Channel Myanmar
Michelle Monaghan
Penthouse North (2013) 5.5
Penthouse North (2013)  ဆာရာလို့ခေါ်တဲ့ မျက်မမြင်ကောင်မလေးဟာ သူ့ရဲ့ချစ်သူရွိုင်ရန်နဲ့အတူ ပန့်ဟောက်စ်မှာ ပျော်ရွှင်စွာနေထိုင်နေပါတယ်။ဆာရာဟာ မျက်စိမမြင်ရပေမဲ့ ကိုယ်ထူကိုယ်ထလုပ်တတ်ပြီးသူ့ကို မျက်မမြင်တစ်ယောက်မလို့ ကူညီပေးတာမျိုးကိုလည်းမကြိုက်တတ်ပါဘူး။ဒီလိုနဲ့ နှစ်သစ်ကူးနေ့ရောက်တဲ့အချိန်မှာတော့ ညဘက်မှာသောက်ဖို့အတွက် ရှန်ပိန်ကို ကိုယ်တိုင်တစ်ယောက်တည်းထွက်ဝယ်ရင်းအိမ်ကိုပြန်ရောက်တဲ့အချိန်မှ သူ့ရဲ့ချစ်သူဟာ အသတ်ခံထားရကြောင်းကိုသိရှိပြီး ထွက်ပြေးဖို့လုပ်ပေမဲ့ သူ့ချစ်သူကို သတ်လိုက်တဲ့သူနဲ့သူ့ရဲ့အဖော် ဟော်လန်ဒါဆိုတဲ့လူဟာ ဆာရာ့ကို နှိပ်စက်ပြီးတော့ချစ်သူဖြစ်သူဖွက်ထားတဲ့ပစ္စည်းတွေအကြောင်းမေးရင်းနဲ့သူ့ချစ်သူရဲ့ အတိတ်က လုပ်ခဲ့တဲ့အကြောင်းတွေကို သိလာရင်း ......သူ့ချစ်သူက ဘယ်လိုလူမျိုးလဲ .......လူကိုသတ်ပြီးတော့ ရှာရလောက်တဲ့အထိရှာနေရတဲ့ ပစ္စည်းတွေကဘယ်လောက်တောင် တန်ဖိုးကြီးနေလဲ .....သူတို့ရှာနေတဲ့ ပစ္စည်းတွေကို ရှာတွေ့သွားမှာလား ......ဆာရာကရော အနှိပ်စက်ခံရာကနေ လွတ်မြောက်လာပါ့မလား .....ဆိုတာတွေကို စိတ်ဝင်စားစရာ ကြည့်ရှုရမဲ့ Drama Thriller ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.18GB / 558MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
Penthouse North (2013)
Expecting (or) Gus (2013) 5.1
Expecting (or) Gus (2013) Expecting (or) Gus (2013) ===================နှစ်တွေအကြာကြီး သူ့ခင်ပွန်းနဲ့ကလေးရဖို့ ကြိုးစားပေမဲ့မရခဲ့တဲ့ Lizzie နောက်ဆုံးတော့ သူ့ကလေးရဖို့အိပ်မက်ကို လက်လျှော့လု နီးပါးဖြစ်သွားတယ်။ အဲဒီအချိန် သူ့အချစ်ဆုံးသူငယ်ချင်း Andieက တော့ One night standနဲ့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားလေရဲ့။ နောက်တော့ Andie လည်း သူ့ကိုယ်ဝန်ကို မဖျက်ချချင်တာမို့ သူ့ ကလေးကို Lizzieတို့လင်မယားကိုပေးဖို့ ဆုံးဖြတ်လိုက်တယ်။Lizzieတို့လည်း လက်ခံခဲ့ပြီး တစ်ခုရှိတာက Andie ကိုယ်ဝန်ဆောင် နေတဲ့အချိန်အတွင်း Lizzie တို့အိမ်မှာ လာနေခွင့်ပြုရမှာဖြစ်နေတယ်။ ဒီလိုနဲ့ Andieနဲ့ Lizzie တို့ သူငယ်ချင်းနှစ်ယောက်ကြားဆက်ဆံရေး က ကလေးမွေးပြီးတဲ့အထိ အဆင်ပြေနိုင်ပါ့မလားဆိုတာကိုတော့ ရယ်မောရင်းဆက်လက်ကြည့်ရှူရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(2.5 GB) / (550 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thwal Htoo Zin Encoder..........SWM
movie
Expecting (or) Gus (2013)
2013
The Family Plan (2023) 6.2
The Family Plan (2023)  Shooter ရုပ်ရှင်နဲ့ လူသိများတဲ့ မင်းသား Mark Wahlberg ရဲ့အက်ရှင် ဟာသကားအသစ်ထွက်လာပါပြီ။ ဒီကားကတော့ အချိန်ပေးရကျိုးနပ်ပါလိမ့်မယ်။ အက်ရှင်တွေနဲ့ ဇာတ်လမ်းနဲ့ ဟာသနဲ့ သူ့နေရာနဲ့သူကိုက်ပါတယ်။ ခပ်ကြမ်းကြမ်း မိသားစု ဟာသကားပါပဲ။ ဇာတ်လမ်းအကျဉ်း ***************ဒန်ဟာ တစ်လက်ကိုင်ကားတွေ ပြန်ရောင်းတဲ့ ကားအရောင်းကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့မိန်းမကတော့ ကာယကုဆရာမဖြစ်ပြီး၊ သူတို့မှာနီနာဆိုတဲ့ သတင်းထောက်ဖြစ်ချင်တဲ့ သမီးတစ်ယောက်၊ ဂိမ်မာ သားတစ်ယောက်နဲ့နို့စို့အရွယ် မက်စ်ဆိုတဲ့ကလေးလေး ရှိပါတယ်။ ပျင်းစရာမိသားစုဘဝလေးပါပဲ။ဒါပေမဲ့ မိသားစုအက်ရှင်ကားပီပီ ဒန်ဟာ အတိတ်တုန်းက နာမည်ကြီး ကြေးစားလုပ်ကြံရေးသမားဖြစ်ခဲ့ပြီး အနားယူဇာတ်မြှပ်နေတာပါ။ အတိတ်က ရန်သူတွေပြန်လိုက်လာတဲ့အခါ ဒန်က သူ့မိသားစုကိုခေါ်ပြီး နိုင်ငံထဲကနေ ထွက်ပြေးဖို့ကြိုးစားရပါတော့တယ်။ ဒီကားမှာတော့ သူ့မိသားစုကို ဖွင့်မပြောဘဲ အပမ်းဖြေခရီးလိမ်ပြီးခေါ်လာပြီး တစ်လမ်းလုံး မိသားစုမသိအောင် ရန်သူတွေကိုတိတ်တိတ်လေးကြိတ်ရှင်းရတာကမျိုးနဲ့ ရိုက်ထားတာမို့ကြည့်လို့ကောင်းပါလိမ့်မယ်။ကြည့်ကြည့်လိုက်ကြပါဦး။  File size…4.71GB / 2.06 GB  / 989MB Quality…WEB-DL  4K HEVC /1080p 5.1 ...
movie
The Family Plan (2023)
4K HEVC
The Heartbreak Kid (2007) 5.8
The Heartbreak Kid (2007) The Heartbreak Kid (2007) ====================လူတိုင်းက အချစ်ရေးမှာ “Right person, right time” ဖြစ်ချင်ကြတဲ့သူတွေ ချည်းပဲမလား။ ကိုယ့်အတွက် right person မဟုတ်ရင်လည်း စိတ်ညစ်ရ၊ right person နဲ့တွေ့ပေမယ့် right time မဟုတ်ပြန်ရင်လည်း ခွဲခွါရ။ right timeမှာ right personနဲ့ စုံစည်းခွင့်ရသူက ကံကောင်းသူလို့ ဆိုရမလိုပဲ။ ဒီဇာတ်လမ်းလေး ကတော့ wrong personနဲ့ တွေ့ပြီး စိတ်ဆင်းရဲနေတဲ့အချိန်မှာ right personနဲ့ wrong time မှာ တွေ့မိတဲ့ ကံဆိုးရှာသူလေးအကြောင်းပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း လူပျိုကြီး အက်ဒီကို ရည်းစားထားဖို့ သူ့ဖခင်က တိုက်တွန်းနေရပါတယ်။ အက်ဒီရဲ့ သူငယ်ချင်းကလည်း သူ့ရဲ့အိမ်ထောင်သည်ဘဝက ပျော်စရာတဲ့အကြောင်း အက်ဒီ ကို အမြဲကြွားပြနေပါတယ်။ အက်ဒီကလည်း အက်ဒီပါပဲ။ ၅နှစ်လောက် စေ့စပ်ထား ခဲ့တဲ့ ကောင်မလေးနဲ့တောင် ပြတ်ခဲ့တယ်ဆိုပဲ။ အဲဒီတော့ ဇီဇာကြောင်၊ ရွေးရင်း လူပျို ကြီး ဖြစ်ကျန်ခဲ့တယ်ဆိုပါတော့။ တစ်နေ့တော့ ...
movie
The Heartbreak Kid (2007)
2007
Constantine (2005) 7.0
Constantine (2005) Constantine (2005)_______IMDb - 7.0/10  ဒီနေ့တင်ပေးမယ့် ဇာတ်ကားကတော့ CM ပရိတ်သတ်တို့ ဂွတ်ရှယ်အကြိုက်တွေ့မယ့်ဇာတ်ကားပါပဲ မက်ထရစ်နဲ့ speed စတဲ့ ဇာတ်ကားတို့အပြင် မကြာသေးခင်ကထွက်ထားတဲ့ John Wick ဇာတ်ကားတို့ရဲ့သရုပ်ဆောင် ကမ္ဘာကျော်မင်းသား Keanu Reeves ရဲ့ ခပ်မိုက်မိုက်ဇာတ်ကားတစ်ကားပါ 2005 ခု နှစ်မှာထွက်ရှိထားပြီး ဒါရိုက်တာ Francis Lawrence က ရိုက်ကူးပြီး ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာရိုက်ကူးခဲ့တာ ရုပ်ရှင်အတွက် ပြန်ရတဲ့ငွေကတော့ ဒေါ်လာ သန်း ၂၃၀ ပဲဖြစ်ပါတယ် IMDb Rating မှာလည်း 7.0 ရရှိထားပါတယ်.. ဇာတ်လမ်းပုံစံကတော့ ဂျွန်ကွန်စတန်တင်းဟာ နတ်ဆိုးတွေကိုအမဲလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်.. မကောင်းဆိုးဝါးတွေ..ကြားထဲမှာပဲ သူ့ဘဝကိုရှင်သန်ပြီး..သူလုပ်ခဲ့တဲ့ အရာတွေကြောင့်သူသေရင် ငရဲကိုသာ သွားရလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်းသိပါတယ်..ဆေးလိပ်အရမ်းသောက်တာကြောင့် အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်းနီးကပ်နေပါပြီ..ကွန်စတန်တင်းဟာ သူသေရင် ငရဲအစားကောင်းကင်ဘုံကို တက်ရဖို့အတွက်..စွန့်စားမှုတခုကို အမြဲတမ်းလိုက်ရှာပြီး လုပ်ဖို့ကြိုးစားနေပါတယ်..သူ့ရဲ့ဝိဉာဉ်ဟာငရဲနဲ့ပဲသက်ဆိုင်တယ်လို့ မကောင်းဆိုးဝါးတွေကလည်း ယူဆတဲ့အတွက် သူ့ကိုအမျိုးမျိုးသတ်ဖို့ကြိုးစား..စိတ်အနှောက်အယှက်ပေးနေကြပါတယ်. တစ်နေ့မှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ညီမဖြစ်သူကို မကောင်းဆိုးဝါး နတ်ဆိုးတွေလိုက်လံနှောက်ယှက်တဲ့အခါမှာ..ဂျွန်ဟာ အဲ့အမျိုးသမီးဘက်ကနေ ကူပါတော့တယ်.. ကောင်းကင်တမန် ..နဲ့..နတ်ဆိုးတွေ..အပြင်..နတ်ဆိုးဘုရင် လူစီဖာ နဲ့ပါ..ပါဝင်ပတ်သတ်မှုတွေနဲ့အတူ ဂျွန် ကွန်စတန်တင်းရဲ့ စွန့်စားမှုတွေ..ခပ်မိုက်မိုက်ရိုက်ချက်တွေကို ဆက်လက်ရှုစားကြပါFile ...
movie
Constantine (2005)
2005
North Country (2005) 7.3
North Country (2005)    2005ခုနှစ်ကထွက်ရှိထားပြီး IMDb 7.3/10ထိ ရရှိထားတဲ့ Trial Drama ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ ဂျိုစီအိမ်းဆိုတဲ့ အမျိုးသမီးဟာ ကလေးနှစ်ယောက်မိခင်ပါ အကြီးကောင်လေး ဆမ်မီကိုတော့ အဖေမပေါ်ဘဲ မွေးထားတာဖြစ်ပြီး သမီးလေး ခယ်ရန်ကိုတော့ လက်ရှိအိမ်ထောင်က ရရှိခဲ့တာပါ သူအိမ်ထောင်ကွဲတဲ့အချိန်မှာတော့ မိဘတွေဆီကို ပြန်လာနေပြီး သတ္ထုတွင်းမှာ အလုပ်လုပ်ရင်း ကလေးတွေကို ထောက်ပံ့နိုင်အောင် ကြိုးစားပါတော့တယ်ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး လုပ်ကိုင်နေတဲ့ သတ္ထုတွင်းက အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို နေ့စဉ်နဲ့အမျှ ခံစားနေခဲ့ရတာပါ ဂျိုစီတစ်ယောက်ယောက်အလုပ်ဝင်ချိန်မှာတော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု မခံရအောင် ကြိုးစားပါတော့တယ် အဖေမပေါ်ဘဲ ကလေးတစ်ယောက် မွေးထားသူဖြစ်တာကြောင့် တစ်မြို့လုံးမှာ နာမည်ဆိုးထွက်နေတဲ့ ဂျိုစီဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို တွန်းလှန်ရာမှာ အခက်အခဲများစွာနဲ့ ကြုံတွေ့ရပါတော့တယ် အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တွေဟာလည်း အလုပ်ပြုတ်မှာစိုးရိမ်တဲ့အတွက် သူ့ဘက်က ရပ်တည်မပေးခဲ့ကြပါဘူး ဂျိုစီတစ်ယောက် တရားမျှတမှုရရှိအောင် ဆောင်ရွက်နိုင်မှာလား ဆိုတာကိုတော့ ...
movie
North Country (2005)
The Bourne Supremacy (2004) 7.7
The Bourne Supremacy (2004) The Bourne Supremacy (2004)IMDb Rating (7.7) / Rotten Tomatoes (82%)++++++++++++Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး ...
movie
The Bourne Supremacy (2004)
4K HEVC
Mission: Impossible – Fallout (2018) 7.7
Mission: Impossible – Fallout (2018) Mission: Impossible VI - Fallout (2018)=============================IMDb Rating 7.7/10MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ ...
movie
Mission: Impossible – Fallout (2018)
2018
4K HEVC IMAX
Mission: Impossible – Ghost Protocol (2011) 7.4
Mission: Impossible – Ghost Protocol (2011) Mission: Impossible - Ghost Protocol (2011) ================================ IMDb Rating 7.4/10ကျွန်တော်တို့ဘဝမှာ No Plan,No Backup,No Choice အခြေအနေဖြစ်နေတဲ့ အခက်အခဲတွေကိုကြုံ ဖူးကြမှာပါ၊ ဒီဇာတ်ကားထဲကလိုပေါ့။ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတွေထဲမှာ Mission Impossible ဇာတ်ကားတွေလည်း ပါပါတယ်။ Mission Impossible ဇာတ်ကားတိုင်းဟာ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်း ဇာတ်ကွက်၊ မရိုးနိုင်တဲ့စွန့်စားခန်းတွေနဲ့ ရုံဝင်ငွေကိုဦးဆောင်နိုင်ခဲ့တာချည်းပါပဲ။ဇာတ်လမ်းအကျဉ်းကတော့...အကြမ်းဖက်သမားတွေ ကရင်မလင် နန်းတော်ကို ဗုံးခွဲရာမှာ မတားဆီးနိုင်ခဲ့တာကြောင့် IMF အေးဂျင့်တွေဖြစ်တဲ့ အီသန်ဟန့်နဲ့ ထောက်လှမ်းရေး အေဂျင်စီ တစ်ဖွဲ့လုံး နုတ်ထွက်လိုက်ရပါတယ်။အဖွဲ့အစည်း အထောက်အပံ့ မရတော့ပေမယ့် အီသန်ဟန့်တစ်ယောက် လက်မလျှော့ဘဲ သူ့နာမည်နဲ့  သူတို့အေဂျင်စီ ဂုဏ်သတင်းကို ကာကွယ်ဖို့နဲ့ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ဖြစ်မလာဖို့ အားကုန်ရုန်းပါတော့တယ်။ဒါပေမယ့် သူတို့အဖွဲ့မှာ သူနဲ့ရည်မှန်းချက်မတူတဲ့လူတွေလဲပါဝင်နေတာကြောင့် မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ IMF တစ်ဖွဲ့လုံးကို ပြန်လည်ကယ်တင်နိုင်မလားဆိုတာကတော့...။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(10 GB)/(1.5 GB)/(1.1 GB) Quality….BluRay ...
movie
Mission: Impossible – Ghost Protocol (2011)
2000
4K HEVC
Mission: Impossible III (2006) 6.9
Mission: Impossible III (2006) 2828Mission: Impossible III (2006)=======================IMDb Rating 6.9/10ဒီထဲမှာတော့ အီသန်ဟန့်တစ်ယောက် IMF Agent အသစ်တွေကို ထရိန်းဖို့ Agent ဘဝကနေ အနားယူခဲ့ပေမယ့်လက်နက်မှောင်ခိုရောင်းဝယ်ရေးအရှုပ်ထုပ်အတွင်းမှာ သူ့ချစ်သူကို လိုက်ကယ်ရတဲ့ Mission ကို မြင်တွေ့ရမှာပါ...ထုံးစံအတိုင်း ရှေ့က ၂ ကားရဲ့ ရသကို မီခဲ့တဲ့အပြင် ဒီဇာတ်ကားက တော်တော်လေးကြမ်းတမ်းတဲ့ လှည့်ကွက်တွေနဲ့ ဟင်ခနဲ ဟာခနဲဖြစ်ရတဲ့ MI ဇာတ်ကားပါပဲ...ဒါကြောင့်လဲ နံပါတ် ၃ ကားမြှောက်ဇာတ်ကားဆိုပေမယ့် တစ်ချက်လေးမှ ပေါ့ရွှတ်မနေခဲ့ဘဲ Rating မြင့် အက်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:05:24 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by d3mon
movie
Mission: Impossible III (2006)
2006
4K HEVC
Black Site(2022) 6.5
Black Site(2022) Black Site(2022)***************ပုဆိန်လို့ နာမည်ဝှက်နဲ့ခေါ်ကြတဲ့ လူသတ်၊ခြေရာဖျောက်ရာမှာသိပ်ကျွမ်းကျင်တဲ့ အကြမ်းဖက်သမားတစ်ယောက်ရှိတယ်။ လူသတ်ရာမှာလည်း ဓားတစ်လက်ကို ပိုင်ပိုင်နိုင်နိုင်သုံးပြီး သားကောင်တွေကိုဘယ်သူမှန်းမသိစေဖို့ မျက်နှာကိုအရေခွံခွာသွားပါသေးတယ်တဲ့။ ဇာတ်လမ်းကတော့ အဲ့ဒီပုဆိန်ဆိုတဲ့ လူသတ်သမားနဲ့ အကျဥ်းထောင်က အရာရှိတစ်အုပ် ဘတစ်ပြန် ကျားတစ်ပြန်သတ်ပုတ်ကြတဲ့action thrillerကားပါ။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဟာ ရာဇဝတ်မှုတွေကို စီစစ်ရသူ၊အကျဥ်းသားတွေကို စစ်မေးရသူ စီအိုင်အေ အေးဂျင့်တစ်ယောက်ပါ။ လက်ရှိမှာလည်း အကြမ်းဖက်သမားတွေရဲ့ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကို စစ်ဆေးမေးမြန်းနေရင်းလျှို့ဝှက်အကျဥ်းထောင်တစ်ခုမှာ တာဝန်ထမ်းဆောင်နေတာပါ။ ဒီဗုံးခွဲမှုဟာ အရပ်သားဆေးရုံကိုဗုံးခွဲခဲ့တာဖြစ်ပြီး အက်ဘီရဲ့ခင်ပွန်းဖြစ်သူနဲ့ သမီးဖြစ်သူကိုလည်းပေါက်ကွဲမှုမှာသေဆုံးသွားပါတယ်။ အမှုနောက်လိုက်ရင်းလိုက်ရင်းက လက်သည်ဟာ ပုဆိန်နဲ့ ပတ်သက်နေမှန်းသိလိုက်ရတယ်။ခက်တာက ပုဆိန်ဆိုတာ ဘယ်သူမှန်းမသိသလို ဘယ်သူမှမမြင်ဖူးပါဘူး။ သို့ပေမဲ့ တစ်နေ့မှာ အထူးရဲတပ်ဖွဲ့တွေက ပုဆိန်ကိုဖမ်းမိခဲ့ပြီး အက်ဘီရှိရာ အကျဥ်းထောင်ကိုစစ်ဆေးမေးမြန်းဖို့လွှဲပေးလိုက်ပါတယ်။ ပုဆိန်လို လူသူမသိခြေရာဖျောက်နိုင်တဲ့ အကြမ်းဖက်သမားက အဖမ်းခံရရိုးလား၊ တမင်အဖမ်းခံပြီး ထောင်ထဲရအောင်ဝင်လာတာပါ။ သူ့ရဲ့ရည်မှန်းချက်အစစ်က ဘာဖြစ်မလဲ၊ စီအိုင်အေး အေးဂျင့်တွေကြား ဘယ်လိုလှည့်ကွက်တွေလာဦးမလဲဆိုတာတော့ အက်ရှင်ကားကြိုက်သူတို့အတွက် ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ File Size :(1.3GB)& (443MB) Quality :BLU-RAY.1080P,720p Format…mp4 Duration…01:33:00 Genre : Action , Thriller Subtitle : Myanmar Subtitle ...
movie
Black Site(2022)
Spinning Gold (2023) 6.3
Spinning Gold (2023) Spinning Gold (2023)ဒါကတော့ မှတ်သားလောက်ဖွယ်ရာ လူတစ်ယောက်ရဲ့အတ္ထုပ္ပတ္ထိဇာတ်လမ်းပါ။ ဒီဇာတ်လမ်းကို သူ့ဘဝအကြောင်းသူပြန်ပြောနေပုံနဲ့ရိုက်ကူးထားပြီး ဒီဇာတ်လမ်းမှာ သူကလူတိုင်းကို စိန်ခေါ်ထားပါတယ်။"မင်းတို့ ငါ့နာမည်ကိုမမှတ်မိဘူးဆိုတာ မင်းတို့တစ်ယောက်ချင်းကို ဒေါ်လာတစ်ရာစီလောင်းရဲတယ် ဒါပေမဲ့ ငါက မင်းတို့ကို ကခုန်စေခဲ့တယ်တဲ့"သူ့ကိုမမှတ်မိရင်တောင် သူနဲ့ပတ်သက်ခဲ့သူတွေကိုတော့ ဂီတချစ်သူတွေဆို သေချာပေါက်သိကြမှာပါ။ Kiss, The Village People, George, Donna Summer, Bill Withers, Isley Brothers, Parliament နဲ့တခြားအဆိုရှင်ပေါင်းများစွာပါပဲ။ Donna Summer ရဲ့ Orgasmic moan တွေပါဝင်ပြီး ၁၇ မိနစ်တာကြာတဲ့ Love to Love You သီချင်းကိုလဲ ပရိသတ်ကစွဲစွဲထင်ထင်ရှိနေဦးမယ်လို့ထင်ပါတယ်။ ဒီအဆိုကျော်ကြီးတွေက သိပ်ကိိုထူးခြားပြည့်စုံသူတွေဖြစ်ကြပေမယ့် သူတို့ရဲ့ထူးခြားမှုကိုပရိသတ်တွေလက်ခံနိုင်ဖို့ သူတို့ဂီတတွေကိုလက်ခံနိုင်ဖို့ သူတို့အိပ်မက်တွေကိုအသက်သွင်းပေးခဲ့သူကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်ကောင် ကာဆာဘလန်ကာဓာတ်ပြားခွေထုတ်လုပ်ရေးရဲ့တည်ထောင်သူ နီးလ်ဘိုးဂတ်ပါပဲ။ ဒီဇာတ်လမ်းကသိပ်ပြည့်စုံလွန်းနေတာကြောင့် ဘာမှထပ်မညွှန်းလိုတော့ပါဘူး။ ဒီဇာတ်လမ်းကို နီးလ်ရဲ့သားဖြစ်သူကရိုက်ကူးထားတာပါ။ နီးလ်ကသူ့သားငယ်စဥ်မှာပဲဆုံးပါးသွားခဲ့တော့ အဖေ့ကိုသေချာ သိခွင့်မရခဲ့တဲ့သားက အဖေ့မိတ်ဆွေတွေကိုလိုက်မေးမြန်းပြီး ဒီဇာတ်လမ်းကိုရေးဖွဲ့ထားပါတယ်။ လူတွေရဲ့မှတ်ဥာဏ်ကထူးဆန်းတယ်တဲ့။ လူတွေကလဲသူတို့မှတ်မိချင်ရာကိုမှတ်မိကြပြီး မေ့ချင်ရာကိုမေ့ပစ်တတ်ကြတယ်။ အဲ့တော့ဒါအားလုံးကအမှန်လားဆိုရင်တော့ မဟုတ်ပါဘူး။ နီးလ်ဘိုးဂတ်လို ဘဝကတိုတောင်းခဲ့ပေမယ့် အဲ့ဒီဘဝတိုလေးမှာပဲ သူ့ရဲ့ကိုယ်ပိုင်အိပ်မက်တွေအပြင် သူများတွေရဲ့အိပ်မက်တွေအများကြီးကိုပါ အသက်သွင်းပေးခဲ့တဲ့လူတစ်ယောက်ရဲ့ဘဝဇာတ်လမ်းကို ဘယ်လိုလုပ်အတိအကျပြောနိုင်မလဲ။ နည်းနည်းလျှော့ပြောတာလေးတွေရှိမယ် ...
movie
Spinning Gold (2023)
2023
Blood (2022) 5.3
Blood (2022) Blood (2022) ==========ဒီတစ်ခါမှာတော့ "Enchoes" ဇာတ်လမ်းတွဲထဲက အမြွှာ ညီအစ်မအဖြစ် နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ မင်းသမီး Michelle Lynn Monaghan ရဲ့ "Blood" ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။"Blood" ဆိုတဲ့ Horror/Thriller ရုပ်ရှင်ထဲမှာ အမည်မသိ အရာတစ်ခုဆီကနေ သားငယ်ကို ကယ်တင်ဖို့ကြိုးစားနေတဲ့ မိခင်တစ်ယောက်ကို မြင်တွေ့ရမှာပါ။ ဂျက်စီကာဟာ ကွာ ရှင်းပြီးတဲ့နောက် သားနဲ့သမီးကို အုပ်ထိန်းခွင့်ရဖို့ အရင်ယော က်ျားနဲ့ တရားရင်ဆိုင်ဆဲအနေအထားပါ။ အဲ့အချိန်မှာပဲ သူ့ သားလေးဆီကို အမည်မသိအရာတစ်ခုဝင်ရောက်လာလေ တော့ သားဇောနဲ့ မိခင်တစ်ယောက်ရဲ့ အခက်အခဲတွေ၊ ရွေးချယ် မှုတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.4 GB) / (665 MB) / (336 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 48Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM
movie
Blood (2022)
2022
Machine Gun Preacher(2011) 7.0
Machine Gun Preacher(2011) Machine Gun Preacher(2011)***************************ဆမ်ချီလ်ဒါးစ်ဟာ ထောင်ထဲကိုဝင်လိုက်ထွက်လိုက် လုပ်နေတဲ့လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်ပါတယ်။နောက်ဆုံး ထောင်ကထွက်လာတော့ မိန်းမဖြစ်သူက ဘုရားသခင်ရဲ့ ကရုဏာနဲ့ အပြစ်တွေဆေးကြောပြီးဘဝသစ် စနေကြောင်း၊ ချီလ်ဒါးစ်ကိုလည်း အတိတ်ကလိုမနေဖို့ ပြောပေမယ့် လူဆိုးလုပ်ရတာမဝသေးတဲ့ ချီလ်ဒါးစ်ဟာ အရင်လို ပြန်ဆိုးမိုက်နေပါတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ သူဟာဘုရားကျောင်းကို လိုက်သွားပြီးတဲ့ နောက်မှာ သူ့လုပ်ရပ်တွေကို နောင်တရပြီးပြန်လည်ဆေးကြောဖို့ အသိဝင်လာပါတယ်။ ဒါကြောင့် အာဖရိကကို သွားပြီးတော့ပရဟိတလုပ်ငန်းတွေကို စတင်လုပ်ဆောင်ပါတယ်။ အတိတ်ကလုပ်ရပ်တွေကြောင့် သူ့ကိုအထင်သေးနေကြတဲ့ လူတွေကြားမှာ ချီလ်ဒါးစ်ရဲ့ လုပ်ငန်းတွေ အောင်မြင်ပါ့မလား၊သူ့ရဲ့ စေတနာနဲ့ လုပ်သမျှဟာ အဆင်ပြေချောမွေ့ နေပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာ ရှုစားနိုင်ပါတယ်ဗျာ။ ဒီကားဟာ အပြင်မှာ တကယ်ရှိတဲ့ Sam Childers (ဆမ်ချီလ်ဒါးစ်)ရဲ့ စာအုပ်ကိုအခြေခံပြီး ရိုက်ကူးထား တာဖြစ်ပါတယ်။ ကိုယ့်ဘဝအမှားတွေကို ပြန်လည်ဆေးကြောချင်သူတိုင်းလက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ် ကားလေး ဖြစ်ပါတယ်။File Size :(2.7GB)(1.03 GB) and (367 ...
movie
Machine Gun Preacher(2011)
Nanny (2022) 5.2
Nanny (2022) Nanny (2022) ==========Rotten Tomatoes 88% နဲ့ IMDb 5.6 ရရှိထားတဲ့ ၂၀၂၂ ခုနှစ်ထွက် Horror/Thriller ဇာတ်ကားလေးတစ်ကား တင် ဆက်ပေးလိုက်ပါတယ်။ အာရီရှာဟာ အာဖရိကမှာရှိနေတဲ့ သားလေးလာမင် ကို အမေရိကဆီ ခေါ်နိုင်ဖို့ အလုပ်ကြိုးစား နေတဲ့ မိခင်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် အသစ်ရတဲ့ ကလေးထိန်းအလုပ်ကို လုပ်ကိုင်ရင်း ပိုက်ဆံရှာနေခဲ့ပါတယ်။ ဒီလိုလုပ်ကိုင်ရင်းနဲ့ပဲ အာရီရှာတစ်ယောက် ဝိညာဉ်တွေကို မြင် တွေ့လာရပါတော့တယ်။ အဲဒါကြောင့်ကျွမ်းကျင်သူတစ်ယောက်နဲ့ တွေ့ဆုံပြီး အဖြေရှာဖို့ ကြိုးစားခဲ့ပါတာပေါ့။ ပြောရရင် ဒီဇာတ်လမ်းမှာ အာရီရှာတစ်ယောက်ဘာလို့ ဝိညာဉ်တွေကို ဘာလို့ မြင်တွေ့နေရတာလဲ၊ ဘာတွေ ကြုံဆုံရမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းက ရိုးရှင်းသလိုနဲ့ လှည့်ကွက်လေးတွေ ပါရှိတာမို့ အများကြီး မညွှန်းတော့ပါဘူး။ Jump scare များများစားစား မပါဝင်ပေမယ့် Horror အရသာကိုတော့ ပေးစွမ်းနိုင်မှာမို့ လက်လွတ်မခံဖို့ အကြံပေးလိုက်ပါ့ရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.7 GB) / (550 MB) / (320 ...
movie
Nanny (2022)
2022
The Craft: Legacy (2020) 5.0
movie
The Craft: Legacy (2020)
2020
Gone Baby Gone(2007) 7.7
Gone Baby Gone(2007) Gone Baby Gone (2007)IMDB- 7.7/10 ....Rotten...94%ရရှိထားတဲ့ Crime/Drama ဇာတ်ကားတစ်ကားပါ ဒါရိုက်တာကတော့ Good Will Hunting နဲ့ လက်စွမ်းပြထားတဲ့ Ben Affleck ဖြစ်ပါတယ်(Morgan Freeman ကြီးကိုလည်း သူနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ ခပ်လေးလေးစကားလုံးတွေကို ပြောရင်း တွေ့ရဦးမှာပါ)ဇာတ်ကားကြည့်ပြီးတဲ့အချိန်ကျရင် ဒီမေးခွန်း(၂)ခုကို ဖြေကြည့်ကြပါဦး(၁) ဘယ်သူက မှန်လဲ? (၂) မှန်ကန်တဲ့အဖြေဆိုတာရော ရှိခဲ့လား?ဒီတစ်ခါ Review ကို မရေးဘဲ နိုင်ငံတကာ ရုပ်ရှင်ပရိသတ်အချိ့ ခံစားရှုမြင်ခဲ့တဲ့အပေါ် Spoil မဖြစ်စေအောင် ရှောင်ရင်း ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်...(A) Gone Baby Gone ဟာ ကလေးသူငယ်ပြန်ပေးမှုအကြောင်းနဲ့ အဲဒါတွေက ဖျက်ဆီးလိုက်တဲ့ ဘဝတွေ အကြောင်းကို ခပ်ကြမ်းကြမ်း ဖော်ပြထားတဲ့ ဇာတ်ကားပါ။ ဇာလမ်းက ရှည်လျားဟန်ရှိပေမယ့် အစကနေအဆုံးထိ ပျင်းစရာ ကောင်းတာမျိုး မရှိပါဘူး။ဇာတ်ကားရဲ့အဆုံးသတ်ဟာ ခင်ဗျားတို့အတွက် အချိန်အတိုင်းအတာတစ်ခုထိ ပြောဆိုငြင်းခုန်စရာအကြောင်းအရာတစ်ခုအဖြစ် ကျန်နေခဲ့မှာပါ။(B) ဒီဇာတ်ကားက တကယ့်စစ်မှန်တဲ့ခံစားမှုတစ်ခုကို ပေးနိုင်စွမ်းရှိပါတယ်။ ဒါရိုက်တာ Ben Affleck ဟာ ဘော်စတွန်မြို့ရဲ့လမ်းမပေါ်က ဘဝတွေကို တင်ဆက်ပြသတတ်သူပါ။ ဇာတ်ကားက မကောင်းပါဘူးလို့ ပြောမိမယ့် အချိန်တွေမှာ သူပေးချင်တဲ့ Message တွေကို တစ်ခုချင်းစီ ...
movie
Gone Baby Gone(2007)
2007
Unfaithful 6.7
Unfaithful ကားနာမည်ဖတ်ရုံနဲ့တင် ဇတ်အိမ်ကိုအကဲခတ်လို့ရလောက်ပါပြီ မိသားစုတစ်စု ယောက်ျားကအလုပ်များတဲ့လုပ်ငန်းရှင်တစ်ယောက် မိန်းမက မလုပ်လည်းအိမ်မှာထိုင်နေလို့ရတဲ့အလုပ်တစ်ခုရှိတယ် သားကကျောင်းနေအရွယ် မနက်မိုးလင်းရင် အမျိုးသားနဲ့သားက အလုပ်နဲ့ကျောင်းကိုသွား တစ်ရက်မမျှော်လင့်ပဲ အမျိုးသမီးက ပြစ်သစ်လူမျိုးခပ်ချောချောကောင်လေးနဲ့ဆုံခဲ့မိတယ် ဒီကားအကြောင်းကို ဆက်မပြောခင် ကျနော်တို့ဘဝမှာ အိမ်ထောင်ရေးဖောက်ပြန်တာတွေ မိန်းမ တိတ်တိတ်ပုန်းဖောက်ပြန်တာ ယောင်္ကျားက ဖောက်ပြန်တာ တွေဒုနဲ့ဒေး ကြားနေရတယ် ကလေးမျက်နှာကိုထောက်ထားပြီး အိမ်ထောင်ရေးမပြိုကွဲစေဖို့ ဟန်ချက်ညီအောင်ပြန်လည်ထိန်းသိမ်းကြတာမျိုးရှိသလို စိတ်အလိုလိုက်ပြီး ဖောက်ပြန်တယ်သူတွေကို အမှုတွေကျူးလွန်ခဲ့တာတွေလည်းရှိပါတယ် ဒါတွေအားလုံးဟာ ugly truthဆိုတဲ့အကျဉ်းတန်အမှန်တရား ပါ 18+ဇတ်ဝင်ခန်းဆိုတာလည်း အိမ်ထောင်ရေးဇတ်ကားအနေနဲ့ အတော်များများပါပေမဲ့ ဇတ်အိမ်လည်းခိုင် ပီပီပြင်ပြင်သရုပ်ဆောင်ချက်တွေကြောင့် Hollywood မှာတန်းဝင်အိမ်ထောင်ရေးကားဖြစ်ပေမဲ့ တစ်ချို့သူတွေအတွက်တော့ အတော်လေးအောင့်သီးအောင့်သက်နိုင်မဲ့ကားတစ်ကားပါ ဒါပေမဲ့ ugly truth ဆိုတဲ့အကျဉ်းတန်အမှန်တရားပါပဲ ဆွဲဆောင်မှုအရှိဆုံးမင်းသားလို့သတ်မှတ်ခံရဖူးတဲ့ RICHAD GERE မင်းသမီး DIANE LANEတို့ပါဝင် သရုပ်ဆောင်ထားပါတယ် သူမရဲ့သရုပ်ဆောင်ချက်တွေက ချီးကျူးရမှာဖြစ်ပါတယ် ဆွဲဆောင်မှုရှိပြီး မှားနေမှန်းသိရက်နဲ့ ရှေ့ဆက်ဇွတ်တိုးပြီး ကိုယ့်ကိုယ် ကိုယ်ပြန်မုန်းမိနေတဲ့ အိမ်ထောင်သည်တစ်ယောက်ရဲ့ခံစားချက်တွေကပီပြင်လွန်းပါတယ် ဗျာများနေတဲ့အိမ်ထောင်ရှင် RICHAD GEREရဲ့ သရုပ်ဆောင်ချက်တွေကိုလည်း ပီပီပြင်ပြင်တွေ့ရမှာဖြစ်ပါတယ် ဒီလောက်ဆိုရင်လုံလောက်ပြီလို့ ထင်ပါတယ်အကျဉ်းတန် အမှန်တရားလေးကိုခံစားပေးကြပါဦးလို့ (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်ကတော့ အမည်မဖော်လိုသူပဲ ဖြစ်ပါတယ်) @joker -------------------------------------------------------------------- ကားနာမည်ဖတ်ရုံနဲ့တင် ဇတ်အိမ်ကိုအကဲခတ်လို့ရလောက်ပါပြီ မိသားစုတစ်စု ယောက်ျားကအလုပ်များတဲ့လုပ်ငန်းရှင်တစ်ယောက် မိန်းမက မလုပ်လည်းအိမ်မှာထိုင်နေလို့ရတဲ့အလုပ်တစ်ခုရှိတယ် သားကကျောင်းနေအရွယ် မနက်မိုးလင်းရင် အမျိုးသားနဲ့သားက အလုပ်နဲ့ကျောင်းကိုသွား တစ်ရက်မမျှော်လင့်ပဲ အမျိုးသမီးက ပြစ်သစ်လူမျိုးခပ်ချောချောကောင်လေးနဲ့ဆုံခဲ့မိတယ် ဒီကားအကြောင်းကို ဆက်မပြောခင် ကျနော်တို့ဘ၀မှာ အိမ်ထောင်ရေးဖောက်ပြန်တာတွေ မိန်းမ တိတ်တိတ်ပုန်းဖောက်ပြန်တာ ယောင်္ကျားက ဖောက်ပြန်တာ တွေဒုနဲ့ဒေး ကြားနေရတယ် ကလေးမျက်နှာကိုထောက်ထားပြီး အိမ်ထောင်ရေးမပြိုကွဲစေဖို့ ဟန်ချက်ညီအောင်ပြန်လည်ထိန်းသိမ်းကြတာမျိုးရှိသလို စိတ်အလိုလိုက်ပြီး ဖောက်ပြန်တယ်သူတွေကို အမှုတွေကျူးလွန်ခဲ့တာတွေလည်းရှိပါတယ် ဒါတွေအားလုံးဟာ ...
movie
Unfaithful
2002
Kiss Kiss Bang Bang(2005) 7.6
Kiss Kiss Bang Bang(2005) Kiss Kiss Bang Bang(2005) IMDb....7.6,,,Rotten...86% Kiss kiss bang bang ဟာ စုံ​ထောက်​ဟာသဇာတ်​မြူးကားဖြစ်​ပါတယ်​။ ဟယ်​ရီဆိုတဲ့ အ​ပေအ​တေ ဂျ​လေဘီတစ်​​ယောက်​က ရုတ်​တရက်​ ရုပ်​​ရှင်​သရုပ်​​ဆောင်​အ​နေနဲ့ အ​ရွေးခံရပြီး​တော့အယ်​​အေကို​ရောက်​သွားပါတယ်​။ အဲ့ဒီမှာ ငယ်​ကကျွမ်​းတဲ့ ငယ်​ကျွမ်​း​ဆွေ​ကောင်​မ​လေး ဟာမီုနီနဲ့ ပါတီမှာပြန်​​တွေ့ခဲ့ရာက​နေ ငယ်​ငယ်​ကဇာတ်​လမ်​းပြန်​စခဲ့ပါတယ်​။ငယ်​ကျွမ်​း​ဆွေ​ကောင်​မ​လေးမှာ ငယ်​ငယ်​ကအရမ်​း admire ဖြစ်​ခဲ့ရတဲ့ စာ​ရေးဆရာ တစ်​​ယောက်​ရှိခဲ့ပါတယ်​။ အဲ့ဒီစာ​ရေးဆရာ​ရေးတဲ့စာအုပ်​ကို ပြန်​ရုပ်​ရှင်​ရိုက်​တဲ့အခါမှာလည်​း ရုပ်​ရှင်​မင်​းသားကိုအရမ်​း​လေးစားခဲ့ပြန်​ပါတယ်​။ ဒါ​ပေမဲ့လည်​း သူမရဲ့ညီမ သူ့ကိုယ်​သူသတ်​​သေတာဟာ အဲ့ဒီရုပ်​ရှင်​မင်​းသားနဲ့ ပတ်​သတ်​​နေပြန်​ပါ​ရော။ ဘယ်​လိုပတ်​သတ်​​နေတာလဲဆိုတာကို​တော့ ရှုစားကြည်​့ကြပါ။ခုနက ဂျ​လေဘီ ဟယ်​ရီက​တော့ စုံ​ထောက်​​လေ့ကျင်​့ခန်​း​တွေကို လိုက်​ပြီးကူလုပ်​​ပေးခဲ့ရပါတယ်​။ အဲ့ဒီက​နေ အရှုပ်​​တော်​ပုံတစ်​ခုထဲကို ​ရောက်​မှန်​းမသိ​ရောက်​ခဲ့ရပါတယ်​။သို့​သော်​လည်​း ၎င်းအရှုပ်​​တော်​ပုံက သူရဲ့ ဟာမိုနီနဲ့ပတ်​သတ်​​နေတာဖြစ်​​လေ​တော့ သူဟာရုန်​းထွက်​မရနိုင်​​အောင်​ဖြစ်​ခဲ့ရပါတယ်​။ ဟယ်​ရီတို့ ကိစ္စတစ်​ခုစုံစမ်​း​နေချိန်​မှာပဲ ​ကောင်​မ​လေးတစ်​​ယောက်​ရဲ့အ​လောင်​းကို တိုက်​တိုက်​ဆိုင်​ဆိုင်​​တွေ့ခဲ့ရပါတယ်​။ အသတ်​ခံရတဲ့​ကောင်​မ​လေးက​ကော ဟာမိုနီ့ညီမနဲ့ ဘယ်​လိုပတ်​သတ်​လဲ။ ဟိုရုပ်​ရှင်​မင်​းသားက​ကောဒီ​ကောင်​မ​လေးနှစ်​​ယောက်​​သေဆုံးမှုနဲ့ ဘယ်​လိုပတ်​သတ်​မလဲဆိုတာက​တော့ ဆက်​လက်​ရှုစားရင်​းနဲ့ ရင်​ခုန်​လိုက်​ပါဦး။ ဇာတ်​လမ်​းကို​တော့ ဟယ်​ရီ က​နောက်​ခံစကား​ပြောတဲ့ပုံစံမိိျုးနဲ့ ...
movie
Kiss Kiss Bang Bang(2005)
2005
Eagle Eye (2008) 6.6
Eagle Eye (2008) Eagle Eye (2008)_____IMDb - 6.6/10    အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ဝင်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမဝင်လက်နှက်တွေ ...
movie
Eagle Eye (2008)
2008