Channel Myanmar

Michael Showers

The Resident (2011) 7.8
The Resident (2011)  ဂျူလိယက်ဟာ သူမရဲ့ရည်းစားဖြစ်သူကို တခြားကောင်မလေးနဲ့။ သူမရဲ့အိပ်ရာပေါ်မှာ ဖောက်ပြန်နေတာကို မိပြီးတဲ့နောက်မှာ သူမရဲ့ရည်းစားနဲ့ လမ်းခွဲလိုက်ပြီး သူမရဲ့ဘဝကို အသစ်စတင်ချင်တာကြောင့် နေရာအသစ်လိုက်ရှာနေတဲ့ အရေးပေါ်ဆရာဝန်တစ်ယောက်ပါ။ အိမ်ခန်းလိုက်ရှာရင်းနဲ့ သူမဟာ နေရာကျယ်ဝန်းပြီး ရှုခင်းကောင်းတဲ့တိုက်ခန်းတစ်ခုကို တွေ့သွားပြီး ထိုတိုက်ခန်းရဲ့ပိုင်ရှင်က ဈေးသက်သက်သာသာနဲ့ ငှားပေးတဲ့အခါမှာ နှစ်ခါမတွေးဘဲ ပြောင်းနေလိုက်ပါတော့တယ်၊ သူမဟာ ရည်းစားဟောင်းကြောင့် စိတ်က ဇဝေဇဝါဖြစ်နေပြီ အိမ်ပိုင်ရှင်ကို နမ်းလိုက်မိပါတော့တယ်၊ အဲကနေစပြီး သူမဟာ မနက် မနက်ဆို အိပ်ရာထနောက်ကျပြီး အမြဲလိုလို ပင်ပန်းနွမ်းနယ်ကာ အလုပ်တွေနောက်ကျလာပါတော့တယ်၊ အကြောင်းအရင်းကို သိရဖို့ CCTV တပ်ဆင်ထားလိုက်တဲ့အခါမှာတော့ အကြောင်းအရင်းက ဘာဖြစ်မလဲ ဒီအကြောင်းအရင်းကိုရော သူဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.3 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

The Resident (2011)

The Tree of Life (2011) 6.8
The Tree of Life (2011) The Tree of Life (2011)=================IMDb Rating - 6.8/10#Unicodeပြောရမယ်ဆိုရင် ဒီရုပ်ရှင်နဲ့ ကျွန်တော်နဲ့ကြားမှာ တံတိုင်းကြီးတစ်ခုခြားထားတယ်။အဲ့ဒီတံတိုင်းက ခရစ်ယာန်ဘာသာရေးပါပဲ။ ဒီရုပ်ရှင်ရဲ့ အဓိက Conceptက ဘာသာရေးဆိုတော့ ဒါကို ဖယ်ပြီး ခံစားဖို့အတော်ခက်တယ်။ ကောင်းလားမေးရင်လည်း ဒီရုပ်ရှင်ဟာ အတော်တန်းမြင့်တဲ့အထဲထည့်လို့ရတဲ့ အထိကောင်းတယ်။ အတော်အနုပညာဆန်တယ်။ အပေါ်မှာပြောထားတဲ့ ဘာသာရေးတွေ ဘာသာစကားတွေကို ဖယ်ကြည့်လိုက်ရင် ကျွန်တော်တို့အားလုံးဟာ နှလုံးသားကိုယ်စီရှိကြတဲ့ တူညီတဲ့လူသားတွေပါပဲ။ ဒီတော့ ဒီထဲက အဓိက Conceptမဟုတ်တဲ့ မိသားစုဆက်ဆံရေးထဲက အတော်လှတဲ့ ချစ်ခြင်း ပဋိပက္ခတွေကို ပြသွားတဲ့ ပု‌ံတွေကို အပြည့်အ၀ခံစားလို့ရတယ်။ အဓိက Conceptမဟုတ်တာနဲ့တောင် ဒီရုပ်ရှင်ဟာ အတော်လေးစွဲမက်ဖို့ကောင်းတယ်။ စကားပြောသံတွေက မသဲမကွဲတွေ စကားပြောနေရင်းတောင် တစ်ချိန်လုံးနီးပါး ကြားနေရတဲ့ဂန္တ၀င်ဂီတ‌တွက စကားပြောသံထက်ပို စူးရှနေတယ်။ ဒါကလည်းအတော်ဆွဲဆောင်မှု ရှိတယ်ပြောရမယ်။ စကြ၀ဠာကနေ သားလောင်းအထိ လှပတဲ့ (ခရစ်ယာန်စကားနဲ့ဆို ဖန်ဆင်းမှု)တွေကို ထည့်သုံးသွားတာကလည်း သက်ဆိုင်သူတွေအတွက် တကယ်ခံစားရစေမယ့်အရာပါပဲ။Tree of Lifeဆိုတဲ့နာမည်လှလှလေးနဲ့လိုက်ဖက်အောင်ကို ဒီရုပ်ရှင်ထဲက အရာအားလုံးကလှပတယ်။Castတွေကလည်း Aတန်း၀င် Actorတွေ ဘရက်ပစ် ရှောင်ပင်းန်။ ဘာရည်ရွယ်ချက်နဲ့လဲတော့ မသိပေမယ့် ‌အသက်ခြောက်ဆယ်ရှိပြီဖြစ်တဲ့ ရှောင်ပင်းန်ကို ငါးဆယ့်ခြောက် ဘရက်ပစ်ရဲ့ သားလုပ်ပစ်ထားတာကတော့ တစ်မျိူးပါပဲ။ ရှောင်ပင်းန်အခန်းတွေမှာတော့ ဘာမှထူးထူးခြားခြား သိပ်မရှိပေမယ့် ဘရက်ပစ်ကတော့ တကယ့်ဘ၀မှာ ကလေးတွေအများကြီးရဲ့ အဖေဖြစ်နေတ‌ာရော ဇာတ်ကောင်လိုက်ဖက်မှုကြောင့်ရော ဖခင်အစစ်တစ်ယောက်လိုခံစားရစေတယ်။ သူမဟုတ်ဘဲ တခြားလူသာဆို ဒီလောက် လှမယ်မထင်မိဘူး။ ဇာတ်လမ်းအကျဉ်းပြောဖို့ မလိုလောက်အောင် ဇာတ်လမ်းက အရမ်းရိုးရှင်းတယ်။ ဒီဇာတ်လမ်းရိုးရိုးလေးကို မပျင်းရအောင် ရိုက်ပြသွားတဲ့ ...
movie

The Tree of Life (2011)

2011
The Collector (2009) 6.4
The Collector (2009) Desperate to repay his debt to his ex-wife, an ex-con plots a heist at his new employer's country home, unaware that a second criminal has also targeted the property, and rigged it with a series of deadly traps.ကြောက်မက်ဖွယ်ရာလူသတ်အက်ရှင်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ချေ့စ်မိသားစုဟာဆိုရင် ဒက်ထရွိုက် မှာရှိတဲ့ အိမ်တစ်လုံးကို ပြောင်းရွှေ့ကျပါတယ်။ဒီလို ပြောင်းရွှေ့တဲ့အခါမှာဆိုရင် အာကင်ဆိုတဲ့ လူကို တံခါးပေါက် ပြတင်းပေါက်တွက် တပ်ဆင် ပေးဖို့အတွက်ငှားရမ်းလိုက်ပါတယ်။အာကင်ရဲ့ အမျိုးသမီးဟာဆိုရင် အကြွေးတွေ နစ်နေပြီး ငွေကို အရေးတကြီးလိုအပ်နေပါတယ်။အာကင် ရဲ့ လုပ်ခကလည်း အကြွေးပေးရအောင် မလုံလောက်ပြန်ပါဘူး။ဒီအချိန်မှာ ကြံရာမရတဲ့အဆုံး အာကင်ဟာ ချေ့စ်မိသားစုရဲ့ မီးခံသေတ္တာကို ဖောက်ထွင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။အစီအစဉ်ချ ...
movie

The Collector (2009)

2009