Channel Myanmar

Matthew Wolf

The Fault in Our Stars (2014) 7.6
The Fault in Our Stars (2014) IMDb Rating (7.6) / Rotten Tomatoes (81%)ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။"ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ...
movie

The Fault in Our Stars (2014)

2014
Passengers (2016) 7.0
Passengers (2016) Passengers (2016)‌Avalon အာကာသယာဉ်ကြီးဟာ ခရီးသည် ၅ထောင်ကျော်နဲ့ အတူ ယာဉ်ဝန်ထမ်း ၂၅၈ ယောက်ကို သယ်ဆောင်ပီး ဂြိုလ်အသစ် Homestead II ဆီသို့ပျံသန်းလာခဲ့ပါတယ်။ ကမ္ဘာမြေကနေ Homestead II ဆီသို့ ပျံသန်းချိန်ဟာ နှစ်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သူအားလုံးဟာ Hibernation Pod လို့ခေါ်တဲ့ အသက်အရွယ် အိုမင်းခြင်းမရှိဘဲ အိပ်စက်နေရတဲ့ ဖန်ပေါင်းချောင် တွေထဲမှာအိပ်စက်ရင်းလိုက်ပါနေကြတာဖြစ်ပါတယ် ( Hibernation Pod တွေကို Avator ဇာတ်ကားထဲမှာလည်းတွေ့ဖူးကြမှာပါ) ဒီလိုလိုက်ပါလာရင်း နှစ်ပေါင်း ၃၀ အကြာမှာတော့ Jim Preston ဆိုတဲ့ mechanical engineer တစ်ယောက် ဟာ Hibernation Pod ထဲကနေ စက်ချို့ယွင်းပီး နိုးလာပါတယ်။ ယာဉ်တစ်ခုလုံးမှာ သူတယောက်ထဲသာ နိုးလာခြင်းဖြစ်ပီး Homestead II ...
movie

Passengers (2016)

2016
4K HEVC
Meet Cute (2022) 5.5
Meet Cute (2022) Meet Cute (2022)ဘဝမှာ ကိုယ်ချစ်တဲ့သူတွေ သေကွဲပဲဖြစ်ဖြစ် ရှင်ကွဲပဲ ဖြစ်ဖြစ် ထွက်သွားတာကိုထိုင်ကြည့်ရတာ အင်မတန်ဒုက္ခများပါတယ်။ ချစ်သောသူနဲ့ကွေကွင်းရသော ဒုက္ခဆိုသလို ဒီဒုက္ခကိုလည်း အံတုချင်တဲ့သူတွေကတော့ ဒုနဲ့ဒေးပါပဲ။Meet Cute ထဲက ရှီလာကလည်း ဒီလိုပါပဲ၊ ချစ်ရတဲ့ ဂယ်ရီနဲ့ တွေ့ခဲ့ရတဲ့ညကို အဘက်ဘက်က ပြီးပြည့်စုံချင်နေပါတယ်။ ပြီးပြည့်စုံအောင်လည်း အချိန်တွေနောက်ပြန်သွားပြီး ဂယ်ရီကို အမျိုးမျိုးပြောင်းလဲနိုင်အောင်ကြိုးစားပါတယ်။ ဂယ်ရီ့ရဲ့ ငယ်ဘဝတွေထိပါပြောင်းလဲဖို့ကြိုးစားခဲ့ပေမယ့် လောကကြီးက ဒီလောက်မလွယ်ကူမှန်းသိခဲ့ရဖို့ အ‌ချိန်တွေအကြာကြီးအကုန်ခံခဲ့ရပါတယ်။Kaley Cuoco ရဲ့ ကလပ်တက်တက် သရုပ်ဆောင်မှုနဲ့ Pete Davidson ရဲ့မထုံတက်‌သေးအမူအရာပေါင်းစပ်ထားတဲ့ ဒီကားက သရုပ်ဆောင်နေရာမှာတော့ အတော်လေးအားရစရာကောင်းပါတယ်၊ Plot Twist တွေလည်း များပြီးတော့ ဇာတ်အိမ်ခိုင်တဲ့ကားမို့ ဘယ်လိုတွေ အချိန်ခရီးသွားလဲ၊ ဂယ်ရီ့ကို ဘာတွေပြောင်းလဲခဲ့လဲဆိုတာကတော့ Meet Cute မှာပဲ ရှုစားကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Murphy မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Meet Cute (2022)

2022
Paws of Fury: The Legend of Hank (2022) 6.5
Paws of Fury: The Legend of Hank (2022) Paws of Fury: The Legend of Hank (2022) ဆမ်မြူရယ် ဂျက်ဆန်ကြီး ဆာမူရိုင်းအဖြစ် အသံသရုပ်ဆောင်ထားတဲ့ ကာတွန်းရုပ်ရှင်အသစ်ထွက်လာပါပြီ။ အတော်ရယ်ရပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ကြောင်အမတ်ကြီး အစ်ကချူဟာ ကြောင်ရှိုးဂန်းကြီးကို ဖားဖို့အတွက် နန်းတော်ကြီးတစ်ခု တည်ဆောက်နေပါတယ်။ ဒါပေမဲ့ အဲဒီနန်းတော်ကြီးရဲ့ ရှုခင်းမှာ ရှေးဟောင်းကြောင်မြို့လေးတစ်ရွာပိတ်နေလို့ အဲဒီရွာကို ရှင်းပစ်ဖို့ ဘယ်သူမှမသိအောင် ကြောင်နင်ဂျာတွေ လွှတ်ပြီး ဖျက်ဆီးခိုင်းလိုက်ပါတယ်။အဲဒီအတွက် အဲဒီကာကာမူချိုမြို့သားတွေက မြို့ကိုကာကွယ်ပေးဖို့ ရှိုးဂန်းကြောင်ကြီးဆီက ဆာမူရိုင်းတစ်ယောက် တောင်းခံလိုက်ပါတော့တယ်။ ရှိုးဂန်ကြီးက အဲဒီတာဝန်ကို အစ်ကချူကိုပဲ ပြန်ပေးလိုက်တာမို့ အစ်ကချူ ကိုယ့်ရှုးကိုယ်ပတ်ပါတော့တယ်။ဒါပေမဲ့ ကြောင်ယုတ်မာ အစ်ကချူက ဆာမူရိုင်းအရမ်းဖြစ်ချင်လို့ ကြောင်တိုင်းပြည်ကို ခိုးဝင်လာတဲ့ ခွေး ဟန့်ခ်ကို ဖမ်းထားရာကနေလွှတ်၊ ဆာမူရိုင်းဘွဲ့ ချက်ချင်းပေးပြီး ကာကာမူချိုမြို့လေးကို ကာကွယ်ဖို့ တာဝန်ပေးလိုက်ပါတော့တယ်။ရည်ရွယ်ချက်ကတော့ အဲဒီမြို့က ကြောင်တွေက ခွေးကိုမုန်းလို့ ခြောက်ချက်ကုတ်ပြီး သတ်လိုက်ရင် သူက အရေးယူဖို့ပါပဲ။ ...
movie

Paws of Fury: The Legend of Hank (2022)

2022
The Real Charlie Chaplin (2021) 7.3
The Real Charlie Chaplin (2021) The Real Charlie Chaplin (2021) ~ IMDb - 7.3/10, RT - 95%, Meta - 66% ~" ကံအကြောင်းတိုက်ဆိုင်လို့ ချာလီချက်ပလင် ဇာတ်ကားတွေကို ကြည့်ဖြစ်ရင် ဒီအတိုင်းပဲကြည့်ပါ။ တခြားတွေ့ဖူးကြည့်ဖူးထားတဲ့ ချာလီချက်ပလင်တွေနဲ့ ဆက်စပ်ဖို့ မကြိုးစားပါနဲ့။ ချာလီချက်ပလင်တွေ အများကြီးရှိလို့ပါပဲ... " - မက်စ်အိစ်မန်း (စာရေးဆရာ၊ ချာလီချက်ပလင်၏ မိတ်ဆွေတစ်ဦး)ချာလီချက်ပလင်ဆိုတာနဲ့ ဘောင်းဘီအပွကြီးဝတ်ထားပြီး ဦးထုပ်ဝိုင်းလေးဆောင်း တုတ်ကောက်ကိုင်ထားတဲ့ တံမြက်စည်းနှုတ်ခမ်းမွေးနဲ့ လူညှက်ကလေးကို ပြေးမြင်မိကြမှာပါ။ ချက်ပလင်ကပ်ရောဂါလို့ တင်စားရလောက်အောင် ချာလီချက်ပလင်ကို နှစ်သက်သဘောကျ အတုခိုးကြသူတွေ ချက်ပလင်ရောဂါဖြစ်ကြသူတွေ တစ်ကမ္ဘာလုံးအနှံ့မှာရှိခဲ့ဖူးပါတယ်။ ဒီလူပိန်လေးက ဘုရင်တွေ၊ ဘုရင်မတွေ၊ တွေးခေါ်ပညာရှင်တွေ၊ ဘာသာရေးအထင်ကရပုဂ္ဂိုလ်တွေထက် နာမည်ကျော်ကြားခဲ့ပါတယ်။ ဒါပေမဲ့ သူက ချာလီချက်ပလင်မဟုတ်ပါဘူး ချာလီချက်ပလင်သရုပ်ဆောင်တဲ့ Tramp ဆိုတဲ့ ဇာတ်ကောင်လေးပါ။အဲဒီတော့ ချာလီချက်ပလင်က အစစ်က ဘယ်သူလဲ.....ချာလီက ...
movie

The Real Charlie Chaplin (2021)

2021
Rambo (2008) 7
Rambo (2008) Rambo (2008)ဆီဗက်စတာ စတားလုံးရဲ့‌အကျော်ကြားဆုံးဇာတ်ကောင်၂ခုထဲက တစ်ခုဖြစ်တဲ့ ရမ်ဘိုကားတွေကို အက်ရှင်ကား ဖန်‌တွေအတော်များများ သဘာကျကြပါတယ်။ တိုက်ခန်းခိုက်ခန်းတွေလည်း ကြမ်းသလို စတားလုံးကြီးချတာလည်း အားရစရာကောင်းတာကိုး။ ဒီကားဟာလည်း Rambo-4 လို့ဆိုရအောင် လုံးဝ အကြမ်းပတမ်းတစ်ကားထဲမှာ အပါအဝင်ပါပဲ။ ရှယ်ကြမ်းပါတယ်။မြန်မာပြည်နယ်စပ်နဲ့ထိုင်းနယ်စပ်တို့မှာရိုက်ကူးထားပြီး မြန်မာပြည်အကြောင်းတချို့တလေ ထည့်သွင်းဖော်ပြထားတာကြောင့် မြန်မာထိုင်းသရုပ်ဆောင်တချို့လဲပါဝင်ထားပါတယ်။ဒီကားရထားတဲ့ IMDb rating 7 ကလည်း လူပေါင်း နှစ်သိန်းကျော်ကနေ ရထားတာဆိုတော့ ကြည့်ရအတော် အားရဖို့ကောင်းပါလိမ့်မယ်။ ရိတ်တင် သိပ်မကောင်းနေရင်တောင် ဇာတ်ကားရဲ့ ဇာတ်လမ်းကြောင့်၊ ရမ်ဘိုကြီး ရှယ်ကြမ်းပြ ရမ်းပြ သတ်ပြထားတဲ့သူတွေကြောင့် ဘယ်လိုပဲဆိုဆို အတော်လေးကို ဝမ်းသာပီတိ ဂွမ်းဆီထိ ကြည့်ရ ဖီးလ်ရှယ်ရှိမယ့်ဇာတ်ကားပါပဲ။Size - 2.7GB, 1.01GB Quality - Blu-ray 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 32Min Genre ...
movie

Rambo (2008)

2008
Missing Link(2019) 7.0
Missing Link(2019) Missing Link(2019) IMDb.....7.0 Animation ဇာတ်ကားကောင်းတွေကို တမ်းတလွမ်းဆွတ်နေကြတဲ့ ပရိသတ်ကြီးအတွက် ၂၀၁၉ထဲမှာ ပူပူနွေးနွေး ထွက်ထားတဲ့ Missing Link (ပျောက်ဆုံးနေသော ကွင်းဆက်) ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်… ဇာတ်ကားလေးဟာ ၁၈ရာစု ပတ်ဝန်းကျင်ကို ဇာတ်အိမ်တည်ထားပြီးတော့ လိုင်နယ် ဖရော့စ်ဆိုတဲ့ စွန့်စားရှာဖွေသူတစ် ဦးဟာ နယူးယောက်က အကြီးမားဆုံး စွန့်စားရှာဖွေသူတွေရဲ့ အသင်းကိုဝင်ချင်တဲ့အတွက် ဒဏ္ဍာရီလာ သတ္တဝါတွေ ကို လိုက်လံစွန့်စား ရှာဖွေပါသော်လည်း အချည်းနှီးသာ ရလဒ်နောက်ဆုံး နိဂုံးချုပ်နေကျဖြစ်တဲ့အတွက် ကလပ်ကလူတွေအတွက် သူဟာ လှောင်ပြောင်စရာပဲဖြစ်နေခဲ့ပါတယ် … တစ်နေ့တော့ ကလပ်ကလူကြီးနဲ့အလောင်းအစားတစ်ခုပြုလုပ်ပြီး နှင်းလူမျိုးနွယ် ဒဏ္ဍာရီလာ ခြေရာကြီးသတ္တဝါကို ရှာဖွေဖို့ ဟိမဝန္တာတောင်တန်းကြီးဆီကို စွန့်စားခန်းထွက်လာပါတော့တယ်။ ကိုင်း...သူစွန့်စားခန်းကြီးအောင်မြင်ပါ့မလား...လူတွေရဲ့ အထင်သေးတဲ့အမြင်တွေကို ပြောင်းလဲပေးနိုင်မလား....သူ့စွန့်စားခန်းတွေမှာရော ဘယ်လိုအန္တရယ်မျိုးစုံနဲ့တွေ့ဆုံမလဲ... သူကရောဖြတ်ကျော်နိုင်ပါ့မလား..... ဒီဇာတ်ကားလေးမှာ နောက်ခံအသံသရုပ်ဆောင်များအဖြစ် နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Hugh Jackman…Zach Galifianakis….Zoe Saldana စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်… ဟာသအသောလေးတွေနဲ့ စွန့်စားခန်းတွေရင်ထိတ်စရာတွေ တွေ့ကြုံခံစားရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူကြပါဦး… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်....  File Size ...
movie

Missing Link(2019)

2019
Skyscraper (2018) 6.0
Skyscraper (2018) unicode Blu-Ray 1080p 5.1 CH x264 အက်ဖ်ဘီအိုင်အေးဂျင့် ဟောင်းလည်းဖြစ်၊ အမေရိကန် စစ်ပြန်တစ်ယောက်လည်းဖြစ်တဲ့ ဝီလ်ဆောယားဟာ စစ်ဆင်ရေး တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး ခြေ ထောက်တစ်ဖက်ဆုံးရှုံးခဲ့ရကာ ခြေတုနဲ့ လှုပ်ရှားနေသူပါ။ နောက်တော့ ဝီလ်ဟာ ဟောင်ကောင်မှာရှိတဲ့ အမြင့်ဆုံး မိုးထိတိုက်ကို လုံခြုံရေးကြီးကြပ် ဖို့ အလုပ်ခန့်အပ်ခံရပြီး သူတာဝန် ယူရမယ့် အမြင့်ဆုံးနဲ့ လုံခြုံရေး စနစ် အကောင်းဆုံး မိုးထိတိုက် ကြီးမှာ သူ့မိသားစုနဲ့အတူ ပြောင်း ရွှေ့နေထိုင်ခဲ့ပါတယ်။ The Pearl လို့ အမည်ရတဲ့ အဲဒီမိုးထိတိုက်ကြီးရဲ့ အလွှာတိုင်းမှာ ကိုယ်ပိုင်လုံခြုံရေးစနစ်ရှိပြီး ဝီလ်က အဆောက်အအုံတစ်ခု လုံးရဲ့ လုံခြုံရေးပိုင်းကို အဓိက တာဝန်ယူရတာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ The Pearlမိုးထိတိုက်ဟာ အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်ခြင်းခံရ ပြီး ဝီလ်တစ်ယောက် အဆောက် အအုံ လုံခြုံရေးပိုင်းဆိုင်ရာကို သေချာ သိထားသော်ငြားလည်းအခြေအနေတွေ ပိုပြီးရှုပ်ထွေး ...
movie

Skyscraper (2018)

2018
Skyscraper (2018) 6.1
Skyscraper (2018) အက်ဖ်ဘီအိုင်အေးဂျင့် ဟောင်းလည်းဖြစ်၊ အမေရိကန် စစ်ပြန်တစ်ယောက်လည်းဖြစ်တဲ့ ဝီလ်ဆောယားဟာ စစ်ဆင်ရေး တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး ခြေ ထောက်တစ်ဖက်ဆုံးရှုံးခဲ့ရကာ ခြေတုနဲ့ လှုပ်ရှားနေသူပါ။နောက်တော့ ဝီလ်ဟာ ဟောင်ကောင်မှာရှိတဲ့ အမြင့်ဆုံး မိုးထိတိုက်ကို လုံခြုံရေးကြီးကြပ် ဖို့ အလုပ်ခန့်အပ်ခံရပြီး သူတာဝန် ယူရမယ့် အမြင့်ဆုံးနဲ့ လုံခြုံရေး စနစ် အကောင်းဆုံး မိုးထိတိုက် ကြီးမှာ သူ့မိသားစုနဲ့အတူ ပြောင်း ရွှေ့နေထိုင်ခဲ့ပါတယ်။The Pearl လို့ အမည်ရတဲ့ အဲဒီမိုးထိတိုက်ကြီးရဲ့ အလွှာတိုင်းမှာ ကိုယ်ပိုင်လုံခြုံရေးစနစ်ရှိပြီး ဝီလ်က အဆောက်အအုံတစ်ခု လုံးရဲ့ လုံခြုံရေးပိုင်းကို အဓိက တာဝန်ယူရတာ ဖြစ်ပါတယ်။တစ်ရက်မှာတော့ The Pearlမိုးထိတိုက်ဟာ အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်ခြင်းခံရ ပြီး ဝီလ်တစ်ယောက် အဆောက် အအုံ လုံခြုံရေးပိုင်းဆိုင်ရာကို သေချာ သိထားသော်ငြားလည်းအခြေအနေတွေ ပိုပြီးရှုပ်ထွေး လာကာ သူကိုယ်တိုင်တောင် ပစ်မှတ်တစ်ခုလိုဖြစ်ခဲ့ပြီး အဖမ်းခံခဲ့ ...
movie

Skyscraper (2018)

2018
Hotel Transylvania 2 (2015) 6.7
Hotel Transylvania 2 (2015) Hotel Transylvania 2 (2015)IMDb - 6.7/10_____Rotten - 56%   2012 က အောင်မြင်ကျော်ကြားလူကြိုက်များခဲ့လို့ အခုသူ့ရဲ့နောက်ဆက်2015မှာ Part 2အနေနဲ့ထပ်ထွက်လာတဲ့ Animation ကားလေးတစ်ခုကိုတင်ပေးပါရစေ။IMDb Rating 7 အထိရရှိထားပြီးတဲ့  ဒီကားလေးကိုအားလုံးပဲမျှော်လင့်နေကြမှာပါ။ဒီဇာတ်ကားလေးဟာမကောင်းဆိုးဝါးလေးတွေနဲ့ဇာတ်လမ်းစထားခဲ့ပြီး . Draculaဘုရင်တစ်ပါးရဲ့သမီးလေးနဲ့ချစ်ကြိုက်ခဲ့တဲ့ လူသားတစ်ဦးတို့ရဲ့ အချစ်မေတ္တာနဲ့ပေါင်းစပ်လက်တွဲမှုကို အချက်ကျကျသဘောကျဖွယ် ဖန်တီးထားပါတယ်။Part 1 မှာ ချစ်ကြိုက်ခဲ့တဲ့ Dracula မလေး Mavis နဲ့လူသားလေး Jonathan တို့ရဲ့ လက်ထပ် မင်္ဂလာဆောင်ပွဲကနေစထားပါတယ်။Mavis နဲ့ Jonတို့ဟာ လက်ထပ်ပြီးကာလတစ်ခုမှာသားလေး တစ်ယောက်မွေးဖွားခဲ့ပါတယ်။အထူးသဖြင့်ဒီဇာတ်ကားမှာတွေ့ရမှာက အဘိုးဖြစ်သူ Count Dracula ရဲ့သူ့ မြေးလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို လှလှပပဖွဲ့နွဲ့သွားခဲ့ပြီးသူ့လိုပဲမြေးလေးကိုမှော်အတတ်တွေကျွမ်းကျင်တဲ့Dracular လေးတစ်ဦးဖြစ်စေချင်တာကိုလည်းတွေ့ရပါမယ်။Spoiler  ဖြစ်သွားမှာစိုးလို့ ဇာတ်ကားအကြောင်းကို ဆက်လက်မပြောပြတော့ပါဘူးMovie သာဆက်လက်ကြည့်ရှုကြပါ။  ခေတ်နဲ့လျော်ညီအောင် တင်ဆက်ထားပြီး . Sony Entertainmentကထုတ်လုပ်ထားတဲ့အတွက် Sony Product များကိုပါသုံးနှုန်းသွားတာဟာ ကြော်ငြာတဲ့ဘက်ကိုမသိသာစေဘဲ ...
movie

Hotel Transylvania 2 (2015)

2015
The Girl with the Dragon Tattoo (2011) 7.8
The Girl with the Dragon Tattoo (2011) The Girl with the Dragon Tattoo (2011) IMDb - 7.8/10_______Rotten - 86% Won 1 Oscar. Another 26 wins & 91 nominations    ငယ်စဉ်ကစပြီး ကြမ်းတမ်းတဲ့ဘဝတစ်ခုမှာနေထိုင်ဖြတ်သန်းလာရတဲ့နဂါးရုပ်ပုံဆေးမင်ကြောင်နဲ့ မိန်းကလေးတစ်ယောက်ဟာ မိသားစုမရှိ အုပ်ထိန်းသူမရှိပဲ တိုင်းပြည်ရဲ့ထောက်ပံမှုနဲ့ ဘဝကိုဆိုးပေတေရင်း ဖြတ်သန်းနေခဲ့ပြီးတစ်ဖက်မှာတော့သူဟာ ထက်မြက်တဲ့စုံစမ်းရေးစိတ်ကို ပိုင်ဆိုင်ထားတဲ့ အလွတ်စုံထောက်တစ်ဦးဖြစ်ပါတယ်ဂျာနယ်လစ်မီကယ်ဘလွန်းကစ်အဖြစ် သရုပ်ဆောင်ထားတဲဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ် ကတော့ဒီဇာတ်လမ်းမှာ နိုင်ငံရဲ့အကြီးမားဆုံးငွေကြေးအလွဲသုံးစားလုပ်မှုကို သက်သေမခိုင်ပဲဖော်ထုတ်မိလို့ အသရေဖျက်မှုနဲ့ရင်ဆိုင်နေရသူတစ်ဦးဖြစ်ပါတယ် ကျွန်းတစ်ကျွန်းပေါ်မှာနေထိုင်တဲ့ ဆွီဒင်ရဲ့အချမ်းသာဆုံးမိသားစုတစ်ခုက သူဋ္ဌေးကြီးတစ်ယောက်ဟာ လွန်ခဲ့တဲ့အနှစ်၄၀ကဖြစ်ပွားခဲ့တဲ့ လက်သည်မပေါ်ခဲ့တဲ့မိသားစုအတွင်းလူသတ်မှုတစ်ခုကို သူ့ဘဝလက်ကျန်အချိန်တွေမှာအဖြေသိရဖို့ မီကယ်ဘလွန်းကစ်ကိုငြင်းဆန်လို့မရတဲ့ကမ်းလှမ်းမှုနဲ့ အဖြေရှာပေးဖို့ ကမ်းလှမ်းလိုက်ပါတော့တယ် ထိုအမှုဟာ ဘလွန်းကစ်ရဲ့ဂုဏ်သိက္ခာကိုပြန်လည်ဆယ်ယူဖို့ တိုင်းပြည်ရဲ့အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှုတို့နဲ့ ပတ်သက်နေခဲ့ပြီး ဘလွန်းကစ်နဲ့အတူ နဂါးရုပ်ဆေးမင်ကြောင်နဲ့မိန်းကလေးပါ စုံစမ်းရေးထဲကို ပါဝင်လာတဲ့အခါမှာတော့.... Millennium Trilogy ရဲ့အောင်မြင်ခဲ့တဲ့ပထမဆုံးဝတ္တု ဖြစ်တဲ့ The girl with the dragon tattoo ဝတ္တု ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာလည်းအောင်မြင်ခဲ့ပြီး IMDb7.8နဲ့ RT86%ရရှိထားတဲ့ crime flim ...
movie

The Girl with the Dragon Tattoo (2011)

2011