Channel Myanmar

Michael Ealy

Underworld: Awakening(2012) 6.7
Underworld: Awakening(2012) Underworld: Awakening(2012)*****************************Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်းအမိုက်စားအက်ရှင်ခန်းတွေကြောင့်   ဘက်ဂျက် ၂ဆနီးပါး  ရုံတင်ဝင်ငွေပြန်လည်ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်.....လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်...ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲအဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလိုတစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်...underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်..Underworld: Rise of the Lycans (2009) Underworld (2003) Underworld Evolution (2006) Underworld Awakening (2012) Underworld: Blood Wars (2016)   File size… 3.8GB& 909MB Quality… Blu-Ray1080p,720p Format…mp4 Duration….1hr 28min Genre ….. Action, Fantasy, Thriller Translated by AOI Encoded by Phyo Pyae
movie

Underworld: Awakening(2012)

Think Like a Man (2012) 6.5
Think Like a Man (2012)  2009 ခုနှစ်ကထုတ်ဝေထားပြီး review ကောင်းတွေနဲ့နာမည်ကျော်တဲ့ Steve Harvey ရဲ့ "Act like a lady, think like a man" ဆိုတဲ့မိန်းမတွေအတွက်ယောက်ျားတွေရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် IMDb 6.5/10. Rotten tomatoes 54%ထိရရှိထားပြီးဗျူဟာအသစ်တွေနဲ့အချစ်စမ်းကြမဲ့အမျိုးသမီးတွေနဲ့ အမျိုးသားထုကြီးအကြောင်းကိုဟာသဆန်ဆန်ရိုက်ကူးထားတာကိုတွေ့ရမှာပါ Kevin Hart နဲ့သူငယ်ချင်းတွေကတော့အမျိုးသားထုကြီးကိုကိုယ်စားပြုထားတာဖြစ်ပြီး Steve ရဲ့စာအုပ်ကြောင့်သူတို့ရဲ့အချစ်ရေးကိစ္စတွေမှာပရမ်းပတာတွေဖြစ်သွားပါတော့တယ် စာအုပ်ဖတ်ပြီးတစ်ကွက်ကြိုမြင်နေတဲ့အမျိုးသမီးတွေဖက်ကစစချင်းတစ်ပန်းသာနေခဲ့ပေမဲ့ ကစားပွဲအလှည့်အပြောင်းတစ်နေရာအရောက်မှာတော့... နည်းဟောင်းတွေနဲ့တိုက်လို့မရတော့တဲ့အတွက်‌အမျိုးသားထုကြီးကလည်းဗျူဟာအသစ်တွေထုတ်သုံးရပါတော့တယ် ဒီလိုနဲ့အမြဲတမ်းလွန်ဆွဲနေတဲ့အချစ်စစ်ပွဲမှာဘယ်သူတွေကအနိုင်ရသွားမလဲဆိုတာကိုပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် File size…(1.5 GB)/(780 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:02:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Think Like a Man (2012)

2Fast 2 Furious (2003)Fast and Furious 2 5.9
2Fast 2 Furious (2003)Fast and Furious 2   F1 ကပြဿနာမျိုးစုံပြီးတဲ့နေက် ဘရိုင်ယန်တစ်ယောက် ရဲအလုပ်ကထွက်ပြီးအရပ်သားဘဝနဲ့ တရားမဝင်ကားပြိုင်ပွဲတွေမောင်းလိုက်ငွေဝင်မဲ့ အလုပ်ကိစ္စမျိုးစုံကို ငပွေးတစ်ကောင်လို လုပ်နေတယ်...အမှုငယ်ပေါင်းများစွာနဲ့ပေါ့...ဒီချိန်မှာပဲ မိုင်ယာမီမှာ သွင်းကုန်ထုတ်ကုန်နဲ့ပတ်သက်ပြီး လုပ်ငန်းရှင်ကြီးတစ်ယောက်က မူးယစ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီးသတင်းအရမ်းထွက်နေတယ်...သူ့ဆီမှာ မူးယစ်ဆေးများစွာသိုလှောင်ထားတယ်လို့သံသယရှိနေသလို ငွေမဲတွေကိုလည်းငွေဖြူအချီကြီးလုပ်ဖို့စီစဉ်နေတယ်လို့သတင်းရနေတယ်..ဒါကြောင့် ရဲတပ်ဖွဲ့ဟာ အမှုတွေပယ်ဖျက်ပေးမယ်ဆိုတဲ့မက်လုံးနဲ့ ဘရိုင်ယန်ကိုကမ်းလှမ်းပြီး မိုင်ယာမီက လူဆိုးကြီးကိုလိုက်ဖို့အသုံးချပါတော့တယ်.... File Size :(2.05GB), (0.99 GB)Quality : Blu-Ray1080P5.1CH 720pRunning Time : 1hr 46minFormat : Mp4Genre :Action, Crime, ThrillerSubtitle : Myanmar Subtitle (Hard Sub)Source : 1080p BluRay x264-SPARKSTranslated by Thura Zarni AungEncoded by Thanhtike Zaw
movie

2Fast 2 Furious (2003)Fast and Furious 2

2003
Fatale (2020) 4.8
Fatale (2020) Fatale (2020)============IMDb Rating - 4.8/10ဒီနေ့အတွက် Box Office Movie ကားလေးဖြစ်တဲ့ Fatale ဆိုတဲ့ကားလေးကိုတင်ပေးချင်ပါတယ်။ဒဲရစ်တိုင်လာ ဆိုတာ ဘတ်စကတ်ဘောကစားသမားဟောင်း၊ ကစားသမားဘဝကနေ အနားယူပြီးနောက်သူငယ်ချင်းတစ်ယောက်နဲ့အတူတွဲပြီး ကစားသမားအေဂျင်စီတစ်ခုထူထောင်ပြီး စီးပွားရေးအောင်မြင်နေတဲ့သူ။ ဒါပေမယ့် စီးပွားရေးအဆင်ပြေ အောင်မြင်နေတော့ အိမ်ထောင်ရေးဖက် သိပ်အရေးမပေးမိသလိုဖြစ်ပြီး မိန်းမဖြစ်သူနဲ့ သိပ်အဆင်မပြေဖြစ်နေသူပေါ့။ တစ်နေ့မှာ အလုပ်ကိစ္စနဲ့ လက်စ်ဗေးဂတ်စ်ရောက်ရင်းဘားတစ်ခုမှာ ကောင်မလေးတစ်ယောက်နဲ့ဆုံပြီး one night stand ဖြစ်သွားတယ်။ ဒါပေမယ့် အဲ့ကိစ္စကဒဲရစ်အတွက် ဘယ်လောက်ထိဒုက္ခရောက်စရာဖြစ်သွားမလဲ၊ ဘဝပျက်လောက်စရာဖြစ်သွားရလောက်အောင်ကောင်မလေးနဲ့ဘယ်လိုပက်သက်နေလဲဆိုတာကတော့ ဆက်လက်ရှုစားကြည့်လိုက်ပါဦး။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Jack ပဲဖြစ်ပါတယ်။)  Quality – 1080p, 720p WebRip 5.1CHDuration - 1h 42minSubtitle – Myanmar HardsubFormat – Mp4Genre :  Mystery, ThrillerSource : 1080p.WebRipTranslator – JackEncoder ...
movie

Fatale (2020)

2020
Last Vegas 2013 6.6
Last Vegas 2013 ဒီရုပ်ရှင်မှာတော့ ဆရာ့ဆရာကြီးတွေ စုပြီး ဟာသတွေ လုပ်ထားကြတာပါပဲ။ ကြည့်မိရင်ကြိုက်ကြမှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ နည်းနည်းပဲ ပြောမယ်နော်။ ခွီစရာတွေအများကြီးပါပဲ။အသက် ၆၀ ကျော်ပြီဖြစ်တဲ့ငယ်သူငယ်ချင်းလေးယောက်ရှိပါတယ်။ သူတို့ဟာ ဘဝရဲ့ အဆုံးသတ်နားကို ရောက်လာကြပေမယ့် သူတို့ရဲ့ မိတ်ဆွေ သံယောဇဉ်တွေက မကုန်ဆုံးသွားပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့ ၄ ‌ယောက်ထဲက တစ်ကိုယ်တည်းသမား ဘီလီက မင်္ဂလာဆောင်တော့မှာမို့လို့ လောင်းကစားမြို့တော် Last Vegas မှာ လူပျိုညပါတီလုပ်ဖို့ သွားကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ File Size : 1GB and 500mb Quality : webrip 720p/ 480p Format…mp4 Duration…1hr 50min Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Htet Wai Lwin Encoded by Littleneo
movie

Last Vegas 2013

Takers(2010) 6.5
Takers(2010) Takers(2010)(unicode)(ရသအပြည့်အဝခံစားနိုင်စေရန် Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့် တင်ဆက်ပေးထားပါသည်...) လူ(၄)ယောက် အခန်းတစ်ခုထဲမှာ ဆုံကြတယ်...စကားအနည်းငယ်ပြောပြီးတာနဲ့ အသင့်ပါလာတဲ့ အနက်ရောင်ဝတ်စုံတွေလဲလိုက်ကြသလို မျက်နှာဖုံးစွပ်အနက် တွေလည်း ဝတ်ဆင်လိုက်ကြတယ်...M4A1 Carbine နဲ့ Glock စီးရီးအလိုက် လက်နက်ငယ်တွေလည်း ကိုင်ဆောင်ထားကြတယ်... သူတို့ကြည့်ရတာ အချိန်အကြာကြီးစီစဉ်ထားကြသလို အကုန်လုံးကလည်း သွေးအေးတည်ငြိမ်လွန်းနေကြတယ်... သိပ်မကြာဘူး..လောစ့်အိန်ဂျလိစ်မြို့တွင်းက ဘဏ်တစ်ခုကို ဓားပြဝင်တိုက်ကြတယ်.... ဘယ်လောက်တောင် ရဲတင်းလွန်းသလဲဆိုတော့ ဘဏ်စာရေးမကိုတောင် ရဲစခန်းကို ဓားပြတိုက်ခံနေရကြောင်း ဖုန်းဆက်ခိုင်းလိုက်ပါသေးတယ်.... ကိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး.... ဘဏ်ဓားပြတွေက ဘယ်သူတွေဖြစ်မလဲ.... LA ရဲတွေကရော အမိဖမ်းနိုင်ပါ့မလား... ဒီလောက်သွေးအေးပြီး အစီအစဉ်တကျ ဓားပြမှုကျူးလွန်နိုင်လောက်အောင် ဒီလူတွေဘယ်လောက်တော်နေလဲ... ဒီကားကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Fast & Furious မင်းသား Paul Walker နဲ့ Idris Elba တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်....အမိုက်စား ဘဏ်ဓားပြကားထဲက တစ်ကားအပါအဝင်ဖြစ်လို့ ခပ်လန်းလန်း စဆုံး Tempo မကျတဲ့ကားတွေမှ သဘောကျတဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပါရစေ....(zawgyi)(ရသအပြည့်အဝခံစားနိုင်စေရန် Blu-Ray 1080p 5.1 CH, Blu-Ray 720p ...
movie

Takers(2010)

The Intruder (2019) 5.3
The Intruder (2019) ချာလီပက်ခ်တစ်ယောက် သူ့အိမ်ကိုအရောင်းထုတ်နေပါတယ်။ ဖလော်ရီဒါမှာရှိတဲ့သူ့သမီးလေးက အသက်အရွယ်ကြီးနေပြီဖြစ်တဲ့သူ့အဖေကို သူတို့နဲ့အတူလာနေစေဖို့ပြောနေတော့ ဒီအိမ်ကိုရောင်းထုတ်ပြီးတော့ သူ့သမီးဆီလိုက်သွားတော့မှာပါ။ ချာလီတို့ အိမ်ကိုလာကြည့်တဲ့ စကော့နဲ့အန်နီတို့ကတော့ စစရောက်ချင်းမှာ နည်းနည်းလေးတော့ ထိတ်လန့်စရာတွေကြုံခဲ့ရပေမယ့် အန်နီတစ်ယောက်အိမ်လေးကိုအရမ်းသဘောကျနေတာနဲ့ပဲ နောက်ဆုံးတော့ဝယ်ဖြစ်သွားပြီး ပြောင်းရွေ့နေထိုင်ကြပါတော့တယ်။ အိမ်လေးရဲ့ဘေးနားတစ်ဝိုက်မှာသစ်တောလေးနဲ့ဖုံးအုပ်ထားပြီးတော့ တကယ့်ကိုလှပတဲ့အိမ်လေးတစ်လုံးလဲဖြစ်ပါတယ်။ အန်နီတစ်ယောက်တော့ အပျော်ကြီးပျော်နေခဲ့တာပေါ့။ ဒါပေမယ့်လေ နှစ်ရှည်ကြာမြင့်စွာနေထိုင်ခဲ့တဲ့ ချာလီအတွက်တော့ ဒီအိမ်မှာ သူ့မိန်းမနဲ့အတူ ကလေးတွေနဲ့လဲ နေထိုင်ရင်းဖြတ်သန်းခဲ့ရတာဆိုတော့ မကြာမကြာပြန်ပြန်ရောက်လာပြီးတော့ အိမ်လေးနဲ့ပတ်သက်တာတွေကို လုပ်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် တချို့သောကိစ္စလေးတွေပေါ်ပေါက်လာခဲ့တဲ့အချိန်မှာတော့ ဇာတ်လမ်းကတစ်မျိုးပြောင်းလဲသွားတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်ခင်ဗျာ။ စိတ်လှုပ်ရှားစရာကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့် လက်လွတ်မခံပဲကြည့်ရှုသင့်ပါတယ်လို့ထပ်လောင်းပြောကြားလိုက်ပါတယ်။ File Size : (1.43 GB) and (750 MB)  Quality : AMZN WEB-DL (1080p 5.1,720p) Running Time : 101min Format : Mp4 Genre : Drama,Horror,Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Charm Encoded by sithu
movie

The Intruder (2019)

2019
Seven Pounds(2008) 7.6
Seven Pounds(2008) Seven Pounds(2008) IMDb......7.6 လူတစ်ယောက်ဟာ 911ကို အရေးပေါ်ဖုန်းခေါ်ဆိုရင်း  သူ့ဆီကို လူနာတင်ကားလွှတ်ဖို့ပြောနေတယ်...သူ့မှာမျက်ရည်တွေလည်းရွှဲလို့. . တစ်ဆက်ထဲသူပြောတဲ့စကားတွေက လူတစ်ယောက်အခန်းထဲမှာ သေကြောင်းကြံစည်မှုလုပ်နေလို့  လူနာတင်ယာဉ်ချက်ချင်းလွှတ်ပေးဖို့ရယ် လိပ်စာရယ်ပေါ့... တစ်ဘက်က မေးတယ်  သေကြောင်းကြံတာဘယ်သူလဲတဲ့ ...အဲ့ဒီမှာ ဖုန်းဆက်တဲ့သူက ဖြေတယ်.. ကျွန်တော်ကိုယ်တိုင်ပါပဲတဲ့.... အဲ့ဒီအခန်းပြီးတော့  ဖုန်းဆက်တဲ့သူဟာ လက်ဆွဲအိတ်တစ်လုံး ကားတစ်စီးနဲ့ လူတစ်ချို့ဆီကိုသွားတယ်..အလုပ်နဲ့ပတ်သက်တာပြောတယ်. .ဒါပေမယ့် သူ့မျက်လုံးတွေထဲမှာ ကြေကွဲဝမ်းနည်းမှုတွေ နောင်တတွေပြည့်နှက်နေတယ်. ..တစ်ခါတစ်ရံ ဖုန်းဆက်ပြီး တခြားသူကို အကြောင်းမဲ့ဆဲဆိုတယ်..အချိန်တော်တော်များများမှာတော့ တခြားသူတွေရဲ့လိုအပ်ချက်ကိုလိုက်ရှာပြီးဖြည့်ဆည်းပေးနေတယ်. ..ကြည့်ရတာ သူလုပ်ချင်တာရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ကောင်းတာဖြစ်မလား ဆိုးတာဖြစ်မလား ဝေခွဲရခက်နေတဲ့ပုံပဲ... ဒီဇာတ်ကားက ပြောရရင် ဇာတ်ကားအလည်လောက်ထိ  Will Smith ဘာလုပ်ချင်တာလဲ ...သူဘာဖြစ်နေတာလဲ လိုက်ဖမ်းနေရတယ်.. .နောက်ပြီးတော့ သူ့ရဲ့သရုပ်ဆောင်မှု...ဒီကားဟာ သူတစ်ယောက်ထဲသရုပ်ဆောင်နေသလားတောင်ထင်နေရတယ်... တခြားနာမည်ကြီးသရုပ်ဆောင်တွေပါပေမယ့် သူ့ရဲ့လွမ်းမိုးမှုကြောင့် မြှုတ်နေသလိုဖြစ်နေတယ်. ..ဒါကြောင့်လည်းသူဟာ အကောင်းဆုံးမင်းသားဆုရခဲ့တဲ့အပြင်  BET Award for Best Actor ဆုကိုပါထပ်မံရရှိခဲ့ပါတယ်.. ..သူဟာသေကြောင်းဘာကြောင့်ကြံရတာလဲ...ပြီးတော့လူတွေကိုဘာလို့လိုက်တွေ့ပြီးကူညီပေးနေရတာလဲ ဆိုတာကို ခံစားကြည့်လိုက်ပါဦး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric  Lynn  Khant ဖြစ်ပါတယ်... File Size : (850 MB) and (349 MB) Quality : Blu-Ray 720p Format…mp4 Duration…02:03:00 Genre ...
movie

Seven Pounds(2008)

2008