Channel Myanmar

Mayu Matsuoka

Doraemon the Movie: Nobita’s Little Star Wars 2021 (2022) 6.5
Doraemon the Movie: Nobita’s Little Star Wars 2021 (2022) Doraemon the Movie: Nobita's Little Star Wars 2021 (2022) ==========================================CM ပရိတ်သတ်ကြီးတို့ထဲမှာ ဒိုရေမွန်နဲ့ နိုဘိတကို တော်တော်များများ သိကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ ငယ်ဘဝဇာတ်ကားတွေကို ပြန်ကြည့်ရတဲ့အခါ၊ ငယ်ဘဝဇာတ်ကောင်တွေကို ပြန်ထိတွေ့ရတဲ့အခါ ကျွန်တော့်အနေနဲ့ကတော့ ဇာတ်လမ်းဇာတ်ကောင်ကို လွမ်းဆွတ်နှုန်းက ၅၀%၊ ကြည့်ရင်းနဲ့ဖြစ်ပေါ်လာတဲ့ ငယ်ဘဝခံစားချက်ကို သတိရမိတာက ၅၀%ပါပဲ။ ငယ်ငယ်ကတော့ ကျောင်းဆင်းချိန်တို့၊ ကျောင်းပိတ်ရက်တို့မှာ ကြည့်ခဲ့ကြတယ်ဟုတ်။အခုတင်ဆက်ပေးမယ့် Movie လေးရဲ့ ဇာတ်လမ်းကဒီလိုပါ။ နိုဘိတတို့ သူငယ်ချင်းတစ်သိုက် ရှုတင်ရိုက်နေရင်းကနေ နိုဘိတတစ်ယောက် ဒုံးပျံယာဉ်အသေးစားလေးတစ်စင်း ကောက်ရလိုက်ပါတယ်။ အဲ့ထဲက‌နေ ပါပီလို့ခေါ်တဲ့ ဂြိုဟ်သားသေးသေးလေးထွက်လာသတဲ့။ သူ့ယာဉ်က ပျက်စီး သွားတာမို့ နိုဘိတနဲ့ ဒိုရေမွန်တို့က ကူပြင်ပေးနေချိန် ပီရှားလို့ခေါ်တဲ့ တိုက် သင်္ဘောကြီးရောက်လာပြီး တိုက်ခိုက်တော့တာပါပဲ။စပွိုင်းလွတ်အောင် ဇာတ်ကွက်လေးတွေကျော်ပြီး အကြမ်းဖျင်းညွှန်းရမယ် ဆိုရင်ဖြင့် နိုဘိတတို့သူငယ်ချင်းတစ်သိုက် တခြားဂြိုဟ်မှာ စွန့်စားခန်းဖွင့်တာ တွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်ထဲအားမလို အားမရဖြစ်လာမှုတွေလည်းကြုံရမှာမို့ ဘယ်လိုမြင်တွေ့ရမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါတော့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phoenix Homura ဖြစ်ပါတယ်)File Size..........(1.68 GB) / (684 MB) / ...
movie

Doraemon the Movie: Nobita’s Little Star Wars 2021 (2022)

2022
Hell Dogs (2022) 638
Hell Dogs (2022) Hell Dogs (2022)ဂျပန်ယာကူဇာဂိုဏ်းနဲ့ အသွင်ယူ ရဲ တစ်ယောက်ရဲ့ ဇာတ်လမ်း လေးဖြစ်ပြီး ဂျပန်အက်ရှင်ကားအများစုလို အိုဗာအက်တင်တွေ မပါဘဲနဲ့ ကြည့်လို့အဆင်ပြေတဲ့ ဇာတ်ကားတစ်ကားပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ...ရဲတပ်သားသစ်တစ်ယောက်ဖြစ်တဲ့ တက်ခ် ဟာ အင်အားကြီးတဲ့ ယာကူဇာဂိုဏ်းကို ဖြိုချဖို့အတွက် အသွင်ယူ ရဲ တစ်ယောက်အဖြစ် တာဝန်ပေးခြင်းခံခဲ့ရပါတယ်။ သူ အသွင်ယူတစ်ယောက်မဖြစ်ခင်မှာ တာဝန်ကျတဲ့နားက ကုန်တိုက်တစ်တိုက်ကို ယာကူဇာတွေ ဓါးပြဝင်တိုက်ခဲ့ပြီး အဲ့မှာ မိန်းကလေးသုံးယောက်နဲ့ ဝန်ထမ်းအမျိုးသမီး အသတ်ခံလိုက်ရတယ်။အဲ့နောက်မှာသူဟာ အဲ့ဒီဓါးပြတိုက်သွားတဲ့ ယာကူဇာတွေနောက်ကို လိုက်လက်စားချေရင်းနဲ့ ယာကူဇာဂိုဏ်းထဲကို အသွင်ယူ ရဲ တစ်ယောက်အဖြစ် ရောက်သွားတဲ့အခါမှာတော့ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Zwel Zan Aung ပါ။)File Size          : 2.6GB, 1GB, 515MB Quality          ...
movie

Hell Dogs (2022)

2022
Little Forest: Summer/Autumn (2014) 7.7
Little Forest: Summer/Autumn (2014) Little Forest : Summer and Autumn (2014) ........................................အချိန်တိုင်းလိုလို ကားသံလူသံဆူညံညံနဲ့ မွန်းကျပ်တဲ့မြို့ပြလူနေမှုကနေ ပြေးထွက်ပြီး "ခိုမိုရိ"ဆိုတဲ့တောအုပ်ငယ်လေးကို အလည်သွားကြရအောင်။အပေါ်ယံဟန်ဆောင်မျက်နှာဖုံးတွေမတပ်ဘဲ ရိုးသားကြိုးစားကြတဲ့ရွာသူရွာသားတွေ၊မျက်စိတစ်ဆုံး စိမ်းစိုလှပနေတဲ့ယာခင်းတွေ၊ ဆောင်းနံနက်ခင်းတွေဆို မြူနှင်းတွေအုံ့မှိုင်းနေတတ်တဲ့တောင်တန်းတွေ၊ရာသီအလိုက်ပွင့်ဖူးတတ်တဲ့ ထူးဆန်းတဲ့ပန်းလေးတွေ၊ မြင်တွေ့နေကျမဟုတ်တဲ့ အသီးအနှံမျိုးစုံနဲ့ညညဆိုမဖိတ်ခေါ်ဘဲရောက်လာပြီး အဖော်ပြုပေးတတ်တဲ့ အကောင်ပလောင်လေးတွေ၊ဒီလိုမျိုး သဘာဝတရားကြီးကို အလှအပကို အပြည့်အဝခံစားလို့ရနိုင်တဲ့ "ခိုမိုရိ"ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်။ မြို့ပေါ်မှာနေရတာ မွန်းကျပ်လာတဲ့ကောင်မလေးတစ်ယောက် သူ့ဇာတိရွာလေးကို ပြန်လာပြီးနေထိုင်စားသောက်ပုံကိုရိုက်ပြထားတာပါ။ နောက်ခံတီးလုံးငြိမ့်ငြိမ့်လေးနဲ့ ချက်ပြုတ်စားသောက်ပြမယ်။ ကျေးလက်ဒေသရဲ့အလှအပနဲ့ဓလေ့တွေကိုရှင်းပြမယ်။ စားပင်သီးပင်တွေ အမျိုးမျိုးစိုက်ပျိုးပြမယ်။ ဒါကြောင့် ဇာတ်အေးအေးလေးနဲ့ အကြည်ဓာတ်ရတဲ့ "Only Yesterday"လိုကားမျိုးကြိုက်တတ်တဲ့သူဆို ဒီ "Komori" ကိုလည်းသေချာပေါက်သဘောကျမယ်လို့ထင်ပါတယ်။ စိတ်ပင်ပန်းနွမ်းနယ်နေတဲ့သူတွေလည်း ဒီ Healing Drama လေးကြည့်ပြီး ခဏတဖြုတ်ပဲဖြစ်ဖြစ် စိတ်သက်သာရာရသွားရင် ဘာသာပြန်ရကျိုးနပ်ပါပြီ။(*အဘိဓာန်ထဲမှာမရှိတဲ့ ပန်းနာမည်တစ်ချို့နဲ့ အစားအစာတွေကို လက်လှမ်းမီသလောက်ရှာဖွေပြီး ဆီလျော်အောင် ဘာသာပြန်ဆိုထားရတာဖြစ်လို့ အချို့နေရာတွေမှာ လွဲချော်မှုများရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတောင်းပန်ထားပါရစေ)အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Little Forest: Summer/Autumn (2014)

2014
Little Forest: Winter/Spring (2015) 7.6
Little Forest: Winter/Spring (2015) Little Forest: Winter/Spring (2015) ...................................တောအုပ်ငယ်လေးရဲ့ပထမကားဖြစ်တဲ့ (နွေ/ဆောင်းဦး)၂၀၁၄ ရဲ့အဆက်လာပါပြီ။ဒီဒုတိယကားမှာတော့ အိချိကို ကိုထားရစ်ခဲ့တဲ့ သူ့အမေအကြောင်းနဲ့ အစချီထားပြီးနောက်မြို့ပေါ်မှာအလုပ်လုပ်တုန်းက ကြုံခဲ့ရတာတွေ ခိုမိုရိကိုချစ်ပေမယ့် အခြေမချချင်တဲ့ အိချိကိုတစ်ယောက် သူ့အမေရဲ့စာကိုဖတ်ပြီး နောက်ဆုံးမှာ ဘယ်လိုရွေးချယ်မှုကို လုပ်သွားမလဲဆိုတာကိုကြည့်ရှုရမှာပါ။ဆိုတော့ကာ...Little Forest ရဲ့ထုံးစံအတိုင်း စိတ်ကြည်လင်စေတဲ့ရှုခင်းလေးတွေနဲ့၊ ချက်ပြုတ်စားသောက်ပြတာတွေကို ဆောင်း/နွေဦးအလှနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦးလို့။(*အဘိဓာန်ထဲမှာမရှိတဲ့ ပန်းနာမည်တစ်ချို့နဲ့ အစားအစာတွေကို လက်လှမ်းမီသလောက်ရှာဖွေပြီး ဆီလျော်အောင် ဘာသာပြန်ဆိုထားရတာဖြစ်လို့ အချို့နေရာတွေမှာ လွဲချော်မှုများရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတောင်းပန်ထားပါရစေ)အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre.....Drama Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 598MB Format… mp4 Duration….2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August
movie

Little Forest: Winter/Spring (2015)

2015
A Silent Voice: The Movie (2016) 8.1
A Silent Voice: The Movie (2016) Silent Voice 2016 ------------------------ ကျွန်တော်တို့အားလုံး ကျောင်းသားဘ၀နဲ့ ပက်သက်တဲ့ အမှတ်တရတွေ ရှိကြမှာပါ။။ကျွန်တော်လဲ ရှိခဲ့ဖူးပါတယ်။။ ဒါပေမယ့် အမှတ်တရကောင်းတော့ မဟုတ်ခဲ့ပါဘူး။ကျွန့်တော့်ရဲ့ အမှတ်တရကို မသန်စွမ်း(နားမကြားမလေး)နဲ့ပဲ စရမှာပေါ့။သူ့ရဲ့ကျောင်းသားသစ် မိတ်ဆက်ပွဲမှာ တမူထူးတဲ့ မိတ်ဆက်ပုံကြောင့် ကျွန်တော်အာရုံစိုက်မိခဲ့ပါတယ်။ သူမိတ်ဆက်ပုံက တွေတွေလေးငေးနေရင်းကနေ လွယ်အိတ်ထဲက စာအုပ်ကို ထုတ်ပြီး သူဟာ အကြားအာရုံမကောင်းကြောင်းနဲ့ သူကို ဒီစာအုပ်လေးကနေ ဆက်သွယ်ခင်မင်စကားပြောပေးဖို့ အပြုံးမှိန်မှိန်လေးနဲ့ မိတ်ဆက်ခဲ့လို့ပါ။ သူ့ရဲ့ လူတကာပေါ်ကောင်းချင်ပြီး အမြဲတမ်း အပြုံးလေးနဲ့ ဆက်ဆံပုံကို ကျွန်တော်က ဟန်ဆောင်တယ်ထင်ပြီး အမြဲနှောင့်ယှက်ဒုက္ခပေးခဲ့ပါတယ်။တနေ့မှာတော့ ကျွန်တော့်ရဲ့စနှောက်မှုတွေက ကျွန်တော့်ရဲ့ဘ၀တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့ပါတယ်။အဲ့ဒါက သူ့ရဲ့နားအကြားအကူနားကြပ်တွေကို လွှင့်ပစ်မိတာခဲ့ပါ။ အဲ့နားကြ့ပ်တွေက ဈေးကလဲကြီးပြီး ၈ခုထိကိုကျွန်တော် လွှင့်ပစ်မိတာကြောင့် သူ့အိမ်ကနေ တဆင့် ကျနော်တို့အတန်းဆီပါ ရောက်လာပြီး သူလဲကျောင်းပြောင်းပြီး ကျွန်တော်လဲ ဆရာတွေရဲ့စစ်ဆေးမှူမှာ အမြဲနှောင့်ယှက်တတ်တဲ့ ကျွန်တော်ကို အားလုံးက အပြစ်ပုံချခဲ့ပါတယ်။အနိုင်ကျင့်ယုတ်မာတဲ့လူတစ်ယောက်အဖြစ် ပတ်၀န်းကျင်ရဲ့ ဖယ်ကျဉ်ခြင်းလဲ ခံရပြီး ...
movie

A Silent Voice: The Movie (2016)

Theatre: A Love Story (2020) 7.3
Theatre: A Love Story (2020) ဒီတခါတော့ ၂၀၂၀ထွက် ဂျပန်romance/dramaဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်. တကယ်ကို ရင်ထဲမှာ ခံစားသွားရစေမယ့် အချစ်ဇာတ်လမ်းလေးတပုဒ်ဆိုလဲ မမှားပါဘူး. ဇာတ်လမ်းအကျဉ်းလေးကတော့ Nagataဟာ သိပ်ကို အနုပညာဘက်မှာ ထူးချွန်ချင်တဲ့ လူတစ်ယောက်ပါ. သူဟာ ပြဇာတ်တွေအတွက် ဇာတ်ညွှန်းရေးတဲ့ စာရေးဆရာဖြစ်ပြီး အဲ့ဒီအလုပ်ကလွဲရင် တခြားဘယ်အလုပ်ကိုမှ မလုပ်ချင်တဲ့ခေါင်းမာတက်တဲ့ လူလဲဖြစ်ပါတယ်. တနေ့မှာတော့ သူ့ဘဝထဲကို သိပ်ကိုဖြူစင်ပြီး လှပတဲ့ နတ်သမီးလေး Sakiဝင်ရောက်လာခဲ့ပါတယ်. Nagataဟာ ပြဇာတ်တွေရေးရတာကို ဝါသနာပါပေမယ့် ပါရမီတော့ မပါခဲ့ပါဘူး. ဒီတော့ လူတွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး သူ့အဖွဲ့ဟာလဲ ပျက်သွားခဲ့ပါတယ်. အဲ့ဒီအချိန်မှာ Sakiကို သူက သရုပ်ဆောင်ခိုင်းကြည့်ခဲ့ပါတယ်, သွက်သွက်လက်လက်နဲ့ ပါရမီရှိတဲ့ Sakiလေးပါတော့ ပရိတ်သတ်တော်တော်များများက သဘောကျကျပြီး သူ့ဇာတ်လမ်းလဲ ပေါက်သွားခဲ့ပါတယ်. ဒါပေမယ့် သူကတော့ နောက်ပြဇာတ်တွေမှာ Sakiကိုထပ်မသုံးတော့ပါဘူး ဘာလို့လဲဆိုတော့ သူ့ကောင်မလေးဖြစ်တဲ့ Sakiကပါရမီရှိတာသိသာလေလေ သူကအရှုံးသမားဆိုတာ ပိုပြီးသိသာလာလေလေလို့ သူတွေးမိခဲ့လို့ပါပဲ. အပြစ်ကင်းတဲ့ Sakiလေးကတော့ ဒါတွေကို နားမလည်ခဲ့ပါဘူး. သူတို့နေတဲ့ တိုက်ခန်းခတွေ အသုံးစရိတ်တွေကို ပေးနိုင်ဖို့ အလုပ်ကိုနေ့ရောညရော လုပ်နေခဲ့ပါတယ်. Sakiက ပိုပြီးဖြူစင်တာကို သိလာလေလေ Nagataဟာ ပိုပြီး အပြစ်ရှိခံစားစိတ်ဖြစ်လာလေလေပါပဲ. သူတို့နှစ်ဦးရဲ့ဇာတ်သိမ်းက ဘယ်လိုများဖြစ်မလဲ? Sakiနဲ့Nagataပေါင်းဖက်နိုင်ရဲ့လားဆိုတာကို ဇာတ်သိမ်းပိုင်းထိ ဆွဲဆောင်နိုင်ပြီး ရင်ထဲမှာ ခံစားချက်တစ်ခု ထည့်ပေးနိုင်တဲ့ ဂျပန်ဒရာမာ ဇာတ်လမ်းလေးဖို့ ကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဗျာ.   File Size - ...
movie

Theatre: A Love Story (2020)

2020
Listen to the Universe (2020) 7.3
Listen to the Universe (2020) ဒီကားက​တော့ ဂျပန်အကယ်ဒမီဇကာတင်စာရင်းထဲမှာပါခဲ့ပြီး မိုရီဆာကီဝင်းသရုပ်​ဆောင်သစ်ဆုရခဲ့တဲ့ကားပါ Pianists​တွေ ဂီတကိုစိတ်ဝင်စားတဲ့သူ​တွေနဲ့ မိုရီဆာကီဝင်းပရိသတ်​တွေလုံးဝလက်မလွတ်သင့်တဲ့ ကား​ကောင်းတစ်ကားပါ နိုင်ငံတကာဆိုင်ရာပီယာနိုပြိုင်ပွဲတစ်ခုကို အဝင်းအပါအဝင် ပီယာနိုသမား၄​ယောက်ဝင်ပြိုင်ကြပါတယ် တစ်​ယောက်နဲ့တစ်​ယောက်က​တော်တာချင်းလုံးဝမတူပါဘူး တစ်​ယောက်ချင်းစီမှာသူတို့pianistဖြစ်ချင်ရတဲ့ background storyတစ်ခုစီရှိပါတယ် တစ်​ယောက်ကအ​မေ​သေ​တော့pianoတီးတာကို ရပ်လိုက်​ပေမယ့် ပြန်ပြီးအသစ်ကစတင်တယ် တစ်​ယောက်က​ကျောင်းသား​လေး တစ်​ယောက်ကဂီတစတိုးမှာအလုပ်လုပ်တဲ့သူ တစ်​ယောက်ကလူမျက်နှာသစ်​လေး သူတို့၄​ယောက်တင်မက တခြားဝင်ပြိုင်တဲ့သူ​တွေကလည်း အရည်မချင်းကိုယ်စီနဲ့ဝင်ပြိုင်တာဖြစ်တဲ့အတွက် ပြိုင်ပွဲတစ်ဆင့်ပြီးတစ်ဆင့်ပိုပြီး ဇာတ်ရှိန်မြင့်လာတာကို​တွေ့ရမှာပါ ဒီကားထဲမှာ အဝင်းရဲ့ piano တီးတဲ့ skillအလန်းကြီး​တွေ ကိုတဝကြီးခံစားရမှာပါFile Size - 1.7 GB Quality - Web-Dl 1080p Subtitle - Burmese (hardsub) Translator - Dolly & Yamin Ei Encoder - Thit San Khant
movie

Listen to the Universe (2020)

2020
Shoplifters (2018) 8.0
Shoplifters (2018) ဂျပန်နိုင်ငံရဲ့လုပ်သားနဲ့အလုပ်ရှင်ဆက်ဆံရေးတင်းမာမှုတွေကနေမှတစ်ဆင့် အချိန်ပိုင်းအလုပ်တွေဟာနိုင်ငံတွင်းမှာတွင်ကျယ်လာပါတယ် မိရိုးဖလာလုပ်စားနေတဲ့လူအများစုဟာအလုပ်လက်မဲ့ဖြစ်လာကြပြီး အဲ့လိုလူတွေထဲမှာအိုဆာမူတို့မိသားစုလည်းအပါအ၀င်ပဲဖြစ်ပါတယ် ပိုက်ဆံမရှိ အလုပ်မရှိတဲ့အချိန်မှာ ထမင်းတစ်နပ်စားရဖို့ ဈေးဆိုင်တွေဆီကနေအလစ်သုတ်ရတဲ့မိသားစုဖြစ်လာပါတော့တယ် အိုဆာမူနဲ့သူရဲ့သားဟာထုံးစံအတိုင်းအလစ်သုတ်နေတုန်း အိမ်ခြေယာမဲ့ကလေးမတစ်ယောက်နဲ့တွေ့ကာ အိမ်ကိုခေါ်သွားခဲ့ပါတယ် အိုဆာမူရဲ့မိန်းမဖြစ်သူကအစကငြင်းပေမယ့်ကလေးမကို ကိုယ်ချင်းစာမိကာအိမ်ပေါ်တင်မွေးစားလိုက်ပါတော့တယ် ဒီမိသားစုကပိုက်ဆံမရှိတဲ့အပြင်ထမင်းတောင်နပ်မှန်အောင်မစားနိုင်ပါဘူး ဒါပေမယ့်သူတို့ဟာမိသားစုရဲ့အရသာကိုရှာတွေ့ထားကြတဲ့လူတွေဖြစ်ပြီး အမြဲပျော်ရွှင်နေလေ့ရှိပါတယ် ဒါပေမယ့်ဒီလိုစရိုက်လူတွေကိုလောကဓံကဘယ်လိုဒုက္ခပေးဦးမလဲ ဒီစိတ်ဆင်းရဲလောက်အောင်ပျော်ရွှင်နေကြတဲ့မိသားစုကရော ရေရှည်ဘယ်လိုဖြစ်သွားကြမလဲဆိုတာကိုကြည်နူးစရာဖြစ်အောင် ဒါရိုက်တာHirokazu Koreedaကသူကိုယ်တိုင်ရေးပြီးသူကိုယ်တိုင်ရိုက်ပြထားပါတယ် Release Date - 23,November,2018 Running time - 2h1m Genre - Drama,Crime,18 Translated by Chit Oo May Encoded by sithu
movie

Shoplifters (2018)

2018