Channel Myanmar

Mark Umbers

King Arthur: Legend of the Sword (2017) 6.7
King Arthur: Legend of the Sword (2017) 2017 မေလထဲမှာ ရုံတင်ပြသခဲ့ပြီး အခုချိန်မှာ IMDb 6.7 နဲ့ပါ။ဇာတ်လမ်းကျောရိုးကတော့ အင်္ဂလန်ရဲ့ နာမည်အကြီးဆုံး ပုံပြင် တွေထဲက အာသာဘုရင်ရဲ့ ဇာတ်ကြောင်းပါပဲ။ ဒီဇာတ်ကြောင်းကိုပဲ အမျိုးမျိုး ပြုပြင်ဖန်တီးပြီး ရိုက်ကူးထားကြတဲ့ကားတွေ မနည်းပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဘုရင် အူသာ ပန်ဒရက်ဂွန် လုပ်ကြံခံရပြီး သူ့ရဲ့ ညီ ဗော်တီဂန်က ထီးနန်းကို သိမ်းပိုက်ထားတယ်။ ဘုရင်လောင်း အာသာလေးက ကလေးကတည်း ထွက်ပြေးတိမ်းရှောင်နေရပြီး သူ့ကိုယ်သူ ဘုရင်လောင်းမှန်းမသိဘူးပေါ့။ မှော်ဆရာမာလင် ပေးခဲ့တဲ့ အိတ်စ်ကာလီဘာ မှော်ဓားဟာ အာသာအရွယ်ရောက်လာချိန်မှာ အလိုလိုပြန်ပေါ်လာပြီး ထုံးစံအတိုင်း ကျောက်တုံးထဲစိုက်နေ နှုတ်မရဖြစ်နေပါတယ်။ ဘုရင်ဗော်တီကန်က အာသာရှိနေမယ့် အသက်အရွယ် ပတ်ဝန်းကျင်လူငယ်အားလုံးကို ဒီဓားကို စမ်းသပ်ပြီး ဆွဲနှုတ်ခိုင်းတဲ့နည်းနဲ့ အာသာကို လိုက်ရှာပါတော့တယ်။ အာသာ မှော်ဓားကို ဆွဲနှုတ်နိုင်သွားချိန်နောက်ကစပြီး ဘုရင် ဗော်တီဂန်န် နဲ့ အာသာတို့ စတင်ရင်ဆိုင်မိပါတော့တယ်။ ...
movie

King Arthur: Legend of the Sword (2017)

2017
4K HEVC
Cassandra’s Dream (2007) 6.6
Cassandra’s Dream (2007)   တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ခင်ကြတဲ့ ဘလိန်းညီအစ်ကိုတွေဟာ ပြန်ရောင်းတဲ့ရွက်လှေအဟောင်းလေးတစ်စီးကို ဝယ်ဖို့ကြိုးစားပါတော့တယ်။ထိုကဲ့သို့ကြိုးစားနေစဉ်မှာပဲ ညီဖြစ်သူကလည်း လောင်းကစားတွေဆက်တိုက်နိုင်လာသဖြင့် ရွက်လှေကို ပိုင်ဆိုင်ခွင့်ရသွားကြပါတယ်။ ဘလိန်းညီအစ်ကိုမှာ အောင်မြင်တဲ့ဆေးခန်းတွေကို ဖွင့်ထားတဲ့ ဦးလေးတစ်ယောက်လည်း ရှိပါတယ်။ တစ်နေ့တော့ ဦးလေးဖြစ်သူ သူတို့ဆီအလည်အပတ်လာတုန်း ဘလိန်းညီအစ်ကိုက သူတို့အခက်အခဲတွေကို ဦးလေးထံမှအကူအညီတောင်းဖို့ ကြိုးစားကြပါတော့တယ်။သို့သော်လည်း သူတို့ကို အကူအညီမပေးခင်မှာ ဦးလေးဖြစ်သူက သူတို့ကို တစ်စုံတစ်ယောက်ကို သတ်ပေးဖို့ အကူအညီတောင်းသောအခါ ညီအစ်ကိုနှစ်ဦးက ငြင်းဆန်မလား ကိုယ့်အလို ဆန္ဒတွေပြည့်ဖို့ ဦးလေးခိုင်းတာကို လုပ်ပေးမလား လူသားတွေက ငွေနဲ့ပတ်သတ်လာရင် အရောင်ပြောင်းတတ်ပုံ၊စည်းတွေလျော့လာပုံ စသဖြင့် ကြောက်စရာလူ့သဘာဝကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama, Crime, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

Cassandra’s Dream (2007)

A Good Woman (2004) 6.5
A Good Woman (2004) A Good Woman (2004) ================== IMDb Rating - 6.5/10ဒီဇာတ်လမ်းဟာ တစ်ခေတ်တခါက စာပေလောကမှာ ကျော်ကြား ခဲ့ဖူးသူ စာရေးဆရာကြီး Oscar Wilde ရဲ့ Lady Windermere's Fan ဆိုတဲ့ ပြဇာတ်ကို ပြန်လည် အသက်သွင်းရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ဒီ ၂၀၀၄ ဗားရှင်းဟာ လေးကြိမ်မြောက်ထွက်ရှိလာတဲ့ screen version လည်း ဖြစ်ပါတယ်။ သူ့မတိုင်ခင်က ပြဇာတ်ရဲ့ မူရင်း နာမည်နဲ့ အသံတိတ်ရုပ်ရှင်အပါအဝင် The Fan ဆိုတဲ့ နာမည်နဲ့ နှစ်ခါတိတိ ရုပ်ရှင်တွေထွက်ဖူးခဲ့ပြီးသားဖြစ်ပါတယ်။ ဒီ ၂၀၀၄ ရုပ်ရှင်မှာတော့ မင်းသမီး Helen Hunt နဲ့ Scarlett Johansson တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။မူရင်းပြဇာတ်ရဲ့ နာမည်က Lady Windermere's Fan ဆိုတဲ့ အတိုင်း အဖြစ်အပျက်တွေ အားလုံးရဲ့ နိဒါန်းကတော့ Mr Win- dermere တစ်ယောက် ဇနီးဖြစ်သူရဲ့ မွေးနေ့အတွက် ရွေးချယ်လို့ ဝယ်ခဲ့တဲ့ ဒီယပ်တောင်လေး တစ်ချောင်းက ...
movie

A Good Woman (2004)

2004