Channel Myanmar
Michael Madsen
Monster Mash ( 2024 ) 5.8
Monster Mash ( 2024 ) ဒီရုပ်ရှင်ဟာဆိုရင်တော့ ဒရက်ကူလာ၊ ကိုယ်ပျောက်လူသား၊ မံမီ၊ သမန်းဝံပုလွေ၊ ဖရန်ကင်စတိုင်း၊ အစရှိတဲ့ ဒဏ္ဍာရီတွင်တဲ့ သတ္တဝါကြီးတွေ၊ ဇာတ်လမ်းတွေ အကုန်လုံးကို ပေါင်းထားတာပါ။ Hotel Transylvania ရုပ်ရှင်ထဲကလိုမျိုးပါပဲ။ Tom Cruise ရဲ့ The Mummy ရုပ်ရှင်နဲ့အစပြုလို့ Universal Studio ကနေ တည်ဆောက်ဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ Dark Universe ရဲ့ ဖြစ်လာသင့်တဲ့ ပုံစံမျိုးလို့ ပြောရမှာပါ။ဒါပေမယ့် ဒါကတော့ low budget အမျိုးအစားဖြစ်လို့ တချို့နေရာတွေမှာ လိုအပ်ချက်တော့ ရှိနေမှာပါ။ အတည်ပေါက်လုပ်ထားပေမယ့် တချို့ ကြောင်တောင်တောင် အကွက်တွေ ပါနေတာမျိုးကိုတော့ သည်းခံကြည့်ရမှာပါ။ ဒါပေမယ့် ရှေးဟောင်းစတိုင် Horror ရှပ်ရှင်ပုံစံမျိုး ရိုက်ကူးထားတာမို့ ကြည့်ရတာ တော့ တစ်မျိုးဆန်းနေမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ကန်ဒယ်ဝုဒ်ရွာလေးရဲ့ တစ်နေရာတွေဆီမှာ ဒရက်ကူလာ၊ မံမီ၊ သမန်းဝံပုလွေနဲ့ ကိုယ်ပျောက်လူသားတို့ဟာ အသီးသီး လူသားတွေနဲ့ ဝေးရာမှာ ပုန်းကွယ်ကြီးနေကြပါတယ်။ ဖရန်ကင်စတိုင်း ဖန်တီးထားတဲ့ သတ္တဝါကြီးဟာ ဒရက်ကူလာရဲ့ သမီး အယ်လီဆာဘက်တာ့ကို ဖမ်းသွားပါတယ်။ ဒါပေမယ့် ဖရန်ကင်စတိုင်းဟာ အဲမှာတင် ရပ်မနေဘဲ ...
movie
Monster Mash ( 2024 )
Assault on Hill 400 (2023)
Assault on Hill 400 (2023)  ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေ Hill 400 ဆိုတဲ့နေရာ မှာအခိုင်အမာတပ်စွဲထားပါတယ်။အမြင့်မီတာ ၄၀၀ အမြင့်မှာရှိတဲ့ဒီကောင်းကုန်းဟာ ရိုဟာမြစ်တစ်လျှောက် အကုန်လုံးကိုမြင်နိုင်ပြီးမဟာမိတ်တပ်‌တွေကို ပစ်ကွင်းအသာစီးနဲ့တိုက်ခိုက်နိုင်လို့ဖြစ်ပါတယ်။အမေရိကန်စစ်တပ်ဟာ ဒီ‌တောင်ကုန်းကို သိမ်းဖို့အကြိမ်ကြိမ် ကြိုးစားပေမယ့်မအောင်မြင်ခဲ့ပါဘူး။Hill 400 ကိုသိမ်းနိုင်ရင် စစ်ပွဲမှာအသာစီးရမှာဖြစ်တဲ့အတွက်မဖြစ်မနေသိမ်းနိုင်မှဖြစ်မှာဆိုတော့ နာမည်ကြီး Second Rangers တပ်ကိုတာဝန်ပေးရပါတော့တယ်။ ဒုဗိုလ်ကြီး လိုမယ်ဦးဆောင်းတဲ့ Rangers တပ်ဟာHill 400 ကို ဘယ်လိုသိမ်းယူမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး.. File size…1.74GB / 747MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Assault on Hill 400 (2023)
The Wraith Within (2022)
The Wraith Within (2022)  Horror ကားတွေရဲ့ထုံးစံအတိုင်းသူငယ်ချင်းအုပ်စုတစ်စုဟာကျောင်းသားဟောင်းတွေ့ဆုံပွဲအတွက်သူတို့ဇာတိမြို့ကိုပြန်လာကြရာကနေ မမျှော်လင့်ဘဲအငြိုးကြီးတဲ့တစ္ဆေတစ်ကောင်ကိုလွှတ်ပေးမိလျက်သားဖြစ်သွားပါတော့တယ် ကောက်ဆွကြီးနဲ့လူတွေကိုရက်ရက်စက်စက်သတ်တတ်တဲ့သရဲမလက်ထဲကနေ သူတို့ဘယ်လိုထွက်ပြေးကြမလဲ အတိတ်ကအကြောင်းတွေကြောင့်ရန်ငြိုးကြီးနေတဲ့သရဲမကိုရော နှိမ်နင်းလို့ရနိုင်ပါ့မလား ဆိုတာကိုစောင့်ကြည့်ရမှာပါ သရဲမကဇွတ်လိုက်ခြောက်တဲ့အပြင်လူပါတစ်စွက်စွက်သတ်နေတာမို့ အသည်းငယ်တဲ့သူတွေမကြည့်သင့်ပါဘူး။ File size…(1.1 GB)/(570 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
The Wraith Within (2022)
Thelma & Louise (1991) 7.5
Thelma & Louise (1991)  ဂန္တဝင်​လက်ရာ​တစ်ခုဖြစ်တဲ့​ ဒီရုပ်ရှင်ကိိုတော့ ရုပ်ရှင်​ဝါသနာပါသူတွေ ကြားဖူးကြမှာပါ။ ဇာတ်လမ်း​က​ Road​ Film အမျိုးအစား​ပါ။ ဇာတ်အိမ်တစ်ခုလုံးကို​ အဝေးပြေးလမ်းမကြီးတွေပေါ်မှာ တည်ထား​ပြီး​ ဇာတ်​ကောင်တွေ​ လမ်း​ခရီး​တစ်လျှောက်​ကြုံတွေ့​ခဲ့တဲ့​အဖြစ်သနစ်တွေကို​ တင်ဆက်​ထားတဲ့​ဇာတ်​လမ်းမျိုးပါ။ Little​ Miss​ Sunshine​ နဲ့ Natural Born Killers တို့လို Road Films တွေကိုနှစ်သက်ရင်တော့​ ဒီရုပ်ရှင်ကိုလည်း အကြိုက်တွေ့ပါလိမ့်မယ်။ ဒီ​ရုပ်ရှင်​ရဲ့​ဒါရိုက်တာ​ကတော့​ ဂန္တဝင်​ဒါရိုက်တာကြီး Ridley​Scott​ ဖြစ်ပြီး​ ၁၉၉၁ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပါတယ်။ Adventure​/Drama/Crime ရုပ်ရှင်​အမျိုးအစား​ဖြစ်ပြီး​ သူ့ရဲ့​ အကောင်း​ဆုံးလက်ရာတွေထဲကတစ်ခုအဖြစ်သတ်မှတ်ခံရတဲ့​ ရုပ်ရှင်​လည်းဖြစ်ပါတယ်။ ရာဇဝတ်မှု​တစ်ခုကျူးလွန်မိပြီးနောက်​ ထွက်ပြေး​တိမ်း​ရှောင်​ဖို့ကြိုးစားတဲ့​Thelma​ နဲ့​ Louise ဆိုတဲ့​ အမျိုးသမီး​နှစ်​ယောက်​ရဲ့​အ​ကြောင်းကို​ တင်ဆက်ထားတာဖြစ်ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့​ Thelma ဟာ​ ခင်​ပွန်း​ဖြစ်သူရဲ့ ဖိနှိပ်​ချုပ်ချယ်​ခြင်းကိုခံနေရတဲ့​ ရိုးရိုးအအ အိမ်​ထောင်ရှင်တစ်ဦးဖြစ်ပြီး​ သူ့သူငယ်ချင်းဖြစ်သူ​ Louise ကတော့​ အတိတ်က​စိတ်​ဒဏ်ရာတစ်ခုကိုခံစား​နေရတဲ့​ စားပွဲထိုးတစ်ဦးပါ။ သူတို့​နှစ်ယောက်​လုံးက​ သူတို့​ရဲ့ပတ်ဝန်းကျင်လူမှုအသိုက်အဝန်းကို စိတ်ကုန်နေတဲ့​ သာမန်​မိန်းကလေး​တွေဖြစ်ကြပြီး​ ...
movie
Thelma & Louise (1991)
Sin City (2005) 8.0
Sin City (2005) Sin City (2005)============IMDb Rating - 8.0/10Sin Cityအကြောင်းပြောရရင် နည်းနည်းတော့ရှည်မယ်။ဒီရုပ်ရှင်က ချီးကျူးစရာတော့ အတော်များပါမယ်။ ဒါရိုက်တာသုံးယောက်နဲ့ ဇာတ်လမ်း လေးပုဒ်ပါတဲ့ ရုပ်ရှင်တစ်ကားကိုကြည့်ရတာတစ်ကွဲတစ်ပြားမဖြစ်သွားအောင် ချိတ်ဆက်ထားပုံတွေက သပ်ရပ်တယ်။ Graphic Novelတွေကို ပြန်ရိုက်ထားပေမယ့် Graphic Novelအတိုင်း ပေးဖတ်လိုက်သလိုမျိုး CGIကိုသုံးပြီးပြီး အမြင်ကိုဖမ်းစားထားတာကလည်းဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။ အဖြူအမဲလုပ်လိုက် ပြချင်တဲ့အရာတစ်ခုကိုပဲ အရောင်ထည့်ပေးလိုက် ပြကွက်တွေဟာ ဒီအတိုင်းကျွန်တော်တို့ သတိမထားမိမယ့် ပြကွက်တွေကိုပိုသိသာစေတယ်။ Narratorလည်းထည့် ဇာတ်ကောင်ရဲ့ အတွေးတွေကိုလည်းပြထားတာပါ ပေါင်းလိုက်ရင် ဘာမှဖြည့်တွေးစရာမလိုလောက်အောင် ကြည့်ရလွယ်ကူတဲ့ Art Filmတစ်ခုကို တည်ဆောက်ပေးထားသလိုပဲ။ တစ်ချို့အကွက်တွေကတော့ Quentin Tarantinoဆန်တယ်။ ဆန်ဆို ဒီကားမှာသူက Guest Director။သူကိုယ်တိုင်၀င်ရိုက်ခဲ့တာက ငါးမိနစ်လောက်ပဲပါပေမယ့် ကျန်တာတွေလည်း သူအကြံပေးခဲ့မယ်ထင်တယ်။ ချေးအပြည့်နဲ့အိမ်သာခွက်ထဲ ခေါင်းနှစ်တာတွေကားဘေးက တရွတ်တိုက်ဆွဲပြီး စစ်မေးတာတွေ လိင်အင်္ဂါကို ဆွဲဖြုတ်တာတွေ ခြေတွေလက်တွေဖြတ်ပြီး ကျန်တဲ့ကိုယ်ကို ခွေးကျွေးတာတွေ မထင်သလို ...
movie
Sin City (2005)
2005
1080p HEVC
Species II (1998) 4.5
Species II (1998) Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။Species 2 (1998) ဇာတ်လမ်းအကျဉ်း.... ကမ္ဘာမြေကနေ အင်္ဂါဂြိုလ်ပေါ်ကို ပထမဆုံးရောက်ရှိသွားတဲ့ အာကသယာဉ်မှူးတစ်ယောက်ဆီမှာ အင်္ဂါဂြိုလ်က ဂြိုလ်သား DNA ကူးစက်သွားတာကနေ စပါတယ်....ဒီအာကသယာဉ်မှူး ကမ္ဘာမြေကိုပြန်လည်ရောက်ရှိပြီး သူနဲ့အိပ်လိုက်မိတဲ့မိန်းခလေးဆီမှာ ဂြိုလ်သားကလေးမွေးရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ.... အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 ...
movie
Species II (1998)
1080p HEVC
Species (1995) 5.8
Species (1995) Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။Species (1995) ဇာတ်လမ်းအကျဉ်း.... ကမ္ဘာ့အပြင်က ရရှိလာတဲ့ ကမ္ဘာဂြိုဟ်က မဟုတ်တဲ့ ဒီအန်အေကို ကမ္ဘာမြေကလူသားဒီအန်အေနဲ့ပေါင်းစပ်ပြီး ထူးဆန်းတဲ့သက်ရှိတစ်မျိုးဖန်တီးရာကနေ ဇာတ်လမ်းစတာပါပဲ။ ဒီဂြိုလ်သားတစ်ပိုင်းလူသားတစ်ပိုင်း သတ္တဝါမျိုးက ဘယ်လိုအကျင့်စရိုက်တွေနဲ့ ဘာတွေဆာလောင်လဲဆိုတာနဲ့ လူသားတွေရဲ့ အလိုရမ္မက်လောဘကြီးမှုတွေကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(4.4 GB)/(1.4 GB)/(930 ...
movie
Species (1995)
4K HEVC
Waking Karma (2023) 4.5
Waking Karma (2023) Waking Karma (2023) =================ခါမာဆိုတဲ့ ကောင်မလေးဟာ သူ့မိခင်ဖြစ်သူဆန်နီနဲ့ နှစ်ယောက်တည်းနေထိုင်ပါတယ်။ သူတို့သားအမိနှစ် ယောက်ဟာ တစ်စုံတစ်ယောက်လက်ကနေလွတ်အောင် ပုန်းရှောင်ပြီးနေနေရတာပါ။ ပုန်းနေတာလုံပြီထင်ခါမှ တစ်နေ့ကျတော့ သူတို့ကိုလိုက်ဖမ်းနေတဲ့သူဆီကနေ စာတစ်စောင် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာ ပါတော့တယ်။သူတို့ ဘာကြောင့် ထွက်ပြေးနေရတယ်၊ သူတို့ကိုဘယ်သူက ဘာလို့လိုက်ဖမ်းနေတယ်၊ နောက်ဆုံးမှာ သူတို့ တကယ်ရော လွတ်မြောက်သွားနိုင်မှာလားဆိုတာကို ကြည့်ရှုခံစားရမှာပါ။ One time watch အနေနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်ကား လေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူ ကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.34 GB) / (451 MB) / (271 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM
movie
Waking Karma (2023)
2023
Death Count (2022) 5
Death Count (2022) Death Count ( 2022)Saw ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်အသစ်ပါပဲ။ Saw franchiseမှာ Mark Hoffmanအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Costas Mandylorကလည်း ဒီ Sawဆန်ဆန်ကားမှာ ကစားပွဲလုပ်တဲ့လူအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီထဲမှာလည်း Sawဆန်ဆန် အပြစ်လုပ်ထားတဲ့လူတွေကိုဖမ်းပြီး ကိုယ့်ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် တစ်ခုခုမလုပ်ရင် သတ်ပစ်တဲ့ Warden ခေါ် ထောင်စောင့်အဖြစ် ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ထားပါတယ်။ Sawလိုကားမျိုးကြည့်ချင်တာဖြစ်ဖြစ် Sawအလွမ်းပြေ ကြည့်ချင်တာဖြစ်ဖြစ် ကြည့်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။Sawလိုကားမျိုးတွေ ကြည့်ရဲတဲ့သူပဲ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ Sawလောက်နီးနီး ကြမ်းတဲ့ သတ်ခန်းဖြတ်ခန်းတွေကို ဆက်တိုက်ကိုပြနေတာမို့ ကြောက်တတ်ရင်တော့ မကြည့်ကြစေချင်ပါဘူး။ Survival Horrorတွေ Slasherကားတွေ ကြိုက်ပြီး Sawပရိသတ်လည်း ဟုတ်တယ်ဆိုရင်တော့ ကြည့်ကောင်းမယ့် ရုပ်ရှင်အသစ်ပါပဲ။ ဒီလိုကားမျိုးတွေက ထွက်ခဲလှတာမို့ ရှားရှားပါးပါးကြည့်ရမှာလည်း ဖြစ်တဲ့အပြင် Sawထဲက Actorကပါ ပါတာမို့ Sawအရသာနဲ့ ...
movie
Death Count (2022)
My Boss’s Daughter (2003) 5.0
My Boss’s Daughter (2003) My boss's daughter (2003) ===================မိုးအေးအေးနဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် Comedy, Romance ကားနဲ့ မိတ်ဆက်ပေးပါရစေ......တွန်ဆိုတဲ့ ရိုးသားကြိုးစားတဲ့ ဖိုးသခွားတစ်ယောက်က အလုပ်မှာ သူ့ဆရာရဲ့သမီး လီဆာ ကို ကြိတ်ကြွေနေပါတယ်။ တစ်ရက်ကျတော့ လီဆာက သူငယ်ချင်းပါတီသွားချင်လို့ တွန်ကို သူ့အဖေ တေလာရဲ့ အိမ်ကို စောင့်ပေးဖို့ အကူအညီတောင်းပါတယ်။ တွန်ကလည်း လီဆာနဲ့ အနေနီးဖို့အတွက် အိမ်စောင့်ပေးဖို့ကို သဘောတူခဲ့ပါတယ်။လီဆာ့အဖေ တေလာက အလုပ်မှာရော အိမ်မှာပါ စည်းစနစ်ကြီးတဲ့ သူတစ်ယောက်ပါ။ တွန်တစ်ယောက် အိမ်စောင့်နေတဲ့ညမှာပဲ ဗရုတ် သုတ်ခတွေဖြစ်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ပါ့မလား လီဆာနဲ့ရော အမြန်ဆုံး နီးစပ်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး...... Comedy, Romance ကားလေးဖြစ်ပြီး . အတော်လေးကြည့်ကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.62 GB) / (750 MB) / (500 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Parris Encoder..........SWM 
movie
My Boss’s Daughter (2003)
2003
Donnie Brasco (1997)
Donnie Brasco (1997) IMDb Rating(7.7) / Rotten Tomatoes (88%)ကပ္ပတိန်ဂျက်စပဲရိုးဇာတ်ရုပ်နဲ့အထူးတလည်မိတ်ဆက်ပေးစရာမလိုအောင် နာမည်ကြီးလှတဲ့ Johnny Depp နဲ့ အော်စကာလျာထားစာရင်းကိုးကြိမ်ဝင်ခဲ့ပြီး တစ်ကြိမ်ရရှိ၊ ရွှေကမ္ဘာလုံးဆု ၁၈ ကြိမ်လျာထားခံခဲ့ရပြီး (လေးဆုရရှိ)ခဲ့၊ BAFTA , Emmy Eward စတဲ့ဆုပေါင်းမြောက်များစွာပိုင်ရှင် မင်းသားကြီး Al Pacino (Godfather Trilogy) တို့က အဓိကဇာတ်ဆောင်နှစ်ဦးအဖြစ်ပါဝင်ထားပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီးတော့ အကောင်းဆုံး Gangster ရုပ်ရှင်တွေ၊ Organized Crime Thrillers တွေအကြောင်းပြောမယ်ဆိုရင်ချန်လှပ်ထားလို့မရတဲ့ အထင်ကရဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။Donnie Brasco ဟာ ၁၉၇၀ ဝန်းကျင်၊ နယူးယောက်ခ်က Bonanno ဒုစရိုက်မိသားစုထဲစိမ့်ဝင်ထောက်လှမ်းခဲ့တဲ့ အက်ဖ်ဘီအိုင် သူလျှိုအေးဂျင့် Pistone (Johnny Depp) ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအလွတ်သဘောအခြေခံထားတာဖြစ်ပါတယ်။ဘရက်စကိုဟာ အရွယ်ရနေပြီဖြစ်တဲ့ မာဖီးယားလက်မရွံ့တစ်ယောက်ဖြစ်တဲ့ Lefty Ruggiero (Al Pacino) ကြီးကိုချဉ်းကပ်ပြီး သူ့ရဲ့ယုံကြည်မှုအားပေးထောက်ခံမှုတွေကိုရအောင်ကြိုးစားရင်းနဲ့ မာဖီးယားဂိုဏ်းထဲကို အတွင်းကျကျနေရာယူနိုင်ခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ဒုစရိုက်သမားဖြစ်ပေမယ့် သူ့အပေါ်တကယ်နှစ်နှစ်ကာကာသံယောဇဉ်ကြီးရှာတဲ့ Lefty နဲ့ညီရင်းအစ်ကိုလို ဆက်ဆံရေးခိုင်မာနက်ရှိုင်းလာခဲ့တဲ့ အလုပ်တာဝန်နဲ့ ကျင့်ဝတ်တွေစောင့်ထိန်းရမယ့် စည်းတွေကြားဗျာများလာတဲ့အခါ...။Action,Crime ...
movie
Donnie Brasco (1997)
Christmas Thieves (2021) 5.1
Christmas Thieves (2021) Christmas Thieves (2021)=====================ကဲ ခရစ်စမတ်ကာလကို နီးကပ်စပြုလာပြီဆိုတော့ ခရစ်စမတ်အငွေ့အသက်လေးတွေ ဖုံးလွှမ်းနေတဲ့ Christmas Thieves ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးပါရစေ။ဖရန့် နဲ့ ဗင့်စ်တို့ကတော့ စိတ်တူကိုယ်တူ ခိုးလည်း အတူတူ ခိုးတဲ့သူငယ်ချင်းတွေပါ သူတို့နှစ်​ယောက်ဟာ ခိုးမှုကြောင့် ဖမ်းခံနေရပေမဲ့လည်းဆက်ခိုးနေတုန်းပါပဲ ခရစ္စမတ်အကြိုနေ့မှာတောင် ခိုးတဲ့ ဒီသူခိုးနှစ်ကောင်က အချက်ပေးသံမြည်လာတဲ့အတွက်ကြောင့် ရဲလက်က ထွက်ပြေးရင်းနဲ့၈နှစ်အရွယ်လီယမ်နဲ့၄နှစ်အရွယ် အိုလီဗီယာတို့အိမ်ကို ရောက်သွားပါတယ် ဖြစ်ချင်တော့ အိုလီဗီယာတို့အမေက ရဲအရာရှိဖြစ်ပြီး ငတက်​ပြားနှစ်ယောက်ကိုဖမ်းဖို့အတွက် သူတို့ကို ကလေးထိန်းခေါ်ပေးပြီးထားခဲ့တာပါ။ အ​ပြင်မှာသူတို့ကိုဖမ်းချင်တဲ့ရဲတွေလက်က လွှတ်ဖို့အတွက် ဖရန့်နဲ့ဗင့်စ်တို့ နှစ်ယောက်လည်းကလေးထိန်းလိုမျိုးဟန်ဆောင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ဖရန့် နဲ့ ဗင့်စ်တို့နှစ်ယောက် ရဲလက်က လွတ်အောင်ပြေးနိုင်မှာလား မြုပ်ကွက်လေးတခုလည်းပါပြီးတော့ စိတ်ဝင်စားစရာကောင်းတာမို့လို့ ပရိသတ်အားလုံး မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်မဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyae မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Shwe Pyae, ...
movie
Christmas Thieves (2021)
2021
Every Last One of Them (2021) 6.0
Every Last One of Them (2021) သမီးဖြစ်သူပျောက်ခြင်းမလှပျောက်သွားလို့ စုံစမ်းဖို့ မြို့ထဲကိုရောက်လာတဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်း Jake Hunter...သူရောက်နေတာက Nichols ဆိုတဲ့ သူဌေးကြီးချုပ်ကိုင်နေတဲ့မြို့လေးပါသူ့သမီးပျောက်သွားတဲ့အကြောင်းကို ခြေရာခံလိုက်ရှာရင်း တစ်မြို့လုံးပတ်မွှေနေတဲ့ Jake Hunter က တစ်မြို့လုံးနဲ့တစ်ယောက်လို့ဆိုရလောက်အောင် တစ်ကိုယ်တော်သမီးရှာပုံတော်ဖွင့်နေတဲ့သူ အဆုံးမှာ ပျောက်ဆုံးနေတဲ့သမီးကို ရှာတွေ့မလားAction ကားတို့ထုံးစံ အပစ်အခတ်အသတ်အပုတ်တွေနဲ့ဆိုတော့ ကြည့်ရရှုရငြိမ့်လှတဲ့ ကားလေးမို့ ကြည့်ဖို့ညွှန်းလိုက်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__1.5 GB , 850 MB Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:30:00 Type__Action Subtitle__Myanmar Subtitle (Hardsub) Translated by Chuck Chuck & Chit Tee Encoded by Naing Aung Latt
movie
Every Last One of Them (2021)
Burial Ground Massacre(2021) 7.8
Burial Ground Massacre(2021) မှော်ပညာကိုယုံကြည်တဲ့ အင်ဒီးယန်းမြေပေါ်မှာ အခြေချနေထိုင်ကြတဲ့အခါ အရာရာကသတိထားစရာပါ။တစ်ခုခုမဆင်ခြင်မိတာနဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်က မတွေးဝံ့စရာပါပဲ။ အဲ့ဒီလိုမှော်ပညာနဲ့ ကျိန်စာတိုက်ထားတဲ့လက်စွပ်လေးက လာဆန်တို့မိသားစုရဲ့စံအိမ်ထဲမှာ ရှိနေပါတယ်။“အိပ်ရာဝင်ပုံပြင်ကို ယုံကြည်ရင် ကျိန်စာတွေကိုလည်း ယုံကြည်ရမယ်တဲ့....”ကျိန်စာသင့်လက်စွပ်ကိုမှအသက်ပြန်သွင်းဖို့ လိုချင်နေတဲ့ လူတစ်စုကလည်း ရှိနေပါသေးတယ်။လာဆန်တို့မိသားစုက မျိုးနွယ်စုခေါင်းဆောင် ကြိုးပေးခံခဲ့ရတဲ့မြေပေါ်မှာ နေထိုင်ခဲ့တာ တော်တော်ကြာပါပြီ။အိမ်မှာ မိဘတွေမရှိတုန်း ချေ့စ်လာဆန်တစ်ယောက် သူငယ်ချင်းတွေခေါ်ပြီး ပါတီပေးရင်းနဲ့ လုံးဝတားမြစ်ထားတဲ့သူ့အဖေရဲ့စာဖတ်ခန်းကို လူငယ်သဘာဝ ရအောင်ဝင်ကြည့်ပြီး ကျိန်စာသင့်လက်စွပ် ကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။လက်စွပ်ကလည်း အစွမ်းတွေပြ၊ လက်စွပ်ကိုလာယူတဲ့သူကလည်း တစ်ဖြေးဖြေးချင်း လာဆန်တို့ရဲ့စံအိမ်ကို ချဉ်းကပ်လာတဲ့အခါ....လက်စွပ်ရဲ့ကျိန်စာတွေနဲ့ လက်စွပ်ကိုလိုချင်တဲ့လူသတ်သမားရဲ့လက်ထဲကနေ လာဆန်တို့သူငယ်ချင်းတစ်စုဘယ်လိုရင်ဆိုင်ကြမလဲ၊ လက်စွပ်ရဲ့သမိုင်းကြောင်းကရော ဘာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်တော့နော်...  File size…1.6GB / 801MB / 491MB Quality…1080p WebRip / 720p / 480p Format…Mp4 Duration….1h 40min Subtitle….Myanmar subtilte (Hard Sub) Encoder….YK Translated by JoJoVa and HAW
movie
Burial Ground Massacre(2021)
2021
[James Bond] Die Another Day (2002) 6.1
[James Bond] Die Another Day (2002)  ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ နောက်ဆုံးဘွန်းဇာတ်ကားဖြစ်ပါတယ်..Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်…ကြင်အင်လက္ခဏာ…တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ….နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..ဒီဇာတ်ကားမှာလဲ Action ပိုင်း ကြမ်းလှသလို စက်ပစ္စည်းအသစ်အဆန်းများလည်း အများအပြားတွေ့ရပါတယ်..။IMDb Rating (6.1/10) ရရှိထားပါတယ်…။   File size…(2.9 GB) and (1.6 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv Duration….02:13:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated ...
movie
[James Bond] Die Another Day (2002)
HEVC 1080p 5.1
Nishabdham(2020) 5.5
Nishabdham(2020) Nishabdham(2020)အညွှန်း*************************3 idiots ဇာတ်ကားထဲက ဖာရ်ဟန်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး R. Madhavan ၊ ဘာဟူဘာလီမင်းသမီး Anushka Shetty တို့ သရုပ်ဆောင်ထားတဲ့ Horror,Mystery,Thriller ကားလေး ထွက်လာလို့ဘောလိဝုဒ် ၊ တောလိဝုဒ် ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း အမေရိကန်နိုင်ငံ ၊ အနောက်ကမ်းရိုးတမ်းမှာရှိတဲ့ Seattle မြို့အစွန်... လူသူအရောက်အပေါက်နည်းလှတဲ့ တောအုပ်တစ်ခုဘေးက အိမ်တစ်အိမ်... အချိန်က အမှောင်ကြီးစိုးတဲ့ မဟူရာည... မှိန်ပြပြထွန်းညှိထားတဲ့ မီးအိမ်ရဲ့ အလင်းရောင်နဲ့ အတူ... ခပ်ငြိမ့်ငြိမ့် တီးလုံးသံကို အားပြုပြီး စည်းချက်ညီတဲ့ စုံတွဲအကလေးနဲ့ ချစ်သူနှစ်ဦး ပျော်မြူးနေချိန် မြေအောက်ခန်းထဲက လျှပ်စစ် မီးသီး တစ်ခုခုဖြစ်နေသံကြားလိုက်ရတယ်။ မြေအောက်ခန်းထဲမှာ ပစ္စည်းအပျက်တချို့ရယ်၊ ပန်းချီတချို့ရယ်ကလွဲပြီး တခြား ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရ။ ပီတာတစ်ယောက် ရီဝေဝေနဲ့ ဆင်းကြည့်ခဲ့တယ်။ ချစ်သူဖြစ်တဲ့ မလီဆာဟာ အောက်ထပ်က အော်သံတစ်ခုကို ကြားလိုက်ရတယ်။ ပီတာကို လိုက်လံကြည့်ရှုခဲ့ရာမှာတော့ ပီတာဟာ နံရံမှာ လက်နှစ်ဖက်ကို ချွန်ထက်တဲ့အရာတွေနဲ့ ပူးရိုက်ထားပြီး သွေးအလိမ်းလိမ်းနဲ့ သေဆုံးနေတာကို မြင်လိုက်ရပါတော့တယ်။ မလီဆာလည်း အဖြေမရှိတဲ့ မေးခွန်းတွေနဲ့ တွေဝေနေချိန် သူလည်း အလစ်တိုက်ခံလိုက်ရတယ်။ ဒီအိမ်က တစ္ဆေခြောက်တယ်လို့ ...
movie
Nishabdham(2020)
The Garden Left Behind 2019 5.7
The Garden Left Behind 2019 ဒီကားလေးဟာ LGBT အသိုင်းအဝိုင်းအတွက် သိပ်ကို အဓိပ္ပါယ်ရှိမယ့် ဇာတ်ကားလေးပါ။ အခုခေတ်မှာကိုပဲ LGBT ဖြစ်နေတဲ့အတွက်ကြောင့် အနှိမ်ခံရတာတွေ၊ ရှုံးချခံရတာတွေ ရှိနေပါသေးတယ်။ မိမိရဲ့ဖြစ်တည်မှုကို လွတ်လပ်စွာ ချပြခွင့်မရှိတာတွေ အခွင့်ရေးအပေးမခံရတာတွေဟာ LGBT လောကအတွက်တော့ ဆိုးရွားတဲ့ အဖြစ်အပျက်ကြီးတစ်ခုပါ။ ဒီဇာတ်လမ်းလေးက အမေရိကန် နယူးယောက်မြို့က လိင်ပြုပြင်ထားသူတွေရဲ့ ဘ၀အခြေအနေတွေ သူတို့ကြုံရတဲ့အခက်အခဲတွေကို ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် 2019 မှာ SXSW Audience Award ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး IMDb 6 ရရှိထားပါတယ်   File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 28min Genre :  Drama   Subtitle : Myanmar Subtitle (Hard Sub) Translated by Yoon Sandi Aung Encoded by ...
movie
The Garden Left Behind 2019
Arctic Dogs (2019) 4.3
Arctic Dogs (2019) ပေါ့ပေါ့ပါးပါးနဲ့ တစ်ကားလုံးထိုင်ရာမထကြည့်ချင်အောင်ဆွဲခေါ်သွားတဲ့ ကာတွန်းကားလေးပါ...မြောက်ဝင်ရိုးစွန်းဒေသအစွန်ဆုံးမှာတိုင်ဂတ်ဗယ်လီ ဆိုတဲ့ ရွာလေးတစ်ရွာရှိတယ်အဲ့ရွာလေးမှာ ပစ္စည်းပို့ဝန်ဆောင်မှု လုပ်ငန်းကပစ္စည်းပို့တဲ့ မြောက်ဝင်ရိုးစွန်းခွေး ကြီးတွေက ကလေးတိုင်းအားကျရ တဲ့ သူတွေပေါ့ဆွစ်ဖတီ ဆိုတဲ့မြေခွေးလေးကတော့အဲ့ခွေးကြီးတွေလို မသန်မာပေမဲ့ပစ္စည်းပို့တဲ့သူဖြစ်ဖို့ကသူ့အိပ်မက်ပဲ အဲ့လုပ်ငန်းမှာ တခြားနေရာကနေ ဝန်ထမ်းဝင်လုပ်ရင်းတနေ့မှာ ခွေးကြီးတွေက ပြန်ပေးဆွဲခံရတော့ သူဖြစ်ချင်တဲ့ပစ္စည်းပို့သူဖြစ်လာတဲ့အခါမှာ ပြန်ပေးဆွဲခံရတဲ့အကြောင်းရင်းတွေကို စုံစမ်းသိရှိသွားပြီးဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ပါ File Size : ( 868 MB , 429 MB )Quality : WEB-DL 720p Running Time : 1 hr 32 min Format : Mp4 Genre : Animation , Adventure , Comedy Subtitle ...
movie
Arctic Dogs (2019)
Angels Fallen (2020) 6.1
movie
Angels Fallen (2020)
2020