Channel Myanmar

Max Arciniega

Haywire(2011) 7.0
Haywire(2011) Haywire(2011)အညွှန်း******************ဒီတစ်ခါမှာတော့ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကြမ်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.. မင်းသမီးကတော့ Deadpool တို့ The Mandalorian တို့ထဲကမင်းသမီးချောလေး Gina Carano ပါဗျာ...တစ်ချိန်က MMA Fighter တစ်ယောက်ဖြစ်ခဲ့တဲ့မင်းသမီးလေးဆိုတော့ဒီလိုတစ်ကိုယ်တော် ကြမ်းဟဲ့ ရမ်းဟဲ့ဆိုတဲ့ကားမျိုးကျ မိုက်မိုက်မိုက်ပေါ့ဗျာ...ဇာတ်လမ်းအကျဉ်းကတော့ မရိန်းတပ်သားတစ်ယောက်ဖြစ်တဲ့ မယ်လိုရိကိန်းဟာအရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကိုကယ်ဖို့အတွက် ပုဂ္ဂလိကုမ္ပဏီတစ်ခုကငှားရမ်းတဲ့အတွက်သွားရောက်ဆောင်ရွက်ပေးခဲ့ပါတယ်...ဒါပေမဲ့ သူ့ကိုအလိုမကျသူတစ်ယောက်ရဲ့အကွက်ကျတဲ့စီစဉ်မှုတွေအောက်မှာ သူဟာ လူသတ်သမားရယ်လို့ ဝရမ်းထုတ်ခံရပြီးသူ့နောက်ကိုလည်း ကြေးစားလူသတ်သမားတွေလိုက်လံသတ်ဖြတ်လာတဲ့အခါမှာတော့အက်ရှင်အသားပေးကားမို့ ရုပ်ရှင်ပရိသတ်တွေကော MMA ပရိတ်သတ်တွေကော အကြိုက်တွေ့မယ့်ကားတစ်ကားပဲဖြစ်ပါတယ်..File Size :(1.89GB)(0.98 GB) and (385 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:33:00 Genre : Action ,Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie

Haywire(2011)

Old Henry (2021) 7.3
Old Henry (2021) IMDb Rating (7.3) / Rotten Tomatoes (96%)လူသူဝေးတဲ့တစ်နေရာမှာ မုဆိုးဖိုလယ်သမားကြီးတစ်ယောက်ဟာ သူ့သားလေးနဲ့အတူတူ အေးအေးလူလူ နေထိုင်ပါတယ်၊ တစ်နေ့မှာ သားရေလွယ်အိတ်ငွေထုပ်နဲ့သေနတ်ဒဏ်ရာရနေတဲ့ လူတစ်ယောက်ကို အိမ်ခေါပြီးကယ်မိလိုက်ပါတယ်၊ အဲ့ဒီ ပိုက်ဆံတွေအတွက် လာရှာတဲ့လူတွေ ရှိတဲ့အခါမှာ‌တော့ လယ်သမားကြီးက ဘယ်သူ့ကိုယုံရမလည်းစဉ်းစားရကြပ်သွားပါတော့တယ်။သူ့ကိုယ်သူနဲ့ သူ့သားကို ကာကွယ်ရတဲ့အချိန်မှာတော့ သူ့ရဲ့ ပုံစံ‌အစစ်လို့ပြောလို့ရတဲ့ သေနတ်ပစ် စွမ်းရည်တွေနဲ့ တိုက်ရည်ခိုက်ရည်တွေကိုထုတ်ပြရပါတော့တယ်။1900 ခုနှစ် အစပိုင်းကိုအခြေတည်ထားတာဖြစ်ပြီးဇာတ်လမ်းက အချိန်ကြာလာလေ ဇာတ်ရှိန်မြင့်လာလေမို့ အေးအေးဆေးဆေး နှပ်ကြည့်မယ့်သူတွေအတွက်တော့အသင့်တော်ဆုံးပါပဲ။ IMDb rating 7.3 နဲ့ Old Henry ပါ။ File size…(1.4 GB)/(800 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy
movie

Old Henry (2021)