Channel Myanmar

Michalina Olszańska

Jack Strong (2014) 7.0
Jack Strong (2014) ဒီ IMDB 7/10 ရတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲအတွင်းက ပိုလန်သူလျှိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းကိုရိုက်ကူးထားပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ ဗိုလ်မှူးကြီးရစ်ဇာ့ဒ်ကူလင်စကီဟာအရမ်းကိုအလုပ်ကြိုးစားပြီး မျိုးချစ်စိတ်ထက်သန်တဲ့ဗိုလ်မှူးတစ်ယောက်ပါ။သူဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကမ္ဘာစစ်ထပ်ဖြစ်အောင်ကြိုးစားနေတဲ့စီမံချက်တွေ အကြံအစည်တွေကိုသိနေပြီး ကမ္ဘာစစ်ဖြစ်လာမှာကိုမလိုလာပါဘူး။ဒါကြောင့်ကူလင်စကီဟာ သူ့တိုင်းပြည်ဖြစ်တဲ့ပိုလန်ရဲ့ အနာဂတ်အတွက်နဲ့သူ့မိသားစုရဲ့လုံခြုံရေးအတွက် "Jack Strong" ဆိုတဲ့ လျှို့ဝှက်နာမည်ကိုသုံးပြီးအမေရိကန်စစ်ရေးသတင်းထောက်လှမ်းရေးအေဂျင်စီတွေနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်တယ်။ဒီလိုတခြားနိုင်ငံကို ထိပ်တန်းလျှို့ဝှက်စစ်ရေးသတင်းတွေပေးခြင်းဟာတရားမဝင်သလို သူရောသူ့မိသားစုပါ ဒုက္ခရောက်မယ်ဆိုတာ သူကောင်းကောင်းကြီးသိပါတယ်။ဒီလိုမျိုး ကြီးလေးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ကူလင်စကီရဲ့စိတ်တွင်းမှာဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ထင်ရှားအောင် ဒီဇာတ်ကားကဖော်ပြပေးသွားတာပါ။စစ်အေးတိုက်ပွဲအတွင်းက ရက်စက်မှုတွေနဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကိုပါထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗဟုသုတနဲ့သည်းထိတ်ရင်ဖိုဖြစ်မှုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။   File size…  2.1 GB /  895 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre .....   Thriller , Action Subtitle…. Myanmar Subtitle (Hard ...
movie

Jack Strong (2014)

2014
Soulcatcher (2023) 6.8
Soulcatcher (2023) Soulcatcher (2023)****************** ပိုလန် အက်ရှင်ကားသစ်တစ်ကား နက်ဖလစ်ကနေ ထွက်လာတာပါ။ ဒါရိုက်တာ Daniel Markowicz ရဲ့လက်ရာဖြစ်ပြီး အထူးတပ်ဖွဲ့ဝင်တွေအကြောင်းကို အခြေခံထားပါတယ်။ဇာတ်လမ်းအကျဉ်းပိုလန် ကြေးစားအထူးတပ်ဖွဲ့ဝင်ဟောင်းတွေဟာ နယ်စပ်တစ်နေရာကစစ်ခေါင်းဆောင်တစ်ယောက်ဖမ်းထားတဲ့ မိန်းကလေးတစ်ယောက်နဲ့စစ်ရာဇဝတ်မှုသက်သေတွေကို သွားပြီးယူဖို့ တာဝန်ပေးခံရပါတယ်။ဒါပေမဲ့ အဲဒီမှာ လူတွေကို စိတ်ဖောက်ပြန်ပြီး သတ်ဖြတ်ချင်စိတ်တွေဝင်လာစေတဲ့ထူးဆန်းတဲ့စက်တစ်လုံးနဲ့ ရင်ဆိုင်လိုက်ရပြီး အားလုံးနီးပါး သေသွားရပါတော့တယ်။အဲဒီစက်ဟာ မူလက ကင်ဆာကုဖို့ စတီထွင်ထားခဲ့ပေမဲ့ အမှားအယွင်းတစ်ခုကနေလက်နက်ဖြစ်လာခဲ့တာပါ။ အသက်ရှင်ကျန်ခဲ့တဲ့ အထူးတပ်ဖွဲ့ဝင်ကအဲဒီစက်ကို ပြန်လုယူဖို့နဲ့ စက်တီထွင်သူကို လုပ်ကြံဖို့ စစ်စခန်းထဲကို ပြန်ဖောက်ဝင်ဖို့ ကြိုးစားရတဲ့အခါ....File size…  1.50GB / 800MB Quality… WEB-Rip 1080p / 720p Format…mp4 Duration….1h 42m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Mr.Anderson
movie

Soulcatcher (2023)

Pokolenie Ikea(2023) 6.7
Pokolenie Ikea(2023) Pokolenie Ikea(2023)******************ဦးဆုံးအနေနဲ့ ဇာတ်လမ်းတစ်လျှောက် sex sceneတချို့နဲ့ လိင်မှုအသုံးအနှုန်းတွေ ပေါပေါသီသီပါတာမို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး။ ပိုလန်စာရေးဆရာ Piotr Cရဲ့ Pokolenie Ikeaဆိုတဲ့အရောင်းအရဆုံးစာအုပ်ကို ရုပ်ရှင်အဖြစ်ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒီစာအုပ်ဟာ ပိုလန်အင်တာနက်အသုံးပြုသူတွေ ratingပေးတဲ့အဖတ်သင့်ဆုံးစာအုပ် 100ထဲမှာ နံပါတ်32အထိချိတ်ခဲ့ပါတယ်... ဇာတ်လမ်းနာမည်က englishလိုဆို IKEA Generationဖြစ်ပြီး Millennials နဲ့ Gen Zersတွေကိုဆိုလိုချင်တာပါ။ တစ်နည်းအားဖြင့် ဒီဇာတ်လမ်းဟာ အသက် ၄၀အောက်အရွယ် ၂၁ရာစု ခေတ်သစ်လူလတ်ပိုင်းဘဝအကြောင်းကို ရိုက်ပြထားတဲ့ Drama၊ Comedy၊ Romanceကားလေးပါ... Romanceကားဆိုပေမယ့် ideaဆန်းဆန်းလေးနဲ့မို့ sex conceptတစ်ခုကို ချပြနေတယ်လို့တောင် အထင်မှားစရာရှိပါတယ်။ ၂၁ရာစုရဲ့ လူလတ်ပိုင်းဘဝဟာဆိုရင် ယခင်ရှေးရိုးစွဲကာလတွေနဲ့ မတူတော့ဘဲ လိင်မှုကို ကျား၊မ မရွေးလွယ်လွယ်ကူကူရယူနိုင်တဲ့အမှုတစ်ခုလိုဖြစ်နေပါပြီ။ ဒီထဲမှာမှ ဘလက်ကီဟာ အသက်သုံးဆယ်ကျော် လူပျိုလူလွတ်ရှေ့နေတစ်ယောက်ပါ။ အိမ်ထောင်သားမွေးပြုချင်သူမဟုတ်သလို၊ အချစ်ကိုမရှိလည်းဖြစ်တယ်လို့တွေးပြီး ဘဝကို ပါတီတက်လိုက်၊ မိန်းမလိုက်စားလိုက်နဲ့ ပျော်ပျော်ပါးပါးကျော်ဖြတ်နေသူပါ။ သူဟာ လိင်ကိစ္စကိုလွတ်လပ်မှုတစ်ခုလို့ တွေးသူဖြစ်တဲ့အပြင် ထူးထူးဆန်းဆန်းအကြံဉာဏ်ရှိပါတယ်။ ဘယ်လိုလဲဆိုတော့ A to Zနာမည်အစနဲ့ မိန်းကလေးအကုန်လုံးနဲ့အိပ်ချင်တာပါ... သူ့အတွက်တော့ အက္ခရာအစဥ်လိုက်နဲ့ ...
movie

Pokolenie Ikea(2023)

Carga (2018) 5.9
Carga (2018) 2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်အခြေပြု ရရှားဇာတ်အေးကားတစ်ကားဖြစ်ပြီးIMDB 5.9/10 ရရှိထားပါတယ်Viktoria ကနိုင်ငံရပ်ခြားမှာ အလုပ်လုပ်ဖို့ထွက်လာခဲ့တဲ့မိန်းကလေးတွေထဲက တစ်ယောက်ပါဒါပေမယ့် ကံဆိုးမိုးမှောင်ကျပြီး လူကုန်ကူးခံခဲ့ရတဲ့အခါမှာတော့....ပြည့်တန်ဆာအတင်းအကျပ်လုပ်ခိုင်းတော့မယ့်လူယုတ်မာတွလက်ထဲက ရအောင်ရုန်းထွက်နိုင်ပါ့မလား...မကောင်းမှုဆိုတာကိုသိသိရက်နဲ့ မလူးသာမလွန့်သာအခြေအနေကြောင့်ဆက်လုပ်နေရသူ အန်တိုနီယိုကရော...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ May Myat Thu ပါ)File Size : (850 MB) and (290 MB) Quality : WEB-DL 720p Running Time : 1h 53min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Source : .720p.WEB-DL.x264.AAC-Du Translated by May Myat Thu Encoded by Thanhtike Zaw
movie

Carga (2018)

2018
Sobibor (2018) 6.3
Sobibor (2018) ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်...ဇာတ်​လမ်းအကျဉ်း ဒုတိယကမ္ဘာစစ်​အတွင်းမှာ ဂျာမန်​​တွေသိမ်းပိုက်​ထားတဲ့ပိုလန်​နိုငိငံက ဆိုဘီ​ဘော ဒုက္ခသည်​စခန်းအမည်​ခံ အကျဉ်းစခန်း တစ်​ခုရှိပါတယ်ဒီဇာတ်​ကားက အဲ့ဒီဆိုဘီ​ဘောစခန်းက ဂျူး​တွေရဲ့ ဂျာမန်​​လက်​​အောက်​ကထွက်​ပြေးဖို့ကြိုးစားပုံ​အ​ကြောင်းရိုက်​ပြထားတာပါနာဇီတွေ ဂျူး​ကို ဘယ်​​လောက်​ မုန်းလဲဆိုတာက​တော့ အားလုံးကြားဖူးပြီးသားဖြစ်​မှာပါဆိုဘီ​ဘော စခန်းကို ဖျက်​သိမ်းခါနီး အ​ခြေအ​နေ​တွေဖြစ်​လာတဲ့အခါမှာစခန်းထဲကလူ​တွေအကုန်​အသတ်​ခံရမှာ ​သေချာသွားပြီ ဖြစ်​တဲ့အတွက်​​သေမဲ့အတူတူ မထူးဘူး ထွက်​​ပြေးလို့လွတ်​လို့လွတ်​ငြားဆိုပြီး ကြံစည်​ကြပါ​တော့တယ်​ဂျာမန်​​တွေရဲ့ ဂျူး​တွေကို အနိုင်​ကျင့်​ပုံနှိပ်​စက်​ပုံ​တွေ မထင်​ရင်​မထင်​သလိုသတ်​ပစ်​တာ​တွေကို လည်းဒီဇာတ်​ကားမှာ​တွေ့ရမှာပါကား​ကောင်းတစ်​ကား ဖြစ်​တဲ့အတွက်​ ​ဒေါင်းကြည့်​ကြပါလို့တိုက်​တွန်းပါတယ်... File Size : (976 MB) & (243 MB)Quality : BluRay 720pRunning Time :1hr 40 minFormat : Mp4Genre :Drama , History ...
movie

Sobibor (2018)

2018
The Lure 6.4
The Lure  ယုံတမ်းပုံပြင်တွေတော့ အများကြီးရှိခဲ့ပါတယ်ရေသူမလေးဟာ မင်းသားလေးကို ချစ်လို့ရေထဲကနေ ကုန်းပေါ်တက်လာ မနာလိုသူတွေကရေနဲ့ ၀ိုင်းဖြန်းလို့ အမှီးထွက်လာပြီး လူတွေသိလို့မင်းသားလေးနဲ့ ဝေးသွား ဘလာ ဘလာအချစ်ဇတ်လမ်းလေးတွေ နတ်သမီးပုံပြင်တွေပေါ့တကယ်တမ်း ရေသူမတွေဆိုတာ အသားစားသတ္တဝါတွေဖြစ်ပြီး ဆန့်ကျင်ဘက်လိင် ကိုသီချင်းဆိုပြပြီး စွဲဆောင်ကာ သတ်ဖြတ်စားသောက်သူပါကဲ မကြောက်ကြဘူးလား ?ဒီဇတ်လမ်းလေးက နည်းနည်းထူးဆန်းတယ်ဗျဂိုးလ်ဒန်း နဲ့ ဆေးလ်ဗား (ရွှေနဲ့ငွေ) ဆိုတဲ့ရေသူမ ညီအစ်မ ၂ ယောက်ဟာတစ်ရက်မှာတော့ ကမ်းခြေမှာ သီချင်းတိုက်နေတဲ့နိုက်ကလပ် တစ်ခုက အဆိုတော် အဖွဲ့ကိုတွေ့မြင်ချောင်းကြည့်ခဲ့ပါတယ်...ပြီးနောက် လူတွေနောက် လိုက်ချင်လို့စွဲဆောင်ပြီး ကုန်းပေါ်တက် ပါသွားပါတယ်ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူးသူတို့ ညီအစ်မ ကို စင်တင်မှာ သီချင်းဆိုတဲ့အဖွားကြီးက ဖော်ချွတ် ကလပ် တစ်ခုမှာအလုပ်သွင်းပေးလိုက်ပါတော့တယ်...ဖော်ရချွတ်ရ ယောကျင်္ားတွေကို စွဲဆောင်ရတာ၀ါသနာပါတဲ့ ရေသူမ ညီအစ်မ ၂ ယောက်နဲ့ရေသူမတွေ အကြောင်း သေချာ မသိတဲ့သူတွေ ကြားမှာ ဘယ်လို ထိတ်လန့်စရာတွေဖြစ်ပျက်လာမလဲဆိုတာ ဆက်လက်ကြည့်ရှု့လိုက်ပါအုံးဒီ ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့Shain Htet Naing ဖြစ်ပြီး Thit San Khant မှတင်ဆက်ပေးထားပါတယ်
movie

The Lure

2015