Channel Myanmar

Michael Berryman

The Devil’s Rejects (2005) 6.7
The Devil’s Rejects (2005)  Horror ဇာတ်ကားအဟောင်းလေးတွေထဲက ကောင်းတာလေးတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက် The Devils Rejects လို့ခေါ်တဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့နာမည်အတိုင်းပဲ နတ်ဆိုးကတောင်ငြင်းပယ်ရတဲ့အပယ်ခံတွေလို့တင်စားခံထားရလောက်တဲ့အထိ ဆိုးသွမ်းတဲ့ရာဇဝတ်သားတွေအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရဲမှူးဝိုင်ဒဲလ်က အိမ်တစ်အိမ်ကရာဇဝတ်သားတွေကို လာရောက်ဖမ်းဆီးတဲ့မြင်ကွင်းကိုတွေ့ရမှာပါ။ဒါပေမယ့်အဲ့ဒီရာဇဝတ်သားတွေက ရိုးရိုးတန်းတန်းရာဇဝတ်သားတွေမဟုတ်ဘဲ အရမ်းကိုရက်စက်ယုတ်မာရိုင်းစိုင်းပြီး လူမဆန်တဲ့ရာဇဝတ်သားတွေဖြစ်ပါတယ်။ဒီလိုနဲ့ရဲတွေနဲ့လူဆိုးတွေကြား အပြန်အလှန်ပစ်ခတ်ကြရင်းနဲ့ တော်တော်များများကိုဖမ်းမိပြီး နှစ်ယောက်တော့ လွတ်သွားပါတော့တယ်။ရဲမှူးဝိုင်ဒဲလ်လဲ သူတို့နောက်ကိုလိုက်ဖမ်းရင်းနဲ့ သူ့အစ်ကိုသေရတာ သူတို့ကြောင့်ဆိုတာကိုသိလာခဲ့ပြီးအလုပ်ကိစ္စဆိုတာထက် ကိုယ်ရေးကိုယ်တာတွေပါပါလာတဲ့အခါ ရဲတစ်ယောက်လည်းနတ်ဆိုးထက်ပိုကြမ်းလာနိုင်တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.42GB / 1.24GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Devil’s Rejects (2005)

Spy Hard (1996) 5.4
Spy Hard (1996) Spy Hard (1996)ဒါလေးက Naked Gun မင်းသားကြီး Leslie Nielsen ပါဝင်ထားတဲ့စပိုင်ဇာတ်လမ်း အက်ရှင်ဟာသဇာတ်ကားလေးပါ ..007 ဟာသဗားရှင်းဆိုလည်း မမှားပါဘူး ..နာမည်ပေးထားတဲ့ Spy Hard ဆိုတာကလဲ ဘရုစ်ဝီလီရဲ့ နာမည်ကြီး Die Hard ကို အခွက်ပြောင်ထားတာပါ။အထဲမှာလဲ နာမည်ကြီးအက်ရှင်ဇာတ်ကားတချို့ကို အခွက်ပြောင်ထားပါသေးတယ်။ဇာတ်လမ်းကတော့...ကမ္ဘာကြီးကိုဖျက်ဆီးမယ့်ဂြိုလ်တုလွှတ်တင်ဖို့ကြံရွယ်နေတဲ့ လူဆိုးဗိုလ်ချုပ်ကြီးကိုတားဆီးဖို့အတွက်အထူးအေးဂျင့် Dick Steele (နာမည်ကအဆန်း) တစ်ယောက် အစွမ်းကုန်ကြိုးစားရင်းအလွဲလွဲအချော်ချော်ဖြစ်ပေါ်တာတွေကို ခွီရအောင်တင်ဆက်ထားတာပဲဖြစ်ပါတယ်။  File size…(1.4 GB) / (800 MB) / (400 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….01:21:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar
movie

Spy Hard (1996)

One Flew Over the Cuckoo’s Nest (1975) 8.7
One Flew Over the Cuckoo’s Nest (1975) One Flew Over The Cuckoo's Nest (1975) ==================== IMDB Rating- 8.7/10 Rotten Tomatoes- 94% 1963ခုနှစ်ရဲ့ဆောင်းဦးမှာ R.P.McMurphyလို့ခေါ်တဲ့ လူတစ်ယောက်က စိတ်ကျန်းမာရေးဆေးရုံကို ရောက်လာတယ်။ McMurphyက ထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်လို ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့သူပါ။ သူ့လိုလူအတွက် ထောင်ထဲသွားတာက ဘာမှ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကြာလာတော့အလုပ်ကြမ်းလုပ်ရတာ‌ေတွ ငြီးငွေ့လာတယ်။ ဒါကြောင့်က 15နှစ်သမီးကို rapeလုပ်ပြီး တရားစွဲခံရတဲ့နောက်မှာ ထောင်ထဲကို မသွားချင်တဲ့အတွက် စိတ်ရောဂါရှင်ယောင်ဆောင်ခဲ့တယ်။ အဲ့လိုနဲ့ ဒီဆေးရုံကို ရောက်လာတယ်။ သူက ဆေးရုံမှာဆိုရင် ပိုပြီး လွတ်လပ်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် လူနာတွေအပေါ် အာဏာ မတရားသုံးတဲ့ သူနာပြု Ratchedကြောင့် မလွတ်လပ်တဲ့အပြင် ပိုပြီး တင်းကျပ်လာတယ်။ ထောင်မှာလုပ်လို့ရခဲ့တဲ့ ကိစ္စတွေတောင် လုပ်လို့မရဖြစ်လာတယ်။ ဒါကြောင့် သူက ဦးဆောင်ပြီး ကလန်ကဆန်စလုပ်လာတယ်။ ပြဿနာရှာတယ် အမျိုးမျိုးပေါ့။ တစ်ရက် ...
movie

One Flew Over the Cuckoo’s Nest (1975)

1975
HEVC 1080p 5.1
The Guyver (1991) 5.0
The Guyver (1991) The Guyver (1991)_____IMDb - 5.0/10  ဒီကားလေးကတော့ ၁၉ ၉ ၁ ခုနှစ်ကထွက်ရှိခဲ့တဲ SuperHero ကားလေးတစ်ကားဖြစ်ပါတယ်.... သိပ္ပံပညာရှင်တစ်ယောက်ဟာ Guyver လို့ခေါ်တဲ ဂြိုလ်သားပစ္စည်းတစ်ခုကို ဂြိုလ်သားတွေလက်ထဲမရောက်အောင် ယူပြီးထွက်ပြေးနေရာကနေ ဂြိုလ်သားတွေဖမ်းမိတာကိုခံလိုက်ရပြီး အသတ်ခံလိုက်ရပါတယ်.. ဒါပေမယ့် သူဟာ အဲဒီ Guyver ဆိုတဲပစ္စည်းကို ဂြိုလ်သားတွေမမြင်အောင်ဖွက်ထားခဲ့ပါတယ်... အဲဒီ ဂြိုလ်သားပစ္စည်းကို လူငယ်လေးတစ်ယောက်ကရလိုက်တဲအချိန်မှာတော့ အစွမ်းထက်တဲစွမ်းအင်တွေကိုရလိုက်ပါတော့တယ်... ဂြိုလ်သားတွေဟာ Guyver ကိုပြန်ရဖို့အတွက် ဒီလူငယ်လေးနောက်ကိုလိုက်လံဖမ်းဆီးကြပါတော့တယ်... ဒီကားလေးဟာ Super Hero ဇာတ်လမ်းကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့်ကားလေးဆိုလည်း မမှားပါဘူး... အခုခေတ်မှာ Super Hero ဇာတ်လမ်းတွဲတွေများလာပေမယ့်လည်း ၁၉ ၉ ၁ ခုနှစ်ကထွက်ရှိခဲ့တဲ ဒီကားလေးကတော့ Old But Gold ဆိုတဲ့ ကားလေးတစ်ကားထဲမှာပါတယ်လို့ပဲပြောလိုက်ပါရစေ..    Quality ...... DVDrip Format ...... mp4 Duration ........ 01:28:00 Size ..... 664 MB Translator ..... Ohmmar Khin Encoder ...... Moe Myint Lwin
movie

The Guyver (1991)

1991