Channel Myanmar

Michael Gaston

Body of Lies (2008) 7.0
Body of Lies (2008)   IMDb 7.1 ရတဲ့ကားလဲဖြစ် လီယိုနာဒိုရဲ့ကားလည်းဖြစ်နေတဲ့အတွက်အထူးတလည်ညွှန်းစရာမလိုဘဲ ဘယ်လောက်ကောင်းလဲ မှန်းကြည့်နိုင်ပါတယ်။အကြမ်းဖက်အဖွဲ့ခေါင်းဆောင်နောက်ကို လိုက်နေတဲ့ စီအိုင်အေ အေးဂျင့်(လီယိုနာဒို) ဟာ သူ့ရဲ့ အမေရိကန် အထက်အရာရှိရဲ့ သံသယဖြစ်ဖွယ်အမိန့်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရောထွေးနေတဲ့အချိန်မှာ အခက်အခဲတွေကြားထဲကနေ ဇာတ်ကားဟာ လှည့်ကွက်ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်လို့ ကောင်းလွန်းတဲ့အတွက် အညွှန်းနဲ့ spoiler ဖြစ်အောင် မလုပ်တော့ပါဘူး။ ကြည့်လိုက်ကြပါဦး။(အညွန်းရေးသူကတော့  Little Neo ပဲ ဖြစ်ပါတယ်) File size…(3 GB)/(2 GB) Quality….Web-DL 1080p / 720p Format…mp4 Duration….02:08:00 Genre...Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson 
movie

Body of Lies (2008)

Mind the Gap (2004) 7.0
Mind the Gap (2004) Mind The Gap ဆိုတဲ့စာသားလေးဟာ လန်ဒန်မြို့က ရထား‌ဘူတာက ပလက်ဖောင်း‌တွေပေါ်မှာ တွေ့ရတတ်တဲ့စာသားလေးတစ်ခုပါ။ ရထားနဲ့ ပလက်ဖောင်းကြားမှာ အဟတစ်ခုရှိတာကြောင့် ရထားကို အတက်အဆင်းလုပ်တဲ့နေရာမှာ ဂရုစိုက်ပါ၊ သတိထားပါလို့ သတိပေးတဲ့စာသားလေးဖြစ်တယ်။ ဒီစာသားလေးကို အစွဲပြုပြီး လန်ဒန်ကလူတွေက တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ပါလို့ပြောကြတဲ့အခါမှာ Mind The Gap ဆိုပြီးပြောလေ့ရှိကြပါတယ်။ဂရုစိုက်ပါဆိုတဲ့အတိုင်းပဲ ဒီရုပ်ရှင်လေးဟာ ကိုယ်ဂရုစိုက်တဲ့သူတွေ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ့်အတွက်အရေးပါတဲ့သူတွေအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်လေးထဲမှာ နေထိုင်ရာနေရာ၊ အသက်အရွယ်၊ အခြေအနေ လုံး၀ မတူညီတဲ့ တစ်ဦးနဲ့တစ်ဦး လားလားမှ မသက်ဆိုင်တဲ့ လူငါးယောက်ဟာ ပျော်ရွှင်မှုကိုရှာဖွေဖို့ သူတို့ဘ၀အတွက် အပြောင်းအလဲ ကြီးကြီးမားမားတွေကိုဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို အရဲစွန့်ပြီး ပြုလုပ်ကြရတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ဒီလူငါးယောက်ထဲမှာ ပထမဆုံးမိတ်ဆက်ပေးချင်တဲ့သူက‌ နယူးယောက်မြို့ထဲမှာ နေရာတစ်ခုကိုရှာဖို့ စမ်းတဝါးဝါးနဲ့သွားနေတဲ့ အသက် ၈၀ ကျော်အရွယ် နှေးတိနှေးကွေး လူ့ဂွစာအဖိုးကြီးပါ။ ဒီ စိတ်ဆိုးမာန်ဆိုးနဲ့အဖိုးကြီးက ဘယ်လောက်ဂွကျလဲဆိုတော့ ...
movie

Mind the Gap (2004)

First Reformed (2017) 7.1
First Reformed (2017)  ဒီဇာတ်ကားလေးကတော့ မင်းသားကြီး Ethan Hawke ပါဝင်ထားတဲ့ psychological drama လေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဖာသာတိုလာဟာ အရွယ်ကောင်းစဉ်က စစ်တပ်ထဲကသင်းအုပ်ဆရာဖြစ်ပါတယ်။ မိန်းမဖြစ်သူသဘောမတူတဲ့ကြားက သားဖြစ်သူကို စစ်မှုထမ်းပြီး စစ်တိုက်ထွက်ဖို့ ကိုယ်တိုင် တိုက်တွန်းခဲ့ရာကနေ သားဖြစ်သူ စစ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့အတွက် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ စစ်ထဲကထွက်လာပြီး ဘုရားကျောင်းလေးတစ်ခုမှာ ရောဂါအခံလေးရှိလာတဲ့ သူ့ဘဝကို ဘယ်လိုကြိုးစား ရုန်းကန်းဖြတ်သန်းနေရလဲ ဆိုတာကို ဆွတ်ပျံ့ကြေကွဲဖွယ် ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။IMDb Rating 7.1/10 ရရှိထားပြီးတော့ Tomatometer မှာ 94 % တောင် ရရှိထားတဲ့အပြင် ဇာတ်လမ်းလေးက အေးအေးငြိမ်ငြိမ်နဲ့ သွားထားပြီး ကင်မရာရိုက်ကူးတင်ဆက်ပုံကောင်းတဲ့အပြင် မင်းသားကြီး Ethan ရဲ့ သရုပ်ဆောင်ပီပြင်ကောင်းမွန်မှုကြောင့် မှတ်ချက်ကောင်းတွေရထားတဲ့ဇာတ်ကားဆိုလည်း မမှားတဲ့အတွက် ကြည့်ရကျိုးနပ်တဲ့ကားလေးဖြစ်မှာပါ။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပြီး ဘာသာပြန်အမှားအယွင်းရှိရင် ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။ File size…(1.1 GB)/(801 Mb) Quality….Webrip 1080p / ...
movie

First Reformed (2017)

The Crucible (1996)
The Crucible (1996) ဒီဇာတ်လမ်းလေးကတော့ အယူသီးမှုကနေ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို ရိုက်ကူးထားတာပါ။ တွေးရင် တွေးနိုင်သလောက် ပညာရစေတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်တယ်။ တကယ်တော့ အပြင်လောကမှာရှိတဲ့စေတန်ထက် မိမိကိုယ်တွင်းစိတ်ယုတ်ကသာလျှင် စေတန်အစစ်အမှန်ပဲဖြစ်တယ်။ ၁၆ရာစုဝန်းကျင်ခန့်က ဆေလန်ပြည်နယ်မှာ စုန်းအတတ်ကျင့်သုံးတယ်ဆိုတဲ့ စွဲချက်နဲ့ လူ၂၀၀ကျော်ခန့် အစွပ်စွဲခံခဲ့ရပြီး အပြစ်မဲ့သူ ၁၉ယောက်သေဒဏ်ကျခံခဲ့ရပါတယ်။ The Crucibleရုပ်ရှင်ကတော့ ဒီဆေလန်ပြည်ဖြစ်စဥ်ကို ကျောရိုးယူပြီး ရိုက်ကူးထားတာပါ..။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဂေးဝီလီယမ်အပါအဝင် အမျိုးသမီးငယ်အများအပြားက အုပ်စုဖွဲ့ပြီး တဖက်သတ်ချစ်တဲ့ယောကျ်ားတွေရဲ့ အချစ်ကိုရဖို့ တောထဲမှာ ဂါထာတွေရွတ်ပြီး ကခုန်ကြတယ် ။ အဲဒီအချိန်မှာ ခရစ်ယာန်ဘုန်းတော်ကြီးပါးရစ်က တူမဖြစ်တဲ့အက်ဘီဂေးနဲ့ သမီးဖြစ်တဲ့ဘတ်တီတို့ကို တွေ့သွားခဲ့တယ်။ အသက်ငယ်သေးတဲ့ ဘတ်တီက ကြောက်အားလန့်အားနဲ့ မေ့လဲရာကနေ တစ်ရွာလုံးမှာ စုန်းပြုစားခံရတယ်ဆိုတဲ့ သတင်းပြန့်သွားခဲ့တယ်။ အက်ဘီက ဒီအခွင့်အရေးကို အသုံးချပြီး  အိမ်ထောင်သည်ဂျွန်ပရော့တာနဲ့ ပေါင်းဖက်ရဖို့ ကြိုးစားတော့တယ်။ အက်ဘီအပါအဝင် တခြားမိန်းမငယ်လေးတွေအားလုံး စေတန်လက်က လွတ်လာတာမို့ စေတန်နဲ့ပက်သက်သူတွေကို သိထားပါတယ်ဆိုရာကနေ...ဆေလန်ပြည်တစ်ပြည်လုံးက အက်ဘီရဲ့တပ်မက်မှုလောဘစိတ်တွေနဲ့ ကြိုးကိုင်မှုအောက်ကို ကျရောက်သွားခဲ့တယ်။ ...
movie

The Crucible (1996)

Stay(2005) 6.7
Stay(2005) Stay (2005)==========Ryan Gosling Ewan McGregor တို့လိုဝါရင့်သရုပ်ဆောင်ကြီးများပါ၀င်ထားတဲ့ThrillerMystery ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေဆမ် ဖော်စတာဟာစိတ်ရောဂါကုဆရာ၀န်တယောက်ပါ။တနေ့မှာ ဟင်နရီဆိုတဲ့ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့အနုပညာကျောင်းသားလေးတယောက်ကသူ့ဆီကိုရောက်လာခဲ့တယ်။ထူးဆန်းတာကဟင်နရီရဲ့အဖြစ်အပျက်တွေ အခြေအနေတွေကတခုမဟုတ်တခုထူးဆန်းနေတယ်။ အနာဂတ်ကိုကြိုပြောနိုင်တာမျိုး‌တွေလည်းရှိသလို ဆမ်နဲ့တခြားလူ‌တွေရဲ့တချို့အကြောင်းကိစ္စတွေကိုမပြောပဲသိနေတာတွေကအစရှိနေတယ်။ဟင်နရီကသူ့ကိုယ်သူ၃ရက်အတွင်းအဆုံးစီရင်တော့မယ်လို့ပြောပြီးနောက်မှာတော့ဆမ်တယောက်ဟင်နရီ့ကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ဟင်နရီရဲ့အတွေးကမ္ဘာ အတုအယောင်ဆိုတာကနေကယ်ဖို့ကြိုးစားရင်း ဆမ်ကရောကိုယ့်ရဲ့ဖြစ်တည်မှုကိုအစစ်အမှန်လားမေးခွန်းထုတ်ရတဲ့အထိဖြစ်လာတဲ့အခါမှာတော့ဘာကအမှန်လဲဘာကအမှားလဲဘာကတကယ့်အစစ်အမှန်ဖြစ်ပေမယ့်ဘာကကိုယ့်စိတ်ကကိုယ့်ကိုလှည့်စားနေတာဖြစ်နေတာလဲ?ဟင်နရီ့ကိုရောကယ်တင်နိုင်ပါ့မလားဆိုတာကိုstay ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးပါဦး။  File size…1.26GB / 562MB Quality…Blu-Ray 1080p5.1CH  / 720p Format…mp4 Duration….1h 39m Genre .....Drama , Thriller , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Stay(2005)

Togo (2022) 5.9
Togo (2022)    Netflix ကထုတ်တဲ့စပိန်စကားပြောကားလေးပါ Togo ဟာ‌ခြေတစ်ဖက်ဆာ‌နေတဲ့အိမ်ခြေရာမဲ့အဖိုးအိုတစ်ယောက်ပါ။ သူဟာ သူ့အပိုင်လို့သတ်မှတ်ထားတဲ့အကွက်မှာ လာရပ်တဲ့ကားတွေကို စောင့်ကြည့်ပေးရင်း အသက်‌မွေးရသူပါ။တစ်နေ့မှာတော့ အိမ်ကနေထွက်ပြေးလာတဲ့ မိန်းကလေးတစ်ယောက်ဟာ သူအလုပ်လုပ်တဲ့နေရာကိုလာနေရာကနေ Togo လည်းသမီးတစ်ယောက်လိုသံယောဇဉ်တွယ်မိပါတယ်။ တစ်ချိန်တည်းမှာပဲ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းဟာ နယ်မြေချဲ့ထွင်လာပြီး Togo ကိုသူတို့နဲ့ပူပေါင်းဖို့ အတင်းအကျပ်တိုက်တွန်းပါတယ်။Togo ကလည်း သူ့နယ်မြေလို့သတ်မှတ်ထားတဲ့ ရပ်ကွက်ကိုကာကွယ်ပေးဖို့ကြိုးစားရာကနေ မူးယစ်ဂိုဏ်းနဲ့ထိပ်တိုက်ရင်ဆိုင်ရဖို့ဖြစ်လာရပါတော့တယ်။File size…2.38 Gb / 998Mb / 481MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:53:00 Genre...Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Togo (2022)

High Crimes (2002) 6.3
High Crimes (2002)    ကလဲရ် ကုဘစ်ဟာ သိပ်ကို တော်တဲ့ အမျိုးသမီး ရှေ့နေတစ်ယောက်ပါ။ သူ့ရဲ့ အမျိုးသား တွမ်နဲ့အတူ အေးအတူပူအမျှ နေထိုင်နေသူပေါ့။ ဒါပေမဲ့ တစ်နေ့မှာ အမေရိကန်စစ်တပ်ဟာ သူ့ရဲ့ အမျိုးသားကို ရုတ်ချည်း ဖမ်းဆီးခဲ့ပြီး သူ့အမျိုးသားဟာ တွမ် ကုဘစ်မဟုတ်ဘဲ။ ရွန် ချက်မန်းလို့ အမည်ရတဲ့ တပ်ပြေးတစ်ယောက်လို့ ဆိုလာပါတယ်။ပိုဆိုးတာက ရွန်ချက်မန်းဟာ လူအစုလိုက် အပြုံလိုက် သတ်မှုနဲ့ သေဒဏ်ကျမယ့် တရားခံဖြစ်နေတာပါပဲ။ သို့ပေမဲ့ ဒါတွေဟာ မဟုတ်မမှန် စွပ်စွဲချက်မှန်း သိလိုက်ရတဲ့အပြင် သူ့ရဲ့ အမျိုးသားကို တရားဆိုင်ဖို့ စစ်တပ်က အညတရ ရှေ့နေတစ်ယောက်သာ ချပေးထားတဲ့ အချိန်မှာ ကလဲရ်ဟာ ချာလီဆိုတဲ့ စစ်ထွက် တပ်သားဟောင်းကြီးရဲ့ အကူအညီနဲ့ စစ်တစ်တပ်လုံးနဲ့ မိန်းမတစ်ယောက် အကြိတ်အနယ် တရားရေးရာတွေ စတင်ပါတော့တယ်။ဒီဇာတ်လမ်းမှာ မင်းသမီး Ashley Jadd က ကလဲရ်၊ ...
movie

High Crimes (2002)

A Mouthful of Air (2021) 6.0
A Mouthful of Air (2021) A Mouthful of Air (2021)===================IMDb Rating - 6.0/10ဂန္တဝင် ရုပ်ရှင် Mamma Mia ထဲမှမင်းသမီး Amanda ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းလေး ဟာဆိုရင်ဖြင့် IMDb 6 အထိရရှိထားတဲ့ အမေရိကန် Drama အမျိုးအစားလေးပဲ ဖြစ်ပါတယ်။ ကဲ ဒါဆိုရင် ဇာတ်လမ်းအကျဥ်းလေးကိုမိတ်ဆက်ပေးချင်ပါတယ် . . . ဂျူးလီဟာ ကလေးတွေရဲ့အကြောက်တရားတွေကို ဖျောက်ဖျက်ပေးနိုင်ပြီး နှစ်လိုဖွယ်ကောင်းတဲ့အပြင် နွေးထွေးမှုကိုပါဆောင်ကျဥ်းပေးနိုင်တဲ့ စာရေးဆရာမတစ်ယောက်ပါ။ သူဟာ မထင်မရှား သာမန်စာရေး ဆရာမ လုံးဝ မဟုတ်ပါဘူး။ သူရေးသမျှစာအုပ်တိုင်းက best-selling ဖြစ်တဲ့အထိကို  အောင်မြင်ကျော် ကြားတဲ့ စာရေးဆရာမတစ်ဦးပါ။ အခုလိုမျိုး ဂျူလီတစ်ယောက် စာတွေရေးရင်း ကလေးတွေရဲ့ အကြောက် တရားကို ပျောက်ကွယ်အောင် လုပ်နိုင်ပေမယ့်လည်း သူရဲ့တစ်ဘဝလုံးကို နှောင့်ယှက်နေတဲ့ လျှို့ဝှက်တံခါး ကိုတော့ မဖွင့်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ မိခင်တစ်ဖြစ်လဲ ဂျူးလီမှာ ဒုတိယရင်သွေးလေးထပ်ရလာတဲ့အခါ သူရဲ့ အကြောက်တရားက ကြီးစိုးလာပြီးတော့ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြားစစ်ပွဲကိုတိုက်ခိုက်ရပါတော့တယ်။ ဒါဆိုရင် ဂျူးလီရဲ့ ...
movie

A Mouthful of Air (2021)

2021
Spenser Confidential (2020) 6.3
Spenser Confidential (2020) Confidential(2020) အားလုံးစောင့်မျှော်ခဲ့ကြတဲ့ မင်းသားMark Wahlberg ရဲ့ Spenser Confidential ရုပ်ရှင်ဖြစ်ပါတယ်။အမေရိကန် comedy-thriller ရုပ်ရှင်အမျိုးအစားပါ။ဒါရိုက်တာ Peter Berg ရိုက်ကူးထားပြီးNetflix Production က ထုတ်လုပ်ဖြန့်ချီထားပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် Mark Wahlberg ရဲ့ ပထမဦးဆုံး Netflixရုပ်ရှင်ကားပါ။အမေရိကန်ရက်ပ်ပါ Post Malone တစ်ယောက် ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ဒီဇာတ်လမ်းမှာ ဘော်စတွန်မြို့ရဲ့ရဲအရာရှိတစ်ယောက်ဖြစ်တဲ့Spenser ဟာ အကျင့်ပျက်ခြစားနေတဲ့ သူ့အထက်အရာရှိကိုကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ထောင်ထဲမှာ ငါးနှစ်နေခဲ့ရတယ်။Spenser က ထောင်ကထွက်လာပြီးတဲ့အချိန်မှာ ဘော်စတွန်မြို့ကနေထွက်သွားပြီးထရပ်ကားမောင်းသူအဖြစ် ဘဝအသစ်ပြန်စတော့မှာပါ။ဒါပေမယ့် သူ ထောင်ကထွက်လာပြီးတဲ့ နောက်နေ့မှာရာဇဝတ်မှုတစ်ခုရုတ်တရက်ပေါ်ပေါက်လာခဲ့တယ်။အဲ့ဒီရာဇဝတ်မှုရဲ့ ရှုပ်ထွေးပွေလီမှုကို တွေ့ရှိလိုက်ရတဲ့Spenser တစ်ယောက် အမှန်တရားကို ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ File ...
movie


Togo (2019) 8.3
Togo (2019) Disneyကနေထွက်လာတာရက်ပိုင်းပဲရှိသေးတဲ့ တကယ်ကောင်းပြီး နာမည်ကြီးဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ Dramaကားတစ်ကားပါ။ လက်ရှိ IMDb rating 8.3 ခရမ်းချဉ်သီးမှာ 94%နဲ့ reviewကောင်းတွေရထားပါတယ်။ တိုဂိုဆိုတာအလက်စကာရဲ့ နုံးဆိုတဲ့ရွာသာသာ‌နေရာလေးကစွတ်ဖားခွေးတစ်ကောင်ပါ။ အဲ့နယ်တစ်ခွင်မှာ အတော်ဆုံးနာမည်ကြီး စွတ်ဖားလှည်းခေါင်းဆောင်ခွေးပေါ့။ သူ့သခင် ဆပါလာလည်း နာမည်ကြီးစွတ်ဖားမောင်းသမားတစ်ယောက်။ 1925ခုနှစ် သေလောက်အောင်အေးတဲ့အလက်စကာရဲ့ ဆောင်းရာသီမှာ ကလေးတွေဆုံဆို့နာဆိုတဲ့ ကူးစက်ရောဂါဖြစ်ပြီး သေကြတယ်။ အဲ့ရောဂါအတွက်ဆေးက သူတို့ရွာကနေအသွားအပြန်မိုင်၆၄၀လောက်ဝေးတဲ့နေရာကိုပဲ ပို့နိုင်တယ်။ အဲ့အချိန်မှာမုန်တိုင်းကလည်းတိုက်နေတော့ စွတ်ဖားလှည်းနဲ့ပဲသွားယူလို့ရမယ်။ ဒီလိုအချိန်မှာ အဲ့မုန်တိုင်းထဲမှာအသက်ရှင်လျက်သွားပြီး ပြန်လာနိုင်မယ့်သူဆိုလို့ တိုဂိုခေါင်းဆောင်တဲ့ ဆပါလာရဲ့စွတ်ဖားပဲရှိတော့တယ်။ ဒီလိုနဲ့ ရောဂါဖြစ်ပြီးသေတော့မယ်ကလေးတွေအတွက် ဆပါလာဟာ အသက်၁၂နှစ်ရှိနေတဲ့ခွေးအိုကြီးတစ်ကောင်ကို ဦးဆောင်ခိုင်းပြီး အေးခဲလှတဲ့မုန်တိုင်းထဲ ဆေးယူဖို့တိုးဝင်ရပါတော့တယ်။ ဆပါလာတစ်ယောက်ဆေးကိုယူပြီး အသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား သူပြန်လာရင်ရော တိုဂိုဆိုတဲ့ခွေးအိုကြီးရော အသက်ရှင်လျက်ပါလာပါ့မလားဆိုတာ စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမှာပါ။ ဒီကားမှာဒိတ်ဒိတ်ကြဲမင်းသားကြီး Willem Dafoeဦးဆောင်ပြီး Cinematographyကျွမ်းကျင်လှတဲ့ Ericson Core ဒါရိုက်တာလုပ်ထားတာကြောင့်လည်း တကယ်ကိုကြည့်လို့ကောင်းတဲ့အပြင် တိုဂိုရဲ့ငယ်ဘဝကိုရော အခုလက်ရှိဖြစ်နေတာတွေကိုပါပေါင်းစပ်ပြသထားလို့ တစ်ကားလုံး လုံးဝအီမနေပဲ တစ်ချို့အခန်းတွေဆိုအသဲတယားယားနဲ့ကြည့်ရှုရမှာပါ။ ကြည့်ပြီးနောင်တရမယ့်ကားတစ်ကားမဟုတ်တာကြောင့် ရှယ်ညွှန်းပေးလိုက်ရပါတယ်။File Size ...
movie

Togo (2019)

2019
Ransom(1996) 6.6
Ransom(1996) Ransom(1996) IMDb...6.6,,,Rotten...76% ဒီကားကိုကြည့်နေတဲ့ ခင်ဗျားဟာ  ဇာတ်လမ်းစပြီး မိနစ်(၂၀)လောက်မှာ တစ်ကားလုံးခြုံငုံသုံးသပ်မိသွားပြီ. ..ဘာလို့ဆို စစချင်း အဓိက သရုပ်ဆောင်ဖြစ်တဲ့ မဲလ်ဂစ်ဆင်ရဲ့ အကြောင်းကိုစပြတယ်.. သူဟာ လူချမ်းသာတစ်ဦးဖြစ်တယ် ချစ်စရာဇနီးလေးနဲ့ လိမ္မာတဲ့သားလေးတစ်ယောက်ရှိတယ်.. သိပ်မကြာဘူး သူ့ရဲ့သားကိုပြန်ပေးဆွဲတယ်..ပြန်ပေးဆွဲသူက ဒေါ်လာ သန်း(၂၀)နဲ့ကလေးကို လာရွေးဖို့ပြောတယ်... ကလေးကိုပြန်ရွေးဖို့ ရဲတွေနဲ့အလုပ်ရှုတ်ကြတယ်. ..ဒီမှာတင်ခင်ဗျားဟာ သမရိုးကျကားလို့ ဒီကားကို သုံးသပ်မိလိမ့်မယ်.. ..အဲ့အတွေးဟာ နောက်ပိုင်းမှားယွင်းကြောင်းတဖြည်းဖြည်းပြသွားလိမ့်မယ်.. .ဒါရိုက်တာဟာ ခင်ဗျားမမျှော်လင့်တဲ့ ဖြစ်ရပ်တွေ ခင်ဗျားမမြင်မိ မတွေးမိ တဲ့ ရှုထောင့်တွေကို တစ်စစီဆွဲထုတ်ပြလိမ့်မယ်.. . ဖခင်တစ်ယောက်ရဲ့နေရာမှာ ခင်ဗျားတို့ဆိုရင်ရော ဘယ်လိုလုပ်မလဲ..မဲလ်ဂစ်ဆင်ရဲ့လုပ်ရပ်တွေဟာ ဖြစ်သင့်လား .. .ဒါမှမဟုတ် ခင်ဗျားတို့ကရော သူ့လုပ်ရပ်ကိုထောက်ခံမှာလား. .. ကျွန်တော်တို့ လူငယ်တွေကြား ပြောတတ်တဲ့စကားလေးရှိတယ် ဒီကိစ္စက မင်းထင်သလောက်မရိုးရှင်းဘူးကွဆိုတဲ့စကားကို ဒီမှာလည်း ယူသုံးရမယ်ထင်တယ် . ..ဒီကားကလည်း ခင်ဗျားတို့ထင်သလောက်မရိုးရှင်းဘူးဗျ.... File Size : (900 MB) and (338 MB) Quality : Blu-Ray 720p Format…mp4 Duration…02:01:00 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded ...
movie

Ransom(1996)

1996
Hackers (1995) 6.2
Hackers (1995)  ဆယ်ကျော်သက် ဟက်ကာတစ်ယောက်က အဓိကကော်ပိုရေးရှင်း တစ်ခုဆီကဒေါ်လာသန်းချီခိုးယူမှုအတွက် သူခိုးဟု စွပ်စွဲခံနေရမှန်း သူ့ကိုယ်သူ ရှာဖွေတွေ့ရှိသွားတယ်။ ဟက်ကာခေါင်းဆောင် Dade Murphy, Zero Cool, Crash Overrideလို့နာမည်များစွာ တွင်တဲ့သူကသူ့အသက်၁၁နှစ်တုန်းက လမ်းဘေးကျွန်ပြူတာစနစ် ပေါင်း၁၅၀၀ကျော်ကို ဖျက်ဆီးပစ်ခဲ့လို့၇နှစ် ဖုန်း ကျွန်ပြူတာ ဘာစက်ပစ္စည်းမှ မကိုင်ရ အမိန့်ကျခဲ့တယ်။ခုတော့ မော်နီတာရဲ့ရှေ့ကို နောက်တစ်ခေါက် စိတ်အားထက်သန်စွာ ပြန်ရောက်လာရတော့ဘာတွေ ဘယ်လို ဆက်ဖြစ်မလဲဆိုတာ……………မင်းသားမင်းသမီးအတော်များရဲ. ငယ်စဉ်ပုံပန်းသွင်ပြင်တွေကိုလည်းတစ်ဝကြီးကြည့်ရမှာဖြစ်ပါတယ်။  (ဘာသာပြန်သူကတော့ Neve Luna ပါ)  File Size : (800 MB) and (350 MB) Quality : 720p Bluray Running Time : 1hr 47min Format : Mp4 Genre : Comedy, Crime, Drama Subtitle : Myanmar Subtitle ...
movie

Hackers (1995)

1995