Channel Myanmar

Michael Chow

Rush Hour (1998) 7.0
Rush Hour (1998)  ဂျက်ကီချန်းပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကိုမမေ့ကြသေးဘူးမလား1998 စတင်ထွက်ရှိခဲ့တဲ့ Rush Hour Series တွဲရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်......ဂျက်ကီနဲ့ ကာတာ စတင်ပြီးတွေ့ဆုံတဲ့ ကားပေါ့ဗျာ..မကြည့်သေးတာပဲဖြစ်ဖြစ်..ကြည့်ပြီးသွားတာပဲဖြစ်ဖြစ်..နောက်ဆိုရင် ဒီလိုဇာတ်ကားမျိုးတွေ အကြည်နဲ့စာတန်းထိုးမှန်မှန် ရဖို့မလွယ်တော့လို့ သိမ်းသင့်ကြောင်းပါ......မေ့နေမှာစိုးလို့ ဇာတ်လမ်းအကျဉ်း လေးနည်းနည်းပြန်ပြောလိုက်ပါမယ်....အင်စပက်တာ လီဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့စုံထောက်အရာရှိတစ်ဦးပါ.....သူဟာ တရုတ်ကောင်စစ်ဝန်နားမှာအမြဲနေပြီး..ကောင်စစ်ဝန်ကလည်းအရေးပေးပါတယ်......တနေ့မှာ လီ ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာတရုတ်တွေရဲ့ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေ တဲ့ ဂျွန်တာအို ရဲ့အဖွဲ့ကိုဖမ်းမိပါတယ်.ခေါင်းဆောင်တော့မပါဘူးပေါ့....အဲ့အမှုပြီးတဲ့နောက်မှာတော့ ဂျွန်တာအိုဟာ အတော်ကြာခြေရာဖျောက်နေပါတယ်.......တရုတ်ကောင်စစ်ဝန်မှာသမီးလေးတစ်ယောက်ရှိ ပါတယ်..အဲ့သမီးလေးကို ဂျွန်တာအို ဟာ ပြန်ပေးဆွဲပြီး ကလဲ့စားပြန်လိုချင်တဲ့အခါမှာတော့........တရုတ်ကောင်စစ်ဝန်ဟာ အမေရိက ကိုရောက်နေတာပါ.......ပြန်ပေးဆွဲတာလည်းအမေရိကမှာပဲဖြစ်ပါတယ် FBI က သူတို့အကောင်းဆုံးလုပ်ပေးမယ်လို့ပြောပေမယ့် ကောင်စစ်ဝန်က " လီ " ကို ပါဝင်စေချင်လို့ တရုတ်ကနေလှမ်းခေါ်လိုက်ပါတယ်..ဒါကို FBI က သဘောမကျပဲ တွဲဖက်တစ်ဦးတွဲပေးလိုက်ပါတယ်......အဲ့တွဲဖက်ရဲ့တာဝန်ကတော့ လီ ကို အမှုမှာ မပါဝင်စေဘဲ ပထုတ်ထားဖို့ပဲဖြစ်ပါတယ်.......တွဲဖက်ကတော့ LA ရဲ ဘက်ငှာန က ဂျိမ်းကာတာပဲဖြစ်ပါတယ်......ပေါက်ကရတွေလျှောက်ပြောပြီး ...
movie

Rush Hour (1998)

1998
Lethal Weapon 4(1998) 6.6
Lethal Weapon 4(1998)    Lethal Weapon series ရဲ့ နောက်ဆုံးကားဖြစ်တဲ့ Lethal weapon 4 မှာတော့ ရစ်ဂ်စ်ဟာ ဆံပင်ညှပ်လိုက်ပါပြီ။ ရစ်ဂ်စ်ရော မာတော့ဖ်ရောဟာ အသက်အရွယ်တစ်ခုရောက်လာတာကြောင့် ဇရာရဲ့ဒဏ်ကို မသိမသာခံစားလာကြရပါပြီဗျ။ ဒါပေမဲ့ ရစ်ဂ်စ်ကတော့ အခုထိ ငါမအိုသေးဆိုပြီး ရူးရူးမိုက်မိုက် စွန့်စားခန်းတွေလုပ်ဆဲပါပဲ။ ဒီ နံပါတ် ၄ မှာလည်း ရစ်ဂ်စ်နဲ့ မာတော့ဖ်တို့ဟာ ကိုယ့်ဘာသာနေရင်း ပြဿနာက သူတို့ဆီ ရောက်လာပြန်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဒီကားထဲမှာ မင်းသားကြီး ဂျက်လီနဲ့အတူ ဟာသ သရုပ်ဆောင် Chris Rock လည်း ပါဝင်လာပါတယ်ဗျ။ မင်းသားကြီး မယ်လ်ဂစ်ဘ်ဆင်တို့နှစ်ယောက်နဲ့ ဂျက်လီတို့ အပြိုင်ကြဲကြတာကြောင့် ဒီကားက အရင်ကားတွေထက် အက်ရှင်ခန်းတွေ ပိုမိုက်လာတဲ့အပြင် Chris Rock လည်း ပါဝင်လာတဲ့အတွက် ကြည့်ရတာလည်း အရင်ထက် ပိုခွီနေရပါသေးတယ်။ ဒီ Lethal Weapon 4 ဟာဆိုရင် ဇာတ်လမ်းတစ်ခုကို လှလှပပလေးအဆုံးသတ်ပေးထားတဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်ဗျ...။File ...
movie

Lethal Weapon 4(1998)

[James Bond] You Only Live Twice (1967) 6.8
[James Bond] You Only Live Twice (1967) ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++မင်းသားကြီးရှောင်ကွန်နရီရဲ့ ၅ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်။သိကြတဲ့အတိုင်း ရှောင်ကွန်နရီဆိုရင် ဂျိမ်းစ်ဘွန်းနဲ့ပဲ တွဲမြင်တဲ့အထိ သက်ဝင်အားကောင်းခဲ့ပါတယ်။သူ့ရဲ့ဘွန်းကားတွေဟာ စမတ်ကျတဲ့အပြင် ရယ်စရာ ထေ့လုံး လှောင်လုံးတွေအများဆုံးပါဝင်တာကြောင့်ဘွန်းအဆန်ဆုံးကားတွေလို့ ပြောလို့ရပါတယ်။Action သီးသန့်မဟုတ်ဘဲ ဘက်ပေါင်းစုံက တင်ဆက်ထားနိုင်ပြီးသူ့ခေတ်မှာ အတော်ကို အံ့ဩရတဲ့ ဖန်တီးမှုတချို့ပါတင်ဆက်နိုင်ခဲ့ပါတယ်။ဒီဇာတ်ကားကတော့ IMDb Rating (6.8/10) ရရှိထားပါတယ်။ File size…(2.3 GB) Quality….BluRay HEVC 1080p Format…mkv Duration….01:57:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Zuel Khant Thwin
movie

[James Bond] You Only Live Twice (1967)

HEVC 1080p
Don’t Worry, He Won’t Get Far on Foot(2018) 6.9
Don’t Worry, He Won’t Get Far on Foot(2018) Don't Worry, He Won't Get Far on Foot(2018)အညႊန္း**********************************************IMDB rating -6.9 Rotten tomato – 76%(unicode)Joker 2019 နဲ့လူသိများခဲ့တဲ့ Joaquin Phoenix ရဲ့ဇာတ်ကားသစ်ပါ... သူကတော့ John Callahan အဖြစ်သရုပ်ဆောင်ထားပါတယ်...“ကျွန်တော့်အမေနဲ့ပက်သက်တာဆိုလို့သုံးခုပဲ သိတယ် သူက အမေရိကန်အိုင်းရစ်လူမျိုး ဆံပင် အနီ နဲ့ ကျောင်းဆရာမတစ်ယောက် ဟုတ်တယ် သူ ကျွန်တော့်ကိုမလိုချင်ခဲ့ဘူး လေးခုပေါ့” အမေရိကန်နိုင်ငံရဲ့နာမည်ကြီး ကာတွန်းဆရာ ဂျွန်ကလာဟန် သူ့ကိုယ်သူမိတ်ဆက်တိုင်းမှာပါနေကြစကားလေးပါ ငယ်ငယ်ကတည်းက အမေရဲ့စွန့်ပစ်ခြင်းကိုခံရပြီး မေတ္တာငတ်ခဲ့သူတစ်ယောက်ဖြစ်ခဲ့တယ် ...ခံစားချက်တွေဖုံးကွယ်ဖို့အသက် ၁၃နှစ်ကတည်းက အရက်ကိုနှစ်ခြိုက်စွာစသောက်ခဲ့တယ်..ဒါတွေရဲ့နောက်ဆက်တွဲ ဆိုးကျိုးလို့ပဲပြောရမလားမသိ..ကားအက်ဆီးဒန့်ဖြစ်ပြီး အောက်ပိုင်းသေသွားခဲ့တယ် ... မူလကထဲက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေရှိတဲ့သူ ဟာ အောက်ပိုင်းသေသွားတဲ့အတွက်ကြောင့် ပိုဆိုးလာခဲ့တယ်....တစ်နေ့တော့ သူအရက်မသောက်ပဲ ကျောင်းတက်ပြီး သူနှစ်သက်တဲ့အလုပ်တစ်ခုလုပ်ကာ သူ့ဘ၀ကိုအရှုံးမပေးဖို့စတင်ကြိုးစားပါတော့တယ်... သူဘယ်လိုကြိုးစားလဲ...အောက်ပိုင်းသေနေတဲ့သူတစ်ယောက်ဟာ ဘယ်လောက်ထိအောင်မြင်မှုတွေရခဲ့လဲ... ဒီဇာတ်ကားက တော့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်... ကာတွန်းတွေ တစ်ချက်ထိ ဟာသ သရောကာတွန်းလေးတွေရေးတဲ့အပြင် ကာတွန်းစီးရီးတွေနဲ့အောင်မြင်မှုရခဲ့တဲ့ John Callahan အကြောင်းကို ရိုက်ပြထားတာပါ... ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo ...
movie

Don’t Worry, He Won’t Get Far on Foot(2018)

2018