Channel Myanmar

Maryann Plunkett

Little Women (1994) 7.3
Little Women (1994)   အမေရိကန်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ဂန္ထဝင်လက်ရာ Little Women Novel ကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲကမှ ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးနေလောက်မှာကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ Timothée Chalamet တို့၊ Emma Watsonတို့ပါတဲ့ကားပေါ့။ အဲ့တုန်းကလည်း CM မှာ တင်ပေးပြီးပါပြီ။ အခုဒါကတော့ အဲ့ရှေ့က ၁၉၉၄ခုနှစ်မှာထွက်ခဲ့တဲ့ Little Women ပါ။Little Women Movie တွေထဲမှာ ဒီတစ်ခုကလည်းတကယ်ထိတ်ထိတ်ကြဲပါ။ IMDb 7.3နဲ့ Rotten Tomatoes 93%ရထားတဲ့အပြင် Cast တွေကိုပြေးကြည့်လိုက်ရင်လည်း ဘတ်မန်းမင်းသား Christian Baleက လော်ရီနေရာက၊ Stranger Things ထဲမှာJoyce Byersအဖြစ်ပါခဲ့တဲ့ မင်းသမီးWinona Ryderက ဂျို၊ စပိုက်ဒါမန်းထဲက MJ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunstက အေမီနေရာက ...
movie

Little Women (1994)

True Story (2015) 6.3
True Story (2015)  127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုးနာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်းဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက်တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေအဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေသွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေကလက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ်ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါတော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ ...
movie

True Story (2015)

Blue Valentine (2010) 7.3
Blue Valentine (2010) Blue Valentine (2010)~ IMDb - 7.3/10, RT - 86%, Meta - 81% ~မပြေလည်ခြင်းများဟာ အနီရောင်နေ့ရက်တစ်ချို့ရဲ့အတွင်းသားထဲ စီးဆင်းသွားတဲ့နောက် ခရမ်းရောင်တစ်ခုက အရောင်ဗေဒတွေအတိုင်း ငါ့သွေးကြောထဲလှည့်ပတ်နေခဲ့ရင်း အခုဆိုဘယ်နှရာသီ။ ဘဝဟာ ချောကလက်ဘူးတစ်ဘူးနဲ့ သဏ္ဍာန်တူကြောင်း ရုပ်ရှင်ထဲက ခပ်အအ,ကာရိုက်တစ်ကောင်ပြောဖူးတာ ကြားဖူးမှာပါ။ ကိုကိုး၈၀ရာခိုင်နှုန်း ကိုကိုး၉၀ရာခိုင်နှုန်း ကိုကိုး၉၉ရာခိုင်နှုန်း။ များများစားစား မျှော်လင့်စရာဟာ အခါးဓာတ်နဲ့ အသားကျသွားဖို့ပေါ့။ အောင်မြင်တဲ့အချစ်ကို ဘဝတစ်ကွေ့မှာ ငါတို့ပက်ပင်းတွေ့ဖူးကြမှာပဲ။ ကမ္ဘာအဆက်ဆက်က ဖူးစာလို့ ထင်ကောင်းထင်ခဲ့ကြဖူးလိမ့်မယ်။ "ကြည်ဖြူနိုင်သူ နှစ်ဦး"လည်း ဖြစ်ခဲ့ကြဖူးတယ်။ မင်းအရိပ်မှာငါခို ငါ့သီချင်းမှာကခဲ့ဖူးတဲ့ ဆံပင်တွေလည်းမရှည်သေးဘူး။ ချိုသော နွေးသော မဖြောင့်တန်းသော လေမသွေးလက်များ ကံတော်မကုန်ခင်အထိတော့ တံလျှပ်တို့က အစစ်ပဲ အချစ်ရယ်။ နေဝင်သွားတဲ့ တံတားကြီးရဲ့ဟိုးတစ်ဘက်က ညနေဟာ ငါသိတဲ့ကဗျာတစ်ပုဒ်ကို လှိုက်စားသွားဖူးတယ်။ ဒါဟာ ရွှေရင်ပြုံးတုံ့အခါလည်ပေါ့။ မျက်ရည်တွေတောင်မှ ...
movie

Blue Valentine (2010)

2010
Showing Up (2023) 6.7
Showing Up (2023) IMDb rating - 6.7/10 2022 ခုနှစ်ထွက် art movieတစ်ခုကို ပရိတ်သတ်ကြီးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းထဲမှာဆိုရင် ဇာတ်လမ်းဇာတ်သွားတစ်ခုလုံးကို အနုပညာဆန်ဆန် အပိုအလိုမရှိ ရိုက်ကူးတင်ဆက်ထားပြီးတော့ အနုပညာကျောင်းမှာ ပညာသင်ပေးတဲ့ပုံစံတွေ...ဆန်းသစ်တီထွင်ဖန်တီးထားတဲ့ လက်ရာဆန်းတွေ.. ဓာတ်ပုံရိုက်ချက် အလင်းအမှောင်တွေကအစ လှပတဲ့ဆေးရေးပန်းချီကားတစ်ချက်ကို ထိုင်ကြည့်နေရသလို ပရိတ်သတ်ကြီးကို ခံစားသွားစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုဆိုလည်း မမှားပါဘူး ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ပါရမီအရည်အချင်းအပြည့်ရှိတဲ့ ပန်းပုပညာရှင် လစ်ဇီတစ်ယောက် သူမရဲ့ ပြိုင်ဘက်လည်းဖြစ်သလို အိမ်ပိုင်ရှင်လည်းဖြစ်တဲ့ ဂျိုနဲ့ သိပ်ပြီးမပြေလည်တဲ့ဆက်ဆံရေးတစ်ခု ရှိနေခဲ့ပါတယ်.. တစ်နေ့မှာတော့ လစ်ဇီရဲ့ကြောင်ဒဏ်ရာရအောင် လုပ်မိသွားတဲ့ ခိုလေးကို ဂျိုက ကယ်တင်ပေးခဲ့ပြီး လစ်ဇီကိုခဏလောက် ကြည့်ထားပေးဖို့မှာခဲ့ပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က လစ်ဇီရဲ့ ပန်းပုအရုပ်တွေ အပြီးလုပ်ရမယ့်နေ့ဖြစ်နေပြီး ခိုကိုပါကြည့်ရှုနေရတာကြောင့် မအားမလပ်ဖြစ်နေပါတော့တယ်..နောက်တစ်နေ့ မီးလင်းဖိုကို လစ်ဇီအပူပေးထားတဲ့ အရုပ်တွေကိုသွားကြည့်တဲ့အချိန် အရုပ်တစ်ရုပ်လောင်ကျွမ်းသွားတဲ့အခါမှာတော့...လစ်ဇီနဲ့ဂျိုကြားက ဆက်ဆံရေးက ဘယ်လိုပြောင်းလဲသွားမလဲ.. ပန်းပုပြပွဲအတွက် ဒီပန်းပုရုပ်နဲ့ပဲ တင်ဆက်ပြသသွားမှာလား..လစ်ဇီရဲ့ရှုပ်ထွေးလှတဲ့မိသားစုဆက်ဆံရေးတွေကရော ဘယ်လိုဖြစ်မလဲဆိုတာကို ...
movie

Showing Up (2023)

Fools Rush In (1997) 6.1
Fools Rush In (1997) Fools Rush In (1997)ပညာရှိစကားတစ်ခွန်း ကြားဖူးကြမလား။ အမိုက်အမဲတွေသာ အလျင်စလိုပြုတတ်ကြတယ် တဲ့။ အချစ်ကရော အလျင်စလိုပြုသင့်တဲ့အထဲမှာပါသလား။ အလျင်စလိုလုပ်ခြင်းက အမှားတစ်သိန်းကို ယူဆောင်လာနိုင်တယ်ဆိုရင် လျှပ်တပြက်အချစ်ကရော အမှားအယွင်းတစ်ခုလား။အို... အချစ်ဆိုတာ အမှားတစ်ခုဆိုရင် ကျွန်တော်ဟာ အမှန်တရားကို အလိုမရှိပါဘူး။ အမှားကမ္ဘာထဲမှာ အချစ်နဲ့နေထိုင်ချင်တယ်။ အချစ်နဲ့တည်ဆောက်တဲ့နန်းတော်မှာ ချစ်သူရဲ့ ရယ်မောခြင်းတေးသံတွေ နားဆင်ချင်တယ်။ ချစ်ခြင်းမှာ သက်ဆင်းဖို့အခွင့်အရေးကို စစ်ခင်းလို့တောင် ယူလိုက်ချင်ပါရဲ့။အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ အချစ်ကားလေးပါ။ အနုပညာသမား ကင်မရာကိုင်တဲ့ကောင်မလေးနဲ့ ဆောက်လုပ်ရေး ကွင်းဆင်းသမားကောင်လေးတစ်ယောက်ရဲ့ တစ်ညတာ ဖုတ်ဖက်ခါအချစ်ကနေ ကိုယ်ဝန်ရသွားတဲ့အခါမှာ ဇာတ်လမ်းစပါတယ်။ယဉ်ကျေးမှုမတူ၊ အသိုင်းအဝန်းမတူ၊ အဆိုးဆုံးက ဘာသာမတူ (ဂိုဏ်းကွဲ) ဖြစ်လာတဲ့အခါ အချစ်ကို ပြဿနာတွေက ဖုံးလွှမ်းသွားတဲ့အဖြစ်ရယ်ပေါ့။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ကြပြီး ခြောက်ရက်အတွင်း လင်မယားပြတ်စဲမှုအရာရောက်မှာဖြစ်ပေမယ့် ခြောက်ရက်အတွင်းမှာပဲ အပြောင်းအလဲတွေဖြစ်လာတဲ့အခါ သိပ်ကိုလှပတဲ့ ချစ်ခြင်းရဲ့မောင်းနှင်မှုကို လူကြီးမင်းတို့ ရှုစားဖို့ရှိပါတယ်။မင်းသားကြီးကတော့ Matthew Perry ပါ။ ...
movie

Fools Rush In (1997)

1997
Little Women (2019) 8.0
Little Women (2019) unicodeဒီတစ်ခါတော့ စူပါဟီးရိုးတွေ၊ ဆန်းပြားတဲ့အချစ်ဇာတ်လမ်းတွေ၊လှည့်ကွက်တွေဆိုတာတွေကို မေ့ပြီးအရိုးရှင်းဆုံး အလှပဆုံးလေး ခံစားကြည့်ရအောင်။Little women ဆိုတာက ၁၈၆၈ နဲ့ ၁၈၆၉ မှာ အမေရိကန်စာရေးဆရာမကြီး လူဝီဆာ မေ အဲကော့ က ၂ ပိုင်းခွဲပြီးရေးသားခဲ့တဲ့ တကယ့် ဂန္ဓဝင်လက်ရာပါပဲ။မာ့ချ် မိသားစုရဲ့ ညီအစ်မလေးယောက် ( မက်ဂ်၊ ဂျို၊ ဘက်သ် နဲ့ အေမီ) တို့ရဲ့ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ ဇာတ်လမ်းကို ရေးဖွဲ့ထားတာပါပဲ။စာရေးသူနဲ့ သူ့ရဲ့ ညီအစ်မ ၃ ယောက်အပေါ်ကို အခြေခံထားတာမို့Semi-autobiography လို့လည်း ပြောလို့ရပါတယ်။ဇတ်လမ်းကတော့ လေရူးသုန်သုန် တို့ စစ်နဲ့ငြိမ်းချမ်းရေးတို့လိုလူဘဝတွေအကြောင်းကိုအေးအေးဆေးဆေး လှလှပပလေး ဖော်ကျူးထားတာပါပဲ။မိသားစုတွေ၊ လူငယ်တွေကြားက အချစ်တွေ၊ရုန်းကန်မှုတွေ၊ ဘဝအပြောင်းအလဲတွေအကြောင်းပါပဲ။တကယ်ကို ပျော်ဝင်သွားပြီး ခံစားချက်အစုံရမယ့် ဇာတ်လမ်းမျိုးလေးပါ။Saoirse Ronan, Emma Watson, Florence Pugh,Eliza Scanlen, Laura Dern, Timothee ...
movie

Little Women (2019)

A Beautiful Day in the Neighborhood (2019) 7.5
A Beautiful Day in the Neighborhood (2019) unicodeအော်စကာဆုပေးပွဲမှာ ဆန်ကာတင်ထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ခုလောက်ကြည့်ရအောင်။မင်းသားကြီး တွမ်ဟန့်ခ်ရဲ့ နောက်ဆုံးထွက်ရုပ်ရှင်ပါပဲ။တကယ်ကို လှပတဲ့ ဒရာမာ ကားလေးပါ။တွမ်ဟန့်ခ်ဟာ ဖရက် ရော်ဂျာစ်ဆိုတဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူတစ်ယောက်။တစ်နိုင်ငံလုံးက ကလေးတွေ လူကြီးတွေ ချစ်ကြတဲ့ လူကောင်းကြီး။သူ့အကြောင်းကို အင်တာဗြူးရမယ် ဂျာနယ်လစ်က လွိုက် ဗေဂယ်၊ငယ်ငယ်ကတည်းက အဖေကို စိတ်နာနေတဲ့ လူ့ခွစာ တစ်ယောက်။လူတွေကို အားမနာလျှာမကျိုး ရေးတတ်လို့ သူနဲ့ ဘယ်သူမှ အင်တာဗြူးခံမယ့်သူ မရှိတဲ့လူ။ဒါပေမယ့် ဖရက်က သူ့ကို လက်ခံပြီး အင်တာဗြူးချိန်မှာ ဖရက်ဟာသူမြင်ဖူးသမျှထဲမှာ စိတ်ထားအကောင်းဆုံးလူဆိုတာ တွေ့လိုက်ရတယ်။ဒါကို သူလက်မခံနိုင်ဘူး။ ဒါဟာ ဟန်ဆောင်နေတာဖြစ်ရမယ်၊သူ့ရဲ့ စိတ်ရင်းအမှန်ကို သိအောင်လုပ်ရမယ်ဆိုပြီး ဖရက်ကို သေချာလေ့လာမိသွားတယ်။ဖရက်ကလည်း လွိုက်ရဲ့ ဖခင်နဲ့ ပြဿနာ၊ စိတ်ဒဏ်ရာတွေကို ပြန်ကုစားပေးဖို့ ကြိုးစားလာတယ်။သူတို့ ၂ ယောက် ဘယ်လိုဆက် စခန်းသွားကြမလဲ…….ဇာတ်လမ်းအစ စကားလုံးလေးတွေနဲ့ပဲ အဆုံးထိ ခံစားကြည့်သွားလိုက်ပါ။ခွင့်လွှတ်ခြင်းဆိုတာ လူတစ်ယောက်ကို ကျွန်တော်တို့ စိတ်ထဲမှာထားရှိနေတဲ့ ...
movie

A Beautiful Day in the Neighborhood (2019)