Channel Myanmar

Michael Tse

[18+] Lan Kwai Fong 3 (2014)
[18+] Lan Kwai Fong 3 (2014) Lan Kwai Fong 3 (2014)Lan Kwai Fong ဆိုတာ ဟောင်ကောင်ရဲ့ ကလပ်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေစသဖြင့် နာမည်အကြီးဆုံး nightlife hot spots တစ်ခုဖြစ်ပါတယ်။ အဲ့ဒီဝန်းကျင်တစ်လျှောက်မှာ ကျင်လည်ကျက်စားနေကြတဲ့သူတွေကလည်း လူပေါင်းစုံ အလွှာပေါင်းစုံ ဘဝပေါင်းစုံပါပဲ။ ဘီလျံနာသူဌေးကြီးတွေကနေ ညငှက်မလေးတွေအထိ နိစ္စဒူ၀ ဖြတ်သန်းနေတဲ့နေရာတစ်ခုမှာ ဇာတ်လမ်းတွေပေါင်းစုံရှိကြမှာလည်းအမှန်ပါပဲ။Lan Kwai Fone Triology ဟာ အဲ့ဒီဘဝတွေအပေါ်မှာပဲအခြေခံပါတယ်။ ဇာတ်လမ်းနဲ့ထပ်တူကျအောင် တကယ့်ကိုငယ်ရွယ်တဲ့ သရုပ်ဆောင်တွေကိုပဲ ရွေးချယ်ထားတာဖြစ်တဲ့အတွက် ဟောင်ကောင်ရဲ့နာမည်ကြီး nightlife ဒေသတစ်ခုအကြောင်းကိုဘေးက ထိုင်ကြည့်နေသလို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်၊ ဘဝစုံ အလွှာစုံရဲ့ဇာတ်လမ်းအဖုံဖုံကိုလည်း မြည်းစမ်းထိတွေ့ရမယ့် ဇာတ်ကားဖြစ်ပါတယ်။Lan Kwai Fong ဇာတ်ကား ၃ ကားရှိပြီး အားလုံးကို ဒီမှာ https://channelmyanmar.org/?s=lan+kwai+fong ကြည့်ပါ။ File size…(5.6 GB)/(1.7 GB) Quality….BluRay Remux 1080p /720p Format…mp4 Duration….01:36:43 Subtitle….Myanmar Subtitle ...
movie

[18+] Lan Kwai Fong 3 (2014)

2014
72 Hours – Operation Gold ( 2023 ) 5.9
72 Hours – Operation Gold ( 2023 ) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်းကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ဖူကွမ်းမြို့မှာ ဒုစရိုက်မှုပေါင်းစုံကို လုပ်နေကြတဲ့ ဒုစရိုက်အဖွဲ့ဟာ အမှုပေါင်းများစွာနဲ့ ပတ်သက်နေပါတယ်။ မူးယစ်မှောင်ခိုလုပ်ခြင်း၊ လက်နက်ကိုင်ဆောင်ပြီး လူသတ်ခြင်းဖြင့် နေရာတိုင်းမှာ အဖွဲ့ဝင်တွေ ရှိနေပါတယ်။ အဖွဲ့တွင် အဖွဲ့ဝင်များပြားခြင်း၊ အင်တာနက်ကို အသုံးချပြီး ဒုစရိုက်ပြုလုပ်ခြင်း၊ အဖွဲ့ခေါင်းဆောင်ရဲ့ လျှို့ဝှက်ခြင်းတို့ကြောင့် ထိုအဖွဲ့ဟာ ဉာဏ်ရည်မြင့်ဒုစရိုက်အဖွဲ့တစ်ခု ဖြစ်ပါတယ်။ဖူကွမ်းမြို့မှ ရဲတပ်ဖွဲ့ကလည်း နှစ်ပေါင်းများစွာ ထိုဒုစရိုက်အဖွဲ့ရဲ့ ပြစ်မှုသက်သေတွေကို လိုက်လံစုံစမ်းနေခဲ့ပြီး ပြည်သူ့လုံခြုံရေးကို ကာကွယ်ပေးခဲ့ပါတယ်။ တစ်နေ့မှာ မိန်းကလေးတစ်ယောက်ကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ တိုက်ခိုက်ခံရသူမိန်းကလေး ရုံလင်ဟာ ရဲတပ်ဖွဲ့ကို အမှုတိုင်ခဲ့ပါတယ်။တိုင်ကြားမှုကို လက်ခံရရှိခဲ့ပြီးနောက် ဖူကွမ်းမြို့ ဒုစရိုက်တိုက်ဖျက်ရေးတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ထန်ဖေးဟာ အဖွဲ့သားတွေကို ဦးဆောင်ပြီး စစ်ဆေးစုံစမ်းမှုများ သက်သေရှာဖွေမှုများကို ပြုလုပ်ခဲ့ပါတယ်။ ရုံလင် ထွက်သွားပြီးနောက် အချိန် ၇၂ နာရီကို အသုံးချကာ ဒုစရိုက်တပ်ဖွဲ့တွေကို တစ်ချက်တည်းအပြီးရှင်းဖို့ လုပ်ရှားရပါတော့တယ်။ထန်ဖေးတို့အဖွဲ့က ဒုစရိုက်အဖွဲ့ခေါင်းဆောင်ကို အမိအရဖမ်းဆီးဖို့ ဘယ်လိုတွေ ကြိုးစားခဲ့ရလဲ...... အမှုတိုင်တဲ့ မိန်းကလေးကရော ဘယ်လိုရည်ရွယ်ချက် ရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်လေးကို ကြည့်ရှုလိုက်ရအောင်နော်။ Quality : ...
movie

72 Hours – Operation Gold ( 2023 )

Queen of Triads 2 – Infinite Sneak ( 2023 ) 5.9
Queen of Triads 2 – Infinite Sneak ( 2023 ) Queen of Triads 2 ဆိုတဲ့ အက်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီကားလေးက ထုံးစံအတိုင်း ဟောင်ကောင် မူးယစ်ဈေးကွက်လောကကို အခြေခံရိုက်ကူးထားတာပေါ့... ဟောင်ကောင် မူးယစ်ဈေးကွက်မှာ ဦးဆောင်နေတဲ့ နာမည်ကြီး လုပ်ငန်းရှင် ၄ ဦးထဲက ဖေးခွင်း ခေါ် အစ်ကိုခွင်းနဲ့ အစ်ကိုဟောက်တို့ကြားက ယှဉ်ပြိုင်မှုအပိုင်းအစလေးမှာ နှင်းဆီဆိုတဲ့ သူလျိုတစ်ယောက်ဝင် ဂယက်ရိုက်တာကို ကွင်းဆက်မိမိ ဇာတ်အိမ်ခိုင်ခိုင်နဲ့ တင်ဆက်ထားတာပါ...နှင်းဆီ ဆိုတဲ့ နာမည်အတိုင်း လှလည်းလှ ဆူးလည်းရှိတဲ့ အမျိုးသမီးတစ်ယောက်ပေါ့ ... သူက ဖေးခွင်း လက်မှာ သေခဲ့ရတဲ့ အဖေ ရဲအရာရှိသွေး အပြည့်အဝပါသူမို့ လေ့ကျင့်ရေးမှာလည်း အမှတ်ကောင်းပြီး သူလျို့စစ်ဆင်ရေးအတွက် အရွေးချယ်ခံခဲ့ရသူလေးပေါ့...နှင်းဆီနဲ့ အစ်ကိုခွင်းဟာဆို မိဘကို သတ်ခဲ့တဲ့ သွေးရန်ငြိုးရှိနေသေလိုပဲ... တစ်ချိန်က အစ်ကိုခွင်း လက်အောက်ငယ်သားဖြစ်သူ အစ်ကိုဟောက်ကလည်း တစ်ချိန်က နှင်းဆီကို ကယ်ခဲ့သူဖြစ်နေတာပေါ့...ဒီလိုနဲ့ နှင်းဆီတစ်ယောက် အစ်ကိုဟောက်နားရောက်လာပြီး ဘယ်လို စစ်ဆင်ရေးလှုပ်ရှားမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းတာမို့ မပျက်မကွက် ကြည့်လိုက်ကြနော်.. Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime Runtime : ...
movie

Queen of Triads 2 – Infinite Sneak ( 2023 )

Endless Battle ( 2023 ) 6.1
Endless Battle ( 2023 ) CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ အက်ရှင်ဇာတ်ကားလေးကိုမှ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်အက်ရှင်ဇာတ်ကားကောင်လေးဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာတော့ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် လုံခွန်းကတရားမဝင် မူးယစ်ဆေးတွေကို ရောင်းဝယ်တဲ့လူပေါ့။ရဲတွေကဒီလုံခွန်းကို ဖမ်းဆီးဖို့အတွက်နည်းမျိုးစုံသုံး ဖမ်းဆီးပေမဲ့ အမြဲတမ်းလွတ်မြောက်ခဲ့တယ်။ ဖြောင့်မတ်တဲ့ ရဲအရာရှိဖန်ကျန့်ကျုံးမှာ အားချန်ဆိုတဲ့ ညီလေးတစ်ယောက်ရှိနေပေမဲ့ ညီအစ်ကိုနှစ်ယောက်ဆက်ဆံရေးမပြေလည်ခဲ့ဘူး။မပြေလည်တဲ့အကြောင်းရင်းကတော့ အစ်ကိုဖြစ်သူက မူးယစ်ဆေးအရောင်းအဝယ်ဂိုဏ်းတွေကို ဖမ်းဆီးနေတဲ့ ရဲသားတစ်ယောက်ဖြစ်ပေမဲ့ ညီကတော့အဲ့ဂိုဏ်းတွေနဲ့ အပေါင်းအပါမိတ်ဆွေတွေ ဖြစ်နေခဲ့တာကြောင့်ပဲ။ သို့ပေမဲ့မကြာခဏ သူ့ညီအဖမ်းခံရတိုင်းဖန်ကျန့်ကျုံးရဲ့မွေးစားအဖေ ချင်ရဲမှူးကတော့ သူ့ညီဘက်ကနေအမြဲကာပေးပြီးလွှတ်ပေးခဲ့တယ်။တနေ့လုံခွန်းသားအငယ်က ရဲတစ်ယောက်ကို ကားသတ်မှုအပြင်မူးယစ်ဆေးမှုပါ အဖမ်းခံလိုက်ရတဲ့အချိန် သားကို ချစ်မြတ်နိုးတဲ့ လုံခွန်းတစ်ယောက်ကယ်ထုတ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ဒီအမြဲတမ်းလွတ်မြောက်နေတဲ့ လုံခွန်းမူးယစ်ဆေးဘုရင်မှ ာဘယ်သူတွေ ပါဝင်ကူညီပေးနေလဲ။ညီအစ်ကို နှစ်ယောက်ဆက်ဆံရေးကကော ဘယ်လိုတွေကတောက်ကဆဖြစ်နေဦးမလဲ။ ဒီရူပ်ထွေးလှတဲ့မူးယစ်ဆေးစီးပွားရေးလောကရဲ့ကြိုးစကို ဘယ်လိုဖြည်ကြမလဲအစရှိတဲ့စိတ်ဝင်စရာ စုံထောက်မှုခင်းအက်ရှင်တို့ကို တစ်ခါတည်း ဒီဇာတ်ကားကနေပြသသွားမှာဆိုတော့လက်မလွတ်တမ်းစောင့်ကြည့်လိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Action Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Endless Battle ( 2023 )

[18+] Fatal Desire (1998)
[18+] Fatal Desire (1998) တောတွင်းစွန့်စားခန်းကို 18+ ဆန်ဆန်ကြည့်ချင်တယ်ဆို ဒီကားလေးရှိပါတယ်နော်။ ဇာတ်လမ်းကရိုးမလိုလိုနဲ့ ဆန်းပါတယ်။ ရှေးဟောင်းမြို့ထဲမှာမြှုပ်ထားတဲ့ ရတနာကို အားကတ်ကရှာချင်တာဖြစ်ပြီး အားကတ်နဲ့အတူတူ တစ်ခြားသူငယ်ချင်းတွေလည်းပါလာကြပါတယ်။အားကတ်ရဲ့အဖေက ရှေးဟောင်းသုတေသနပညာရှင်ဖြစ်ပြီး သူ့အိပ်မက်ဖြစ်တဲ့ရှေးဟောင်းမြို့ကို မရှာနိုင်ခင်မှာပဲ ဆုံးသွားတာဖြစ်ပါတယ်။ အဖေ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ဖိလစ်ပိုင်မှာ ရှေးဟောင်းမြို့ကိုလာရှာရင်း သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းနဲ့လည်းတွေ့ရပြီး တောင့်တောင့်ဖြောင့်ဖြောင့် ကိုလူချောဘန်းနဲ့လည်း ခင်မင်ရင်းနှီးခဲ့ရပါတယ်၊သူတို့ငါးယောက် ရတနာရှာပုံတော်ဖွင့်ရင်း ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ ဘယ်လိုမျိုး အမှောင်ဇာတ်လမ်းတွေခင်းမလဲဆိုတာကိုတော့ တစ်ယောက်တည်းကြည့်လိုက်ပါတော့နော် ။ ။ File size…2.8GB / 1.4GB Quality…1080p / 720p Format…mp4 Duration….1h 37mins Subtitle….Myanmar Subtilte(Hard Sub) Encoder….X Cross Translated by Dark V
movie

[18+] Fatal Desire (1998)

The Peeping Tom (1997) 5.9
The Peeping Tom (1997) The Peeping Tom (1997)မိန်းမတွေရဲ့ သွယ်လျလှပတဲ့ခြေထောက်တွေကိုပဲ အရူးအမူးတန်းတန်းစွဲနေတဲ့ စိတ္တဇနှာဘူးဆိုက်ကိုတစ်ယောက်...ကောင်မလေးတွေကို ပြန်ပေးဆွဲ မဒိန်းကျင့်ပြီးခါမှ ခြေထောက်လှလှလေးတွေကို ပေါင်ရင်းကနေစ ဖြတ်ပစ်ပြီးသတ်တဲ့ သူ့ရဲ့ကွင်းဆက်လူသတ်မှုကြောင့်ဟောင်ကောင်မြို့တစ်ခုလုံးက ကောင်မလေးတွေ အတိုအပြတ်မဝတ်ရဲတဲ့အထိ ထိတ်လန့်ကြောက်ရွံ့နေရတဲ့ ကပ်ဘေးတစ်ခုလို ဖြစ်နေခဲ့တယ်တနေ့ သေနတ်ချင်းယှဉ်ပစ်နေတဲ့ လမ်းမပေါ်က စစ်ဆေးရေးမှူးစုံထောက်မလေး ချန်ဆူအန်ကိုတွေ့မိခဲ့ရင်းက လူသတ်သမားက ဆူအန်ကို သူဖမ်းနေကြကောင်မလေးတွေနဲ့မတူ တမူသဘောကျမိသွားပြီးလူသတ်သမားနဲ့ စုံထောက်ရဲမေတို့ကြားက ပဋိပက္ခတွေကို သည်းထိတ်ရင်ဖို ခပ်ကြမ်းကြမ်းလေး ခပ်ထန်ထန် ကြည့်ရှုရမှာပါ။ဆိုက်ကိုလူသတ်ကားနဲ့ အက်ရှင်ကြိုက်သူတို့အဖို့တော့ ကြည့်ရှုသင့်တဲ့ ၁၉ရာစုရဲ့လက်ရာ တရုတ်ရုပ်ရှင်ကားတစ်ခုပါ။Mature Rated NC-17 ကြမ်းတာမို့ အသက် ၁၇နှစ်နှင့်အောက် မကြည့်ရနှင့် ပြည့်ပြီးသူများဖြစ်ရင်တောင် နှလုံးရောဂါ ရှိသူများ ကြည့်ရန်မသင့်တော်ပါ။( အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ) Quality__480p IMDb Rating__5.9/10 Format__mp4 Duration__01:30:00 Type__Crime , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann ...
movie

The Peeping Tom (1997)

1997
The Infernal Walker ( 2020 ) 5.3
The Infernal Walker ( 2020 ) ဒီဇာတ်ကားလေးက တော့ဘိန်းဖြန့်ချီရေးအဖွဲ့စည်းတွေနဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့သူလျှိုတွေနဲ့ အရောင်းအဝယ်လမ်းကြောင်းကို သတင်းပေးပြီးဖမ်းဆီးဖို့ကြိုးစားတဲ့ဇာတ်လမ်းတွေထဲက ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့...ဒီကားရဲ့ ထူးခြားချက်ကတော့ အပြန်အလှန် သူလျှိုတွေရှိနေတာပါပဲ...ဖူဟဲလုပ်ငန်းနဲ့ တုန်းလီလုပ်ငန်းစုတို့ ဘိန်းဈေးကွက်ကို ကြိုးကိုင်နေတဲ့ အင်အားကြီးလုပ်ငန်း ၂ ခုပေါ့ဒီ ၂ ဖွဲ့ကို ဖမ်းဖို့ကြိုးစားနေတဲ့ ဟောင်ကောင်ရဲအဖွဲ့ကဖူဟဲလုပ်ငန်းစုမှာ သူလျှိုထားထားပြီး လမ်းကြောင်းတွေ စုံစမ်းနေခဲ့တယ်...ဒါက TVB ရဲကားတိုင်းနီးပါးမှာ ပါနေကြအကွက်ပေါ့...ဒါပေမယ့် တုန်းလီလုပ်ငန်းစုက စုန့်လူကြီးမင်း မွေးထားတဲ့ သူလျှိုကစားသွားတဲ့အကွက်လေးတွေကတော့ အ တော်လေးလန်းတယ်လို့ပြောရပါမယ်ဘာတွေဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး Translated & Review By Chu ChuEncoded By LK
movie

The Infernal Walker ( 2020 )

L Storm (2018) 6.6
L Storm (2018) ဟောင်ကောင်အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ICAC က Luk Chi Limနဲ့ Lau Po-keungတို့ဟာ ငွေဖြူ လုပ်တဲ့ဂိုဏ်း ကို ခြေရာခံစုံစမ်းကြပါတယ်။ကမ္ဘာတစ်ဝှမ်းမှာ ငွေဖြူလုပ်တဲ့လုပ်ငန်းတွေဟာ ကျယ်ပြန့်လာပြီးဟောင်ကောင်အထိပါရောက်ရှိလာခဲ့ပါတယ်။တစ်နှစ်ကို အမေရိကန်ဒေါ်လာသန်းပေါင်းများစွာငွေဖြူ ပြုလုပ်နေကြပါတယ်။ဟောင်ကောင်က ငွေဖြူ ဂိုဏ်းဟာ အစိုးရဝန်ကြီးအဆင့်လူတစ်ယောက်ပါ ပါဝင်ပတ်သတ်နေတဲ့အတွက် ဖမ်းဆီးဖို့အဟန့်အတားများစွာရှိနေပါတယ်။နည်းလမ်းမျိုးစုံသုံးပြီး လွတ်မြောက်ဖို့ကြိုးစားနေပါတယ်။ဒီအမှုကို Luk Chi Limဟာ အသက်ဘေးအန္တရာယ်ကျရောက်ခဲ့တဲ့အထိကို ကြိုးစားဖော်ထုတ်ခဲ့ပါတယ်။လုပ်ဖော်ကိုင်ဘက် ဂျူ နီယာ Lau Po-keungကလည်းများစွာအကူအညီပေးခဲ့ပါတယ်။ဟောင်ကောင်မင်းသား Louis Kooနဲ့ Julian Cheungတို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ Hnin Amy Khine ပါ) File Size : (800 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1h 30min Format : Mp4 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

L Storm (2018)

2018