Channel Myanmar

Michael Drayer

Catch the Fair One (2022) 6.5
Catch the Fair One (2022) Catch the Fair One (2022)===================IMDb Rating - 6.5/10အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ပျောက်သွားတဲ့ ညီမလေးကိုလိုက်ရှာနေတဲ့ လက်ဝှေ့ဖိုက်တာမလေးတစ်ဦးရဲ့ စွန့်စားခန်းလေးကို ရင်တဖိုဖိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ စိတ်ဓါတ်ခိုင်မာသူဖြစ်ပါစေ ချစ်ရသူတွေကိုဆုံးရှုံးရတဲ့အခါ ပြိုလဲ ကြရတာပါပဲ။ ပရိသတ်အားပေးခံရတဲ့ လက်ဝှေ့သမတစ်ဦးဖြစ်တဲ့ K.O ဟာလည်း ချစ်ရတဲ့ညီမလေးပျောက်ဆုံးသွားပြီးနောက် ပြိုင်ပွဲတွေကို အာရုံမစိုက်နိုင်တော့ဘဲ ညီမကိုလိုက်ရှာနေခဲ့ပါတယ်။ ပိုက်ဆံစုပြီး သတင်းလိုက်ရာကနေ ညီမငယ်ကို ဖမ်း သွားတဲ့ဂိုဏ်းနောက်လိုက်ဖို့ သူ့ကိုယ်သူ လူမှောင်ခိုကူးခံရမယ့် ကောင်မလေးတစ် ယောက်အဖြစ် အသွင်ပြောင်းလိုက်ပြီးချိန်မှာတော့ . . . K.O တစ်ယောက် ဒုစရိုက် ဂိုဏ်းရဲ့ ခရီးကြမ်းတွေကြား အကြမ်းစားဖိုက်တင်းစကေးတွေနဲ့ ဘယ်လိုဖြတ်ကျော် မလဲဆိုတာကို ရင်တဖိုဖိုနဲ့ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်)File Size - (1.17 GB) / (456 MB) / (290 MB) Quality – WebDL 1080p / ...
movie

Catch the Fair One (2022)

2021
The Wrestler(2008) 7.9
The Wrestler(2008) The Wrestler(2008) IMDb...7.9,,,,,Rotten....98% ခင်ဗျားတို့ ကျွန်တော်တို့အားလုံး WWE channel က ပြသတဲ့ smack down ပွဲတွေကို ကြည့်ဘူးကြမှာပါ.... ပြောရရင် ကြိုတင်ပြဆင်ထားတဲ့အစီအစဉ်တစ်ခုကို လာကြည့်တဲ့ပရိတ်သတွေကို ရသ အပြည့်အ၀ပေးနိုင်မယ့် သတ်ပုတ်မှုမျိုးတွေကို  ချပြရပါတယ်... ကြိုတင်ပြင်ဆင်ထားတဲ့အစီအစဉ်ဆိုပေမယ့် ထိုးသတ်တဲ့နေရာမှာ ပရိတ်သတ်ထောင်ပေါင်းများစွာသော မျက်လုံးတွေ့ရှေ့မှောက်မှာတော့ တကယ့်ပျင်းထန်တဲ့ရိုက်ချက်တွေနဲ့ သတ်ပုတ်ပြရပါတယ်.. ဒါ့ကြောင့်လည်း ဒီပြိုင်ပွဲတွေဟာ အတုအယောင်လို့ဆိုရပေမယ့် ကမ္ဘာကျော်နေရတာပဲဖြစ်ပါတယ်.... ၂၀၀၈ ခုနှစ်မှာ ဒါရိုက်တာ Aronofsky ရိုက်ကူးခဲ့ပြီး အဓိကဇာတ်ဆောင် နပမ်းသမား Randy the Ram (Mickey Rourke)အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်... ဒီကားက သူ့ဘ၀ရဲ့ အနိမ့်အမြင့် အတက်အကျကို  ရိုက်ပြထားပြီး သူတို့ဘ၀ရဲ့ခက်ထန်ကြမ်းတမ်းပုံတွေကိုအကောင်းမွန်ဆုံးပုံဖော်ထားပါတယ်... ကြမ်းတမ်းခက်ထန်လွန်းတဲ့ လူ့ဘီးလူးကြီးတွေရဲ့ နောက်ကွယ်က နူးညံတဲ့နှလုံးသားကိုလည်းတွေ့နိုင်ပါလိမ့်မယ်... ဒါ့ကြောင့်လည်း ဒီကားဟာ ချီးကျူးမှုပေါင်းများစွာရရှိထားသလို အော်စကာဆန်ကာတင် (၂)ဆုနဲ့ အခြားဆုပေါင်း (၅၈)ဆု ရရှိထားပါတယ်.... ပြီးတော့ ဒီကားဟာ သတ်ပွဲပေါင်းများစွာပါသလို သွေးထွက်သံယိုခန်းတွေလည်းပါတာမို့ သတိထားကြည့်စေလိုပါတယ်.... ရုပ်ရှင်ရဲ့ Rating က R ဖြစ်တာကြောင့် အဖော်အချွတ်ခန်းတွေ ပါတဲ့အတွက် မိသားစုနဲ့ အတူကြည့်ဖို့မသင့်တဲ့ ကားတကားလို့ ပြောပါရစေ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Chan Myae Thu ...
movie

The Wrestler(2008)

2008
The Vanishing of Sidney Hall (2017) 6.8
The Vanishing of Sidney Hall (2017) Rating ကောင်းကောင်းဝေဖန်မှုကောင်းကောင်းရရှိထားတဲ့ Drama/Mystery ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်အိမ်ကို Sidney Hall ဆိုတဲ့စာရေးဆရာတစ်ယောက်ကို အခြေပြုတည်ထားတာဖြစ်ပြီး ဒီဇာတ်ကားမှာ Sidney Hall ရဲ့ ဘ၀ကို ဆယ်ကျော်သက်အရွယ်၊ လူလတ်ပိုင်းနဲ့ သူပျောက်ဆုံးသွားတဲ့ အပိုင်းဆိုပြီး ၃ပိုင်းခွဲပြီး တင်ပြထားပါတယ်။ဆယ်ကျော်သက်အရွယ်မှာ ဖြစ်ပျက်ခဲ့တာတွေ၊ လူလတ်ပိုင်းမှာဖြစ်ပျက်ခဲ့တာတွေကို အပြန်အလှန် ရိုက်ကူးပြထားပြီး အောင်မြင်သည့်စာရေးဆရာဖြစ်လာပြီးနောက် ထူးဆန်းစွာပျောက်ဆုံးသွားပါတယ်။အဲဒီမှာပဲ သူ့ရဲ့ပျောက်ဆုံးမှုကိုလိုက်ခြေရာခံခဲ့တဲ့ Fraincis ဆိုသူပေါ်လာပြီး လိုက်လံဖော်ထုတ်ပါတော့တယ်။Sidney Hall ဘာကြောင့်ပျောက်ဆုံးသွားရတာလဲ၊သူဆယ်ကျော်သက်အရွယ်မှာ၊လူငယ်ဘ၀မှာဘာတွေဖြစ်ပျက်ခဲ့လဲ၊Francis ကရောဘာကြောင့်လိုက်လံစုံစမ်းရတာလဲ၊ဘယ်လိုမြုပ်ကွက်တွေ ရှိနေမလဲဆိုတာတော့ ဇာတ်လမ်းကိုပဲဆက်ကြည့်လိုက်စေချင်ပါတယ်။စိတ်ဝင်စားစရာကောင်းပြီး ရသအမျိုးမျိုး၊ တွေးခေါ်စရာအမျိုးမျိုးပေးနိုင်မယ့်ကားလေးပဲဖြစ်ပါတယ်။ဝေဖန်မှုကောင်းကောင်းနဲ့ Rating လည်း 6.8 ထိရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဘာသာပြန်ပေးထားသူကတော့ Lex Luthor ဖြစ်ပါတယ်) File Size : (864 MB) and (378 MB) Quality : Blu-Ray 720p Running Time : 1hr 59min Format : Mp4 Genre : Drama, Mystery Subtitle : ...
movie

The Vanishing of Sidney Hall (2017)

2017
August Rush (2007) 7.5
August Rush (2007) August Rush (2007)_____IMDb - 7.5/10     ဒါရိုက်တာ Kirsten Sheridan ရိုက်ကူးထားပြီး IMDb Rating 7.5 အထိ ရရှိထားတဲ့ Drama နဲ့ Music ရောစပ်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားမို့ CM ချစ်သူများအတွက် မှတ်မှတ်ရရ တင်ပေးလိုက် ပါတယ်။ 2007 ခုနှစ်က ထွက်ရှိထားပြီး ကြည့်ရှုသူများအဖို့ ဇာတ်လမ်းအစကနေ အဆုံးထိ music ရသကို ခံစားစေရင်း ကလေးငယ်တစ်ယောက်ရဲ့ မိဘကိုမျှော်လင့်တောင့်တမှုနဲ့ စိတ်အားထက်သန်မှုတွေကို ခံစားမှုအပြည့်ပေး စွမ်းနိုင်တဲ့ ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်လမ်းမှာ ကလေးငယ်လေး အီဗန် ( Freddie Highmore ) ရဲ့ ဂစ်တာကို ကျွမ်းကျင်စွာတီးခတ်ပြသမှုကလည်း ကျွန်တော်တို့လို music ကို ရူးသွပ်သူအဖို့ ရုပ်ရှင်ကြည့်ရင်း ဂီတရသကို မက်မောစွာကြည့်ရှုနေမိစေတယ်။ အမှတ်မထင်တွေ့ရှိခဲ့တဲ့ လူးဝစ် နဲ့ လိုင်လာ တို့ရဲ့ မြင်မြင်ချင်း ချစ်သွားတဲ့ အချစ် . အဲ့ဒီညမှာပဲ ချစ်တင်း နှောခဲ့မှုနဲ့ တစ်ညလေးတွေ့ခဲ့တဲ့ လူနှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက် စွဲစွဲလမ်းလမ်း ချစ်ခင်မှုဟာ အရမ်းကိုအံ့သြစေပြီး ...
movie

August Rush (2007)

2007