Channel Myanmar

Michael Chieffo

Last Action Hero (1993)
Last Action Hero (1993) IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ...
movie

Last Action Hero (1993)

Beginners(2010) 7.2
Beginners(2010)  အိုလီဗာဖီးဒ်ဟာ မိဘတွေရဲ့ထူးဆန်းတဲ့အိမ်ထောင်ရေးကြောင့် တခြားသူကိုရေရှည်ချစ်ကြည့်ဖို့မဝံ့ရဲပဲ အသက်သုံးဆယ့်ရှစ်နှစ်ရှိလာခဲ့ပါတယ်။ လူပျိုကြီးဘဝနဲ့ အရိုးထုတ်ဖို့ဆုံးဖြတ်ထားတဲ့အိုလီဗာဟာ တစ်နေ့တော့ ပါတီမှာအမှတ်မထင်ဆုံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိသွားတဲ့အခါမှာတော့... အိုလီဗာ့လိုပဲ ငယ်ဘဝစိတ်ဒဏ်ရာတွေရှိနေတဲ့ အချစ်ကိုကြောက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားမှာတဖြည်းဖြည်းအမြစ်တွယ်လာတဲ့သံယောဇဥ်တွေရယ် အိုလီဗာရဲ့ဘဝဇာတ်ကြောင်းရယ်ကို လှပစွာပြသသွားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒရမ်မာကားကောင်းတွေကြိုက်တတ်ရင် ပေးရတဲ့အချိန်နဲ့တန်မယ့်ဇာတ်ကားကောင်းတစ်ပုဒ်ပါလို့ ညွှန်းရင်းတင်ဆက်လိုက်ရပါတယ်။ File size…1.04 GB /470 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chole Khin
movie

Beginners(2010)

[18+]Disclosure(1994) 6.7
[18+]Disclosure(1994) [18+]Disclosure(1994)********************* ရည်းစားဟောင်းတစ်ယောက် ကောင်းမှုကြောင့် ဘယ်လောက် အကျိုးပေးခံလိုက်ရလဲဆိုတာကိုတွမ်ဟန်းဒါးစ် တစ်ဖြစ်လဲ ကျွန်တော်တို့ရဲ့ Micheal Douglas ကြီးက သေချာသရုပ်ဖော်ပေးထားပါတယ်နည်းပညာကုမ္ပဏီက မန်နေဂျာတစ်ဦးဖြစ်တဲ့ တွမ်ဟန်းဒါးစ်က အလုပ်အရမ်းကြိုးစားပြီးဇနီးမယားသမီးသားတွေကိုလည်း အရမ်းချစ်တဲ့သူကြီးပါ တစ်နေ့တော့ ရာထူးတိုးဖို့ အနှစ်နှစ်အလလမျှော်လင့်ခဲ့ရပြီးအကောင်အထည်ပေါ်တော့မယ့်နေ့မှာပဲ တစ်စုံတစ်ယောက် ပေါ်လာပါတယ်...တွမ့်ရည်းစားဟောင်းပါပဲ... အရမ်းဆွဲဆောင်မှုရှိပြီး တော်လည်းတော် ထက်လည်းထက်တဲ့မဲရီဒစ်ဂျွန်ဆန်ဟာ သူမနဲ့မဆိုင်တဲ့ တွမ့်ဌာနမှာ ရာထူးတိုးသွားပါလေရဲ့ တွမ်ကတော့ သူ့ဌာနက သူ မလုပ်တဲ့ ထုတ်လုပ်ရေးပြဿနာတစ်ခုကို အဖြေရှာနေရသပေါ့။အဲ့ဒီနောက်မှာတော့ ပြဿာနာအကြီးကြီးသူဆက်လက်ရင်ဆိုင်ရပါတော့တယ်..Demi Moore ရဲ့  လှသွေးကြွယ်ဆုံးအချိန်ဖြစ်သလို အဖော်အချွတ်ဘာညာခန်းတစ်ချို့ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..  File Size :(2.07GB )(861 MB) and (380 MB) Quality : Blu-Ray1080p,720p Format…mp4 Duration…02:08:00 Genre :Adult , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Chevy Encoded by SD
movie

[18+]Disclosure(1994)

L.A. Confidential (1997) 8.3
L.A. Confidential (1997) L.A. Confidential(1997) IMDb....8.3.....Rotten...99% ဒီကား မှာ အဓိကမင်းသား ၃ယောက်ပါတယ်...Russell Crowe,Kevin Spaceyနဲ့ Guy Pearce ရယ်.. .သူတို့တွေသရုပ်ဆောင်ကောင်းကြသလို နာမည်ကြီးအထင်ကရကားတွေမှာ ပါဝင်ခဲ့တာကို တော်တော်များများသိကြမယ်ထင်တယ် .. သူ့တို့(၃)ယောက်ဟာ စုံထောက်ရဲအရာရှိတွေပါ...ဇာတ်ကားအစမှာ သူတို့(၃)ယောက်ရဲ့ခံယူချက် အလုပ်အပေါ်မှာထားတဲ့စိတ်ထားတွေကို တဖြည်းဖြည်းပြသွားတယ်....အဲ့ဒီ အခန်းတွေပါးပါးလေးပြသပြီးတဲ့နောက်မှာတော့ အစုလိုက်အပြုံလိုက်သတ်ခံလိုက်ရတဲ့ လူသတ်မှု ကြီးဆီရောက်သွားတယ်..လူသတ်မှုကြီးဟာ စုံထောက်ရဲအရာရှိဖြစ်တဲ့ သူတို့(၃)ယောက်ခေါင်းပေါ်ရောက်လာပါတယ်...လူသတ်မှုဟာ ဆိုင်တစ်ဆိုင်ထဲမှာ ရက်ရက်စက်စက်ပစ်သတ်ခံလိုက်ရတာပါ. ..သေဆုံးသူတွေထဲမှာ ရဲစုံထောက်တစ်ယောက်တောင်ပါ ပါတယ်.... ကြည့်ရှူတဲ့သူဟာ ဇာတ်ကောင် ၃ ယောက်နောက်ကိုအပြေးအလွှားလိုက်ရ သလို ဘယ်သူသတ်လဲပါ တစ်ဆက်ထဲ အဖြေထုတ်နေရတ ယ်... လူ(၃)ယောက်ရဲ့အမြင်ကိုခင်ဗျားတစ်ယောက်ထဲ ခံစားရင် အမှုကိုလည်းလက်လှမ်းမှီသလောက်ခင်ဗျားဟာ ကော်ဖီပူပူနွေးနွေးလေးသောက်ရင်း အတွေးတွေ လွန့်လူးနေလိမ့်မယ်. ..နောက်တစ်ခုက ဒီကားကြည့်နေစဉ် ဇာတ်ကောင်တွေနာမည်တွေကို အသေအချာလေးမှတ်ပြီး ကြည့်သင့်ပါတယ်. ..ဘာလို့ဆို အရေးကြီးတဲ့အကြောင်းအရာတော်တော်များနဲ့ဇာတ်ကောင်နာမည်တွေဟာ စကားပြောခန်းတွေနဲ့ပုံဖော်ထားလို့ပါ..ပြီးတော့ ဒီကားထဲက မင်းသမီး kim Basinger က အော်စကာ(ဇာတ်ပို့ဆု)ရရှိခဲ့သလို အကောင်းဆုံးရုပ်ရှင်ဇာတ်ညွန်းဆုလည်းရရှိခဲ့ပါတယ်.. နောက်တစ်ခု ခင်ဗျားတို့ သတိထားမိမှာက Russell Crowe ရဲ့ မျက်လုံးတွေပါပဲ.. .သူ့မျက်လုံးတွေက ယုန်ငယ်လေးဟန်...ပြောရရင် Beautiful mind ကားထဲက ပါမောက္ခတစ်ယောက်ရဲ့ဟန်ပန်..သူ့ရဲ့ ပင်ကိုယ်ဟန်ပဲလား မသိ.. .သို့ပေမယ့် အဲ့မျက်လုံးတွေကနေ အချိန်တော်တော်များများ မုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်လိုပေါက်ကွဲရက်စက်ပြတာ .. ဒီဘဲကြီးသရုပ်ဆောင်တာ ...
movie

L.A. Confidential (1997)

Argo (2012) 7.7
Argo (2012) ARGO ==== ARGO ရုပ်ရှင်ဟာ ၁၉၇၉-၈၀ မှာဖြစ်ခဲ့တဲ့ အီရန်တော်လှန်ရေးအတွင်း သံရုံးက လွတ်မြောက်အမေရိကန်သံရုံးဝန်ထမ်း ၆ ယောက်ကို ကယ်ထုတ်တဲ့အကြောင်းကိုရိုက်ပြထားတဲ့ဇတ်ကားပါ။၁၉၇၉ မှာ အီရန်နိုင်ငံတွင်းတော်လှန်ရေးဖြစ်ခဲ့ပါတယ် တော်လှန်ရေးအတွင်းမှာ အမေရိကန်သံရုံးကိုသိမ်းပြီး အီရန်ဘုရင်ဟောင်း ရှားကိုနိုင်ငံခိုလှုံခွင့်ပေးထားရာကနေပြန်လွဲပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။ အဲ့ဒီသံရုံးအသိမ်းခံရချိန်မှာ လွတ်သွားတဲ့ သံရုံးဝန်ထမ်း ၆ ယောက်ကိုကယ်ဖို့ စီအိုင်အေကလူတွေ ကြိုးစားကြပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ARGO ကို အောက်တိုဘာ ၁၂ ရက် ၂၀၁၂ ခုနှစ်မှာထွက်ခဲ့ပြီးတော့ ဇတ်လိုက်မင်းသား Ben Affleck ကိုယ်တိုင်ရိုက်ကူးထားပြီး ထုတ်လုပ်သူကလဲ Ben Affleck နဲ့ George Clooney ကြီးတို့ပါပဲ။ ဒီဇတ်ကားဟာ ၈၅ ကြိမ်မြောက်အကယ်ဒမီမှာ nominations ၇ ခုဝင်ပြီး ဆု သုံးခုရခဲ့ပါတယ် (Best Picture, Best Adapted Screenplay, and Best Film Editing) အဲ့နောက် Golden Globe Award မှာလဲ Best Motion Picture – Drama ...
movie

Argo (2012)

2012