Channel Myanmar

Melinda Kinnaman

Into the Darkness (2020) 6.4
Into the Darkness (2020)  Into the Darkness ဇာတ်ကားလေးက ၂၀၂၀ ခုနှစ်က ထွက်ခဲ့တဲ့ဒုတိယကမ္ဘာစစ်ကာလ ဒိန်းမတ်နိုင်ငံက မိသားစုတစ်ခုရဲ့ အကြောင်းကိုရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာဆို ကားလ်နဲ့ အီဗာတို့ လင်မယားရဲ့ မိသားစုကို အဓိကအသားပေးဖော်ပြထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အစ ဒိန်းမတ်နိုင်ငံကိုနာဇီဂျာမနီတွေ ဝင်ရောက်လာတဲ့အခါမှာ ဒိန်းမတ်အနေနဲ့ အလျှော့ပေး အုပ်ချုပ်ခံမူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဒိန်းမတ်အနေနဲ့ မဟာမိတ်တွေနဲ့အဆက်ဖြတ်ပြီး ဂျာမနီနဲ့ ဆက်ဆံရေးတွေ ထူထောင်ရတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းရှင်ကားလ်တစ်ယောက် ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ သူ့ရဲ့ မိသားစုဝင်တွေကရောသူ့အပေါ် ကျေနပ်ကြမှာလား ဘယ်လိုတွေ ဖြစ်ပျက်ကုန်မှာလဲ ပုံမှန် ပျော်ရွှင်နေတဲ့မိသားစုတစ်စုအဖြစ် ဆက်လက်ရပ်တည်နိုင်မှာလား စတာတွေကို ဒုတိယကမ္ဘာစစ်အကြောင်းလည်း ဗဟုသုတရ ရင်ခုန်စိတ်လှုပ်ရှားစရာလည်း ဖြစ်ရပြီးကြည့်ရှုခံစားရမဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ....  File size…2.12GB / 987MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 32m Genre ….. Drama , History , War Subtitle….Myanmar Subtitle ...
movie

Into the Darkness (2020)

Bergman Island (2021) 6.7
Bergman Island (2021) Bergman Island (2021) ================= IMDb Rating - 6.7/10Romantic Drama ကိုမှ ငြိမ့်ငြိမ့်လေးစီးမျောခံစားချင်သူတွေအတွက် IMDb rating 6.7/10 ရထားတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။အမေရိကန်ရုပ်ရှင်ဒါရိုက်တာစုံတွဲဖြစ်တဲ့ ခရစ်နဲ့တိုနီဟာ နွေရာသီမှာ သူတို့ အလုပ်အတွက် စိတ်ကူးစိတ်သန်းတွေရှာဖွေဖို့ ဆွီဒင်နိုင်ငံက ဖော်ရိုကျွန်းကို ရောက်ရှိလာပါတယ်။ အဲဒီကျွန်းဟာ သူတို့အရမ်းကြိုက်တဲ့၊ ခေတ်အဆက် ဆက်နာမည်ကြီးဆုံး ဆွီဒင်ရုပ်ရှင်ဒါရိုက်တာကြီးတစ်ဦးအဖြစ် သတ်မှတ်ခံရသူ Ingmar Bergman နေထိုင်ခဲ့ရာနေရာဖြစ်ပြီး သူနဲ့ပတ်သက်တဲ့အမှတ်တရများစွာ ရှိတဲ့ကျွန်းတစ်ကျွန်းပါ။စိတ်ဓာတ်တွေကျဆင်း‌ပြီး ဇာတ်လမ်းတစ်ပုဒ်ဖန်တီးဖို့‌တောင် တွန့်ဆုတ်‌နေခဲ့တဲ့ ခရစ်တစ်ယောက် ကျွန်းအနှံ့သွားလာရင်း၊ ဘာဂမန်ရဲ့အနုပညာဈာန်၀င်စားမှုတွေကို လိုက်လံရှာဖွေရင်း ဇာတ်လမ်းတစ်ပုဒ်ရလာပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းဟာ စိတ်ကူးနဲ့ လက်တွေ့ရောထွေးနေခဲ့ပါတယ်။အချစ်နဲ့သစ္စာတရားကြား လွန်ဆွဲမှုတွေ၊ အချစ်လား ခဏတာတပ်မက်မှုလား မဝေခွဲ နိုင်ခြင်းတွေက ဇာတ်ကောင်တွေနဲ့အတူ ကြည့်ရှုသူတွေကိုပါ တစ်သားတည်းစီးမျော ခံစားရစေမှာပါ။ အဲဒါကြောင့် ခပ်ငြိမ့်ငြိမ့်လေးနဲ့ အတွေးစတွေပွားရင်း ကြည့်ရမယ့် drama ရုပ်ရှင်မျိုးမျှော်နေတဲ့ ပရိသတ်တွေအတွက် ဒီကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(2.0 GB) / (836 MB) / (450 ...
movie

Bergman Island (2021)

2021