Channel Myanmar

Meredith Thomas

A Royal Christmas Holiday (2023) 6.0
A Royal Christmas Holiday (2023) A Royal Christmas Holiday (2023) ========================= IMDb Rating - 6.0/10CM ပရိတ်သတ်ကြီးတို့အတွက် ခရစ္စမတ်အချစ်ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အစီအစဉ်တင်ဆက်သူကောင်မလေးနဲ့ နိုင်ငံခြားက မင်းသားတစ်ပါးတို့ရဲ့ ခရစ္စမတ်ဖူးစာလေးပဲဖြစ်ပါတယ်။ ကိတ်တီဟာ ခေါင်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ အစီအစဉ်တင်ဆက်သူ ကောင်မလေးတစ်ယောက်။ ဒါပေမဲ့ သူဟာ အဓိကတင်ဆက်သူနေရာကို မရနိုင်ဖြစ်နေတာကြာပါပြီ။တစ်နေ့ကျ သူ့အထက်လူကြီးက သူတို့နိုင်ငံကို အလည်လာတဲ့ မင်းသား တစ်ပါးကို အင်တာဗျူးဖို့ ကိတ်တီ့ကို အခွင့်အရေးပေးလိုက်ပါတယ်။ မင်းသားဂျော်နသန်ကတော့ အမေဖြစ်သူဆီကနေ မိန်းမယူဖို့ အကြိမ်ကြိမ် တိုက်တွန်းခံနေရသူပါ။ အခုချိန်ထိ နှစ်သက်မိတဲ့မိန်းကလေးမရှိသေးတာ ခက်နေတာပေါ့။ ပြတိုက်ဖဲကြိုးဖြတ်ပွဲအတွက် ခရီးထွက်လာရင်း သူ့ဖူးစာ ဖက်နဲ့ နိုင်ငံရပ်ခြားမှာဆုံရမယ်လို့ ဘယ်ကြိုသိခဲ့ပါ့မလဲလေ။ ဒီလိုနဲ့ ခရစ္စမတ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ်ပေါက်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.58 GB) / (573 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Ngwe Zin Encoder..........SWM
movie

A Royal Christmas Holiday (2023)

2023
Night of the Missing (2023)
Night of the Missing (2023)  Night of the Missing ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု နယ်မြို့ကလေးတစ်မြို့မှာဇာတ်အိမ်တည်ထားပါတယ်။ နယ်မြို့လေးရဲ့ မုန်တိုင်းထန်နေတဲ့ ခရစ္စမတ်အကြိုညမှာရဲစခန်းကို အမျိုးသမီးတစ်ယောက် တိုင်ချက်လာဖွင့်လို့ အမျိုးသမီးရဲမှူးဟာ စခန်းကိုအပြေးအလွှားရောက်လာပြီး စစ်ချက်လာယူရပါတယ်။စခန်းနံရံမှာ ပျောက်ဆုံးနေသူတွေရဲ့ ဓါတ်ပုံတွေအများအပြားကပ်ထားပြီးတိုင်ချက်လာဖွင့်တဲ့အမျိုးသမီးဟာ ဓါတ်ပုံတစ်ခုချင်းစီကို နာမည်ခေါ်ကာတစ်ယောက်ချင်းစီ ပျောက်ဆုံးခဲ့ရပုံ အသေးစိတ်ကို ဖွင့်ဟပါတော့တယ်။မှုခင်းမှတ်တမ်းမှာ ပျောက်ဆုံးလို့ပဲအမှုပိတ်လိုက်ပေမယ့် အမျိုးသမီးရဲ့တိုင်ကြားချက်အရ ပျောက်ဆုံးသူတိုင်းဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုခုကြောင့်သေဆုံးရတယ်ဆိုတာ သိလာရပါတယ်။သေဆုံးသွားသူတွေဟာ တစ်နည်းနည်းနဲ့ ကျန်ရစ်သူတွေကို အချက်ပေးတတ်တာကြောင့်စခန်းကိုတိုင်ချက်လာဖွင့်သူ အမျိုးသမီးဟာလည်း ပျောက်ဆုံးသွားတဲ့သမီးဖြစ်သူကသူဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာ အချက်ပေးခံရသူတစ်ဦးဖြစ်ပါတယ်။မုန်တိုင်းထန်နေတဲ့ ညကြီးအချိန်မတော် စခန်းကိုလာပြီး စစ်ချက်လာယူရတဲ့ ရဲမှူးဟာသဘာဝလွန် ဇာတ်လမ်းတစ်ခုပြီးတစ်ခု မရပ်မနားထိုင်ပြောနေတဲ့ အမျိုးသမီးကိုသည်းမခံနိုင်တော့တဲ့အဆုံး အချုပ်ထဲထည့်ဖို့ပြင်ဆင်ခိုက်မှာပဲ လူသေဆုံးမှုတွေရဲ့နောက်ကွယ်က မထင်မှတ်ထားတဲ့ ကြိုးကိုင်သူကို သိလိုက်ရပါတော့တယ်။တိုင်ချက်ဖွင့်တဲ့အမျိုးသမီးရဲ့ ဇာတ်လမ်းတွေဟာ အမှန်တွေဖြစ်နိုင်ပါ့မလား..သူပြောသလို သဘာဝလွန်ဖြစ်ရပ်တွေကြောင့်ပဲ လူပျောက်သေဆုံးမှုတွေ ဖြစ်ခဲ့တာလား..ကွယ်လွန်ပြီးတဲ့ဝိဉာဉ်တွေက ကျန်ရစ်သူတွေကို လာသတင်းပေးတယ်ဆိုတာကော ဖြစ်နိုင်ပါ့မလား..တိုင်ချက်လာဖွင့်တဲ့အမျိုးသမီးဟာ ဘယ်လိုလူမို့လို့ ပျောက်ဆုံးသူတွေရဲ့အကြောင်းစုံကို သိနေရတာလဲ..နောက်ကွယ်ကကြိုးကိုင်သူကကော ဘယ်သူဖြစ်မလဲ..စတာတွေကို ပြသချိန် တစ်နာရီကျော်ကျော်အတွင်းမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာမို့လို့တိုတိုတုတ်တုတ်နဲ့ ...
movie

Night of the Missing (2023)

Love at First Like (2023) 6.1
Love at First Like (2023)  လက်တလောကမှ မင်္ဂလာပွဲပျက်သွားတဲ့ အဆိုးမြင်ဝါဒီသမား ဂျာနယ်လစ်မလေး ကေစီ နဲ့ အွန်လိုင်းပေါ်က Date app တစ်ခုရဲ့ ဆယ်လီတစ်ဦးဖြစ်တဲ့ မာနကြီးကြီး ခပ်ချေချေ ပါဖြောင့်ဖြောင့် ရိုင်ယန် တို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့လိုင်းပေါ်မှာ မိန်းကလေးတွေအတွက် Date နဲ့ပတ်သတ်ပြီး အကြံဉာဏ်တွေပေးပြီးတော့ ပျိုတိုင်သည်းသည်းလှုပ်ဖြစ်နေတဲ့ ရိုင်ယန် က ယောကျ်ားလေးတွေအတွက် အကြံဉာဏ်တွေနဲ့ အကွက်တွေကို စာအုပ်ထုတ်ဖို့အတွက် ပရိုမိုးရှင်းလုပ်ဖို့ရှိလာတာကနေ မဂ္ဂဇင်းတိုက်တစ်ခုနဲ့ လက်တွဲဖို့ဖြစ်လာတော့ ဂျာနယ်လစ်မလေး ကေစီ နဲ့ ရေစက်ဆုံပြီး ဘယ်လိုမျိုး ကို့ယို့ကားယားနိုင်ပြီး တလွဲတွေနဲ့ ရိုဆန်ကြဦးမလဲဆိုတာကိုတော့......ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

Love at First Like (2023)

Camp (2013) 6.7
Camp (2013) မိဘမဲ့ကလေးတွေ စွန့်ပစ်ခံရတဲ့ကလေးတွေ မိဘတွေကပြစ်မှုကျူးလွန်လို့ ထောင်ကျပြီး ဂရုစိုက်မပေးနိုင်တဲ့ကလေးတွေကိုစုပြီး တစ်ပတ်လောက် ပျော်စရာတွေ အားကစားပြိုင်ပွဲတွေနဲ့အပန်းဖြေကြတဲ့ နွေရာသီစခန်းလေး တစ်ခုအကြောင်းပါ။အီလိုင့်အမေက ဆေးစွဲနေပြီး အပျော်အပါးတွေရည်းစားကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေပါတယ်။အီလိုင့်ကို သူ့အခန်းထဲမှာပဲ ပိတ်ထားပြီး နှိပ်စက်တတ်ပါတယ်။သူ့အဖေကလည်း လူတွေကို လက်ပါတတ်ပြီးရိုက်တတ်သူတစ်ယောက်ပါ။ဒီလိုနဲ့ အီလိုင့်ကို လူမှုလုပ်သားတွေက ထိန်းသိမ်းထားလိုက်ပြီးနွေရာသီစခန်းလေးဆီ ရောက်လာပါတော့တယ်။ခန်မက်သရူးကတော့ ငွေကြေးအကြံပေးတစ်ယောက်ပါ။သူ့ဖောက်သည် ဖြစ်လာနိုင်တဲ့ မာဂရက် ဆန်းမားဖီးလ်အထင်ကြီးအောင်လုပ်ဖို့ နွေရာသီစခန်းမှာလုပ်အားပေးတယ်လို့ ညာလိုက်ပါတယ်။ဒီလိုနဲ့ စိတ်မပါဘဲ Ken တစ်ယောက်နွေရာသီစခန်းကို ရောက်လာပါတော့တယ်။မိဘတွေဆီက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် လောကကြီးကိုဘက်တိုက်နေတဲ့ ဂျစ်ကန်ကန်ကောင်လေး အီလိုင်နဲ့ စိတ်မပါဘဲစခန်းမှာ လုပ်အားလာပေးတဲ့ ခန်တို့ နွေရာသီစခန်းလေးမှာဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ စောင့်ကြည့်လိုက်ကြပါဦးနော်ဘာသာပြန်နဲ့ အညွှန်းရေးသားသူကတော့ Phu Myat Thwe ပါ File size…  2.1 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Camp (2013)

2013
Stolen in Her Sleep (2022) 5.4
Stolen in Her Sleep (2022) Stolen in Her Sleep (2022) ===================ဟေလီဟာ နှလုံးအစားထိုးခွဲစိတ်ကုသခံထားရတာ သိပ်မကြာသေး တဲ့ သမီးလေးဖြစ်သူအေဗာနဲ့အတူ အိမ်မှာပဲနေဖြစ်တာများတဲ့ stay- at-home ပန်းချီဆရာမတစ်ယောက်ပါ။ စိတ်ပူပန်မှုတွေအလွန်များ လွန်းတတ်တာကြောင့်မို့လို့ စိတ်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ဆေးတွေ ကိုလည်း သောက်သောက်နေရတဲ့သူပေါ့။ ခင်ပွန်းသည်ဖြစ်သူ ဂျိမ်းစ် ရှိပေမယ့်လို့ အလုပ်ကိစ္စနဲ့ခရီးတွေ ခဏခဏထွက်နေရတာကြောင့်မို့ လို့ တစ်နေ့မှာတော့ ဂျိမ်းစ်ဟာ ဟေလီအတွက်အကူအညီဖြစ်ရအောင် ရယ်၊ သူကိုယ်တိုင်နဲ့လည်း နှစ်ပေါင်းများစွာကြာအောင် အလှမ်းဝေး ကွာလျက်ရှိနေပြီး သိပ်မကြာခင်ကမှ ပြန်အဆက်အသွယ်ရထားတဲ့ မိခင်ဖြစ်သူလင်းနဲ့ မိသားစုဘဝလေး ထပ်ဖြစ်စေချင်တာကြောင့် လင်း ကို တစ်ခါတလေအိမ်ကိုလာကူညီပေးဖို့ခေါ်ထားလိုက်ဖို့ဆုံးဖြတ်လိုက် ပါတယ်။ ဟေလီ့အနေနဲ့ သဘောအကျကြီးမဟုတ်ပေမယ့်လည်း ခင်ပွန်း သည်ကိုအားနာပြီးလက်ခံလိုက်ရတာပေါ့။ဒါ့အပြင် ဟေလီတစ်ယောက် အပြင်မှာ မက်ဂန်ဆိုတဲ့အမျိုးသမီးတစ် ယောက်နဲ့ မထင်မှတ်ဘဲတွေ့ဆုံမိပြီး သူငယ်ချင်းတွေလို ရင်းနှီးကျွမ်း ဝင်လို့လာခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့နားကိုလူသစ်နှစ်ယောက်ရောက်လာ အပြီးတစ်နေ့မှာတော့ ကလေးထိန်းဖြစ်သူမေရီဟာ ပန်းခြံမှာကလေး ထိန်းပေးနေရင်းနဲ့ ရုတ်တရက်သေဆုံးသွားခဲ့သလို ဟေလီ့အနေနဲ့လည်း သူ့အနောက်ကနေ လိုက်လိုက်နေတဲ့ ယောကျ်ားတစ်ယောက်ကို ခဏ ခဏတွေ့တွေ့နေလာရပါတယ်။ ဒါပေမယ့်လည်း သူကလွဲပြီး အဲဒီယော ကျ်ားကို ဘယ်သူမှမတွေ့ရဘူးပြောပြောနေတော့ တကယ်ရောဟုတ်ရဲ့ လား ဒါမှမဟုတ် ဟေလီတစ်ယောက် စိတ်တွေထင်ယောင်ထင်မှားဖြစ်ပြီး မြင်ယောင်နေတဲ့အရာလား။မေရီသေဆုံးသွားတာဟာ သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလား။ လင်းဟာလည်း ဂျိမ်းစ်ရဲ့မိခင်ဆိုပေမယ့်လို့ ဝေးကွာနေတာနှစ်တွေအတော်ကြာနေပြီဖြစ် လို့ ဟေလီတစ်ယောက် ...
movie

Stolen in Her Sleep (2022)

2022
Dangerous Medicine (2021) 5.0
Dangerous Medicine (2021) Dangerous Medicine (2021) ====================Dangerous Medicine ဆိုတဲ့ အခုဇာတ်ကားလေးက လူတွေကို အကွက်ကျကျဇာတ်လမ်းဆင်ပြီး အန္တရာယ်ပေးတတ်တဲ့ လူတစ် ယောက်ကို ပြင်ပကမ္ဘာမှာ လွှတ်ထားမိတဲ့ အလျောက် နောက်ထပ် လူတွေကိုပါ အန္တရာယ်ပေးဖို့ဖြစ်လာပါတော့တယ်။ရယူလိုစိတ်တစ်ခုကို ရှေ့တန်းတင်တတ်တဲ့၊ ဘာမဆိုလုပ်ရဲတဲ့၊ စိတ် ပိုင်းဆိုင်ရာ မူမမှန်တဲ့ လူတစ်ယောက်အကြောင်းကို အခြေတည်ရိုက် ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက plot holes တွေလည်းရှိနေပြီး လုပ်ယူထားတာမျိုးတွေလည်းတွေ့ရတတ်ပေမဲ့ အတိုင်းအတာတစ်ခု လောက်ထိ စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်ရှုနိုင်ရန် တင်ဆက်ပေး လိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khin Thant Sin Tun ဖြစ်ပါတယ်)File Size..........(1.61 GB) / (559 MB) / (351 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Lwin Bo Encoder..........SWM
movie

Dangerous Medicine (2021)

2021
Jacked (2022) 4.8
Jacked (2022) Jacked (2022) ===========ဒီတစ်ခါမှာတော့ LGBT ကောင်လေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ Jacked ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။အီသန်ဆိုတဲ့ LGBT ကောင်လေးဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ အမေ့လက်ထဲမှာကြီးပြင်းလာခဲ့ရပါတယ်။ သူ့အမေကတော့ သူ့သားဒီလိုဖြစ်နေတာကို လက်မခံနိုင်ဘဲ နင်ဂေးတာရပ်ရင်ရပ် မရပ်ရင် အိမ်ပေါ်ကဆင်းဆိုပြီး နှင်ချလိုက်တာ အီသန်ကလည်း စုထားတဲ့ငွေထုပ်လေးပိုက်ပြီး တကယ်ကြီးအိမ်ပေါ်ကဆင်းချ လာခဲ့ပါတော့တယ်။ သူ့အိမ်မက်က ဟောလိဝုဒ်မှာ ကြယ်ပွင့် တစ်ယောက်ဖြစ်ချင်တာပါ။တစ်ခါတလေ ကံတရားကြီးဟာ ပိတ်ကန်ပစ်ချင်စရာကောင်းပုံ များကတော့ အီသန်ကြိုးစားပမ်းစားစုထားတဲ့ ဒေါ်လာ၄၀၀၀ဟာ ဘက်စ်ကားပေါ်မှာကျပျောက်ပြီး ဆီပုံး(ဆုံးပြီ)ဖြစ်သွားပါတော့တယ်။ သူ့ခမျာ အခန်းဖော်အယ်လ်ဆီမှာကပ်နေရင်း ကြားထဲကနေ မရှိမဲ့ ရှိမဲ့အလုပ်ကလေးပါ ပြုတ်သွားပါသေးတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အယုံလွယ်လို့ဒီ့ထက်ကံဆိုးတာတွေကြုံရဦးမှာပါ။ တစ်ဖက်မှာတော့ အီသန်တို့လို ဒုက္ခရောက်နေတဲ့ အိမ်ပြေးလေးတွေကို ပြန်လိုက်ကယ်ပေးတဲ့ ဘဲကြီးရေမွန်တို့အဖွဲ့ရှိပါတယ်။ အီသန်တစ်ယောက် ဘယ်လိုဒုက္ခတွေနဲ့ကြုံရမှာလဲ။ သူ့ကိုယ်သူပြန်အဖက်ဆယ်နိုင်ပါ့မလား။ကျွန်တော်တို့အားလုံး ရည်မှန်းချက်တွေ၊အိပ်မက်တွေကို အကောင် အထည်ဖော်ဖို့ကြိုးစားနေကြတာချည်းပါပဲ။ အိပ်မက်သေရင်ဘဝသသ လိုပါပဲ။ အိပ်မက်တွေပြည့်ဝတဲ့သူလည်းရှိသလို မပြည့်ဝတဲ့သူလည်ရှိပါ လိမ့်မယ်။ အီသန်ဟာသူ့အိပ်မက်သေခဲ့ပေမယ့် သူ့ဘဝတော့မသေအောင် ရုန်းထနိုင်ခဲ့ပါတယ်။ ဖြစ်ရပ်မှန်အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ၁နာရီကြာ ဒီဇာတ်ကားလေးဟာ သင်ခန်းစာယူစရာ၊ တွေးစရာတွေလည်း ပါတာမို့ တစ်နာရီဆိုတဲ့ ပေးရတဲ့အချိန်နဲ့တော့ တန်မယ်ထင်ကြောင်း ညွှန်း လိုက်ပါရစေဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.25 GB) / ...
movie

Jacked (2022)

2022