Channel Myanmar

Michael Genevie

My Cousin Vinny (1992)
My Cousin Vinny (1992) နယူးယောက်မြို့တော်ကကောလိပ်ကျောင်းသားတွေဖြစ်တဲ့ ဘီလ်နဲ့စတန်တို့သူငယ်ချင်းနှစ်ယောက်ဟာ အယ်လာဘားမားကိုဖြတ်မောင်းလာရင်း ကုန်စုံဆိုင်တစ်ခုမှာဈေးဝင်ဝယ်ဖြစ်ပါတယ်။ သူတို့ထွက်သွားပြီးတဲ့နောက်မှာ စတိုးဆိုင်စာရေးလုယက်သတ်ဖြတ်ခံရပေမယ့်သူတု့ိမသိခဲ့ကြပါဘူး။တစ်ခုရှိတာက ဘီလ်ဟာ တူနားငါးသေတ္တာတစ်ဘူးကိုအလစ်သုတ်လာမိပါတယ်။နောက်ကရဲတွေလိုက်လာတဲ့အချိန်မှာရောသူတို့ကိုဖမ်းပြီး ရဲစခန်းမှာစစ်မေးနေတဲ့အချိန်မှာကော တူနားငါးသေတ္တာတစ်ဘူးအလစ်သုတ်မှုကြောင့်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းမှာ သူတို့ကို စတိုးဆိုင်စာရေးသတ်မှုနဲ့ကြံရာပါအဖြစ် စွပ်စွဲဖမ်းဆီးထားတာပါ။သူတို့က ဝန်ခံမိရက်သားဖြစ်နေတဲ့အပြင် အထောက်အထားတွေအရလည်းသူတို့ကိုပဲညွှန်ကြနေတဲ့အတွက် အယ်လာဘားမားရဲ့ အလွန်တင်းကျပ်ပြီးကြမ်းတမ်းတဲ့ဥပဒေအရပြစ်မှုထင်ရှားရင် သေဒဏ်နဲ့မလွဲမသွေကြုံရတော့မယ့်အခြေအနေမှာ သူတို့အတွက်ကယ်တင်ရှင်ပေါ်လာပါတော့တယ်။ အဲ့ဒီလူကတော့ဘီလ်ရဲ့ကာဆင်တစ်ယောက်ဖြစ်တဲ့ ဗင်နီဆိုတဲ့ရှေ့နေပါပဲ။ရှေ့နေကျောင်းကိုခြောက်နှစ်တက်ခဲ့တဲ့၊ ဘယ်လိုတရားခွင်အတွေ့အကြုံမျိုးမှမရှိတဲ့၊အယ်လာဘားမားအကြောင်း သူတို့အမှုအကြောင်းကို ဘာတစ်ခုမှမသိပဲ ဒိအမှုကနေ သူတို့ကို ဘယ်လိုကယ်တင်မလဲဆိုတာက စိတ်ဝင်စားစရာအကောင်းဆုံးအချက်ဖြစ်နေလို့ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ ဟာသကားဖြစ်နေပေမယ့် ပေါတဲ့ဘက်ကိုမသွားပဲ သဘာဝကျကျဟာသတွေ၊ခိုင်မာတဲ့ဇာတ်လမ်း၊ဇာတ်အိမ်တွေနဲ့တည်ဆောက်ထားတဲ့ Underrated ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အကောင်းဆုံးအချက်ကတော့ ဗင်နီရဲ့ဇနီးလောင်းအဖြစ်သရုပ်ဆောင်ထားတဲ့ Marisa Tomei (tom holland spidey's aunty may) ပါပဲ။နုရွလှပနေတဲ့ အန်တီမေငယ်ငယ်လေးကို တမူထူးခြားတဲ့ဇာတ်ရုပ်နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။  File size…(2 GB)/(1 GB)/(610 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie

My Cousin Vinny (1992)

Are You Here (2013) 5.3
Are You Here (2013)  ဒီဇာတ်လမ်းမှာတော့ Owen Wilson နဲ့ ZachGalifianakis တို့က သူတို့နဲ့ အလိုက်ဖက်ဆုံးဇာတ်ကောင်တွေကို အသီးသီး သရုပ်ဆောင်ထားကြတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်.Owen Wilson ကလည်း သူအပိုင်နိုင်ဆုံး Womanizerဇာတ်ကောင်အဖြစ်နဲ့ Steve Dallas အဖြစ်ပါဝင်ထားသလို Zach Galifianakis ကလည်းအူကြောင်ကြောင်ကျပ်မပြည့် လူနားမလည်တဲ့စကားတွေထထပြောတဲ့ Weirdo ပုံစံမျိုးကို ကြိုးစားစရာမလိုဘဲပြောင်မြောက်ပီပြင်နေခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဘန်ဘိတ်ကာ ရဲ့အဖေ သေဆုံးသွားရာကနေ စပြီး. စတိဗ်အနေနဲ့သူငယ်ချင်းဖြစ်သူကို မိဘအိမ်ရှိရာ ကျေးလက်ကိုလိုက်ပို့ပေးတာကနေ စခဲ့ပါတော့တယ်.အသုဘကို လာရင်းနဲ့ပဲ. အဖေ့ရဲ့ နောက်အိမ်ထောင်မိထွေး၊ အစ်မဖြစ်သူ တယ်ရီ တို့နဲ့အတူသေတမ်းစာကို ဖတ်ကြားရမယ့်အချိန်ကို ရောက်လာပြီးမထင်မှတ်ထားဘဲ ဧကများစွာကျယ်တဲ့လယ်ယာမြေအပြင် မြို့ပေါ်က ကုန်စုံဆိုင်ကိုပါအမွေရခဲ့ချိန်မှာတော့..ဘန်အနေနဲ့. သူ့ဘဝရဲ့ ရည်ရွယ်ချက်အသစ်ကိုရှာဖွေချိန်တန်ပြီဟု ယူဆပြီး လယ်ယာမြေနဲ့ စတိုးဆိုင်ကိုပြောင်းလဲဖို့ ကြိုးစားချိန်မှာတော့ သူ့ရဲ့လုပ်ရည်ကိုင်ရည်အပေါ်မူတည်ပြီး အိမ်ခြံမြေပိုင်ဆိုင်ခွင့်အတွက်အစ်မဖြစ်သူ နဲ့ တိုက်ပွဲဝင်ရပုံများ၊ လူအများလိုက်မမီနိုင်တဲ့ အကြံဉာဏ်တွေကို လူအများ နားလည်အောင်စည်းရုံးရပုံများ၊ စတိဗ် ...
movie

Are You Here (2013)

That Darn Cat (1997) 6.0
That Darn Cat (1997) [Unicode]That Darn Cat(1997)ဆရာသမားတို့ အိမ်ကမြောင်မြောင်လေးကအိပ်လိုက်စားလိုက်နဲ့ ကြွက်တောင် မခုတ်လို့ အသုံးမကျဘူးလို့ ထင်နေပါသလားဒီလိုဆိုရင်တော့ မှားမယ်နော်မြောင်မြောင်လေး စွမ်းဆောင်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်ဒီဇာတ်ကားလေးထဲ ကြည့်လိုက်ရအောင်... ဇာတ်လမ်းအစမှာတော့ ပြန်ပေးဆွဲတဲ့သူနှစ်ယောက်က သူဌေးမကြီးနဲ့ အိမ်ဖော်အဒေါ်ကြီးကို မှားပြီး ပြန်ပေးဆွဲတာကနေစထားပါတယ်ထိုမြို့ငယ်လေးက ဆယ်ကျော်သက်ကောင်မလေးဆီမှာ ဒီစီလို့ခေါ်တဲ့ မြောင်မြောင်လေးတစ်ကောင်ရှိပါတယ်ဒီစီက ဆရာသမားတို့အိမ်ကမြောင်မြောင်လိုပဲ အိပ်လိုက်စားလိုက်ပေါ့ဗျာအဲ့ဒီအပြင်ကို ည ၈ နာရီဒေါင်ခနဲထိုးတာနဲ့ တစ်မြို့လုံးလျောက်ပတ်တတ်သေးတယ်ဒီလိုပတ်ရင်းနဲ့ တစ်နေ့တော့.....အိပ်လိုက်စားလိုက် မြို့ပတ်လိုက်ပဲလုပ်နေတဲ့ ဒီစီလေးဆီကနေတွေ့တဲ့အရာတစ်ခုကနေပိုင်ရှင်ဆယ်ကျော်သက်ကောင်မလေးနဲ့ ထိုမြို့က လုပ်တိုင်းလွဲနေတဲ့ စုံထောက်တစ်ယောက်ဒီအမှု့ကို ဘယ်လိုမျိုး ဖော်ထုတ်ကြမလဲဆိုတာ ဟာသဆန်ဆန် ကြည့်ရမှာပါဒီကားကြည့်ပြီး အိမ်ကမြောင်မြောင်ကိုဒီစီလို အတင်းတွေအပြင်ပေးမသွားနေဖို့လည်း ကြိုပြောချင်ပါတယ်ဗျို့ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Amelia ပါ )Quality__1080p , 720p IMDb Rating__6.0/10 Format__mp4 Duration__01:30:00 Type__Comedy , Family Subtitle__Myanmar Subtitle (Hardsub) Translated by Amelia Encoded by Naing Aung Latt
movie

That Darn Cat (1997)

1997