Channel Myanmar

Max Records

The Sitter (2011) 5.6
The Sitter (2011)  The wolf of Wall Street ကြည့်ဖူးသူတိုင်း Jonah Hill ကို မှတ်မိကြမယ်ထင်ပါတယ် ဒီတစ်ခါမှာတော့ သူဟာ ကလေးထိန်းရင်း တိုင်ပတ်တဲ့ ပေါ့ပေါ့ပါးပါး ဟာသကားလေးကိုကြည့်ရမှာဖြစ်ပါတယ် နိုအာဆိုတဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်တဲ့သူဟာ တစ်ရက်မှာတော့ သူ့အမေအစား ကလေးထိန်းပေးဖို့ဖြစ်လာပါတော့တယ် သူ့ကိုသူ စိုးရိမ်လွန်တတ်တဲ့ရောဂါရှိတယ်လို့ ထင်နေတဲ့ စတေလာ အမြဲ လူကြီးတစ်ယောက်လို နေချင်နေတဲ့ ဘလိုက်နဲ့ ရိုဒရီကိုဆိုတဲ့ အမွှေစိန်လေး သုံးယောက်ကို ထိန်းရင်း သူ့ကောင်မလေးက ဆီကိုသွားဖို့အကြောင်းဖြစ်လာပါတော့တယ် ကလေးသုံး‌ယောက်နဲ့ လမ်းမှာ ဘယ်လိုလွဲပြီးရင်းလွဲပြီး အရှုပ်တော်ပုံတွေကို ဘယ်လိုရှင်းမလဲဆိုတာကိုတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ အပန်းဖြေရင်း ကြည့်ရှူလိုက်ကြပါဦးဗျာFile size…(1.8 GB)/(1 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

The Sitter (2011)

The Brothers Bloom (2008) 6.7
The Brothers Bloom (2008) IMDb Rating (6.7) / Rotten Tomatoes (68%)နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ The Pianist မင်းသားကြီး Adrien Brody, MCU ရဲ့ Hulk မင်းသားကြီး Mark Ruffalo,The Mummy ရဲ့အသည်းကျော်မင်းသမီးကြီး Rachel Weisz တို့ပါ၀င်ထားပြီးဒါရိုက်တာ Rian Johnson ရိုက်ကူးထားတဲ့ Action,Adventure,Comedy ရုပ်ရှင်ကားလေးပါ။ဇာတ်လမ်းကတော့....မိဘမဲ့ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Stephen နဲ့Bloomတို့ဟာငယ်စဉ်ကတည်းက ဆိုးသွမ်းတတ်တာကြောင့် မွေးစားမိဘတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းခဲ့ရပါတယ်။ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက လိမ်လည်ခြင်းအတတ်ပညာကို ကျွမ်းကျင်ကြပြီးအစ်ကိုဖြစ်သူစတီဗင်က လူလိမ်ဇာတ်လမ်းတွေကို သေချာအစီအစဉ်ချပြီးညီဖြစ်သူကတော့ ပစ်မှတ်ရဲ့ယုံကြည်မှုကိုရနိုင်ဖို့ဟန်ဆောင်ပေးရပါတယ်။နှစ်‌တွေကြာပြီးမှာတော့ Bloomညီနောင်တို့ရဲ့နောက်ဆုံးပစ်မှတ်ဖြစ်သူတစ်ကောင်ကြွက်သူဌေးသမီး Penelope နဲ့တွေ့ချိန်မှာတော့ စီစဉ်ထားတာတွေအကုန် လွဲချော်ဖို့အကြောင်းဖန်လာတဲ့အခါ....။ File size…(2 GB)/ (970 MB) Quality….BluRay 1080p /720p Format…mp4 Duration….01:53:40 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by SP
movie

The Brothers Bloom (2008)

I Am Not a Serial Killer (2016) 6.2
I Am Not a Serial Killer (2016) I Am Not a Serial Killer (2016)ခုတဖန် ဘာသာပြန်တင်ဆက်ပေးလိုက်တာကတော့ ၂၀၁၆တုန်းက ထွက်ရှိခဲ့တဲ့ I'm not A Serial Killer ဆိုတဲ့ Thriller အမျိုးအစား ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အလောင်းတွေကို ခွဲစိတ်ရတဲ့ အမေဖြစ်သူနဲ့ ကြီးပြင်းလာရတဲ့ အဓိကဇာတ်လိုက် ဂျွန်ဟာ လူအများနဲ့ မတူဘဲ ထူးထူးခြားခြား ကွင်းဆက်လူသတ်သမားတွေအကြောင်းကို အလွန်စိတ်ဝင်စားနေသူပါ။တစ်နေ့မှာတော့ အေးချမ်းတဲ့ သူတို့မြို့ကလေးမှာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး အမှုတွေဟာလည်း ထူးဆန်းနေပါတယ်။အလောင်းတွေကို ခွဲစိတ်ရင် ကူညီရတဲ့ မင်းသားဟာ အလောင်းတွေမှာ ထူးထူးဆန်းဆန်း ကိုယ်တွင်းအင်္ဂါတချို့ ပျောက်ဆုံးနေတာကို သတိထားမိခဲ့ပြီး လူသတ်သမားနောက်ကို ကိုယ့်ဘာသာ လိုက်လံစုံစမ်းနေခဲ့ပါတယ်။ဒီလိုနဲ့ လူသတ်သမားနောက်ကို တစ်ယောက်တည်းလိုက်နေရင်း လူသတ်သမားနဲ့ စိန်ပြေးလိုက်တမ်းကစားသလို ဖြစ်လာတဲ့အခါမှာတော့ ...Director Billy O'Brien ရိုက်ကူးထားပြီးတော့ ဒီဇာတ်ကားဟာ ၂၀၁၇ ရုပ်ရှင်ပွဲတော်တွေမှာ ဆုအချို့ကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ...
movie

I Am Not a Serial Killer (2016)

2003
Where the Wild Things Are (2009) 6.7
Where the Wild Things Are (2009) Where The Wild Things Are (2009)ကလေးဘဝဆိုတာ ၊ လူ့ဘဝရဲ့ နိဗ္ဗာန်ဘုံတဲ့။ ပြီးတော့ ကလေးဘဝဆိုတာ အပူပင်ကင်းတယ်လို့လဲပြောကြတယ်။ ဒါပေမယ့် အဲဒါ တကယ်ရော ဟုတ်ရဲ့လား။ ဒီယူဆချက်‌တွေဟာ broken familyတွေ၊family issue တွေများတဲ့ မိသားစုတွေမှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ အတွက်တော့ မှန်မယ် မထင်ပါဘူး။မိသားစုတစ်စု ပြိုကွဲသွားတဲ့အခါ ထိလွယ်ရှလွယ်တဲ့ ကလေးလေးတွေဟာ ပိုပြီးတော့ ထိခိုက်ခံစားကြရပါတယ်။ကလေးသဘာဝ စိတ်ခံစားချက်တွေကို ထုတ်မပြောပြတတ်ကြပေမယ့်၊ အတွင်းစိတ်မှာ‌တော့ စိတ်ဒဏ်ရာတွေ ရနေတတ်ပါတယ်။ဒီဇာတ်ကားမှာတော့ broken familyတစ်ခုက မက်စ်ဆိုတဲ့ ဆယ်နှစ်သားအရွယ် ကောင်လေးတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကိုအပီပြင်ဆုံး အထိမိဆုံးနဲ့ အနုပညာမြောက်အောင် ပညာသားပါပါ ပုံဖော်ရိုက်ကူးထားပါတယ်။မြင်နေကျ မဲပြာပုဆိုး family drama အကွက်တွေ တစ်ကွက်မှမပါပဲနဲ့ ဒီဇာတ်ကားလေးက သင့်ကို မျက်ရည်ဝဲအောင်လုပ်ပြပါလိမ့်မယ်။ ပြီးတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း တင်ဆက်ပုံကလဲ တခြား ...
movie

Where the Wild Things Are (2009)

2009