB) and (450MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Comedy , Drama, Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Abe(2019)
7.2
Defiance (2008)
(Unicode)IMDB 7.2Rotten Tomatoes 57%Audience Score 72%ယနေ့ခေတ်လူငယ်တွေဟာ စစ်ရဲ့ဆိုးကျိုးတွေကို မခံစားခဲ့ဖူးပါဘူး ။ဒါကြောင့်လဲ အချို့နိုင်ငံရေး Post တွေမှာဆိုရင် ချပစ် သတ်ပစ် ဆိုတဲ့ Comments တွေကို အများဆုံးတွေ့ရလေ့ရှိပါတယ်။၁၉၄၁ခုနှစ် ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဟစ်တလာဟာ ဘီလိုရုရှားနိုင်ငံကို သိမ်းပိုက်ခဲ့ပါတယ် ။သူ့ရဲ့ အညိုးအတေးတွေကြောင့် ထုံးစံအတိုင်း နိုင်ငံတွင်းက ဂျူးလူမျိုးတွေမှန်သမျှကို တစ်ဖြည်းဖြည်းချင်းလူမျိုးတုန်းသတ်ဖြတ်လာတဲ့အခါမှာတော့.....တူဗီယာတို့ ညီအကိုတွေဟာ နာဇီတွေဝင်ရောက်မလာခင်ကတည်းက ပြစ်မှု့တစ်ခုကြောင့် တောထဲမှာထွက်ပြေးတိမ်းရှောင်နေရပါတယ်။အချိန်အကြာကြီးနေခဲ့တာကြောင့် တောကိုလည်း ကျွမ်းကျင်နေကြပါပြီ။စစ်ကြီးစဖြစ်တော့ အခြားသူတွေကလည်း သူတို့လို တောထဲကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။တူရာတူရာတွေ စုမိကြရင်း နောက်ဆုံး ရွာတစ်ရွာတည်နိုင်လောက်တဲ့အထိများပြားလာတဲ့အခါမှာတော့သူတို့ဟာ သူပုန်လိုလို တော်လှန်ရေးသမားတွေလိုလို ဖြစ်လာကြပါတော့တယ်။ဒီကားဟာ ဖြစ်ရပ်မှန်ဝတ္တုဖြစ်တဲ့ Defiance : ...
movie
Defiance (2008)
2008
7.9
The Wrestler(2008)
The Wrestler(2008) IMDb...7.9,,,,,Rotten....98% ခင်ဗျားတို့ ကျွန်တော်တို့အားလုံး WWE channel က ပြသတဲ့ smack down ပွဲတွေကို ကြည့်ဘူးကြမှာပါ.... ပြောရရင် ကြိုတင်ပြဆင်ထားတဲ့အစီအစဉ်တစ်ခုကို လာကြည့်တဲ့ပရိတ်သတွေကို ရသ အပြည့်အ၀ပေးနိုင်မယ့် သတ်ပုတ်မှုမျိုးတွေကို ချပြရပါတယ်... ကြိုတင်ပြင်ဆင်ထားတဲ့အစီအစဉ်ဆိုပေမယ့် ထိုးသတ်တဲ့နေရာမှာ ပရိတ်သတ်ထောင်ပေါင်းများစွာသော မျက်လုံးတွေ့ရှေ့မှောက်မှာတော့ တကယ့်ပျင်းထန်တဲ့ရိုက်ချက်တွေနဲ့ သတ်ပုတ်ပြရပါတယ်.. ဒါ့ကြောင့်လည်း ဒီပြိုင်ပွဲတွေဟာ အတုအယောင်လို့ဆိုရပေမယ့် ကမ္ဘာကျော်နေရတာပဲဖြစ်ပါတယ်.... ၂၀၀၈ ခုနှစ်မှာ ဒါရိုက်တာ Aronofsky ရိုက်ကူးခဲ့ပြီး အဓိကဇာတ်ဆောင် နပမ်းသမား Randy the Ram (Mickey Rourke)အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်... ဒီကားက သူ့ဘ၀ရဲ့ အနိမ့်အမြင့် အတက်အကျကို ရိုက်ပြထားပြီး သူတို့ဘ၀ရဲ့ခက်ထန်ကြမ်းတမ်းပုံတွေကိုအကောင်းမွန်ဆုံးပုံဖော်ထားပါတယ်... ကြမ်းတမ်းခက်ထန်လွန်းတဲ့ လူ့ဘီးလူးကြီးတွေရဲ့ နောက်ကွယ်က နူးညံတဲ့နှလုံးသားကိုလည်းတွေ့နိုင်ပါလိမ့်မယ်... ဒါ့ကြောင့်လည်း ဒီကားဟာ ချီးကျူးမှုပေါင်းများစွာရရှိထားသလို အော်စကာဆန်ကာတင် (၂)ဆုနဲ့ အခြားဆုပေါင်း (၅၈)ဆု ရရှိထားပါတယ်.... ပြီးတော့ ဒီကားဟာ သတ်ပွဲပေါင်းများစွာပါသလို သွေးထွက်သံယိုခန်းတွေလည်းပါတာမို့ သတိထားကြည့်စေလိုပါတယ်.... ရုပ်ရှင်ရဲ့ Rating က R ဖြစ်တာကြောင့် အဖော်အချွတ်ခန်းတွေ ပါတဲ့အတွက် မိသားစုနဲ့ အတူကြည့်ဖို့မသင့်တဲ့ ကားတကားလို့ ပြောပါရစေ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Chan Myae Thu ...
movie
The Wrestler(2008)
2008
7.3
The Fountain(2006)
The Fountain(2006)IMDb....7.3ဒီကားကိုဒေါင်းမကြည့်ခင်ပြောလိုတာကတော့ Pulp Fiction (1994) နဲ့ Memento (2000)သဘောကျတဲ့သူဆိုရင်တော့ ဒီကားကိုဒေါင်းကြည့်ပါလို့ပြောချင်တယ်... ကျွန်တော်ပြောတဲ့ကားတွေကိုသဘောမကျဘူးဆိုရင်ဒေါင်းမကြည့်ပါနဲ့... ခင်ဗျားတို့အတွက် ဘာကားကြီးမှန်းမသိဘူးလို့ စိတ်ပျက်လက်ပျက်ရေရွတ်မိလိမ့်မယ်...အထက်ပါပြောတဲ့ကားတွေလို ခမ်းနားလားမခမ်းနားလားမသိပေမယ့် concept တွေချိတ်ဆက်တဲ့နေရာမှာတော့တော်တော်ကြီးကို မိုက်တယ်...ဇာတ်လမ်းကတော့ Tommy ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဟာ နေ့ရှိသမျှ ဓာတ်ခွဲခန်းထဲမှာပဲကုန်ဆုံးနေတယ်...ဘာကြောင့်လဲဆိုတော့ အဆိုးဆုံးအဆင့်ရောက်ရှိတဲ့cancer ရောဂါသည် သူ့မိန်းမကို ကုသနိုင်ဖို့အတွက်ကုထုံးကိုအဖြေရှာနေလို့ပါ.....ဇနီးဖြစ်သူက သေခြင်းတရားကိုလက်ခံနိုင်ပေမယ့် သူကတော့ ကမ္ဘာဆုံးထိဖြေရှင်းစရာနည်းလမ်းကိုရဖို့ ကြိုးစားမယ့် လူတစ်ယောက်လိုပါပဲ...ကိုင်း သူအဖြေရှာနိုင်မလား....ကျွန်တော့်တို့ရဲ့ X Men မင်းသားကြီး Hugh Jackman ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဆု(၉)ဆုအခြားဆန်ကာတင်(၃၄)ဆုလည်းရရှိထားပါတယ်...ခံစားကြည့်လိုက်ပါဦး ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Scarlett May ဖြစ်ပါတယ်...File Size : (1.85GB) ,(830MB)and (380 MB) Quality : BluRay 1080p 5.1CH, Blu-Ray 720p Format…mp4 Duration…01:36:00 Genre : Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Scarlett May Encoded by Phyo Pyae
movie
The Fountain(2006)
2006
1
2
Next