Channel Myanmar

Michael Jai White

Universal Soldier: The Return (1999) 4.2
Universal Soldier: The Return (1999) ဒီ​ရုပ်ရှင်​က Universal Soldier (1992) ရဲ့အဆက် ဇာတ်​လမ်း​ဖြစ်ပြီး ဗန်ဒိန်းက အဓိက​ဇာတ်​ကောင်​ Luc အဖြစ် သရုပ်ဆောင်​ထားပါတယ်။ ပထမ​ရုပ်ရှင်​အပြီး နှစ်အတန်ကြာကာလမှာ ဇာတ်​အိမ်တည်ထားတာဖြစ်ပါတယ်။၁၉၉၂ ဇာတ်ကား​နဲ့ အခု ၁၉၉၉၊ ဇာတ်ကား​ကြားမှာ ထွက်​ရှိ​ခဲ့တဲ့ Universal Soldier​ နှစ်ကား​ကတော့​ ရုပ်​သံ​လိုင်း​အတွက် ရိုက်​ကူးခဲ့တဲ့ဇာတ်ကားတွေဖြစ်ပြီး Luc နေရာမှာ ဗန်ဒိန်း​မဟုတ်​တဲ့အပြင် အဲဒီ​နှစ်ကား​က အဖြစ်​အပျက်​တွေကို အခု Universal Soldier :​ The​ Re​turn မှာ ထည့်​သွင်း​စဉ်းစား​ထားခြင်း​မရှိတဲ့အတွက် Universal Soldier​ franchise ရဲ့ လေးကားမြောက်ရုပ်ရှင်ဖြစ်ပေမဲ့ အထက်​က နှစ်ကား​ကိုပယ်ပြီး ဒုတိယ​မြောက်ဇာတ်ကားအဖြစ် သတ်​မှတ်ရင်​လည်းရပါတယ်။ဇာတ်လမ်း​အကျဉ်းကတော့​ပထမ​ဇာတ်ကား​အပြီး Luc ရဲ့ရန်သူတော် GR 13 သေဆုံး​ပြီးတဲ့နောက်မှာ Luc ဟာ Veronica နဲ့ လက်ထပ်ပြီး သမီးတစ်ဦးဖွားမြင်ပါတယ်။ Veronica ကွယ်လွန်​ပြီးနောက်မှာတော့ Luc ...
movie

Universal Soldier: The Return (1999)

Universal Soldier (1992) 6.1
Universal Soldier (1992) 90 ခုနှစ်​တွေက ထွက်​ရှိခဲ့တဲ့ ဗန်ဒိန်းရဲ့ Universal Soldier​ ဇာတ်ကား​တွေကို ကြည့်ဖူးကြမှာပါ။၁၉၉၂ မှာထွက်ရှိခဲ့တဲ့ ​ဒီဇာတ်ကားက​ Universal Soldier​ ရုပ်ရှင်​တွေရဲ့ ပထမဆုံး​ရုပ်ရှင်​ဖြစ်ပြီး​ Action/Sci-fi အမျိုးအစား​ဖြစ်ပါတယ်။ ဗန်ဒိန်းရဲ့​နာမည်​ကျော်​ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး ငွေကြေး​အရလည်းအောင်မြင်မှုရရှိခဲ့ပါတယ်။ ရုရှား​အာနိုးလို့လူသိများတဲ့ Dolf Lundgren ကလည်း ဗီလိန်​အဖြစ်အပြိုင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်း​အကျဉ်းကတော့ဗီယက်နမ်​စစ်ပွဲ​အတွင်း​မှာ Luc (ဗန်ဒိန်း) နဲ့ ဆာဂျင် Andrew Scott တို့အ​ချင်း​များပြီးပစ်ခတ်ကြရာကနေ နှစ်ယောက်​လုံး​သေဆုံးသွားကြပါတယ်။ သူတို့အလောင်းတွေကို အမေရိကန်​အစိုးရ​က ပြန်​အသက်​သွင်း​ပြီး မှတ်​ဉာဏ်​တွေဖျက်သိမ်းကာ Unisol စစ်သည်တွေအဖြစ် ဖန်တီး​ခဲ့ပါတယ်။ တစ်နေ့မှာတော့ Luc တစ်ယောက်တာဝန်ထမ်းဆောင်နေချိန်မှာ မှတ်ဉာဏ်​ဟောင်းတွေကို သတိရလာပြီး သတင်း​ထောက်​မလေး Veronica Robert နဲ့အတူထွက်ပြေးပါတယ်။ Luc ရဲ့ရန်သူဖြစ်တဲ့ ဆာဂျင်​ Andrew Scott ကလည်း Luc လိုပဲ မှတ်ဉာဏ်​တွေပြန်ရရှိပြီး အထိန်း​အကွပ်မဲ့သွားပါတယ်။ Luc ကိုသတ်ဖြတ်ဖို့ ဆုံး​ဖြတ်​ထားတဲ့ ...
movie

Universal Soldier (1992)

One More Shot (2024) 5.5
One More Shot (2024)  အသတ်အပုတ်ကောင်းတဲ့ ဖိုက်တာမင်းသားကြီး Scott Adkinsအဓိကသရုပ်ဆောင်ထားတဲ့ကားမို့ အက်ရှင်ခန်းတွေကတော့ အများကြီးကြည့်ရတော့မှာပါ...။ ဒီရုပ်ရှင်ဟာ 2021ထွက် one shotရဲ့ sequelပါ...။ဇာတ်လမ်းအကျဥ်းကတော့ ဝါရှင်တန်ဒီစီတစ်မြို့လုံးကို ရေဒီယိုဓာတ်သတ္တိကြွဗုံးဖောက်ခွဲဖို့ အကြမ်းဖက်သမားက ဗုံးပို့ထားပါတယ်...။ဒီအကြမ်းဖက်သမားကိုလည်း ရှေ့ဇာတ်ကားမှာ ဖမ်းဆီးရမိ၊ခေါ်ဆောင်လာပြီးသားပါ...။ဗုံးကဘယ်နားမှာလဲဆိုတာကို စစ်မေးဖို့ပဲကြံပါတယ်...။ဒါပေမဲ့ ပြဿနာက လုံခြုံရေးတွေအထပ်ထပ်ရှိနေတဲ့ကြားကဒီအကြမ်းဖက်သမားကို ပြန်လာဖမ်းတဲ့ကြေးစားလက်နက်ကိုင်အဖွဲ့တစ်ခုထပ်ပေါ်လာပြန်ပါတယ်...။ပစ်ခတ်မှုတွေကြား နိုင်ငံ့မြို့တော်ကြီးတစ်ခုလုံး မီးမြိုက်ခံရမယ့်အရေးကိုဘယ်လိုကာကွယ်မလဲ...အကြမ်းဖက်သမားတွေရဲ့ရည်ရွယ်ချက်အစစ်ကရောဘာဖြစ်မလဲဆိုတာကိုတစ်ဝကြီးခံစားရမယ့်ဇာတ်ကားပါပဲ....။ File size…2.14 GB/ 1.01 GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

One More Shot (2024)

Why Did I Get Married? (2007) 5.9
Why Did I Get Married? (2007) Why Did I Get Married?ဇာတ်ကား နာမည်ကိုက စိတ်ဝင်စားစရာ မေးခွန်းလေးပါ။ငါ ဘာလို့ အိမ်ထောင်ပြုတာလဲ တဲ့။စုံတွဲတွေရော အိမ်ထောင်သည်တွေရော FA တွေရောကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလို့ပြောရင် မှားမဖြစ်ပါဘူး။ကြည့်သင့်တဲ့ အချက်တွေထဲက အရေးကြီးဆုံး တစ်ချက်ကစုံတွဲတွေကြားမှာ ဖြစ်လေ့ရှိတဲ့၊ စုံတွဲမဖြစ်သေးတဲ့လူတွေလည်း စိတ်ပူလေ့ရှိတဲ့၊ ကွဲသွားတဲ့ လူတွေလည်း မေးခွန်းထုတ်မိတတ်တဲ့၊ကွဲမလို ဖြစ်နေတတ်တဲ့ လူတွေလည်းအဖြေထုတ်ချင်တတ်တဲ့ မဟာမေးခွန်းကြီးဖြစ်တဲ့“သူက Right Person လား”ဆိုတဲ့ မေးခွန်းအတွက် ဘယ်လို အဖြေထုတ်ရမလဲဆိုတာ သိရတာပါ။ တကယ့်ကိုလက်တွေ့ကျတဲ့ နည်းလမ်းကို ပြောပြထားတာပါ။သိပြီးသားဆိုလည်း ဟုတ်မဟုတ်တိုက်ကြည့်ပါဦး။သူငယ်ချင်း ရှစ်ယောက်/အိမ်ထောင်သည် စုံတွဲ ၄ တွဲရယ်၊ နောက်ထပ်သူတို့နဲ့ ဆက်နွယ်လာတဲ့လူတွေရယ်နဲ့၊ သူတို့တွေ အားလုံးရဲ့ကြားကအချစ် အမုန်း နားလည်မှု သစ္စာတရားအိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့အယူအဆတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေကို အံဝင်ခွင်ကျထည့်ပြောပြသွားတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။သစ္စာမရှိ ဖောက်ပြန်လို့ ကွဲသွားရတဲ့ စုံတွဲ အကြောင်းလည်း ...
movie

Why Did I Get Married? (2007)

2007
Black Dynamite (2009)
Black Dynamite (2009)  IMDb 7.4/10, Rt 83 % ရရှိထားတဲ့ Action/Comedy ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားကိုတော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ပြီး ဒါရိုက်တာ Scott Sanders က ရိုက်ကူးထားတာပါ။ Michael Jai White (Never Back Down) က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဝေဖန်သူတွေရဲ့ ကောင်းမွန်တဲ့မှတ်ချက်တွေနဲ့ ချီးကျူးမှုတွေကို ရရှိထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဗီယက်နမ် စစ်ပြန်ကြီးတစ်ဖြစ်လည်း စီအိုင်အေ အေးဂျင့်ဟောင်းကြီးဖြစ်တဲ့ ဘလက်ဒိုင်းနမိုက်ရဲ့ညီ ဂျင်မီအသတ်ခံရမှုမှာ အစပြုထားတာပါ။ သူ့ရဲ့တစ်ဦးတည်းသော ညီလေးက အသတ်ခံလိုက်ရတာကြောင့် ဘလက်ဒိုင်းနမိုက်တစ်ယောက် အကုန်လုံးကိုမြေလှန်ပြီး စုံစမ်းလိုက်ရာကနေ မထင်မှတ်ထားတဲ့ စစ်ဆင်ရေးကြီးတစ်ခုထဲ ထဲထဲဝင်ဝင် ပတ်သက်မိသွားပါတော့တယ်။သူ့ညီကို သတ်တဲ့လူဘယ်သူလဲသိအောင် လိုက်စုံစမ်းရင်း သိလိုက်ရတဲ့ စစ်ဆင်ရေးကြီးက ဘယ်လောက်ကြီးကျယ်လဲ.. သူ့ညီက ဘ အကြောင်းကြောင့် ဘယ်သူသတ်လို့များ သေသွားရတာလဲ.. အစားမတော် ...
movie

Black Dynamite (2009)

You’re Not Alone (2023)
You’re Not Alone (2023)  2023 ခုနှစ်ထွက် mystery,thriller အမျိုးအစား အမေရိကန်ရုပ်ရှင်လေးတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ စီးပွားရေးသမားကိမစ်ချယ်ဟာ အလုပ်ကိစ္စနဲ့ခရီးသွားဖို့လေယာဉ်ပေါ်ရောက်နေပါတယ်။ သူ့မိန်းမဟာလွန်ခဲ့တဲ့နှစ်အနဲငယ်က စိတ္တဇလူသတ်သမားတစ်ဦးသတ်လိုက်လို့သေဆုံးခဲ့ရတာပါ။ ဒါကြောင့်သူ့ရဲ့တစ်ဦးတည်းသောသမီးကိုလည်း တယောက်ထဲရှိနေချိန်ပြန်လည်ခုခံနိုင်ဖို့ကိုယ်ခံပညာသင်ပေးခဲ့ပါတယ်။ထို့အပြင် သူခရီးသွားတဲ့အချိန်မှာ သူ့သမီးကိုအိမ်ထဲမှာပဲနေစေပြီးဖုန်းကနေတဆင့်သူ့အိမ်ကိုစောင့်ကြည့်နေပါတယ်။စိတ္တဇလူသတ်သမားအကြောင်းပြောရရင်တော့ သူကအိမ်မှာတယောက်ထဲရှိနေတဲ့မိန်းမတွေကိုလိုက်သတ်တာပါ။အွန်လိုင်း chat room တွေကနေတဆင့်သူ့ရဲ့ပစ်မှတ်ကိုရှာဖွေပါတယ်။ ဒီလိုနဲ့ ကိမစ်ချယ်ခရီးသွားနေတဲ့အချိန် အိမ်မှာတယောက်ထဲကျန်နေခဲ့တဲ့သမီးကိုသတ်ဖို့ စိတ္တဇလူသတ်သမားရောက်လာပါတော့တယ်။ ဘာဆက်ဖြစ်သွားမလဲ..စိတ္တဇလူသတ်သမားကိုဘယ်လိုရှာဖွေဖမ်းစီးကြမလဲဆိုတာကိုဆက်လက်ရှုစားကြပါခင်ဗျာ။ File size…(526 MB) Quality….Webrip 720p Format…mp4 Duration….01:25:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

You’re Not Alone (2023)

Outlaw Johnny Black (2023) 6.1
Outlaw Johnny Black (2023)  Outlaw Johnny Black ဇာတ်ကားဟာ ဟောလိဝုဒ်နာမည်ကျော်Anika Noni Rose နဲ့ Michael Jai White တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ကောင်းဘွိုင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ကောင်းဘွိုင်ဇာတ်ကားဆိုပေမဲ့ ပေါတောတောနဲ့ ဇာတ်လမ်းအရသာပေါ့ပျက်ပျက်နဲ့ချနေတဲ့ကားလိုမျိူး မဟုတ်ပါဘူး။ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရုပ်ရှင်အစကနေအဆုံးထိ သေချာဆွဲခေါ်သွားနိုင်တဲ့ကားမျိူးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဂျော်နီဘလက်လို့ခေါ်တဲ့ ကောင်းဘွိုင်တစ်ယောက်ဟာသူငယ်ငယ်တုန်းက သူ့အဖေကို သတ်သွားတဲ့သူကို လိုက်ရှာပြီး လက်စားချေဖို့ကြိုးပမ်းနေခဲ့တာပါ။ သူကိုယ်တိုင်ကလည်း လိုက်ရင်း ပြစ်မှုတွေ ကျူးလွန်မိပြီးဝရမ်းပြေးဖြစ်နေခဲ့ပါတယ်။ အဲ့အချိန်မှာ သူ့ဘဝကို ပြောင်းလဲပေးမဲ့ ဘုန်းတော်ကြီးတစ်ပါး၊ ညီအစ်မ ၂ ယောက်နဲ့ မြို့တစ်မြို့တို့ကို သူရင်ဆိုင်လာရတဲ့အချိန်မှာသူ့ရဲ့ကံကြမ္မာက ဘယ်လိုပြောင်းလဲသွားမလဲ။ သူနဲ့ သူ့သူငယ်ချင်းတွေကိုကောဘယ်သူတွေက ဒုက္ခပေးဖို့ကြံနေလဲ သူကကော ကာကွယ်နိုင်ပါ့မလား စတာတွေကိုရင်ခုန်ခံစားပြီး Wild West အရသာအပြည့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ကျွန်တော်တို့ ငယ်ငယ်တုန်းက ကောင်းဘွိုင်ရူးခဲ့တာကို ပြန်ပြီး အမှတ်ရစေမှာလည်းဖြစ်လို့ wild west ပရိသတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်......  File size…2.23GB / ...
movie

Outlaw Johnny Black (2023)

The Island (2023)
The Island (2023)  Actionကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီနှစ်အတွင်းမှာထွက်ရှိထားတဲ့ အသစ်စက်စက်ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိက ကျွန်းတစ်ကျွန်းပေါ်မှာတည်ထားတာပဲဖြစ်ပါတယ်။ညီဖြစ်သူ အသတ်ခံလိုက်ရပြီးနောက်မှာ LAPD ရဲတစ်ယောက်ဖြစ်တဲ့ မာ့ခ်က သူ့ရဲ့ကြီးပြင်းရာဇာတိဖြစ်တဲ့ ကျွန်းပေါ်ပြန်သွားခဲ့ပါတယ်။သူ့ညီအတွက် လက်စားချေဖို့ပြင်ဆင်ရင်း သူတို့ရဲ့ကျွန်းက အရင်လို အေးချမ်းတဲ့နေရာမဟုတ်တော့ဘဲ ဂိုဏ်းသားတွေရဲ့ လက်ဝါးကြီးအုပ် အနိုင်ကျင့်ခံနေရမှန်းသိသွားတဲ့အခါမှာ ညီအတွက်ရော ကျွန်းကိုပါ ကာကွယ်ရင်း လက်စားချေတာကို ကြည့်ရမှာပါ။ စိတ်လှုပ်ရှားစရာ အက်ရှင်ကားကောင်းရှာနေတဲ့သူဆို အံကိုက်ပါပဲ။အက်ရှင်ကားမို့လို့ ဇာတ်လမ်းအလှည့်အပြောင်းတွေအများကြီးနဲ့ဆိုတော့ အများကြီးမညွှန်းတော့ပါဘူး။ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ။ File size…(1.7 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Leonie  
movie

The Island (2023)

Come Out Fighting (2023)
Come Out Fighting (2023) Come out Fighting (2023)၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတဲ့ ရုရှားအာနိုးလို့ လူသိများတဲ့ မင်းသားကြီး Dolph Lundgren ပါဝင်ထားတဲ့ စစ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။စစ်ကားကြိုက်သူဆိုရင် လက်မလွှတ်ဖို့ အကြံပေးလိုက်ချင်ပါတယ်။ လူမျိုးရေးခွဲခြားမှုတွေ ပြင်းထန်နေတဲ့ အချိန်ကာလဖြစ်တဲ့ ဒုတိယကမ္ဘာစစ် အချိန်ကာလမှာ လူမည်းစစ်သားတွေဟာလည်း တိုက်ပွဲဝင်နေခဲ့ပါတယ်။ တပ်တွင်းမှာ ခွဲခြားဆက်ဆံမှုတွေ ရှိပေမယ့်လည်း နိုင်ငံ့အတွက်ကို အသက်ပေးအမှုထမ်းနေကြတုန်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဒုဗိုလ် ရောဘတ်စ် ဟေးစ်ဟာ လူမည်းတပ်ဖွဲ့မှာ ထမ်းဆောင်နေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူတို့ တာဝန်ထမ်းဆောင်နေတဲ့ မစ်ရှင်တစ်ခုမှာ အမှားတစ်ခုကို ဖြစ်သွားပါတယ်။ ဒီလိုနဲ့ အဲဒီ ဒုဗိုလ်ကို စစ်တပ်က စုံစမ်းစစ်ဆေးဖို့ နောက်တန်းကို ပြန်ပို့လိုက်ပါတယ်။ ပြန်ပို့နေရင်း ရန်သူ့ထိန်းချုပ် နယ်မြေထဲမှာ ပျောက်သွားပါတယ်။ တစ်ဖက်ကလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာမို့ သူ့ကို လိုက်မရှာနိုင်ဖြစ်နေပါတယ်။ ဒုဗိုလ် လက်အောက်မှာ တာဝန်ထမ်းနေတဲ့ တပ်ဖွဲ့တွေကတော့ အမိန့်မရလည်း သူတို့ရဲ့ ခေါင်းဆောင်ကို လိုက်ရှာဖို့လုပ်ကြရင်း ဂျာမန်တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်.....အညွှန်း နဲံ ဘာသာပြန်ကတော့ Leonard Lin ...
movie

Come Out Fighting (2023)

2023
Never Back Down: No Surrender(2016) 6.3
Never Back Down: No Surrender(2016)  Never Back Down ဇာတ်ကားတွေရဲ့ 2016 ကနောက်ဆုံးထွက်ထားတဲ့ ဇာတ်ကား‌လာပါပြီ။ 2008 နဲ့ 2011 တို့မှာထွက်ရှိခဲ့တဲ့ Never Back Down တွေရဲ့အဆက်ဖြစ်သလို R-rated လည်းဖြစ်ပြီး တိုက်ခိုက်ခန်းတွေလည်းပိုပြီးကောင်းလာတဲ့ ဇာတ်ကားတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ MMA လက်ဝှေ့ချန်ပီယံဟောင်း ကေ့စ် ဝေါကာ ဟာ သူရဲ့သူငယ်ချင်း ဘရိုဒီ ဂျိမ်းစ်နဲ့ ရှုံးပွဲမရှိသေးတဲ့အပြင် အန္တရာယ်လည်းများတဲ့ ဆီဆာ ဘရာဂါတို့ရဲ့ ထိုင်းနိုင်ငံမှာ ထိုးသတ်မဲ့ပွဲစဉ်အတွက် လေ့ကျင့်ဖို့ဘန်ကောက်ကို လိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲစခါနီးတစ်ပတ်အလိုမှာ ဘရိုဒီက ခြေထောက်ဒဏ်ရာရသွားတဲ့ အတွက် ဘရိုဒီရဲ့အစား ကေ့စ်က ဝင်ထိုးပေးဖို့ဖြစ်လာတဲ့အခါမှာ ကေ့စ်တစ်ယောက် ဘယ်လိုဆက်ပြီးဖြေရှင်းမလဲ၊ သူနိုင်အောင်ရောထိုးနိုင်မှာလား၊ နောက်ကွယ်မှာရောဘယ်လိုအရှုပ်တော်ပုံတွေရှိနေမလဲဆိုတာကို အကြမ်းပတမ်းတိုက်ခိုက်ခန်းတွေနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျ။ File size…2.3 GB / 961.6 MB Quality…WEB-DL 1080p 5.1CH/ 720p Format…mp4 Duration….1h 41m Genre ..... Action ,  Sport Subtitle….Myanmar ...
movie

Never Back Down: No Surrender(2016)

Never Back Down 2: The Beatdown(2011) 5.7
Never Back Down 2: The Beatdown(2011) IMDb - 5.7တိုက်ခိုက်ရေးကားခပ်ကြမ်းကြမ်းလေးတွေကိုမှ အားရ သဘောကျကြတဲ့ CM ပရိသတ်တွေအတွက် 2008 က ထွက်ခဲ့တဲ့ Never Back Down ရဲ့ အဆက်ဖြစ်တဲ့ The Beatdown ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မတူညီတဲ့ပြဿနာတွေရှိတဲ့ နောက်ခံပတ်ဝန်းကျင်ကနေလာတဲ့ တိုက်ခိုက်ရေးသမားလူငယ်လေးနှစ်ယောက်၊ The Beatdown ဆိုတဲ့ မြေအောက်တိုက်ပွဲတစ်ခုမှာဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဆရာကောင်းတစ်ယောက်ဆီမှာ တပည့်ခံဖို့အတွက် MMA fighter ဟောင်း ကေ့စ် ဝေါကာ (Michael Jai White) ဆီကိုရောက်လာကြပါတယ်။ ကေ့စ်ကလည်းအရင်က ကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အတိတ်ကဖြစ်ရပ်တွေကြောင့် ထောင်ကျသွားပြီး ပြန်လွတ်လာခဲ့တာပါ။ ဒီလိုနဲ့ ကေ့စ်လေ့ကျင့်ပေးနေတဲ့ လူငယ်နှစ်ယောက်အပါအဝငါ လူငယ်လေးယောက်ကို အတူလေ့ကျင့်ပေးပါတော့တယ်။ ဒီလိုနဲ့ပဲ Beatdown ပွဲနေ့မရောက်ခင်မှာတော့ ကေ့စ်ကို လက်နက်ကိုင်ဆောင်မှုနဲ့ ရဲကဖမ်းသွားခဲ့ပြီး သူ့ရဲ့တပည့်တွေက ကေ့စ်ကိုအကွက်ချသွားတဲ့လူကိုဘယ်လို ပြန်ပြီးလက်စားချေဆုံးမကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ တိုက်ခိုက်ခန်းတွေကလည်း အရမ်းလန်းတဲ့အပြင် တိုက်ကွက်တွေကလည်း အစစ်အမှန်ဆန်တာမလို့ တိုက်ခိုက်ရေးကား တွေကိုလွမ်းနေတဲ့လူတွေအကြိုက်တွေ့မှာ အသေအချာပါပဲ။File ...
movie

Never Back Down 2: The Beatdown(2011)

2 Days in the Valley (1996) 6.5
2 Days in the Valley (1996)    2 Days in the Valley (1996) =================== IMDb Rating - 6.5/10မကြည့်ဖူးဘူးဆိုတာ မရှိရလေအောင် ပရိသတ်ကြီးအတွက် မင်းသမီးချောကြီး Charlize Theron ငယ်ငယ်က ရိုက်ကူးခဲ့တဲ့ Crime/Comedy တစ်ကား တင် ဆက်ပေးလိုက်ရပါတယ်။ စနေနှစ်ခိုင်တွေ ပွတ်ပွတ်ပွတ်တွေ အနည်းငယ် ပါလို့ မိသားစုနဲ့တော့ အတူမကြည့်နဲ့ပေါ့ဗျာ။ဇာတ်လမ်းအသွားအလာကတော့ သူ့ခေတ်သူ့အခါဆန်ဆန် အဖြစ်အပျက်(၂)ခု၊ (၃)ခုကို အဆုံးမှာ ချိတ်ဆက်ထားပါတယ်။ အကျဉ်းချုပ်ပြောရရင်တော့ ဒီဇာတ်လမ်းမှာ ဒုစရိုက်သမားက နှစ်ယောက်၊ ရဲကနှစ်ယောက်၊ ဒီလေးယောက်နဲ့ ဇာတ်လမ်းလာနွယ်မယ့် ကာရိုက်တာတွေ ပါကြသဗျ။ဇာတ်လမ်းကတော့ အိုလံပစ် အားကစားမယ်တစ်ယောက်ရဲ့ ခင်ပွန်းဟောင်းကို ကြေးစားနှစ်ယောက်က သတ်တာနဲ့ အစပျိုးထားပါတယ်။ နောက်တော့ ကြေးစားချင်း သဘောထားကွဲ လူကွဲပြီး ဟိုပြေးဒီပြေးနဲ့ သူ့ဇာတ်ကိုယ့်ဇာတ်တွေ ကွဲကုန်တာပါပဲ။ အထက်မှာပြောခဲ့သလို အဖြစ်အပျက်တစ်ခုမကလို့ သိပ်မစပွိုင်းဘဲကြည့်ခိုင်းလိုက်တာက ပိုအဆင်ပြေမယ်ထင်လို့ ဘွားတော်ကြီးရဲ့ ဆက်စီတွေ မြင်ချင် ကြည့်၊ မမြင်ချင် နေလို့ပဲ ပြောလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(1.78 GB) / ...
movie

2 Days in the Valley (1996)

1996
Dead Zone (2022)
Dead Zone (2022)  ဒီတစ်ခါတော့ အကြမ်းစားကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာန က ဓာတ်ခွဲခန်းတစ်ခုနဲ့ ကာကွယ်ဆေးထုတ်နေရင်းကနေ ပိုးမွှားတွေကို မထိန်းချုပ်နိုင်ပဲ ပျံ့နှံ့ကူးစက်သွားခဲ့တာပါ အဲဒီအချိန်မှာပဲ အဲဒီမြို့ကို ဖျက်ဆီးလိုက်ပြီးတော့ Dead-Zone အဖြစ်သတ်မှတ်လိုက်ပါတော့တယ် အဲဒီဓာတ်ခန်းခွဲမှာတော့ သေချာမစမ်းသပ်ရသေးတဲ့ ရှေ့ပြေး ကာကွယ်ဆေးကို အထူးတပ်ဖွဲ့တစ်ဖွဲ့က သွားယူပေးရမှာပါ မြို့ပျက်ကြီးဖြစ်ပြီးတော့ ရေဒီယိုသတ္တုကြွတာတွေ ရောဂါကူးစက်ခံရထားတဲ့သူတွေ ကြားထဲမှာ ကာကွယ်ဆေးကို သွားယူရင် ဘာတွေဘယ်လိုကြုံရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲFile size…(1.34gb)/(733MB)/(373MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Action / Horror / Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

Dead Zone (2022)

The Hard Way (2019)
The Hard Way (2019) Payne ကစစ်သားဘဝက အနားယူပြီးနယူးယောက်မှာ အရက်ဆိုင်လေးဖွင့်ပြီး ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းဖို့ကြိုးစားနေသူပါ ADS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သူ့အစ်ကိုကတော့ရိုမေးနီးယားမှာမူးယစ်ဆေးဂိုဏ်းတစ်ခုကိုလိုက်ဖမ်းရင်းကျဆုံးသွားခဲ့ပါတယ် Payne တစ်ယောက်သူ့အစ်ကိုရဲ့သေဆုံးမှုအတွက် အထူးစစ်သားဘဝကိုပြန်ဝင်ပြီး အရင်အဖွဲ့ဝင်ဟောင်းနှစ်ဦးနဲ့လက်တွဲကာ သူ့အစ်ကိုသတ်သွားတဲ့ တကယ့်ဂိုဏ်းချုပ်ကြီးကို ဘယ်လိုဖော်ထုတ်လက်စား‌ချေသွားမလဲဆိုတာ တွေ့ရမှာပါ Hand Combat Fighting တွေ ရှယ်ပါတဲ့အတွက် အက်ရှင်ကားကြိုက်နှစ်သက်သူတွေအတွက်ကတော့ တကယ့် masterpiece ပါပဲ File size…(1.7 GB)/(942MB)/(534MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin
movie

The Hard Way (2019)

Accident Man (2018) 6.0
Accident Man (2018) Accident Man ဆိုတာလူတစ်ယောက်ပေါ့။ဘယ်လိုလူတစ်ယောက်လဲဆိုတော့ အခကြေးငွေယူပြီး လူသတ်ပေးရတဲ့ အလုပ်ကိုလုပ်ရတဲ့လူ။လူသတ်ကုန်သည်လို့လည်းခေါ်ကြတယ်။သူတို့လောကမှာ အဲ့ဒီဈေးကွက်က တော်တော်ဖြစ်ထွန်းနေသလို ကိုယ့်အလုပ်ကိုကိုယ် ဂရုစိုက်ကြရတယ်။အလုပ်အပ်တဲ့လူကပွဲစားကတစ်ဆင့် သတ်ရမယ့်လူရဲ့အချက်အလက်နဲ့ငွေကိုပေးတယ်။ပွဲစားကနေပြီးတော့မှ သတ်ရမယ့်ပုံစံကိုလိုက်ပြီး လုတ်ကြံသတ်ဖြတ်သူတွေကို တာဝန်တွေပြန်ခွဲပေးတယ်။သတ်ရမယ့်ပုံစံဆိုတာ အဆိပ်ခတ်သတ်ရမလား၊လမ်းဘေးလူသတ်မှုပုံစံလား၊မီးရှို့သတ်မလား၊မတော်တဆပုံစံလားစသဖြင့်ပေါ့။Accident Man ဆိုတာက မတော်တဆပုံစံသတ်ရတဲ့အခါ တာဝန်ယူပေးရတဲ့လူ။ဇာတ်လမ်းကတော့ ပြောမပြတော့ဘူး။အထိုးအကြိတ်အသတ်အပုတ်ကားကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ပဲပေါ့။မင်းသားကလည်း ဘွိုင်ကာလက်ဝှေ့ကားထဲက နာမည်ကျော်ဆိုတော့ ကိုယ်တိုင်သာကြည့်ကြည့်လိုက်ပါတော့။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ဆရာဇွဲခန့်သွင်ပါ) File Size : (850 MB) and (344 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-NODLABS Translated by Zuel Khant Thwin Encoded by Thanhtike Zaw
movie

Accident Man (2018)

2018
The Commando (2022)
The Commando (2022)  Old School Style အက်ရှင် မူဗီအသစ်လေး တင်ပေးထားပါတယ်။ မိုက်ကယ်ဂျိုင်ဝိုက်က ဒီကားမှာ DEA မူးယစ်နှိမ်နင်းရေးအဖွဲ့ အေးဂျင့်ဟောင်း ဂျိမ်းစ် အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ စစ်ဆင်ရေးကနေ ရရှိလာတဲ့ စိတ်ဒဏ်ရာကြောင့် အဖြစ်အပျက်တွေဟာ အပြင်မှာ တကယ်ဖြစ်နေလား စိတ်ထင်နေလား ခွဲရခက်နေတဲ့လူတစ်ယောက်ပေါ့။ မိန်းမရယ် သမီးနှစ်ယောက်ရယ်နဲ့ အတူနေတယ်။ သူတို့နေတဲ့အိမ်က အရင်က ဘဏ်ဓားပြအဖွဲ့ ထောင်မကျခင် နေခဲ့တဲ့အိမ်ဖြစ်နေပြီး သူတို့ဖွက်ထားခဲ့တဲ့ ငွေသုံးသန်းတောင် အိမ်ထဲမှာ ရှိနေခဲ့တယ်။ အဲဒါကို ဘဏ်ဓားပြခေါင်းဆောင်က အကျင့်ပျက်ရဲတစ်ယောက်နဲ့ပေါင်းပြီး ပြန်ယူဖို့ကြိုးစားလာရင်း ဂျိမ်းစ်တို့မိသားစုကို ဒုက္ခပေးလာတဲ့အခါ.... File size…(1.5 GB)/(900 Mb)/(450 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMX
movie

The Commando (2022)

Send It! (2021) 6.0
Send It! (2021) Send It! (2021)============IMDb Rating - 6.0/10စိတ်ညစ်နေချိန် ပေါ့ပေါ့ပါးပါး ကြည့်လို့ရမယ့် အားကစားနောက်ခံလူငယ်ဇာတ်ကားလေးပါ။ဘီလီဂျွန်ဆင့်မှာ မိဘမရှိပါဘူး...သူ့ကိုထိန်းကျောင်းစောင့်ရှောက်ပေးခဲ့တာကတော့ သူ့ဖခင်ရဲ့ မိတ်ဆွေလုပ်ဖော်ကိုင်ဘက်ဟောင်းရေလွှာလျှောစီးနည်းပြတစ်ယောက်ပါ...ဘီလီတို့က တက္ကဆက်က Water park တစ်ခုမှာနေပြီး သူပါရမီပါလာတာ တစ်ခုရှိပါတယ်... အဲဒါကတော့ Kitesurfing လို့ခေါ်တဲ့ စွန်ကိုဆွဲပြီး ရေလွှာလျှောစီးတဲ့အားကစားပါပဲ...ဘီလီ့အရည်အချင်းကိုသိတဲ့နည်းပြနဲ့ မြို့သားတွေက မြောက်ပိုင်းကာရိုလိုင်းနားမှာ ခမ်းခမ်းနားနားကျင်းပတဲ့ အက်စ်သုံးလုံးရေလွှာလျှောစီးပြိုင်ပွဲအတွက် ဝင်ကြေးစုပြီး လွှတ်လိုက်ကြပါတယ်...ဒီလိုနဲ့ ဘီလီတစ်ယောက် အဲဒီကိုပြိုင်ပွဲဝင်ဖို့သွားရင်း လမ်းမှာဒုက္ခရောက်နေတဲ့ကောင်မလေးတစ်ယောက်ကို ကယ်မိရာက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ရှူစားကြည့်ကြပါဦး...(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 41minSubtitle – Myanmar HardsubFormat – Mp4Genre : Action, Adventure, ComedySource : 1080p.WebRipTranslator – May ...
movie

Send It! (2021)