Channel Myanmar

Maureen Brennan

Midnight Special (2016) 6.6
Midnight Special (2016) CM ပရိသတ်ကြီးတို့ကို Sci-fi ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရှုပ်ရှုပ်ယှက်ယှက်နဲ့ သိပ္ပံဗဟုသုတ အများကြီးရှိမှ ကြည့်လို့နားလည်မယ့်ဇာတ်ကားမျိုးလည်း မကြည့်ချင်ဘူး Sci-fi အမျိုးအစားလည်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးက သေချာပေါက်ပရိသတ်ကြီးတို့အကြိုက်ပါ။ ဇာတ်ကားနာမည်လေးက Midnight Special လို့ ခေါ်ပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အယ်တွန်မာယာလို့ခေါ်တဲ့အသက် ၈ နှစ်အရွယ်ကောင်လေးကို အဖေဖြစ်သူ ရွိုင်တွန်လင်ကပြန်ပေးဆွဲသွားရာကနေ ဇာတ်လမ်းအစပြုပါတယ်။အဖေအရင်းက ပြန်ပေးဆွဲတယ်ဆိုလို့ မအံ့ဩပါနဲ့။တကယ်တော့ အယ်တွန်ကို ရန့်ချ်လို့ခေါ်တဲ့ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်က မွေးစားထားတာပါ။အယ်တွန်လေးက သူများနဲ့မတူဘဲ စူပါမန်းလိုမျက်လုံးကနေ ရောင်ခြည်တွေထွက်တတ်တဲ့ ကလေးဖြစ်နေတာပါ။ကလေးဟာ နေရောင်ထဲကို ထိလို့မရသလို သူ့အစွမ်းအရှိန်ကပစ္စည်းတွေကို ကွဲကြေပျက်စီးစေပါတယ်။ဒါပေမဲ့ ရန့်ချ်အဖွဲ့အစည်းကတော့ ဒါဟာ ဘုရားသခင်ကဆက်သွယ်တာဆိုပြီး ယုံကြည်ကြတယ်။ ကလေးရဲ့ နာကျင်မှုတွေကို မမြင်ရက်တော့တဲ့အဆုံးမှာအဖေဖြစ်သူက ကလေးကိုခေါ်ပြီး ထွက်ပြေးခဲ့တာပါ။တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒီကလေးကိုလက်နက်တစ်ခုလို့သဘောထားပြီး လိုက်လံရှာဖွေခဲ့ပါတယ်။ ဆိုတော့ အယ်တွန်လေးက ဘာလို့အစွမ်းတွေရှိနေတာလဲ၊ သူတို့တွေဘယ်ကိုထွက်ပြေးကြမလဲ၊ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာရောဘယ်လိုထူးဆန်းထွေလာ ဖြစ်ရပ်တွေကို ကြုံတွေ့ရမလဲ၊ ဘာသာရေးအဖွဲ့အစည်းနဲ့အစိုးရအဖွဲ့အစည်းတွေက ...
movie

Midnight Special (2016)

2016
Texas Killing Fields(2011) 5.7
Texas Killing Fields(2011) ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေမှာအမျိုးသမီးငယ် ၄ ယောက်ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိပြီးတဲ့နောက်တက္ကဆက်ပြည်နယ်က ရွံမြေတွေနဲ့ ရေနံချက်စက်ရုံတွေကြားက ဟူစတန်နဲ့ ဂဲဗတ်စတန်ကမ်းခြေမြို့ကို ဆက်သွယ်ထားတဲ့ပြည်နယ်တွင်းလမ်းကြောတစ်လျှောက်မှာ ရှိတဲ့ မြေကွက်ကျယ်တစ်ခုကိုလူသတ်ကွင်းတွေ လို့ အမည်ကင်ပွန်းတပ်ခဲ့ကြပါတယ်.နှစ်တွေကွာခြားပေမယ့် ဒီအမျိုးသမီး ၄ ဦးစလုံးကိုတစ်နေရာတည်းမှာပဲ ရှာတွေ့ခဲ့ကြပါတယ်.သူတို့ရဲ့သေဆုံးမှုတွေက ဆက်စပ်မှုရှိသလား.တိုက်ဆိုင်မှုလားဆိုတာတော့ အဖြေမရှာနိုင်ခဲ့ပါဘူး.ဒီဇာတ်လမ်းကိုတော့ “The Killing Fields” လို့အမည်ရပြီးကာလမှာ အခြေတည်ထားပါတယ်.တက္ကဆက်မြို့ငယ်လေးက စုံထောက်တစ်ဦးဖြစ်တဲ့မိုက်ခ်ဆောက်ဒါ ဟာ နယူးယောက်မြို့က ပြောင်းလာတဲ့ပါတနာ စုံထောက်ဘရိုင်ယန်ဟေ့ဂျ်နဲ့အတူ.လူသတ်မှုတွေကို ဖော်ထုတ်နေသူ ဖြစ်ပါတယ်.အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံး၊ သေဆုံးမှုတွေကြားကနေအမည်ဆိုးနဲ့ကျော်ကြားတဲ့ ”The Killing Fields” နဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာတော့.တစ်ကြော့ပြန်လာတဲ့ အတိတ်ကို သူတို့လက်ထက်မှာ ရပ်တန့်နိုင်မလား. ဉာဏ်များပြီးကောက်ကျစ်တဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်မလားဆိုတာကို ဥပဒေဘက်တော်သားနဲ့ ရာဇဝတ်သား အားပြိုင်မှု၊ ဉာဏ်ကစားပုံများ၊ ဇာတ်ကွက်အလှည့်အပြောင်းများကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.69GB / 771MB Quality… Blu-Ray 1080p ...
movie

Texas Killing Fields(2011)

2011
Troop Zero (2019) 7.0
Troop Zero (2019) unicodeမိတဆိုးလေး Christmas ဟာ အာကာသအကြောင်းဂြိုဟ်သားအကြောင်းတွေ အလွန်စိတ်ဝင်စားတဲ့သူတစ်ယောက်ပါ။သူက ရေဒီယိုလေးတစ်လုံးနဲ့ ဂြိုဟ်သားတွေဆီအမြဲတမ်း အဆက်အသွယ်လုပ်ဖို့ ကြိုးစားနေတတ်တယ်။ကျောင်းမှာတော့ သူ့ကို အိပ်ယာထဲသေးပေါက်ချတတ်တယ်ဆိုပြီးကျောင်းသူကျောင်းသားတွေက အမြဲနောက်ပြောင်ကြတယ်။တစ်နေ့ NASA အဖွဲ့ဝင်တစ်ယောက် သူတို့ကျောင်းဆီရောက်လာပြီး ပွဲတော်မှာအနိုင်ရမယ့်အဖွဲ့ကို ဂြိုဟ်သားတွေဆီစာပို့နိုင်ဖို့ ဆုချမယ်လို့ ကြေညာလိုက်တယ်။Christmas လေးက အရမ်းစိတ်ဝင်စားသွားပြီး ပွဲတော်မှာအနိုင်ရဖို့အတွက် ကြိုးစားချင်လာတော့တယ်။ဒါပေမဲ့ ကျောင်းသူအဖွဲ့က သူ့ကို လက်မခံကြတဲ့အခါသူ့ကိုယ်ပိုင်အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ကြိုးစားရတော့တယ်။ဒီဇာတ်ကားလေးက ၁၉၇၀ ခုနှစ်တွေဆီ အခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့Comedy-Drama ဇာတ်လမ်းလေးပါ။အရမ်းလည်း Motivation ရစေမယ့် ဇာတ်ကားတစ်ကားဆိုရင် မှားမယ်မထင်ပါဘူး။File Size : ( 904 MB , 292 MB ) Quality : WEB-DL 720p Running Time : 1 hr 34 min Format : Mp4 Genre : Comedy , Drama ...
movie

Troop Zero (2019)

The Perfect Date (2019) 5.9
The Perfect Date (2019) သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။IMDB 6/10 ရရှိထားတဲ့ Netflix Origin Comedy/Romance ဇာတ်ကားကောင်းလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကိုမပြောခင် အချောလေး Noah Centineo ပါဝင်သရုပ်ဆောင်ထားကြောင်းပြောပြချင်ပါတယ် အဟွင်းဟွင်းကိုယ်တွေလို သင်္ကြန်မှာအိမ်တွင်းပုန်းတဲ့သူတွေအတွက်တော့ရှယ်ပဲဘရွတ်ရက်တီကန်ဆိုတဲ့ ၁၈နှစ်အရွယ်အထက်တန်းကျောင်းသားလေးရဲ့ဘဝကို အခြေပြုထားတာဖြစ်ပါတယ်မိတဆိုးလေးဘရွတ်ဟာ ဘဝကိုအရှုံးပေးထားတဲ့ဖခင်ဖြစ်သူနဲ့နေထိုင်ပေမယ့် သူ့ရဲ့ဘဝရည်မှန်းချက်တွေကတော့ ကြီးလှပါတယ်အကောင်းဆုံးကားကိုစီးချင်တယ်ပေါ်ပြူလာအဖြစ်ဆုံးကောင်မလေးနဲ့တွဲချင်တယ်ကောင်းပေ့ဆိုတဲ့ကျောင်းကိုမှတက်ချင်တယ် အစရှိသဖြင့်ပေါ့လေအဲ့ဒီရည်မှန်းချက်တွေအမှန်တကယ်ဖြစ်လာဖို့ ကြိုးစားရာမှ ဖြစ်လာတဲ့ကမောက်ကမပေါင်းစုံကို ကြည့်ရှုရမှာဖြစ်ပါတယ်Spoil သလိုဖြစ်သွားမှာစိုးလို့ ကိုယ်တိုင်ပဲဆက်လက်အားပေးလိုက်ပါဦးရှင်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ) File Size : (700 MB) and (350 MB) Quality : NF WEB-DL 720p Running Time : 1hr 29min Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.NF.WEB-DL.DDP5.1.x264-NTG Translated by ...
movie

The Perfect Date (2019)

2019
Instant Family (2018) 7.3
Instant Family (2018) Instant Family (2018) IMDb - 7.3/10_____Rotten - 82%Instant family ဇာတ်ကားဟာ IMDB 7.3 အထိရထားပြီး ဇာတ်အိမ်ဆန်းသစ်စွာနဲ့ ဟာသရသ မိသားစုချစ်ခြင်းဖွဲ့ရသ ကြည်နူးဖွယ်ရသနဲ့ စိတ်နှလုံးကို တိမ်းးညွှတ်အောင်ဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ မွေးကင်းစကလေးကိုပြုစုပျိုးထောင်ဖို့အတွက် အရွယ်လွန်သွားပြီလို့ယူဆထားကြတဲ့ အကြင်လင်မယားတွေဟာ မိသားစုဘဝရဲ့အနှစ်သာရကို ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး ခံစားခွင့်မရှိတော့ဘူးလား.... အကြောင်းအမျိုးမျိုးကြောင့် မိဘအရင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ ကလေးတွေကရော မေတ္တာအငွေ့အသက်တွေ လုံခြုံမှုတွေကို မရရှိနိုင်တော့ဘူးလား..... မိသားစုဆိုတဲ့စကားလုံးဟာ အင်မတန်ရိုးရှင်းပေမဲ့ သံယောဇဉ်တွေ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေ အပြန်အလှန်လေးစားမှုတွေဆိုတဲ့ နက်နဲလှတဲ့သဘောတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီကမ္ဘာမြေကြီးပေါ်က သေးငယ်တဲ့ကမ္ဘာလေးတစ်ခုဆိုရင်လည်းမမှားပါဘူး..... လူတစ်ယောက်ရဲ့ လက်တစ်ဖက်တည်းက လက်ချောင်းတွေ အတိုအရှည်မညီကြသလို.... သွေးရင်းဖြစ်တဲ့ မိသားစုတွေတောင် နားလည်မှုအမြဲထားနိုင်ကြတာမဟုတ်ပါဘူး..... ကိုယ်တိုင်ရွေးချယ်ဖန်တီးတော့မယ့် သွေးမတော်သားမစပ်မိသားစုတစ်ခုအတွက် အကောင်းဆုံးကြိုးစားပြီးပြင်ဆင်ထားပေမဲ့ တကယ်တန်းလက်တွေ့ကတော့ ထင်သလောက်မလွယ်လှဘူးလေ..... အကြင်လင်မယားနှစ်ယောက်ဟာ မိမိတို့ရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားချိန်ကစလို့ မိဘစိတ်ကို တဖြည်းဖြည်းမွေးမြူလို့ရပေမဲ့..... ရုတ်တရက်ရောက်လာမယ့် ကလေးတွေအပေါ်မှာရော ချစ်ခြင်းမေတ္တာအပြင် မိဘပီသတဲ့စောင့်ရှောက်မှုတွေ နားလည်မှုတွေ အပြည့်အဝထားရှိနိုင်ပါ့မလား...... ဒီမေးခွန်းတွေအားလုံးရဲ့ သံသယတွေကို ဒီဇာတ်လမ်းလေးက ဖြေရှင်းပေးသွားမှာပါ..... ချစ်တာကလွဲပြီး ကျန်တာတွေကို နားမလည်နိုင်သေးတဲ့ မွေးစားမိဘနှစ်ပါးနဲ့.... မောင်လေးနဲ့ညီမလေးကို စောင့်ရှောက်ရင်း..... သူ့ကို ချစ်တဲ့လူ ဒီကမ္ဘာပေါ်မှာမရှိဘူးလို့ ထင်နေတဲ့ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်တို့ နားလည်မှုတည်ဆောက်ကြတာကို ကြည်နူးမှုနဲ့ ဝမ်းနည်းမှုရသမြောက်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ..... ငယ်ရွယ်တဲ့ကလေးတွေကို ချစ်ခြင်းမေတ္တာဂရုစိုက်မှုတွေပေးရုံနဲ့ မိဘနေရာကို ခံယူလို့ရပေမယ့်... မိခင်အရင်းကိုသိပ်ချစ်တဲ့ ၁၅ ...
movie

Instant Family (2018)

2018
Déjà Vu (2006) 7.0
Déjà Vu (2006) Déjà Vu (2006) IMDb - 7.0/10_____Rotten - 55%    2006 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Deja Vu ဇာတ်ကားကို ဒါရိုက်တာ တိုနီစကော့ကနေရိုက်ကူးခဲ့ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့သူကတော့ Denzel Washington ဖြစ်ပါတယ်. ကျွန်တော်သိပ်ကြိုက်တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့ John Q ဇာတ်ကားမှာလည်း အဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူပါ. အခုတင်ပေးတဲ့ကားကတော့ အက်ရှင် နဲ့ဖိုက်တင်နဲ့ သိပ္ပံဇာတ်လမ်း အမျိုးအစားဖြစ်ပြီး အက်ရှင်ဇာတ်လမ်းကောင်း.. သိပ္ပံနဲ့ဆိုင်တဲ့ဇာတ်ကားမျိုးလေးတွေကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်.. IMDb Rating ကလည်း 7.1 ရရှိထားတာမို့. .ဇာတ်ကားကောင်းတစ်ကားဆိုတာ ငြင်းချက်ထုတ်နေစရာမလိုပါဘူး အညွှန်းနည်းနည်းပေးရမယ်ဆိုရင်….. ဇာတ်လမ်းစစချင်းမှာပဲ ရေကြောင်း Ferry တစ်ခုဖြစ်တဲ့ သဘောၤတစ်ခုမှာ ကျောင်းသားတွေရော. လူတော်တော်များများပါလိုက်ပါလာပါတယ်.. အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြတုန်းမှာပဲ သဘောၤ ပေါ်မှာ တင်ဆောင်လာတဲ့ကားတစ်စီးမှာ ထောင်ထားတဲ့ ဗုံးဟာ ပေါက်ကွဲသွားပါတယ်..သဘောၤတစ်စီးလုံးစာကို ပေါက်ကွဲသွားတာဖြစ်ပြီး ကယ်ဆယ်ချိန်လည်းမရသလို.အသေအပျောက်ကလည်းရာချီပါတယ် ဒီကိစ္စကိုစုံစမ်းဖို့အတွက်ရောက်လာတာကတော့ ATF Agent ဖြစ်တဲ့ ဒေါ့ကာလင်ပါ… အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်.. သူဟာ နည်းပညာအကူအညီနဲ့ သဘောၤဗုံးမပေါက်ခင် လွန်ခဲ့တဲ့ လေးရက်ကို ပြန်လည်သွားရောက်ပြီး ရာဇဝတ်မှုမဖြစ်ပွားအောင်ကြိုးစားရပါတော့တယ်. ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို တော့ ဆက်လက်ကြည့်ရှုကြပါ.. ဆွဲဆောင်မှုရှိရှိနဲ့ရိုက်ကူးတင်ဆက်ထားပြီး စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်.. ဒီဇာတ်ကားရဲ့ဘာသာပြန်ကိုတင်ဆက်သူကတော့ ကို Lotus Black ပဲဖြစ်ပါတယ်Translated By Lotus Black Encoded By LK =================== 2006 ခု ...
movie

Déjà Vu (2006)

2006