Channel Myanmar

Michelle Giroux

BlackBerry (2023) 7.6
BlackBerry (2023) BlackBerry (2023)ဘလက်ဘယ်ရီဖုန်းလို့ပြောလိုက်ရင် ဘာကိုမှတ်မိကြမလဲ။ လူကြီးနဲ့လူလတ်ပိုင်းတွေက သူတို့တစ်ချိန်တစ်ခါကသုံးခဲ့တဲ့ဖုန်းကို မှတ်မိပြီး လူငယ်တွေအတွက်ကတော့ အပြောင်းအလဲကို အမှီမလိုက်နိုင်လို့ ကျရှုံးခဲ့ရတဲ့သမိုင်းသင်ခန်းစာအဖြစ် သိကြမယ်လို့ထင်တယ်။ ဘလက်ဘယ်ရီက အိုင်ဖုန်းထက်အရင် ပထမဆုံး စမတ်ဖုန်းဖြစ်ခဲ့ပေမယ့် အိုင်ဖုန်းက touchscreen နဲ့ဝင်မိတ်ဆက်လာတဲ့အခါမှာ Keypad ကနေ အမှီလိုက်မပြောင်းလဲနိုင်လို့ အိုင်ဖုန်းကဖြုတ်ချတာကို ခံလိုက်ရတဲ့ကုမ္ပဏီပေါ့။ဒီဇာတ်လမ်းကတော့ Biography သက်သက်မဟုတ်ပဲ ဒရာမာပြုထားတာတော့ အဖြစ်အပျက်အကြောင်းအရာအားလုံးက အမှန်ရယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ဒီဇာတ်လမ်းကို ကြည့်အပြီးမှာ ဘလက်ဘယ်ရီရဲ့အောင်မြင်ခန်း ကျရှုံးခန်းတွေကို ကောင်းကောင်းကြီးသဘောပေါက်သွားမှာပါ။ ဇာတ်လမ်းသွားအတွက်လဲ တကယ့်အရေးကြီးဖြစ်ရပ်တွေကို သေချာရွေးချယ်တင်ဆက်ထားတာကြောင့် တော်တော်ကိုကြည့်ရတာလွယ်ကူအဆင်ချောပါတယ်။ ဒီလိုနည်းပညာဆိုင်ရာ ဇာတ်ကားတွေမှာ ဘာပြသနာရှိလဲဆိုရင် ရှုပ်ထွေးတဲ့အသုံးအနှုန်းတွေ လေးလံတဲ့အဖြစ်အပျက်သမိုင်းတွေကြောင့် ဝီကီပီးဒီးရားစာမျက်နှာဖတ်နေရသလိုဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်ကလူပဲနားလည်ပြီး သာမန်လူတွေကနားမလည်နိုင်ကြတာပါ။ ဒီ Blackberry မှာတော့ နည်းပညာအသုံးအနှုန်းတွေကို အရိုးရှင်းဆုံးဖြစ်အောင် အလွယ်ကူဆုံးဝေါဟာရတွေသာ သုံးထားပြီး ဇာတ်လမ်းသွားကလဲ သွက်သေးတာမို့ အချိန်နှစ်နာရီလောက်ပေးပြီး သမိုင်းသင်ခန်းစာကောင်းတစ်ခုရမယ့်အခွင့်အရေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p | 480p File size… 1.42Gb | 743MB | ...
movie

BlackBerry (2023)

2023
Delia’s Gone (2022) 4.4
Delia’s Gone (2022) Delia's Gone (2022)ငယ်စဉ်က မြစ်ထဲပြုတ်ကျခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် ဦးနှောက်ထိခိုက်ခဲ့ရတဲ့လူးဝစ်စ်တစ်ယောက်မှာ ခင်တွယ်စရာဆိုလို့ အစ်မဖြစ်သူဒေလီယာတစ်ယောက်ပဲရှိပါတယ်။ပြောင်းလဲမှုကိုမနှစ်သက်တဲ့လူးဝစ်စ်ကို ဒေလီယာက အလုပ်အတွက် အိမ်ပြောင်းမယ့်အကြောင်းကို ထုတ်ပြောလာချိန်မှာတော့ မောင်နှမနှစ်ယောက် ကတောက်ကဆဖြစ်ပြီး ဒေလီယာတစ်ယောက် လူးဝစ်စ်ကို လှည့်ပတ်ပြောဆိုလို့ အိမ်ကနေခိုးထွက်သွားပါတယ် ။ အဲဒီညက လူးဝစ်စ်လည်း မူးရင်သွေးဆိုးတတ်တာကိုမေ့ပြီး အရက်သောက်မိသွားပါတယ်။ ပြောင်းလဲမှုကို မနှစ်သက်တဲ့ လူးဝစ်စ်အတွက်တော့ အဲဒီညလေးက ကြမ္မာဆိုးငင်တဲ့ညလေးဖြစ်ခဲ့တဲ့အခါ...နောက်တစ်ရက်နိုးလာချိန်မှာ အစ်မဖြစ်သူအလောင်းနဲ့အတူ လက်မှာသွေးတွေပေကျံရင်း နိုးထလာတဲ့လူးဝစ်စ်တစ်ယောက် အစ်မကိုသတ်တဲ့လူအဖြစ် ထောင်ကျသွားတဲ့အချိန်မှာ လူသတ်သမားအဖြစ်ခံယူရင်း ကိုယ့်ကိုယ်ကို ပိတ်‌လှောင်ပြီး ၇ နှစ်တာကြာမြင့်ခဲ့ပါတယ်။ ဒီအချိန်မှာ မဖိတ်ခေါ်ဘဲရောက်လာတဲ့ စတက်ကာကိုးလ်ဆိုတဲ့ဧည့်သည်နဲ့ သူနဲ့အတူပါလာတဲ့ ဒေလီယာသေဆုံးမှုနဲ့ပတ်သတ်တဲ့သဲလွန်စ ပေါ်ထွက်လာချိန်မှာတော့ ဒေလီယာရဲ့‌ သေဆုံးမှုနောက်ကွယ်က ခါးသီးတဲ့အမှန်တရားကို လူးဝစ်စ်တစ်ယောက် ဘယ်လိုရှာဖွေမလဲဆိုတာ ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါစို့လား။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Chirst ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Mystery Quality…. 1080p | 720p | 480p File size…1.16GB | 633MB | 284MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle ...
movie

Delia’s Gone (2022)

2022