Channel Myanmar

Martin Wuttke

A Most Wanted Man (2014) 6.7
A Most Wanted Man (2014) Philip Seymor Hoffman နဲ့ Rachael Mcadmasအဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပြီးWillem Dafoe,Daniel Bruhl, Robin Wright တို့ပါ ပါဝင်အားဖြည့်ထားတဲ့ စပိုင်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင် ပါတယ်၉/၁၁ ဖြစ်စဉ်နောက်ပိုင်း ဟမ်းဘတ်ဂ်မြို့ဟာအမေရိကန်တို့ အထူးအာရုံစိုက်စောင့်ကြည့်လာတဲ့အကြမ်းဖက် လှုပ်ရှားမှုခြေရာခံရာ ဖြစ်လာခဲ့ပါတယ်အကြမ်းဖက်စစ်သွေးကြွအဖွဲ့ဝင်ဟုသတ်မှတ်ခံထားရသူအစ်စာကာပေါ့ဗ်ဟာဂျာမနီနိုင်ငံဟမ်းဘတ်ဂ်မြို့ကို တရားမဝင်နည်းလမ်းနဲ့ဝင်ရောက်လာပြီး ခိုလှုံခွင့်တစ်နေရာရရှိဖို့ကြိုးစားနေသူဖြစ်သလို အဖေ ဖြစ်သူရဲ့ဟမ်းဘတ်မြို့ကဘဏ်တစ်ခုမှာ အပ်နှံထားတဲ့ငွေကို ထုတ်ယူဖို့ရည်ရွယ်ချက်ရှိနေသူလည်း ဖြစ်ပါတယ်ဘေရွတ်က နောက်ဆုံး စစ်ဆင်ရေးအပြီးမှာဟမ်းဘတ်ဂ်မြို့မှာ အကြမ်းဖက်ဆန့်ကျင်ရေးတပ်ဖွဲ့တစ်ခုကိုဦးဆောင်ဖို့ စေလွှတ်ခံရသူ ဟားရ်ဘတ်ခ်မန်းကလည်းသူ လပေါင်းများစွာ နောက်ယောင်ခံလိုက်နေတဲ့အကြမ်းဖက်ထောက်ပံ့သူဟု သံသယရှိသူအက်ဘဒူလာကို ဖော်ထုတ်နိုင်ဖို့ သော့ချက်အဖြစ်အစ်စာကာပေါ့ဗ်ကို စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်အစ်စာကာပေါ့ဗ်ဟာ တွန်မီဘရူးဆိုသူ ဘဏ်လုပ်ငန်းရှင်ကို ရှာဖွေနေသူလွတ်မြောက်ဆဲအကြမ်းဖက်သမား ဖြစ်တယ်ဆိုတာကိုသိရှိပြီးနောက်မှာတော့ ဂျာမနီ နဲ့အမေရိကန်လုံခြုံရေးအေဂျင်စီများကပါအစ်စာကာပေါ့ဗ်အရေးကို စိတ်ဝင်စား လာပါတော့တယ်နိုင်ငံမဲ့ဖြစ်နေသူတွေအတွက် လူမှုဝန်ထမ်းအကျိုးဆောင်အဖြစ်ဆောင်ရွက်ပေးနေသူ ရှေ့နေမလေးအန်နာဘဲလ် ရစ်ချတ် နဲ့ဘဏ်လုပ်ငန်းရှင် တွန်မီဘရူးပါ အဖေဖြစ်သူရဲ့ ကတိစကားအတွက်အစ်စာကာပေါ့ဗ်ကို ကူညီပေးရန် ဖြစ်လာချိန်မှာတော့ဟားရ်ဘတ်ခ်မန်းရဲ့ ကစားကွက်ထဲကိုလှလှပပကြီး ကပြဖျော်ဖြေပေးရသူတွေ ဖြစ်လာပါ တော့တယ် အစ်စာကာပေါ့ဗ်ကရော ...
movie

A Most Wanted Man (2014)

2014
Inglourious Basterds (2009) 8.3
Inglourious Basterds (2009) Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ..... နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von ...
movie

Inglourious Basterds (2009)

2009
4K HEVCHDR
Hanna (2011) 6.8
Hanna (2011)  Hanna ဆိုတဲ့ ဇာတ်ကားလေးကို director Joe Wrightက 2011 မှာရိုက်ကူးခဲ့ပါတယ် ဇာတ်ကားထဲမှာဆိုရင် Hanna ဆိုတဲ့ကောင်မလေးက ပြီးပြည့်စုံတဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်ဖို့အတွက် သူ့အဖေ Eric ဆီကနေလျှို့ဝှက်စွာ ပျိုးထောင်ခံခဲ့ရတယ် နောက်တော့ သူ့အဖေက သူမကိုဥရောပတစ်လျှောက် မစ်ရှင်စေလွှတ်လိုက်တဲ့အချိန်မှာ သူ့အဖေရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း Marissa လို့ခေါ်သူရဲ့ နောက်ယောင်ခံခြင်းကို ခံရပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲ Hanna က သူ့ရဲ့ဖြစ်တည်မှုကို ဘယ်လိုတွေမေးခွန်းထုတ်လာမလဲဆိုတာ ဇာတ်ကားလေးကိုဆက်ကြည့်ပေးပါဦးနော်... ( ဇာတ်ညွှန်းနဲ့ ဘာသာပြန်သူကတော့ Duckkie ပဲဖြစ်ပါတယ် ) File size…1.76GB / 739MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Duckkie
movie

Hanna (2011)

Confessions of Felix Krull (2021) 6.4
Confessions of Felix Krull (2021) Confessions of Felix Krull (2021) ======================== IMDb Rating - 6.4/10ဂျာမန်စာရေးဆရာကြီး Thomas Mann ရဲ့ ရောင်းအားအကောင်းဆုံး၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ IMDb rating အနေနဲ့လည်း 6.4/10 ရရှိထားပါတယ်။ ၁၉ ရာစုနှောင်းပိုင်းကာလမှာ ဖီးလစ်ခရူလ်ရဲ့ဖခင်ဖြစ်သူဟာ စီးပွားကျသွားခဲ့ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ လောကဓံရိုက်ချက်ကို ခပ်ပြင်းပြင်းခံလိုက် ရတဲ့ ဖီးလစ်ဟာ ခေတ်စနစ်ရဲ့အလိုအတိုင်း အဆင့်အတန်းခွဲခြားဆက်ဆံခံရတာ၊ အလုပ်ခွင်မှာ အနိုင်ကျင့်ခံရတာတို့ ကြုံတွေ့ရပါတယ်။ ကံကောင်းတာက ရုပ်‌ရည် ချောမော အပြောကောင်းတဲ့ ဖီးလစ်ဟာ သူအလုပ်လုပ်တဲ့ဟိုတယ်မှာ အမျိုးသမီး ဧည့်သည်တွေရဲ့ပစားပေးခြင်းကိုခံရပါတယ်။ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေပေမဲ့ ဖီးလစ်ချစ်တဲ့သူကတော့ သူနဲ့ဘ၀တူ ဇာဇာ ဆိုတဲ့ကောင်မလေးတစ်ယောက်တည်းပါ။ ဇာဇာဟာ ဆင်းရဲတဲ့ဘ၀က ရုန်းထွက်ချင်သူမို့ ဖီးလစ်ကိုချစ်ပေမဲ့ နှုတ်ခမ်းပဲ့ချင်းမီးမမှုတ်ချင်သူပါ။ သူလက်ထပ်ရမယ့် ချမ်းသာတဲ့ ယောက်ျားကိုရှာနေ‌သူပေါ့။ အဲဒီအချိန်မှာ မျိုးရိုးမြင့်တဲ့အိမ်က သခင်လေး လူး၀စ်ဗန်နို စတာနဲ့ ဆုံဆည်းမိပါတယ်။ဒီလိုနဲ့ ၃ ပွင့်ဆိုင်ဖြစ်လာတဲ့ သူတို့အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ၊ ဖီးလစ်ကရော သူ့ဘ၀ကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အချစ်၊ အလွမ်း၊ ဟာသ၊ ဘ၀ရသစုံစုံလင်လင် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ ...
movie

Confessions of Felix Krull (2021)

2021
A Hidden Life (2019) 7.5
A Hidden Life (2019) ဒါကတော့ IMDb Rating 7.6နဲ့ tomatoesမှာ 80%အထိရထားပြီးဆုတွေအောင်မြင်မှုတွေရထားတဲ့ Historical dramaကားလေးပါ။ဒုတိယကမ္ဘာစစ်အတွင်းမှာ အေးချမ်းပြီးလူတွေမသိတဲ့ ဘဝလေးတစ်ခုကိုပျက်စီးခဲ့ရတဲ့ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားပါတယ်။ဖရန့်နဲ့ ဖန်နီက ဩစတေးလျတောင်တန်းတွေကြားကအေးချမ်းသာယာတဲ့ရွာလေးတစ်ရွာမှာ ယာလုပ်ရင်းချစ်စရာသမီးလေးသုံး‌ယောက်နဲ့အတူပျော်ရွှင်နေကြသူတွေပါ။ဒုတိယကမ္ဘာစစ်စတော့ ဖရန့်ကိုစစ်လေ့ကျင့်ရေးခေါ်ခဲ့ပေမယ့်ဩစတေးလျမှာယာသမားတွေလိုတာကြောင့် သူ့ကိုအိမ်ပြန်လွှတ်ခဲ့ပါတယ်။ဒါပေမယ့် သူ့ကိုစစ်တိုက်ဖို့အခေါ်ခံရတဲ့အချိန်မှာတော့ခေါင်းဆောင်တွေရဲ့လုပ်ရပ်တွေမှန်ကန်တယ်လို့မထင်၊စစ်ပွဲကလည်းမတရားဘူးလို့ယူဆတဲ့ဖရန့်တစ်ယောက်ဟစ်တလာကိုသစ္စာခံပါမယ်ဆိုတဲ့ ကျမ်းသစ္စာကိုမကျိန်နိုင်ပါဘူးတဲ့။ဒီလိုနဲ့သူ့ကိုအကျဉ်းထောင်ထဲပို့လိုက်ပြီး စီရင်ချက်ချဖို့စောင့်ဆိုင်းနေရပါတယ်။ဒီကားမှာ ဇာတ်လမ်းကဘာဆက်ဖြစ်မလဲဆိုတာထက်ထောင်တွင်းသူ့မိန်းမနဲ့စာတွေအပြန်အလှန်ရေးပြီးလွမ်းဆွတ်ရတာတွေကိုကြည့်ပြီးစိတ်ထဲမှာကျဉ်းကြပ်လာသလိုခံစားရမှာပါ။သာယာပျော်ရွှင်နေတဲ့မိသားစုလေးဆီမှာကိုယ်မှန်တယ်ထင်တဲ့အရာကို‌ခေါင်းမာမာနဲ့ လုပ်လိုက်တဲ့လင်ယောက်ျားကြောင့်သူ(မ)ပင်ပန်းဆင်းရဲစွာအလုပ်လုပ်ရပြီးပတ်ဝန်းကျင်ရဲ့ဖယ်ကျဉ်ခြင်းကိုခံနေရပေမယ့်ယောက်ျားအပေါ်ငြူစူခြင်းမရှိပဲအဆုံးထိပါရမီ‌ဖြည့်ပေးခဲ့တဲ့မိန်းမတစ်ယောက်ကိုလည်း အံ့ဩစရာမြင်ရမှာပါ။ဒါတွေအားလုံးက တကယ်ဖြစ်ခဲ့တဲ့အကြောင်းတွေဆိုတာတွေးရင်းA hidden lifeဆိုတဲ့အတိုင်း စစ်ရဲ့ပယောဂကြောင့်လူမသိသူမသိပဲပျက်စီးခဲ့တဲ့ဘဝတွေဘယ်လောက်များရှိမလဲဆိုတာမတွေးရဲအောင်ပါပဲ။ဒီလိုကားမျိုးတွေကိုလူကြိုက်များမှာမဟုတ်မှန်းသိပေမယ့်ဒရမ်မာကားကောင်းတွေကို ရင်နဲ့ခံစားကြည့်ရှုသူတွေအတွက်တော့ဇာတ်ကားကောင်းတစ်ကားဆိုတာ အသေအချာပါပဲ။ File Size : ( 2 GB ...
movie

A Hidden Life (2019)

Cloud Atlas (2012) 7.4
Cloud Atlas (2012) Cloud Atlas (2012) IMDb.....7.4,,,,Rotten...66%   Storyline Cloud Atlas ဟာ ၁၈၀၀ ခုနှစ်များကစတင်ပြီး ယခု ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပျက်ဆီးသွားတဲ့အထိ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက် များ၊ အပြုအမူများဟာ ခေတ်အဆက်ဆက် ဘယ်လောက်ထိ အကျိုးသက် ရောက်မှုရှိတယ်ဆိုတာကို ရိုက်ပြထားပါတယ်။ Review ကျွန်တော် ရုပ်ရှင်တော်တော်များများကြည့်ဖူးပါတယ်။ ဒါပေမယ့် Cloud Atlas လို ဇာတ်အိမ်ကြီးတဲ့ ရုပ်ရှင်မျိုးမကြည့်ဖူးဘူးလို့ ဝန်ခံရမှာပါပဲ။ ဇာတ်အိမ်ကြီးလှပါတယ်ဆိုတဲ့ J.R.R Tolkien ရဲ့ Lord of the Rings Universe ကတောင် ၁၈၀၀ ခုနှစ် ကနေ ဒီကမ္ဘာပျက်သွားပြီး နောက်ထပ်ဂြိုလ်တွေပေါ်မှာ လူတွေသွားနေရတဲ့ ခေတ်များ အထိ ဇာတ်လမ်းဆင်ထားတဲ့ Cloud Atlas လောက်ကြီးပါ့မလားလို့ တွေးမိပါတယ်။ Cloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင် ၆ ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ပြထားပြီး အဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ...
movie

Cloud Atlas (2012)

2012