Channel Myanmar

Michael McKean

Whatever Works (2009) 7.1
Whatever Works (2009)  ဒီဇာတ်လမ်းလေးကတော့ လူ့အသိုင်းအဝိုင်းကို မုန်းတီးရှောင်ကြဥ်တဲ့လူလတ်ပိုင်းအရွယ် လူ့ဂွစာ ဉာဏ်ကြီးရှင်ကြီးနဲ့ လူ့လောကအကြောင်းဘာဆိုဘာမှမသိတဲ့ နှစ်ဆယ်ကျော်သက်အရွယ် ကောင်မလေးတို့ကြားကဇာတ်လမ်းလေးတစ်ပုဒ်ကို ဟာသဆန်ဆန်ကြည့်ရှုရမှာပါ...။ဒီလူ့ဂွစာကြီး ဘိုးရစ်ဆိုသူဟာ သာမန်မဟုတ်ဘူးဗျ၊ ရူပဗေဒပညာရပ်ထူးချွန်လို့နိုဘယ်ဆုတောင် လျာထားခံရဖူးသူ၊ ကွမ်တမ်ဗေဒလည်း တတ်ကျွမ်းနားလည်သူ၊လူတွေအကြောင်းသိတတ်နားလည်သူဖြစ်ပါတယ်...။အဲ့လောက်သိတတ်နေမှတော့ သာမန်လူတွေကိုဆိုရင် အပြစ်ပဲမြင်ပြီး အမုန်းကြီးမုန်းပြီပေါ့...။သူ့အတွက်ကတော့ လောကကြီးကို မုန်းတီးတယ်၊ အချစ်ဆိုတာလည်းမရှိသူ...ဘယ်သူဘာတွေပဲဆိုဆို အလုပ်ဖြစ်ရင်ပြီးရောဆိုပြီး "Whatever Works"ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားသူပါ...။တစ်နေ့ကျတော့ သူ့ဘဝထဲကို မယ်လိုဒီဆိုတဲ့ အလှမယ်လေးရောက်ချလာပါတယ်...။ဒီကောင်မလေးဟာ လူတွေအကြောင်းလည်းနားမလည်၊ ဘာမှမသိမတတ်နဲ့၊အလှမယ်ပြိုင်ပွဲတွေပဲဝင်ပြိုင်ခိုင်းလွန်းလို့ အိမ်ကထွက်ပြေးလာသူပါ...။ဘိုးရစ်ဆီလည်းရောက်တော့ အရာရာသိတတ်နားလည်သူဆိုပြီး အကြွေကြီးကြွေပြီး ချစ်မိတယ်ထင်ပါရဲ့...။ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေး၊အိမ်ထောင်ရေးဇာတ်လမ်းလေးကဘာဆက်ဖြစ်ကြမလဲဆိုတာကို ရယ်စရာဟာသလေးတွေနဲ့ကြည့်ရှုရမှာပါ....။စူပါမန်းမင်းသား Henry Cavillရဲ့ ငယ်မူ သရုပ်ဆောင်ဟန်လေးကို ခဏတာမြင်တွေ့နိုင်မယ့်ကားလေးလည်းဖြစ်ပါတယ်...။ File size…4.18GB / 1.03GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Comedy ,  Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Whatever Works (2009)

The Words(2012) 7.0
The Words(2012) The Words(2012)============== ဒီဇာတ်ကားလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန်ကြိုးစားနေရတဲ့စာရေးဆရာတစ်ယောက်ဟာ ကိုယ်တိုင်မရေးခဲ့တဲ့စာမူနဲ့အကြီးအကျယ်အောင်မြင်မှုရသွားခဲ့ပြီးတဲ့နောက် ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ရွေးချယ်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အကြောင်းကို ပြန်ပြောပြထားတာပဲဖြစ်ပါတယ်။Bradley Cooper က သူ့ရဲ့ဇာတ်ရုပ်ကိုကောင်းကောင်းကြီးသယ်သွားပြီးတော့အတွင်းပိုင်းမှာရုန်းကန်ကြိုးစားရတဲ့အခြေအနေကိုကောင်းကောင်းပုံဖော်ပြသွားနိုင်ပါတယ်။ တကယ့်ကိုပြင်းထန်ပြီးတော့စိတ်ပိုင်းဆိုင်ရာအရညှင်းပန်းနှိပ်စက်ခံနေရတဲ့ပုံစံကို Bradley Cooper ကပုံဖော်သရုပ်ဆောင်ပြသွားနိုင်တာက ကြိုဆိုရမယ့်အပြောင်းအလဲတစ်ခုပဲဖြစ်ပါတယ်။ဖန်လုံအိမ်ထဲမှာ အရာရာကိုပြန်အဆင်ပြေအောင်ကြိုးစားနေတဲ့သူ့ရဲ့သရုပ်ဆောင်ချက်တွေကရင်သပ်ရှုမောလောက်စရာပါပဲ။ဒီ The Words ဆိုတဲ့ရုပ်ရှင်ကားမှာ ကြည့်ရှုဖို့ထိုက်တန်တဲ့သရုပ်ဆောင်ချက်တွေအများကြီးပါဝင်နေတာမို့ တစ်ခါလောက်မြည်းစမ်းကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်။ File size…1.72GB / 744MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 42m Genre ..... Mystery , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin
movie

The Words(2012)

Little Nicky (2000) 5.3
Little Nicky (2000) Little Nicky (2000) ===============ငရဲပြည်ကို အုပ်စိုးတဲ့ စေတန်သခင်ကြီးမှာ အေဒရီယန်၊ ကတ်ဆီးရပ်စ်နဲ့ နစ်ကီဆိုပြီးသား(၃)ယောက် ရှိပါတယ်။ ပျော့တိပျော့ညံ့ နစ်ကီက အစ်ကိုနှစ်ယောက် ဗိုလ်ကျ နှိပ် စက်တာကိုတစ်ချိန်လုံး ခါးစည်းခံနေရသူပါ။ တစ်နေ့တော့ စေတန် သခင်ကြီး ငရဲပြည်ကိုအုပ်ချုပ်တာ နှစ်(၁)သောင်း ပြည့်တဲ့နေ့ကို ရောက်လာပါတယ်။နှစ်(၁)သောင်းပြည့်ရင် အုပ်ချုပ်သူနေရာကို လွှဲပေးရတဲ့ စည်း မျဉ်းရှိပေမဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စေတန်နတ်ဆိုးကြီးက ဘယ် သူ့ကိုမှ လွှဲမပေးဘဲ သူကိုယ်တိုင်ပဲဆက်ပြီး အုပ်စိုးမယ် လုပ်ပါ တော့တယ်။ အဲဒီမှာပဲ အေဒရီယန်နဲ့ကတ်ဆီးရပ်စ်တို့က မကျေ မနပ်တွေဖြစ်၊ ငရဲပြည်အသစ် ဖန်တီးမယ်ဆိုပြီး ဝိဉာဉ်တွေ ဝင်တဲ့ ငရဲမီးဂိတ်ပေါက်ကနေတစ်ဆင့်ကမ္ဘာမြေပေါ်ကို ထွက်သွားပါ တော့တယ်။အဝင်ဂိတ်လို့ သတ်မှတ်ထားတဲ့ ငရဲမီးဂိတ်ကနေထွက်သွားတာ ကြောင့် ငရဲမီးဂိတ်ဝကြီး ခဲသွားပြီးဝိဉာဉ်တွေ ဝင်လို့မရ ဖြစ်ကုန် ပါတော့တယ်။ စေတန်ကြီးလည်း တတိတိနဲ့ အားနည်းလာပြီး သေမလို ဖြစ်လာတာပေါ့။ အဲဒီမှာပဲ ကမ္ဘာမြေပေါ် ထွက်သွားတဲ့ အစ်ကိုနှစ်ယောက်ကို ငရဲပြည်ဆီ ပြန်ခေါပြီး ဖခင်ဖြစ်သူကို ကယ် တင်ပေးဖို့ကနစ်ကီ့ခေါင်းပေါ် ရောက်လာပါတော့တယ်။ရုပ်ဆိုးဆိုး၊ စကားထစ်ထစ်၊ အူကြောင်ကြောင်ရုပ်နဲ့ ပျော့ဖတ်ဖတ် နစ်ကီတစ်ယောက်ကမ္ဘာမြေပေါ် ရောက်သွားပြီး အလွဲလွဲအချော် ချော်တွေ ဖြစ်ပျက်ပုံကိုအခွီတစ်လိုင်းနဲ့ ...
movie

Little Nicky (2000)

2000
Weird: The Al Yankovic Story 7.5
Weird: The Al Yankovic Story Weird The Al Yankovic Story (2022)ဒီ movie genre ကတော့တော်တော်ထူးခြားတယ်ပြောရမယ်။ Biography ကိုမှ ဟာသပြုထားသရော်ထားတဲ့ Biography Parody အမျိုးအစားပါ။ ဒီတော့ဘယ်သူ့ Biography လဲမေးရင် တစ်ခေတ်တစ်ခါက parody songs တွေရဲ့ဘုရင်ကြီး Weird Al ရဲ့Biography ပါပဲ ဒီဟာသပြုအထုပ္ပတ္တိကို Weird Al ကိုယ်တိုင်ပူးတွဲရေးသားထားပြီး သရုပ်ဆောင်တာကလဲထူးထူးခြားခြားဇာတ်လမ်းတွေသရုပ်ဆောင်နေကျ အားလုံးအချစ်တော်ဟယ်ရီပေါ်တာမင်းသားဆိုတော့ တကယ့်ကြည့်ကောင်းတဲ့ဇာတ်လမ်းပါပဲ။ အဆိုကျော်ကြီးတစ်ယောက်ရဲ့ အထုပ္ပတ္တိကိုကြည့်ရမယ့်အပြင် ဟာသပြုထားတော့သာမန်အထုပ္ပတ္တိဇာတ်လမ်းတွေလိုပျင်းစရာလဲမကောင်းတော့ဘူးပေါ့။ ဒါက Weird Al ဘဝဖြစ်ရပ်မှန်နဲ့ဇာတ်လမ်းပြန်ဖန်တီးထားတယ်ဆိုတော့ ဒါကြည့်ပြီးရင်တော့ဘယ်အချက်တွေကများအမှန်လဲဆိုပြီး သိချင်စိတ်နဲ့ အားလုံး ဂူဂဲလ်ရောက်သွားကြမှာသေချာတယ်ဗျာ။ဒီဇာတ်လမ်းမှာ ပေါ့ပ်ကွင်းမက်ဒေါနားနဲ့အချစ်ဇာတ်လမ်းပါပါသေးတာမို့ Weird Al ပြောတာက လက်ရှိသူ့နာမည်နဲ့ပတ်သက်ပြီး ဂူဂဲမှာအရှာဖွေဆုံးက သူနဲ့မက်ဒေါနားတကယ်ပတ်သက်ခဲ့သလားဆိုတာပါပဲဆိုတော့ အမြန်ကြည့်ပြီး ဂူဂဲလ်မှာအမြန်သာပြေးရှာလိုက်ကြပါတော့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Music Quality…. 1080p | 720p | 480p File size… 1.6GB | 863MB | 465MB Format… mp4 Duration…. 1h ...
movie

Weird: The Al Yankovic Story

2022
Jerry And Marge Go Large (2022) 6.9
Jerry And Marge Go Large (2022) Jerry And Marge Go Large (2022) ~ IMDb - 6.9/10, Rotten Tomatoes - 62% ~အငြိမ်းစားဘဝဆိုတာ တော်တော်ကို ပျင်းစရာကောင်းတဲ့ ဘဝပါပဲ။ ဂျယ်ရီလို အလုပ်ကြိုးစားတဲ့ စံပြဝန်ထမ်းတစ်ယောက်အတွက်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။၄၂ နှစ်လုံးလုံး အလုပ်ကလွဲပြီး ဘဝရယ်လို့ မယ်မယ်ရရ မရှိခဲ့တဲ့သူပါ။ ကံကောင်းထောက်မလို့ ပါရမီဖြည့်ဖက် မာ့ဂ်ျနဲ့ သားသမီးနှစ်ယောက်တော့ ထွန်းကားခဲ့ပေမဲ့ အလုပ်ကလွဲပြီး ကျန်တာကို မတွေးတတ်တဲ့ သင်္ချာဉာဏ်ကြီးရှင် ဂျယ်ရီ အလုပ်က အငြိမ်းစားယူရတော့မယ်ဆိုတော့ အကြီးအကျယ်စိတ်ဆင်းရဲသွားရပါတယ်။ဝီရိယအားကိုးတဲ့ ဉာဏ်ကြီးရှင် ဂျယ်ရီက ကံကိုအားကိုးတဲ့ ထီကို လုံးဝစိတ်မဝင်စားပါဘူး။ ထီထိုးရမှာတောင်ရှက်နေမိတတ်တဲ့လူမျိုးပါ။ ဒါပေမဲ့ အငြိမ်းစားယူထားတဲ့လူတွေရဲ့ ထုံးစံအတိုင်း စိတ်ဝင်စားစရာရှာဖို့ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း WinFall ထီမှာ ထိုးတိုင်းပေါက်နိုင်တဲ့ ဟာကွက်တစ်ခုကို ရှာတွေ့သွားပါတယ်။ဇာတ်လမ်းကတော့ အဲဒီမှာပဲ စတာပေါ့ဗျာ။သင်္ချာဉာဏ်ကြီးရှင်တစ်ယောက် ဘဝက ဂဏန်းတွေနဲ့ပဲ ဖွဲ့စည်းထားတာ ...
movie

Jerry And Marge Go Large (2022)

2022
Clue (1985) 7.2
Clue (1985) Clue (1985) ~ IMDb - 7.2/10, Rotten Tomatoes - 68% ~Clue ဟာ board game ကို Inspiration ယူပြီး ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ နည်းနည်းတော့ ဆန်းတယ်မလား။ ပုံမှန်ဆို ရုပ်ရှင်ကိုမှ board game ပြန်လုပ်ကြတာမလား။ ဒီရုပ်ရှင်ဟာ တကယ့် ကလပ်စစ်ဂကြောင် ရုပ်ရှင်ပါ။ ဘာလို့ဆို သူဆန်းတာက ဒီလောက်တင်မဟုတ်ဘဲ စုံထောက်ကားကိုမှ ဟာသကားဖြစ်အောင်ရိုက်ထားတာလည်း ပါတာကိုး။ တကယ့် ကကြိုးကကြောင်ဇာတ်ဝင်ခန်းတွေနဲ့ ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ရုပ်ရှင်ပါပဲ။ဇာတ်လမ်းစစဖွင့်ချင်းမှာ အိမ်တစ်အိမ်ကို လူ့နယ်ပယ်နဲ့ သူ နာမည်ကြီးတဲ့ နာမည်ကျော်လူတွေကို ဖိတ်ခေါ်လိုက်တယ်။ နာမည်ပျက်ခံလို့မရတဲ့သူတွေချည်းပေါ့။ သူတို့အားလုံးမှာ တူညီတာက ငွေညှစ်ခံနေရတဲ့တစ်ချက်ပဲ။ အဲဒီငွေညှစ်ခံရတာကို ဖိတ်ခေါ်တဲ့သူက ဘယ်လိုသိလဲ ဘာလဲညာလဲ အဖြေရှာရင်း လူသတ်မှုတွေဖြစ်လာတယ်။ အဲဒီလူသတ်မှုကို သူတို့ ကြားထဲပဲ ပြန်အဖြေရှာတယ်။ ...
movie

Clue (1985)

1985
My Little Pony: A New Generation (2021) 7
My Little Pony: A New Generation (2021) My Little Pony (2021)========================================IMDb - 7/10ဟိုးရှေးရှေးတုန်းကပေါ့ ပိုနီလို့ ခေါ်ကြတဲ့ မြင်းပုမျိုးနွယ်စုလေး သုံးခုရှိကြတယ်။အာသ့်ပိုနီလို့ ခေါ်တဲ့မြေလျှောက်မြင်းပုလေးတွေရယ်ယူနီကွန်း လို့ ခေါ်တဲ့ မှော်စွမ်းအား သုံးနိုင်တဲ့ ဦးချိုတစ်ချောင်း မြင်းပုလေးတွေရယ်ပဲဂစိုက် လို့ခေါ်တဲ့ မြင်းပုပျံလေးတွေ ရယ်ပေ့ါသူတို့ဟာ လက်ရှိကာလမှာတော့ မျိုးနွယ်စုတွေက တစ်ခုနဲ့ တစ်ခု မတည့်ကြဘဲ အချင်းချင်း ကြောက်ရွံ့နေကြတယ်။ ဘာအကြောင်းကြောင့် စည်းလုံးမှု ပြိုကွဲပြီး အချင်းချင်း ကြောက်နေကြမှန်း မသိရပေမဲ့ အတိတ်ကာလတုန်းက သိပ်စည်းလုံးပြီး မိတ်ဆွေကောင်းတွေ ဖြစ် ဆက်ဆံရေးခိုင်မာကြတယ်လို့ ယုံကြည်တဲ့ အာ့သ်ပိုနီ ကတော့ ရှိနေခဲ့တယ်။သူ့ရဲ့ ယုံကြည်မှုကို သူ့သမီးဖြစ်တဲ့ ဆန်နီ လေးကို လက်ဆင့်ကမ်းရင်း ည အိပ်ယာဝင်ပုံပြင်တွေ အဖြစ် ပြောပြခဲ့တယ်။ အဲဒီ ပုံပြင်တွေ အပေါ် ယုံကြည်သက်ဝင်တဲ့ ဆန်နီလေးတစ်ယောက် အခြားမျိုးနွယ်စု‌တွေကို လိုက်ရှာရင်း သူ့အဖေ ယုံကြည်ခဲ့တဲ့ ပြန်လည်ပေါင်းစည်းရေး အတွက်ကြိုးပမ်းရင်း ဒီစွန့်စားခန်းလေး ဖြစ်ပေါ်လာတော့တာပါပဲ။Netflix ...
movie

My Little Pony: A New Generation (2021)

2021
Playing God (2021) 6.0
Playing God (2021) Playing God (2021)===========================================IMDb - 6.0/10ကဲ ဒီတစ်ခါတော့ ဘုရားသခင်လုပ်တမ်းကစားလိုက်ကြရအောင်cm ပရိသတ်ကြီးရေ များသာအားဖြင့် မိသားစုတစ်ခုမှာ မောင်နှမတွေဆိုရင် မတည့်ကြတာ များမယ်ထင်တယ်ဒီဇာတ်လမ်းထဲက မောင်နှမကတော့ အတိုင်အဖောက် ညီလွန်းတဲ့အပြင်၂ ယောက်ပေါင်းပြီး လူတွေကို ပိပိရိရိ လိမ်စားတဲ့ အာဂမောင်နှမပါပဲဘယ်လောက်ထိ စကေးကြမ်းလဲဆို ဘာသာရေး သိပ်ကို ယုံကြည်သက်၀င်တဲ့ billionaire တစ်ယောက်ကိုဘုရားနဲ့မြှားပြီး ရေလျှံပေါက်ရှာတဲ့အထိပါပဲဟိုဘက်ကအကြွေးကို ဒီဘက်ငွေချေးဆပ် ဒီဘက်က အကြွေးကို ဟိုဘက်ငွေချေးဆပ်တဲ့ အကြွေးနွံနစ်နေတဲ့ သူတွေလိုပဲဒီမောင်နှမ ၂ ယောက်ရဲ့ ဘုရားကို ဗန်းပြ ရိုက်စားလုပ်မှုရဲ့ နောက်ကွယ်မှာ ငွေကြေးပြဿနာကလည်း ရှိနေပါသေးတယ်တစ်ဖက်က လူကလည်း ဘုရားနဲ့တွေ့ဖို့ လက်ခံလာတဲ့အခါမောင်နှမ ၂ ယောက် တစ်ပူပေါ်တစ်ပူဆင့်ရင်း ဘယ်လို အိုးတွေခွက်တွေ နင်းကြမလဲဆိုတာတော့ပရိသတ်ကြီးပါ သူတို့နဲ့အတူ ပါ၀င်ကစားလိုက်ပါတော့comedy , drama ဆိုပေမယ့် ပေါ့ပျက်ပျက်မဟုတ်ဘဲ ကြည့်ရှူသူကို ဆွဲဆောင်နိုင်လို့ အပန်းဖြေမှာ ...
movie

Playing God (2021)

2021
That Darn Cat (1997) 6.0
That Darn Cat (1997) [Unicode]That Darn Cat(1997)ဆရာသမားတို့ အိမ်ကမြောင်မြောင်လေးကအိပ်လိုက်စားလိုက်နဲ့ ကြွက်တောင် မခုတ်လို့ အသုံးမကျဘူးလို့ ထင်နေပါသလားဒီလိုဆိုရင်တော့ မှားမယ်နော်မြောင်မြောင်လေး စွမ်းဆောင်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်ဒီဇာတ်ကားလေးထဲ ကြည့်လိုက်ရအောင်... ဇာတ်လမ်းအစမှာတော့ ပြန်ပေးဆွဲတဲ့သူနှစ်ယောက်က သူဌေးမကြီးနဲ့ အိမ်ဖော်အဒေါ်ကြီးကို မှားပြီး ပြန်ပေးဆွဲတာကနေစထားပါတယ်ထိုမြို့ငယ်လေးက ဆယ်ကျော်သက်ကောင်မလေးဆီမှာ ဒီစီလို့ခေါ်တဲ့ မြောင်မြောင်လေးတစ်ကောင်ရှိပါတယ်ဒီစီက ဆရာသမားတို့အိမ်ကမြောင်မြောင်လိုပဲ အိပ်လိုက်စားလိုက်ပေါ့ဗျာအဲ့ဒီအပြင်ကို ည ၈ နာရီဒေါင်ခနဲထိုးတာနဲ့ တစ်မြို့လုံးလျောက်ပတ်တတ်သေးတယ်ဒီလိုပတ်ရင်းနဲ့ တစ်နေ့တော့.....အိပ်လိုက်စားလိုက် မြို့ပတ်လိုက်ပဲလုပ်နေတဲ့ ဒီစီလေးဆီကနေတွေ့တဲ့အရာတစ်ခုကနေပိုင်ရှင်ဆယ်ကျော်သက်ကောင်မလေးနဲ့ ထိုမြို့က လုပ်တိုင်းလွဲနေတဲ့ စုံထောက်တစ်ယောက်ဒီအမှု့ကို ဘယ်လိုမျိုး ဖော်ထုတ်ကြမလဲဆိုတာ ဟာသဆန်ဆန် ကြည့်ရမှာပါဒီကားကြည့်ပြီး အိမ်ကမြောင်မြောင်ကိုဒီစီလို အတင်းတွေအပြင်ပေးမသွားနေဖို့လည်း ကြိုပြောချင်ပါတယ်ဗျို့ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Amelia ပါ )Quality__1080p , 720p IMDb Rating__6.0/10 Format__mp4 Duration__01:30:00 Type__Comedy , Family Subtitle__Myanmar Subtitle (Hardsub) Translated by Amelia Encoded by Naing Aung Latt
movie

That Darn Cat (1997)

1997
Small Soldiers (1998) 6.1
Small Soldiers (1998) ဒီဇာတ်ကားလေးကြည့်ပြီးခလေးဘဝကို ပြန်ခံစားမိမှာအမှန်ပါပဲဲဟိုးအရင်က ကြိုက်ခဲ့ရတဲ့ဇာတ်ကားဆိုလဲမမှားပါဘူး။Heartland အရုပ်စက်ရုံဟာ ပြိုင်ဆိုင်မှုတွေကြားမှာ နစ်မြုပ်နေတဲ့အဆင့်မြင့်နည်းပညာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုပါ Hearland Play Service ကတော့အရုပ်တွေထုတ်လုပ်တဲ့စက်ရုံကြီးပေါ့ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ဂေးမာစ်းတစ်ယောက် သူ့ကုမ္ပဏီကအရုပ်တွေကိုသာမန်အရုပ်တွေနဲ့မတူ တမူထူးခြားအောင်လုပ်ချင်တဲ့ဆန္ဒကိုရှေ့တန်းတင်မိတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ကလေးကစားစရာအရုပ်လေးတွေဟာ ငိုအားထက်ရယ်အားသန်ဆိုသလိုစောင်ဆန်းကြီးတွေ လုပ်လာပါတော့တယ်အရုပ်တွေစောင်ဆန်းအကွက်တွေနင်းလို့တိုင်ပတ်နေတဲ့လူငယ်လေးအယ်လန်တစ်ယောက် ဒီအရှုပ်တော်ပုံကြီးကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာတော့ စိတ်ဝင်စားစရာပါ။Small Soldier ဇာတ်ကားဟာ သာမန်အမြင်နဲ့ကြည့်ရင်တော့ကလေးကြိုက်ကားလို့ထင်ကြေးပေးနိုင်ပေမယ့် သေချာခံစားကြည့်ရှုရင်အတော်လေး ခွီရတဲ့အပြင် မတူညီတဲ့ဒေသနှစ်ခုကခံစားချက်လေးတွေကို ခံစားရမှာပါကလေးဘဝတုန်းကတော့ အသဲယားစရာကောင်းတဲ့စစ်သားရုပ်တွေကိုအော်ဂလီဆန်ခဲ့တယ် လူငယ်ဖြစ်လာတော့ဟာသအထွေအထူးမထည့်ထားပေမယ့် အတော်လေးဗိုက်အောင့်လောက်အောင်ခွီရတဲ့ကားမှန်းသိလာတယ် ဟုတ်တယ်လေ။လက်တစ်ဖဝါးစာစစ်သားရုပ်လေးတွေ တကယ့်တိုက်ပွဲဝင်စစ်သားတွေလိုအတည်ပေါက်နဲ့အမိန့်တွေပေး mission တွေလုပ်နေတာကိုကြည့်ရတဲ့အရသာကတမျိုးလေးဗျ Long Long ago Spiderman Triologyထဲကမင်းသမီးချောလေးပါတွေ့ရတော့ကြည့်ရတာ မတန်ဘူးလို့ ငြင်းချက်ထုတ်စရာမရှိပါဘူး။ကလေးကားပေမယ့် ကလေးတကာ့ကလေးကားတွေထဲကခွဲထွက်လာတဲ့ လူငယ်တွေကို ရသတမျိုးအထူးဆန်းခံစားစေမယ့် ကားလေးလို့ဆိုလဲ မမှားပါဘူး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ဖြစ်ပြီး Arkar Phyo မှ Encode ပေးထားပါတယ်။) File Size : ...
movie

Small Soldiers (1998)

1998
Batman: The Dark Knight Returns, Part 2 (2013) 8.4
Batman: The Dark Knight Returns, Part 2 (2013) Part (2) မှာတော့ တော်တော်ကို Tempoမြင့်လာပါတယ် Batman လို့ ပြောလိုက်တာနဲ့ ခင်ဗျားတို့ တွဲမြင်တာ  ဘယ်လိုလဲ လို့မေးရင်? ?? ဟုတ်ပါတယ် အချစ်တော် Villain ကြီး Joker ပါပဲ ဒီလို ဆယ်စုနှစ်တစ်ခုလောက် Batman ပျောက်ကွယ်နေတော့ joker ကရော ဘယ်ကိုရောက်နေလဲ? ဘယ်ကိုမှ မရောက်ပါဘူး.... Arkham Asylum မှာ အသေကောင်နဲ့ မခြား မလှုပ်မရှားတော့ ပဲ အသက်ရှင်နေတယ် ဆိုရုံပဲရှိနေတာပါ ဒါပေမယ့် Gotham မြို့မှာ Bat ပြန်လည်လှုပ်ရှား လာတဲ့ အသံနဲ့ အတူ J လည်း ပြန်လည် အသက်ဝင်လာခဲ့ပါတော့တယ်။ ဒီမှာတစ်ခုလေး ပြောချင်တာက Batman ဇာတ်ကောင်ရဲ့ အားသာမှုတစ်ခုကို ကျွန်တော့်အမြင်အရပြောရရင် Villain တွေပါပဲ တစ်ချို့ Bat villain တွေဟာ ရည်ရွယ်ချက်ကြီးကြတယ် တစ်ချို့ Villain တွေဟာ သနားစရာကောင်းတယ် တစ်ချို့က ကျတော့ ရွံစရာသပ်သပ်ပဲ ...
movie


2013
Batman: The Dark Knight Returns, Part 1 (2012) 8.0
Batman: The Dark Knight Returns, Part 1 (2012) 1986 ခုနှစ်က Frank Miller ရဲ့ Dark Knight Returns Comic ကို 2012 ခုနှစ်မှာ Dark Knight Returns  Part 1 နဲ့ Part 2ရယ်လို့ နှစ်ပိုင်းခွဲပြီး Animated ဇာတ်ကားအဖြစ် ရိုက်ကူးပုံဖော်ခဲ့ပါတယ်။ Dark Knight Return comic ဟာ ကမ္ဘာ့အဆင့်သတ်မှတ်တဲ့ top 10 comic booksတွေ စာရင်းမှာ ထိပ်ဆုံးပိုင်းတစ်နေရာမှာ အမြဲပါနေတတ်တာကသူ့ရဲ့ ခိုင်မာတဲ့ ဇာတ်အိမ်နဲ့ သေသပ်ဆွဲဆောင်မှု ရှိတဲ့ story line ကြောင့်ဖြစ်ပါတယ် ဒီလို Comic ကို ပြန်ပြီး ပုံဖော်ထားတဲ့ Animated ကလည်း Rotten Tomatoesရဲ့ rating မှာ အင်မတန်ရှားပါးလှတဲ့ 100% rating အပြည့်ရရှိထားခဲ့တာကြောင့် ဒီ Animatedကောင်းလားမကောင်းလားဆိုတာ သိပ်ပြီး အငြင်းပွားနေစရာ မလိုလောက်အောင်ပါပဲ ဇာတ်လမ်းအညွှန်းဘက် နည်းနည်းသွားရရင် Gotham မှာ Batman ...
movie

Batman: The Dark Knight Returns, Part 1 (2012)

2012