Channel Myanmar

Michelle Keller

Prisoners (2013) 8.1
Prisoners (2013) Prisoners (2013)IMDb.... 8.1 Rotten Tomatoes.. 82% Cast..... Hugh Jackman, Jake Gyllanhaal" ကျွန်​​တော်​တို့တ​တွေရဲ့ ဘဝ အဓိပ္ပါယ်​ ကျွန်​​တော်​တို့ တန်​ဖိုးထားမြတ်​နိုးရတဲ့ လူ​တွေကို ဆုံးရှုံးရတဲ့အခါ ကျွန်​​တော်​တို့တကယ်​ပဲ မ​ကောင်​းဆိုးဝါး တစ်​ပိုင်​းဖြစ်​သွားကြသလား"ဒီကားရဲ့ Main cast ​တွေက​တော့ Hugh Jackman နဲ့ Jake Gyllanhaalပါ။ သူတို့ ပါ​နေတာနဲ့တင်​ ဘာမှဆက်​ ညွှန်​းဖို့ မလို​လောက်​​အောင်​ပါပဲ။အ​ဖေဇာတ်​ရုပ်​​တွေနဲ့ အ​တော်​စားတဲ့ Hug Jackmanဟာ Logan တို့ Greatest Showman တို့ တို့မှာ အ​တော်​​လေး စျာန်​ဝင်​ခဲ့သလို ဒီကားထဲမှာလည်​း သမီး​ပျောက်​လို့ ပူပန်​​နေရတဲ့ အ​ဖေတစ်​​ယောက်​အ​နေနဲ့ လုံးဝ Perfect ဖြစ်​ခဲ့ပါတယ်​။Jake Gyllanhaal ရဲ့ ဟန်​ကလည်​း အ​တော်​​လေး သ​ဘောကျစရာ​ကောင်​းတာကို ​တွေ့ရမှာပါ။မြို့က​လေးတစ်​မြို့မှာ ဖြစ်​လာမဲ့ အရာရာတိုင်​းအတွက်​ အသင်​့ပြင်​ထားရမယ်​ဆိုတဲ့ အ​တွေးအ​ခေါ်နဲ့ Keller(Hugh)ဆိုတဲ့ လူလတ်​တန်​းစားတစ်​​ယောက်​ ရှိ​ပါတယ်​။​ ​ကျေးဇူး​တော်​​နေ့မှာ တစ်​ဖက်​လမ်​းက အိမ်​ကို စား​သောက်​ပွဲတစ်​ခုသွားရင်​း အိမ်​ရှင်​ရဲ့ သမီး​လေးနဲ့ Kellerအိမ်​ကို ပြန်​သွားရင်​း Keller ရဲ့ သမီး​လေး ​ပျောက်​ဆုံးသွားပါတယ်​။လိုက်​သမျှ အမှု မ​အောင်​မြင်​တာ မရှိ​သေးတဲ့ စုံ​ထောက်​Loki (Jake) ဟာ ဒီအမှုကို ကိုင်​တွယ်​ဖို့ ဖြစ်​လာခဲ့တယ်​။ သမီးအတွက်​ ...
movie

Prisoners (2013)

2013