Channel Myanmar

Melanie Stone

Scarlett (2020) 5.5
Scarlett (2020)  အက်ရှင်ကားမှကြည့်ချင်တဲ့ပရိသတ်တို့အတွက် ဂျက်မ စကားလက်ကားပါ...။ဖခင်ဖြစ်သူဟာ စပိုင်တစ်ယောက်ဖြစ်တဲ့အလျောက် စကားလက်ဟာလည်းငယ်စဥ်ကတည်းက သူများတွေနဲ့မတူအောင် သေနတ်ပစ်၊ အသတ်အပုတ်အတိုက်အခိုက်ကိုလေ့ကျင့်ခဲ့ရတာပါ....။ မိခင်ဖြစ်သူကငယ်ငယ်လေးကတည်းကဆုံးပါးသွားတော့ ဖတဆိုးလေးစကားလက်ဟာ သူ့ဘဝကို စပိုင်ဖခင်ဆီက သင်ယူရင်းနဲ့သာအချိန်ကုန်ဆုံးခဲ့တာပေါ့...။တစ်နေ့မှာတော့ မှောင်ခိုလက်နက်အရောင်းအဝယ်သမားတွေဟာ သူတို့အိမ်ကိုလာတိုက်ခိုက်ပြီး စကားလက်ရဲ့ဖခင်ကို ဖမ်းသွားပါတော့တယ်...။ဒီတော့ စကားလက်တစ်ယောက် ဖခင်ကိုပြန်ကယ်ဖို့အတွက် တစ်ယောက်တည်းစစ်ဆင်ရေးထွက်ခဲ့ပါတော့တယ်....။သူ့အဖေကို ဘာလို့ဖမ်းသွားတာလဲ၊ မှောင်ခိုသမားတွေရဲ့ရည်ရွက်ချက်ကဘာလဲ၊စကားလက်တစ်ယောက်တည်းဘယ်လို တိုက်ပွဲဝင်မလဲဆိုတာဇာတ်ကားလေးထဲကြည့်ရှုလို့ရပါပြီ...။  File size…1.94GB / 848MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 43m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Scarlett (2020)

V/H/S/99 (2022)
V/H/S/99 (2022) အင်တာနက် နဲ့ Youtube တွေမှာတွေ့နေကြ ဖြစ်ရပ်မှန်ပုံစံမျိုး ဝိဉာဉ်သရဲဇာတ်လမ်း ၅ ပုဒ်ကို ကင်မရာနဲ့ မှတ်တမ်းတင်ထားတဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်... ထူးခြားချက်တာကတော့ တစ်ကားလုံးကို Vlog လုပ်နေတဲ့  POV ပုံစံမျိုး ရိုက်ကူးထားတာဖြစ်ပြီး တကယ် ဖြစ်ရပ်မှန်ကိုရိုက်ထားသလိုမျိုး ကြည့်ရတာအတော်လေး သွေးပျက်ဖို့ကောင်းပါတယ်... ကြောက်တတ်တဲ့ သူတွေ တစ်ယောက်ထဲမကြည့်ကြဖို့ ကြိုသတိပေးပါရစေ...ဇာတ်လမ်းက ၅ ပုဒ်ပါမှာဖြစ်တဲ့အတွက် ဇာတ်ညွှန်းကတော့ ဘယ်လိုလဲ ပြောလို့မရပါဘူး ၅ ပုဒ်ရဲ့ ခေါင်းစဉ်ကို အကြမ်းဖျင်းပြောရရင်.... ၁. မကျွတ်လွတ်သေးတဲ့ တီးဝိုင်းအဖွဲ့ ၂. ဂူတီလီ ဒဏ္ဍာရီ ၃. သေမင်းကစားပွဲ ၄. ဘေးအိမ်က မက်ဒူဆာ ၅, ငရဲသို့ အလည်တစ်ခေါက်...တို့ဖြစ်ပါတယ် ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ပါ။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)File size…(2.34GB) / (1.24GB) / (719MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:45:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

V/H/S/99 (2022)

Deadstream (2022) 6.6
Deadstream (2022) အခုလိုနည်းပညာ ထွန်းကားလာတဲ့ခေတ်ကြီးမှာ influencer တွေမျိုးစုံပေါ်လာပြီးတချို့ YouTuber တွေ streamer တွေဟာ content ဖန်တီးဖို့ လူစိတ်၀င်စားမှုရအောင် မျိုးစုံကြံဖန်ကြတာကိုမြင်ရမှာပါ။ဒီရုပ်ရှင်မှာတော့ view ရဖို့မျိုးစုံလုပ်တတ်တဲ့ Shawn ဟာသူ့ရဲ့နောက်ဆုံးစိန်ခေါ်မှုအနေနဲ့ အမေရိကမှာသရဲအခြောက်ဆုံးလို့နာမည်ကြီးတဲ့အိမ်မှာ တစ်ညတာနေပြီး Live stream လုပ်ဖို့စီစဉ်ထားပါတယ်။အိမ်ထဲမှာတော့ Shawn တစ်ယောက် ပတ်ကြည့်ရင်းမတော်တဆ မနှိုးသင့်တဲ့ တစ်စုံတစ်ရာကိုသွားနှိုးလိုက်မိတဲ့အခါ... ရုပ်ရှင်တစ်ကားလုံး Shawn ရဲ့ live stream ကိုတိုက်ရိုက်ကြည့်ရှုနေသလိုရိုက်ကူးထားပြီး ဘတ်ဂျက်နည်းနည်းနဲ့ Indie film ဖြစ်ပေမယ့် စိတ်၀င်စားစရာ concept တွေနဲ့ ကြောက်လည်းကြောက်ရတဲ့ Horror ကားလေးပါ။ Rotten tomatoes -91% IMDB-6.7/10File size…(2.72GB) / (1.33GB) / (721MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:27:00 Genre...Horror / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Deadstream (2022)

Mythica: The Godslayer (2016) 5.6
Mythica: The Godslayer (2016) Mythica: The Godslayer (2016)========================ဒီဇာတ်ကားအကြောင်းကို မပြောခင် ဒီကားဟာ Mythica ခေါင်းစဉ်အောက်မှာ ငါးကားတွဲထွက်ရှိထားတဲ့အထဲကမှ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ Mythica ဆိုတာကတော့ Adventure, fantasy, action ခေါင်းစဉ်အောက်မှာတည်ရှိပြီး adventure fantasy တို့ရဲ့ ထုံးစံအတိုင်း orc, dragon , witch , elf , god အစရှိသဖြင့် အမျိုးစုံအောင် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့  လက်ရှိကမ္ဘာမြေဟာ နတ်ဘုရားတွေကို အပြီးတိုင် ချေမှုန်းချင်နေတဲ့ Lich King နဲ့ သူ့ရဲ့ zombie စစ်တပ်ကြီးနဲ့၊ တစ်ဖက်မှာ လူသား၊ နတ်နဲ့ အခြားသောမျိုးနွယ်တွေ စစ်ခင်းနေရတဲ့ကာလ ဖြစ်ပါတယ်။ Lich King နဲ့ သူ့စစ်တပ်ကြီးဟာ ဘယ်မျိုးနွယ်နဲ့မှ အင်အားချင်းမယှဉ်သာအောင် တရိပ်ရိပ်တက်လာလို့နေပါပြီ။ ဒါပေမယ့် Lich King ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ နတ်ဘုရားတွေ အကုန်လုံးကို သုတ်သင်ဖို့ရာ ကျိန်စာသင့်နေတဲ့ Marek ဆိုတဲ့ စုန်းမလေးက အဓိကကျတဲ့နေရာမှာ ပါ၀င်နေပါတယ်။ ...
movie

Mythica: The Godslayer (2016)

2016
Love, Lost & Found (2021) 5.6
Love, Lost & Found (2021) Love, Lost & Found (2021)====================IMDb Rating - 5.6/10 မထင်မှတ်ထားတဲ့ အချိန်မှာ အချစ်ဆိုတာ ပေါ်လာတတ်တယ်လို့လူတွေပြောကြတယ်။ တစ်ခါတစ်လေမှာ ကိုယ့်အနားမှာတစ်ချိန်လုံးရှိနေပေမယ့်လည်း ဒါဟာ အချစ်စစ်ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ တသစ်ဒင်္ဂလေး တွေ့လိုက်ရုံနဲ့ အချစ်စစ်တွေပေါက်ဖွားလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။တစ်ချို့ကျလည်း အချစ်ဦးဆိုတာကို မေ့ပျောက်မရနိုင်ဖြစ်ပြီး ဘယ်သူ့ကိုမှ ဆက်မချစ်တတ်ကြတော့ပါဘူး။အချစ်ဟာ အဲ့ဒီလောက်ထိကို ဆန်းကြယ်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာလည်း ဘက်ဖ်ဆိုတဲ့ လူဟာ သူ့ရဲ့ ချစ်သူ ကလဲရ်ရဲ့ ဇာတိမြေလေးကို သွားပြီး လက်ထပ်ခွင့်တောင်းဖို့ကြံစည်ထားခဲ့ပါတယ်။ နေ၀င်တာကို ကြည့်ရင်း လက်ထပ်ခွင့်တောင်းမယ့် အချိန်မှာပဲ ကံဆိုးစွာနဲ့ ကလဲရ်က တောင်စောင်းပေါ်ကပြုတ်ကျပြီး မြစ်တစ်လျှောက် ပါသွားပါတော့တယ်။ ချစ်သူကို စိုးရိမ်စိတ်နဲ့ ပြူးပျာနေတဲ့ ဘက်ဖ်လည်း တောင်ပေါ်က တလိမ့်ခေါက်ကွေး ပြုတ်ကျပြီး နတ်တလီဆိုတဲ့ တောခေါင်းမလေးနဲ့တွေ့.....ဘက်ဖ်ရဲ့ ချစ်သူ ကလဲရ်နဲ့တွေ့တဲ့ ကယ်ဆယ်ရေးအဖွဲ့က လူဟာလည်း ကလဲရ်ရဲ့ ရည်းစားဟောင်း ကော့တ်ဖြစ်နေပါတော့တယ်။ဒီအတွဲလေး ၂ ...
movie

Love, Lost & Found (2021)

2021