Channel Myanmar

Michael Arata

Undercover Blues (1993) 6.0
Undercover Blues (1993) Genre – Comedy, Crime IMDB – 6.10၉၀ ကာလတွေတုန်းက ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် အက်ရှင်ဟာသဇာတ်မြူးလေး ဖြစ်ပါတယ်။မင်းသားကြီး Dennis Quaid နဲ့ မင်းသမီးကြီး Kathleen Turner တို့ဦးဆောင်ထားပြီး ခုချိန်ထိ ဇာတ်ကားကောင်းတွေမှာရိုက်ကူးနေဆဲဖြစ်တဲ့ မင်းသမီးကြီး Fiona Shaw ဟာဆိုဗီလိန်နေရာက ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အစိုးရလျှို့ဝှက်အေဂျင်စီလက်အောက်က အေးဂျင့်တွေ တစ်ဖြစ်လဲဘလူးလင်မယားဟာ သမီးလေးမွေးထားလို့အစိုးရဆီကနေ ခွင့်ယူပြီး နယူးအော်လင်းမှာသာသာယာယာ အားလပ်ရက်ကို လူမသိသူမသိ ဖြတ်သန်းနေပါတယ်။ အဲဒီမှာ တစ်ရက်ကျတော့ မွေတေဆိုတဲ့ ခါးပိုက်နှိုက် ဓားပြတစ်ယောက်ကမစ္စတာဘလူးကို လာလုလို့ ပြန်တိုက်ခိုက်လိုက်ရာကနေရဲတွေအနေနဲ့လည်း မျက်စိဆံပင်မွှေးစူးပြီးသာမန်လူမဟုတ်လောက်ဘူးထင်ကာ လိုက်ပြီးအနံ့ခံလျက်ရှိပါတယ်။ တစ်ချိန်တည်းမှာလည်း လူဆိုးမကြီး နိုဗာချက်ဆိုတာကအစိုးရဆီကနေ စီ၂၂ ဆိုတဲ့ နူကလီးယားဒုံးကျည်တွေကိုခိုးယူဖို့ ကြိုးစားတဲ့အခါမှာတော့ဘလူးမိသားစု တိုင်းပြည်အတွက် တစ်ဖန်ပြန်စွန့်စားခန်းထွက်ဖို့အချိန်ကျလာပါတော့တယ်။ PG အဆင့်ဇာတ်ကားဆိုတော့ မိသားစုနဲ့အတူတူ၉၀ ခေတ်ကာလတွေကို အပန်းဖြေ ကြည့်ရှုနိုင်မယ့်ဟာသအက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ File size…    1.3 GB ...
movie

Undercover Blues (1993)

The Courier (2012) 4.5
The Courier (2012) The Courier (2012) ==============ဒီကားလေးကတော့ 2012 တုန်းကထွက်ရှိထားတဲ့ Crime Drama ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ ကော်ရီရာ ဆိုတဲ့ ပစ္စည်းပို့သမားတစ်ယောက်ဟာ Client တွေလာအပ်တဲ့ပစ္စည်း မှန်သမျှကို ပို့ချင်တဲ့သူဆီ မရောက်ရောက်အောင် ပို့ပေးတဲ့ အလုပ် လုပ်ပါတယ်။ ပြောရရင်တော့ မြေအောက်အလုပ်တွေပေါ့။ တစ်ရက် သား သူ့ဆီကို Evil Sivie ဆိုတဲ့ လူတစ်ယောက်ဆီကို SuitCase တစ် ခုပို့ခိုင်းရာကနဲ့ ဇာတ်တည်ထားပါတယ်။လာအပ်တဲ့ Client ကလည်း Evil Sivie ဆိုတဲ့ နာမည်ကလွဲပြီး ဘာမှ မပေးတော့ Evil Sivie ဆိုတဲ့လူတစ်ယောက်အကြောင်းကို လိုက်ရှာရင်း နဲ့ ကော်ရီရာတစ်ယောက် ပစ္စည့်ပို့တာထက်ပိုတဲ့ကိစ္စတွေမှာ ပတ်သတ် မိသွားတဲ့အခါမှာတော့ Evil Sivie ဆိုတဲ့သူကဘယ်သူလဲ ကော်ရီရာတ စ်ယောက်ပတ်သတ်မိတဲ့ကိစ္စတွေရဲ့ နောက်ဆက်တွဲတွေဘာဆက်ဖြစ်မ လဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.4 GB) / (608 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 35Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, ...
movie

The Courier (2012)

2012
Night of the Demons (2009) 5.5
Night of the Demons (2009)  Horror/Thriller ကားတွေကြိုက်နှစ်သက်တဲ့ သူတွေအတွက်ဟောင်းပေမဲ့ကောင်းနေဆဲဖြစ်တဲ့ 2009 ခုနှစ်က Night Of The Demons ဆိုတဲ့ဇာတ်ကားလေးကိုပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ဇာတ်ကားနာမည်အတိုင်းပဲ နတ်ဆိုးတွေရဲ့  ညအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ဆော်အလန်းစားလေးတွေက ဟောလိုးဝင်းညမှာအန်ဂျလီနာဆိုတဲ့ကောင်မလေးတစ်ယောက်ကျင်းပတဲ့ ပါတီမှာ ကဲဖို့အတွက်သွားခဲ့ကြပါတယ်။တစ်ခုထူးဆန်းတာက ပါတီလုပ်တဲ့အိမ်ကြီးက လူမနေတာ နှစ်ပေါင်းငါးဆယ်လောက်ရှိပြီဖြစ်တဲ့ ခြောက်ခြားစရာအိမ်ကြီးမှာပဲဖြစ်ပါတယ်။ကောင်မလေးတွေကလဲသူတို့ရဲ့ရည်းစားဟောင်းတွေ Crush တွေနဲ့တွေ့ပြီးရှေးဟောင်းနှောင်းဖြစ်တွေပြောပြီးပျော်ပါးနေကြတုန်း သိပ်မကြာခင်မှာပဲ ရဲတွေဝင်လာလို့ပါတီကပျက်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ပါတီလာတဲ့လူတွေအကုန်ပြန်သွားပြီး အကြောင်းအမျိုးမျိုးနဲ့အန်ဂျလီနာအပါအဝင်ကောင်လေး ကောင်မလေး ၇ ယောက်ကကျန်ခဲ့ပါတော့တယ်။သူတို့အိမ်ထဲက ထွက်ဖို့လုပ်တဲ့အချိန်မှာခြံဂိတ်တံခါးကြီးက လုံးဝကိုဖွင့်လို့မရတာနဲ့တစ်ညလုံးအဲ့ဒီအိမ်ကြီးထဲမှာနေဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဒါပေမယ့်သူတို့မသိခဲ့တာကတော့အဲ့ဒီအိမ်ကြီးထဲမှာ သူတို့မသိတဲ့ကြောက်စရာနတ်ဆိုးတွေက သူတို့ကိုစောင့်နေခဲ့တယ်ဆိုတာပါပဲ။ဒီတော့အဲ့ဒီ ၇ ယောက်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့သွေးထွက်သံယိုအခန်းတွေနဲ့ကြည့်ရှုရမဲ့ကားတစ်ကားပဲဖြစ်ပါတယ်။  File size…2.94GB / 1.1GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Night of the Demons (2009)

Runaway Jury(2003) 7.1
Runaway Jury(2003) Runaway Jury(2003) အညွှန်း*************************IMDb - 7.1 / Rotten 🍅 - 75%Money cannot buy everything လို့ ကျွန်တော်တို့ဘယ်လောက်ပဲအပြိုင်အဆိုင်ငြင်းခုန်နေကြပါစေ ပိုက်ဆံဟာ လူသားတွေကိုလိုရာခိုင်းစေနိုင်တဲ့ Mighty Godတစ်ပါး ဖြစ်နေဆဲပါပဲ။ရေများရေနိုင်သလို ငွေများငွေနိုင်တဲ့လောကကြီးမှာ ဓနရှင်တွေရဲ့လွှမ်းမိုးနိုင်မှုဟာလည်းပြောစရာမလိုတဲ့အရာတစ်ခုပါဘဲ။ အခုဒီရုပ်ရှင်လေးကတော့ သာမန်မုဆိုးမတစ်ယောက်နဲ့သေနတ်ကုမ္ပဏီသူဌေးကြီးတွေကြားက အားပြိုင်မှုကို ရိုက်ကူးထားတဲ့ ပုံမှန်နဲ့မတူ တမူထူးခြားတဲ့ ဇာတ်ကားပါ..မျက်စိမပါတဲ့သေနတ်တစ်လက် နှလုံးသားမရှိတဲ့လူတစ်ယောက်လက်ထဲ ကျရောက်သွားချိန်ဟာအဆုံးမဲ့ဝမ်းနည်းကြေကွဲမှုတွေရဲ့ကနဦးအစပါပဲ။ ဒါပေမဲ့ သေနတ်လုပ်ငန်းတွေကတော့ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့မူကို ဆက်လက်ကျင့်သုံးပြီး သေနတ်တွေကိုအလွယ်တကူထုတ်ရောင်းလို့ ဥပဒေနဲ့အညီရောင်းချပါသည်ဆိုတဲ့ငွေနဲ့ဖန်တီးထားတဲ့ဒိုင်းကာနဲ့ ကာထားကြပါတယ်။ ခေတ်အဆက်ဆက်တရားစီရင်မှုတွေမှာလည်း ဂျူရီအဖွဲ့ဝင်တွေဟာ ငွေရဲ့ကျေးကျွန်ဖြစ်နေတာကြောင့်သေနတ်လုပ်ငန်းတွေကို မတွန်းလှန်နိုင်ခဲ့တဲ့အပြင် ဖရန်ကင်ဖစ်ခ်ျလိုငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ဂျူရီအတိုင်ပင်ခံ ဒါမှမဟုတ်ဂျူရီတွေရဲ့အားနည်းချက်ကိုကိုင်လှုပ်ပြီး ကြိုးဆွဲရာကခိုင်းမယ့်ဇာတ်ဆရာတွေကြောင့်သေနတ်လုပ်ငန်းဟာ အဘက်ဘက်က အသာစီးရပါတယ်။သေနတ်ပစ်ခတ်မှုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဆလက်စ်ဝုဒ်ဆိုတဲ့အမျိုးသမီးဟာရှေ့နေဖြစ်သူဝမ်‌ဒေါလ်ရိုဟာနဲ့ပေါင်းပြီးတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်..အဘက်ဘက်ကသာလွန်တဲ့ ဒီအင်အားကြီးတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်ကြမလဲ..ဘယ်လိုအကွက်ဆင်ကြမလဲဆိုတာကိုတော့..John Grishamရဲ့ Runaway Juryဝတ္ထုကိုအခြေခံထားတဲ့အပြင်Gene Hackmanနဲ့ Dustin Hoffmanတို့လို Legend ...
movie

Runaway Jury(2003)

Déjà Vu (2006) 7.0
Déjà Vu (2006) Déjà Vu (2006) IMDb - 7.0/10_____Rotten - 55%    2006 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Deja Vu ဇာတ်ကားကို ဒါရိုက်တာ တိုနီစကော့ကနေရိုက်ကူးခဲ့ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့သူကတော့ Denzel Washington ဖြစ်ပါတယ်. ကျွန်တော်သိပ်ကြိုက်တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့ John Q ဇာတ်ကားမှာလည်း အဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူပါ. အခုတင်ပေးတဲ့ကားကတော့ အက်ရှင် နဲ့ဖိုက်တင်နဲ့ သိပ္ပံဇာတ်လမ်း အမျိုးအစားဖြစ်ပြီး အက်ရှင်ဇာတ်လမ်းကောင်း.. သိပ္ပံနဲ့ဆိုင်တဲ့ဇာတ်ကားမျိုးလေးတွေကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်.. IMDb Rating ကလည်း 7.1 ရရှိထားတာမို့. .ဇာတ်ကားကောင်းတစ်ကားဆိုတာ ငြင်းချက်ထုတ်နေစရာမလိုပါဘူး အညွှန်းနည်းနည်းပေးရမယ်ဆိုရင်….. ဇာတ်လမ်းစစချင်းမှာပဲ ရေကြောင်း Ferry တစ်ခုဖြစ်တဲ့ သဘောၤတစ်ခုမှာ ကျောင်းသားတွေရော. လူတော်တော်များများပါလိုက်ပါလာပါတယ်.. အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြတုန်းမှာပဲ သဘောၤ ပေါ်မှာ တင်ဆောင်လာတဲ့ကားတစ်စီးမှာ ထောင်ထားတဲ့ ဗုံးဟာ ပေါက်ကွဲသွားပါတယ်..သဘောၤတစ်စီးလုံးစာကို ပေါက်ကွဲသွားတာဖြစ်ပြီး ကယ်ဆယ်ချိန်လည်းမရသလို.အသေအပျောက်ကလည်းရာချီပါတယ် ဒီကိစ္စကိုစုံစမ်းဖို့အတွက်ရောက်လာတာကတော့ ATF Agent ဖြစ်တဲ့ ဒေါ့ကာလင်ပါ… အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်.. သူဟာ နည်းပညာအကူအညီနဲ့ သဘောၤဗုံးမပေါက်ခင် လွန်ခဲ့တဲ့ လေးရက်ကို ပြန်လည်သွားရောက်ပြီး ရာဇဝတ်မှုမဖြစ်ပွားအောင်ကြိုးစားရပါတော့တယ်. ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို တော့ ဆက်လက်ကြည့်ရှုကြပါ.. ဆွဲဆောင်မှုရှိရှိနဲ့ရိုက်ကူးတင်ဆက်ထားပြီး စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်.. ဒီဇာတ်ကားရဲ့ဘာသာပြန်ကိုတင်ဆက်သူကတော့ ကို Lotus Black ပဲဖြစ်ပါတယ်Translated By Lotus Black Encoded By LK =================== 2006 ခု ...
movie

Déjà Vu (2006)

2006