Channel Myanmar

Matthew C. Martino

Dom Hemingway (2013) 6.1
Dom Hemingway (2013)  ဒီဇာတ်ကားက British comedy/ dramaဖြစ်ပြီး GOTထဲကနဂါး​မေ​မေနဲ့ Sherlock Holmes ရုပ်ရုင်ထဲက မင်းသားကြီးJude Lawတို့ အဓိကပါဝင်ထားတာပါ။ IMDb6.1နဲ့ RT 57%ရထားပါတယ်။ ​မီးခံ​သေတ္တာ ဖောက်ထွင်းဝိဇ္ဇာတစ်ဦးဖြစ်​ပြီးအမှုတစ်ခုမှာ အဖမ်းခံရကာ ​ထောင်ဒဏ်၁၂နှစ် ကျသွားခဲ့တဲ့ဒွန်ဟဲမင်း​ဝေးဆိုတဲ့ ဒုစရိုက်သမားကြီးဟာ ​ထောင်က​ပြန်လွတ်လာချိန် ဇနီးဖြစ်သူဆုံးပါးကာ သမီးက မုန်းတီး​နေတာ​ကြောင့်မိသားစုနဲ့ ပြန်လည်နီးစပ်နိုင်ဖို့ ​ငွေလမ်းခင်းမယ်ဆိုတဲ့ အကြံနဲ့​အလုပ်သစ်​တွေလိုက်ရှာရင်း ကြုံ​​တွေ့ရမယ့် အခက်အခဲ​တွေကိုဘယ်လို​ဖြေရှင်းမလဲဆိုတာ ကြည့်ရမှာပါ။ စကားအ​ပြောအဆိုအသုံးအနှုန်း​​တွေ ကြမ်းတမ်းတာကို သတိချပ်​စေချင်ပါတယ်။  File size…1.39GB / 654MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ..... Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Dom Hemingway (2013)

Green Street Hooligans: Underground 5.7
Green Street Hooligans: Underground Green Street 3: Never Back Down (2013)================================= ဒီတစ်ခါ ပရိတ်သတ်ကြီးအတွက် 2013မှာထွက်ရှိခဲ့တဲ့ Green Street 3ဆိုတဲ့ အက်ရှင်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ဒီထဲမှာ ဘောလုံးပွဲကြည့်ရတာကို အရမ်းသဘောကျပြီး ကိုယ်ကြိုက်တဲ့ ဘောလုံးအသင်းကိုအရူးအမူး အားပေးတဲ့သူတွေလည်း ရှိမယ်ထင်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဒီလိုအားပေးရာကနေ တစ်ဆင့်တက်သွားတဲ့ football hooligansခေါ် ဘောလုံး လူရမ်းကားတွေအကြောင်း ကြည့်ရမှာပါ။ သူတို့ဟာ ပြိုင်ဘက်အသင်းက လူရမ်းကားတွေနဲ့ ကိုယ်ထိလက်ရောက်ရန်ဖြစ်ကြ သောင်းကျန်းကြတာမျိုး တွေပါ လုပ်လေ့ရှိပြီး မကျေနပ်တာရှိရင်အုပ်စုလိုက် ချိန်းထိုးကြတာမျိုး လုပ်တဲ့အထိ ကြမ်းတမ်းကြပါတယ်။Never Back Downဟာ တတိယမြောက် Green Streetဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ ညီဖြစ်သူ ဂျိုဝီရဲ့ ပဟေဠိဆန်ဆန် သေဆုံးသွားမှုကြောင့် အကိုဖြစ်သူဒန်နီတစ်ယောက် သူဦးဆောင်ခဲ့တဲ့ ဝက်စ်ဟမ်း အမာခံ ပရိတ်သတ်အဖွဲ့ ဂရင်းစထွိကိုပြန်ရောက်လာရကနေ ဇာတ်လမ်းစပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ ဒီရန်ပွဲတွေဟာအရင်ကလို လမ်းဘေးမှာ ဖြစ်ချင်တိုင်းဖြစ်ကြတဲ့ ပွဲမျိူးတွေမဟုတ်တော့ပါဘူး။ရန်ပွဲတွေဟာ ...
movie

Green Street Hooligans: Underground

About Time (2013) 7.8
About Time (2013) About Time (2013)IMDb - 7.8/10_____Rotten - 68%   ဒီကားလေးထဲမှာတော့ တင်မ် ဆိုတဲ့ကောင်လေးတစ်ယောက် သူအချိန်ခရီးသွားနိုင်တယ်ဆိုတာကို သူ့အဖေဆီကထူးဆန်းစွာသိခဲ့ရပါတယ်။မကြာခင်မှာပဲ သူတို့အိမ်ကို ခဏလာလည်တဲ့ သူ့ညီမရဲ့သူငယ်ချင်း ရှားလော့ကို ချစ်ကြိုက်မိရာက အချိန်တွေနောက်ပြန်လှည့်ပြီးအမျိုးမျိုးကြိုးစားရုံနဲ့ အချစ်စစ်ကိုမရနိုင်ဘူးဆိုတာ တင်မ်သိသွားခဲ့ပါတယ်။ဒီလိုနဲ့ တင်မ်တစ်ယောက် ချစ်သူရှာဖို့ လန်ဒန်ကို ရောက်လာခဲ့ပြီး တစ်နေ့မှာ မေရီဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပြီးချစ်မိခဲ့ပါတယ်။သူ့ရဲ့နေ့စဉ်ဘဝအလွဲတွေကို အချိန်တွေနောက်ပြန်လှည့်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း မေရီနဲ့ ရည်းစားတွေဖြစ်ခဲ့ပါတယ်။တစ်နေ့မှာ သူတဖက်သတ်ချစ်ခဲ့ရတဲ့ ရှားလော့နဲ့ လန်ဒန်မှာပြန်တွေ့တော့ ရှားလော့ကသူ့ကို လက်ခံဖို့ အရိပ်အယောင်တွေပြနေတဲ့အချိန်မှာ သူ မေရီ့ကို တကယ်ချစ်နေပြီဆိုတာသိခဲ့ပြီး မေရီ့ကို ရိုမက်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တဲ့ အပိုင်းလေးကိုတော့ အပျိုဖျန်းလေးတွေ တကယ်အားကျသဘောကျကြမှာပါ။ဒီလိုနဲ့ သူတို့နှစ်ယောက် ဘဝခရီးလမ်းလေးဖြောင့်ဖြူးဖို့ အချိန်တွေနောက်ပြန်လှည့် အမျိုးမျိုးကြိုးစားရင်း တင်မ်တစ်ယောက် ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီး အချစ်အရှုံးသမားလေးတင်မ်က နောက်ဆုံးမှာ ပျော်ရွှင်စရာမိသားစုလေးတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းတစ်လျှောက်လုံးမှာ တင်မ်နဲ့ သူ့သူငယ်ချင်းတွေရဲ့အလွဲတွေကို ...
movie

About Time (2013)

2013