Channel Myanmar

Marsha Timothy

The Forbidden Door (2009) 6.6
The Forbidden Door (2009)  IMDB - 6.6ဒီဇာတ်ကားလေးက ဘန်ကောက်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာnomination 2 ကြိမ်ဝင်တဲ့ဇာတ်ကားလေးဖြစ်သလို ၂၀၁၀ အင်ဒိုနီးရှားနိုင်ငံရဲ့အကောင်းဆုံးရုပ်ရှင်ဆုကိုရထားတာဖြစ်ပါတယ်။စုံတွဲတွေမှာ သေချာအစီအစဉ်ဆွဲပြီး ကလေးယူကြသူတွေရှိသလိုကိုယ်တိုင်က မလိုချင်ဘဲကလေးရသွားတဲ့အခါ ကလေးအပေါ် သဘောထားတွေကnegative ဆန်တာတွေရှိနေမှာပါ။ တစ်ချို့က ကိုယ်ဝန်ဖျက်ပစ်တယ်။တစ်ချို့တစ်ပါးသူလက်ထဲကိုထည့်လိုက်တယ်။ဒါပေမယ့် တစ်ချို့ကျတော့ အညှင်းဆဲခံ ။ စိတ်အဖြေအဖျောက်ခံသက်သက်ကလေးကိုမွေးထားကြပါတယ်။ ဒီကလေးမွေးလာတာကိုက ဂြိုလ်ဆိုးသဖွယ်ခံယူထားတဲ့မိဘတွေလည်းရှိကြတယ်။အကျိုးရလာဒ်အနေနဲ့ကတော့ စိတ်ဒဏ်ရာပေါင်းများစွာနဲ့ ဒီကလေးဟာကြီးပြင်းလာခဲ့ရတာပဲ။ ဒီလိုအဖြစ်အပျက်တွေက ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့်လောကကြီးထဲမှာရှိနေသေးတယ်ဆိုတာကို တစ်နည်းတစ်ဖုံရိုက်ပြထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဂမ်ဘီယာက အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူထုလုပ်ထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရုပ်ထုတွေဟာ လူတကာကြိုက်လောက်အောင် အသက်ဝင်လွန်းတဲ့အတွက်နာမည်ကြီးလှပါတယ်။ သူ့မှာဇနီးချောလေးတစ်ယောက်ရှိပြီး အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လည်းရှိတယ်။သူ့ရုပ်ထုတွေကို ပြခန်းမှာပွဲလုပ်ပြီး ဂမ်ဘီယာနဲ့ အရမ်းရင်းနှီးတဲ့ အစ်ကိုဂျင်မီကရောင်းချပေးတယ်။ ဂမ်ဘီယာရဲ့အမေကတော့ သူတို့ကိုကလေးယူဖို့အမြဲတိုက်တွန်းနေတယ်၊တစ်နေ့မှာ ဂမ်ဘီယာဆီကို ကယ်ပါဦး ဆိုတဲ့စာသားကိုသူတို့အိမ်ရှေ့မှာလာရေးသွားတယ်။ဒီအတိုင်းကလေးတွေလက်ဆော့ပြီးရေးတယ်လို့ပဲထင်သွားတယ်။ နောက်တော့သူငယ်ချင်းတွေနဲ့တွေ့လည်း ဒီစာသား ဒီစကားသံတွေကို တစ်နည်းမဟုတ်တစ်နည်းမြင်ရကြားလာရတဲ့အခါဂမ်ဘီယာလည်း အဖြေစရှာပါတော့တယ်....   File size…2.35GB / 1.12GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 55m Genre ….. Horror , Mystery , ...
movie

The Forbidden Door (2009)

Marlina the Murderer in Four Acts (2017) 6.9
Marlina the Murderer in Four Acts (2017)  ၂၀၁၇ တုန်းကထွက်ရှိခဲ့တဲ့ Marlina the Murderer in Four Acts ဆိုတဲ့လူသတ်သမား မာလီနာအကြောင်းဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.9 အထိရရှိထားပြီး အင်ဒိုရုပ်ရှင်ဇာတ်ကားတွေထဲမှာတော်တော်လေး လက်စွမ်းပြထားနိုင်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ လူသတ်သမားမာလီနာအကြောင်းကိုအပိုင်းလေးပိုင်းခွဲပြီး ရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့်မာလီနာက ဘာလို့လူသတ်သမားဖြစ်နေရလဲဆိုတာကတော့ မာလီနာယောက်ျားဆုံးပါးသွားပြီး သူ့အနားမှာဘယ်သူမှမရှိတော့တဲ့အချိန်မှာယောက်ျား ၇ ယောက်လောက်က သူ့အိမ်ကိုလာပြီးတော့ နိုင်ထက်စီးနင်းလုပ်ပါတော့တယ်။အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တွေကိုလဲယူတဲ့အပြင်အတင်းအဓမ္မပြုကျင့်ဖို့ပါ ကြိုးစားကြပါတော့တယ်။အဲ့ဒါနဲ့ အဓမ္မပြုကျင့်မခံချင်တဲ့ မာလီနာလည်း အဲ့ဒီယောက်ျားတွေထဲက ငါးယောက်ကိုသတ်ခဲ့ပါတော့တယ်။အဲ့လို သတ်ဖြတ်ပြီးတဲ့ နောက်မှာတော့မာလီနာက ရဲစခန်းမှာတိုင်ချက်ဖွင့်ဖို့အတွက် ခရီးဆက်ခဲ့ပါတော့တယ်။မသေပဲကျန်ခဲ့တဲ့လူနှစ်ယောက်ကလည်း မာလီနာ့ကိုလိုက်ရှာဖွေရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.18GB / 531MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Thriller , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Marlina the Murderer in Four Acts (2017)

Asih 2 (2020) 6.2
Asih 2 (2020) Asih 2 (2020)2018 တုန်းက ထွက်ခဲ့တဲ့ Asih ရဲ့ အဆက်ဖြစ်ပြီးတော့ ပထမဇာတ်ကားမှာတုန်းက ကလေးကို ခိုးယူသွားတဲ့ သရဲမ Asih က ကလေးပျောက်သွားပြီး ခြောက်နှစ်အကြာမှာ ပြန်ပေါ်လာပါတယ်။ Asih ခိုးယူသွားတဲ့ ကလေးမလေးက အက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံကို ရောက်လာတဲ့အခါမှာတော့ မိသားစုမရှိ၊ ဆွေမျိုးမရှိဖြစ်နေတာကို ဆေးရုံကဆရာဝန် Dr.Sylvia က သနားသွားပြီး မွေးစားဖို့ လုပ်ပါတယ်။ Dr.Sylvia တို့လင်မယားက ကလေးတစ်ယောက် ဆုံးရှုံးထားဖူးတဲ့ စိတ်ဒဏ်ရာကြောင့် အဲဒီကလေးမလေးကို တွေ့တဲ့အချိန်မှာ ဘုရားသခင်က အခွင့်အရေးထပ်ပေးတယ်လို့သတ်မှတ်ပြီး ကလေးကို အိမ်ခေါ်သွားပါတော့တယ်။ သူတို့မသိတာက ကလေးနဲ့အတူတူ Asih ရဲ့ဝိညာဉ်ပါ ပါလာတယ်ဆိုတာပါပဲ။ ဒီဇာတ်လမ်းမှာလည်း ကိုယ့်ကလေးကိုယ်သတ်ပစ်ပြီး သူ့ကိုယ်သူသတ်သေသွားတဲ့ သရဲမ Asih က ဘယ်လိုတွေခြောက်လှန့်ဦးမလဲ ဆိုတာကို ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1GB ...
movie

Asih 2 (2020)

2020
Fireworks (2023) 7.2
Fireworks (2023) Fireworks (2023)အကယ်၍ တစ်စုံတစ်ယောက်ဟာ သတ်သေဖို့လုပ်ရာကနေ ဒုတိယအကြိမ် အခွင့်အရေးရခဲ့မယ်ဆိုရင် သူတို့စိတ်ပြောင်းနိုင်သလား။ဒီ Fireworksဆိုတဲ့ဇာတ်ကားလေးကလည် းဒီမေးခွန်းကိုမေးထားတာပါ။ဂျပန်ရုပ်ရှင် 3ft Ball And Soul (2017) ကို မှီငြမ်းရိုက်ကူးထားတဲ့အင်ဒိုဇာတ်ကားလေးပါ။ သာမန်ဆိုရင်တော့ ပထမပိုင်းလောက်မှာ ဇာတ်အေးပေမယ့် စနောက်ကိုစောင့်ကြည့်ရကျိုးနပ်ပါတယ်။ ညစ်ညမ်းတာတွေ ၊အကြမ်းဖက်တာတွေ မပါလို့ မိသားစုနှင့်ကြည့်ဖို့ သင့်လျော်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ခါမှမတွေ့ဖူးတဲ့ လူလေးယောက် ဆိုကှယ်မီဒီယာမှာတွေ့ပြီး ဘဝနဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေကို မျှော်လင့်ချက်မဲ့ပြီး မဖြေရှင်းနိုင်လို့ သတ်သေကြပါတယ်။ ဒါပေမဲ့ အစီအစဉ်က ထင်ထားသလို မဖြစ်တဲ့အခါမှာတော့ ဘာဖြစ်မလဲဆိုတာ ဘာလုပ်ကြမလဲဆိုတာ... ပရိသတ်ကြီးစောင့်မျှော်ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Drama, Sci-fi, Thriller Quality…. 1080p | 720p File size… 984MB | 497MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... ...
movie

Fireworks (2023)

2023
Qodrat (2022) 6.5
Qodrat (2022) Qodrat (2022)ဇာတ်ကားနာမည် ကွတ်ဒ်ရတ်က ပယောဂနှင်ပေးတဲ့ဆရာရဲ့နာမည်ပါ။ ကွတ်ဒ်ရတ်က အစ္စလာမ်ဘာသာဝင်ဆရာတစ်ယောက်ဖြစ်ပြီး ရှိုင်သာန် ဂျင်န် စတာတွေကိုနှင်ထုတ်ပေးသူဖြစ်ပါတယ်။ဒါကြောင့်ဇာတ်လမ်းအတွက်အခြေခံဖြစ်တဲ့ ရှိုင်သာန်ဂျင်န် အကြောင်းကိုအနည်းငယ်ပြောပရစေ။ အစ္စလာမ်ဘာသာအရ လူတွေကိုမဖန်ဆင်းခင်မှာ မျိုးနွယ်တစ်စုကိုမီးနဲ့ဖန်တီးခဲ့ပြီး သူတို့ကိုဂျင်န်တွေလို့ခေါ်ပါတယ်။ နောက်ပိုင်းမှာဂျင်န်တွေရဲ့ သောင်းကျန်းမနာခံမှုတွေကြောင့် သူတို့ကိုတောတောင်တွေဘက်မှာသာနေထိုင်ဖို့မောင်းထုတ်လိုက်ပါတယ်။ ဒါပေမဲ့ဂျင်န်အားလုံးကဆိုးတာမဟုတ်ပဲ ကောင်းတဲ့ဂျင်န်တွေလဲရှိပါတယ်။ ဂျင်န်ထဲကတစ်ယောက်ဖြစ်တဲ့ အေဗလိစ်ဆိုရင် အလ္လာ့အမိန့်ကိုနာခံလွန်းလို့ ကောင်းကင်ဘုံထိပါတက်ခွင့်ရထားတယ်။ ဒါပေမဲ့ အလ္လာက လူသားကိုဖန်ဆင်းအပြီးမှာ လူသားကိုဦးချဖို့ အေဗလိစ်ကိုစေခိုင်းတော့ အေဗလိစ်က လူသားဟာ သူ့ထက်နိမ့်ကျတယ်ဆိုတဲ့မာနထားပြီး အလ္လာ့အမိန့်ကိုဖီဆန်လိုက်တာကြောင့် ကောင်းကင်ဘုံကနေနှင်ထုတ်ခံလိုက်ရပါတယ်။ သူ့ကို ရှိုင်သာန်မိစ္ဆာလို့ခေါ်ပါတယ်။ ရှိုင်သာန်က လူသားတွေကို လမ်းမှားဆီနည်းမျိုးစုံနဲ့ခေါ်သွားမယ်လို့ အလ္လာ့ကိုကတိပေးခဲ့သလို အလ္လာကလဲသူ့ရဲ့ဖန်ဆင်းခံလူသားတွေ ဘယ်လောက်လမ်းမှားမှား သူတို့အပြစ်တွေကိုသိနားလည်ပြီးဝန်ချတောင်းပန်သရွေ့ခွင့်လွှတ်မယ်လို့ကတိပေးထားပါတယ်။ အခုနပြောတဲ့ ဂျင်န်တွေထဲကဆိုးတဲ့ဂျင်န်တွေကလဲ ဒီရှိုင်သာန်ရဲ့နောက်လိုက်အပေါင်းအပါတွေဖြစ်ပြီး လူသားတွေကိုနှောင့်ယှက်ကြတယ်ပေါ့။ဒီဇာတ်လမ်းမှာတော့ အာဆူအာလာဆိုတဲ့ဂျင်န်က ကွတ်ဒ်ရတ်ရဲ့သားလေးအလစ်ဖ်ကို ဝင်စီးပါတယ်။ ကွတ်ဒ်ရတ်ကလဲ ဒီဂျင်န်ကိုနှင်ပေမယ့် အာဆူအာလာကပိုစွမ်းအားကြီးနေပြီး ကွတ်ဒ်ရတ်သားလေးကိုလည်ပင်းချိုးသတ်ခဲ့ပါတယ်။ ကွတ်ဒ်ရတ်လဲ လက်လွတ်စပယ်မှုကြောင့်ထောင်ကျခဲ့ပါတယ်။ ထောင်ကလွတ်တော့ သူပညာဆည်းပူးခဲ့တဲ့ရွာလေးကိုပြန်သွားချိန်မှာ ရွာရဲ့အခြေအနေကတော်တော်ဆိုးနေပြီး ဂျင်န်ဝင်စီးခံရတဲ့သူတွေဆိုတာလဲအများကြီးပါ။ ကွတ်ဒ်ရတ်က ဒီဂျင်န်နှင်တာတွေကိုမလုပ်တော့ပေမယ့် သူ့သားလေးနဲ့နာမည်တူ အလစ်ဖ်ဆိုတဲ့ကလေးတစ်ယောက်လဲ ဂျင်န်ဝင်စီးခံရချိန်မှာတော့ ဒီကလေးကိုကုသပေးရင်း ရွာကဘာကြောင့်ဒီလိုတွေဖြစ်နေရလဲဆိုတာ မဖြစ်မနေအဖြေရှာရမယ့်အပြင် ရန်သူတော် အာဆူအာလာနဲ့လဲ ထပ်တွေ့ပြီးသူတို့အားပြိုင်မှုတွေကို ကြောက်ကြောက်နဲ့ပဲကြည့်လိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Qodrat (2022)

2022
Miracle in Cell No. 7 (2022) 7.8
Miracle in Cell No. 7 (2022) Miracle in Cell No.7 (2022)Miracle in Cell No. 7 ဆိုတာနဲ့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ပတ်ရှင်ဟေးရဲ့ ဇာတ်ကားဆိုတာသိကြမှာပေါ့။ ဒီဇာတ်ကားက နာမည်ကြားတာနဲ့တင် လူတွေအားလုံးသိကြတဲ့အထိ အောင်မြင်မှုရခဲ့သလို Remake တွေပါ ထပ်ထပ်ရိုက်ရတဲ့အထိ၊ Remake တွေကပါ ဆုတွေကိုသိမ်းပိုက်နိုင်တဲ့အထိ လူတွေရဲ့ရင်ထဲကို အကြိမ်ကြိမ်အခါခါ တိုးဝင်နိုင်တဲ့ ဇာတ်ကားလေးပါ။အခု Miracle in Cell No. 7 ကတော့ ကိုရီးယားကားမဟုတ်၊ တူရကီ remake မဟုတ်တဲ့ အင်ဒို remake ပါ။ ဒီအင်ဒိုကားမှာတော့ Vino G. Bastian က ဖခင်ဖြစ်သူ ဒိုဒိုရိုဂျာ့ခ်အနေနဲ့ မူရင်းကိုရီးယားဇာတ်ထက် မလျော့စေဘဲ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပြီး Maya Awards, Festival Film Indonesia တို့မှာလည်း ဆန်ကာတင်စာရင်းဝင် ၊ဆုတွေရခဲ့တာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဉာဏ်ရည်မမှီတဲ့ သာမန်ပူဖောင်းလည်ရောင်းသူ ဒိုဒိုရိုဂျာ့ခ်ဟာ ...
movie

Miracle in Cell No. 7 (2022)

2022
The Big 4 (2022) 6.1
The Big 4 (2022) The Big 4 (2022)The Raid ဇာတ်ကားလို အမှန်အကန်ကြမ်းတဲ့ netflix ကအသစ်စက်စက်ထွက်လာတဲ့ အင်ဒိုဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်နာမည်အတိုင်းပါပဲ။ မြန်မာလိုဆို ကြီး ၄ ကြီး ပေါ့ဗျာ။ တကယ့်ကို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူကြမ်းကြီး ၄ ယောက်ရဲ့ဇာတ်လမ်းပါ။ဇာတ်ကြမ်းကားစစ်စစ်ကို အသောအထေ့အခွီအနှောက်လေးတွေနဲ့ဆိုတော့ ရသကို နှစ်ဆတိုးစေတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ပစ်ခတ်မှုတွေ သွေးသံရဲရဲတွေကိုလည်း အားမနာတမ်းရိုက်ပြထားပြီး စနိုက်ပါပစ်လိုက်လို့ ခေါင်းကွဲထွက်သွားတာမျိုးတွေကိုပါ ရိုက်ပြထားတာပါ။ဇာတ်အိမ်လေးကတော့ လူဆိုးဂိုဏ်းတွေကိုလိုက်နှိမ်နင်းတဲ့အဖွဲ့ကို တည်ထောင်သူ မွေးစားအဖေဖြစ်သူလုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အဖွဲ့သားလေးယောက် ဇာတ်မြှုပ်နေကြပြီ။ မွေးစားအဖေရဲ့သမီးအရင်းက သူ့အဖေရဲ့လူသတ်တရားခံကိုလိုက်ရှာရင်း ကြီးလေးကြီးနဲ့တွေ့ပြီး လူဆိုးလူလွန်မသားလေးတွေကို ဖိုက်ကြတာပါပဲ။ ကြမ်းမှရမ်းမှဆို ပြေးသာကြည့်လိုက်တော့။ဇာတ်ကြမ်းကားမို့ ဘာသာပြန် အတန်ငယ် ကြမ်းသွားတာတော့ သည်းခံပေးကြပါ။ လူဆိုးလူမိုက်ကြီးတို့ရဲ့ သရုပ်သကန်ကို အမှန်အကန် အပြည့်အဝ ခံစားမိစေဖို့ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 2.68GB | ...
movie

The Big 4 (2022)

2022
The Raid 2 (2014) 8.0
The Raid 2 (2014) The Raid 2 (2014) IMDb - 8.0/10_____Rotten - 81%  ဒီဇာတ်ကားက အင်ဒိုနီးရှား သည်းထိတ်ရင်ဖို မှုခင်း အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ အံ့သြစရာကောင်းတာကတော့ Rating တွေ အများကြီးရရှိထားတာပါပဲ။ IMDb Rating (8/10)... Rotten Tomatoes (81%) ...Metacritic (71%) ထိရရှိထားပါတယ်။ အာရှဇာတ်ကားတွေထဲမှာတော့ တော်တော်လေးကောင်းတဲ့ အက်ရှင်ဇာတ်ကားဆိုတာ ငြင်းလို့မရပါဘူး။ ၂၀၁၁ ခုနှစ်က ထွက်ခဲ့တဲ့  The Raid: Redemption ရဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ .......... လူဆိုးဂိုဏ်း ခေါင်းဆောင်တွေ၊ စိတ္တဇ ဝေဒနာသည်တွေနဲ့ ပြည့်နေတဲ့ အဆောက်အဦကြီးထဲမှာ တိုက်ခိုက်ပြီး ထွက်ခွာလာတဲ့နောက်ပိုင်း ဂျာကာတာ ရဲသား ရမ်ဟာ အရာအားလုံးဟာ ပြီး ဆုံးသွားခဲ့ပြီ၊ သူဟာ သာမန်ဘဝမှာ နေထိုင်နိုင်ပြီလို့ စဉ်းစားပါတယ်။ သူကြုံခဲ့ရတဲ့ တိုက်ခိုက်မှုကြီးမှာက ရဲနဲ့ လူဆိုးတွေရဲ့ အလောင်းတွေဟာ အခန်းတစ်ခုလုံး ပြည့်မတတ်ပါပဲ။ ဒီလိုအခြေအနေကို ကြုံတွေ့ခဲ့ရတော့ ...
movie

The Raid 2 (2014)

2014