Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mieko Harada
8.2
Ran (1985)
Ran (1985)~ IMDb - 8.2/10, Rotten Tomatoes - 96% ~ကူရိုဆာဝါရဲ့ Ran ဟာ ရှိတ်စပီးယားရဲ့ King Lear ပြဇာတ်ကို ပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးနဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ပါပဲ။ ၁၉၈၆ အော်စကာမှာ ဂျပန်က လူတွေနဲ့ အဆင်မပြေခဲ့တာကြောင့် Best International Feature အတွက် နိုင်ငံကိုယ်စားပြု အရွေးမခံခဲ့ရပေမဲ့ Main Categories တွေထဲက Best Director, Best Cinematography, Best Art Direction-Set Decoration, Best Costume Design ဆုတွေ ဆန်ခါတင်ဝင်ခဲ့တယ်။ ကူရိုဆာဝါအတွက် ပထမဆုံး Best Director ဆန်ခါတင်ဝင်ခဲ့တဲ့ရုပ်ရှင်လည်းဟုတ်တယ်။ ကံဆိုးချင်တော့ Best Costume Design ဆုပဲရသွားခဲ့တယ်။ သိပ်တော့လည်း အရေးမကြီးလှပါဘူးလေ။ ဘာနေနေ ...
movie
Ran (1985)
1985
7.7
Dreams (1990)
Dreams (1990)~ IMDb - 7.7/10, Rotten Tomatoes - 66% ~ကူရိုဆာဝါဟာ ရုပ်ရှင်ရဲ့မဏ္ဍိုင်တစ်ခုလို့ဆိုကြတာနဲ့အညီ လက်ရှိနာမည်ကျော် အမေရိကန် ဒါရိုက်တာတွေအပေါ် အတော်လွှမ်းမိုးမှုကြီးတဲ့ဒါရိုက်တာပါ။ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ မာတင်စကောဆေးစိတို့လို လူတွေတောင် ကူရိုဆာဝါရဲ့ အရိပ်အငွေ့နဲ့မကင်းပါဘူး။ Dreams ကိုတော့ စပီးဘာ့ဂ်က ပရိုဂျူဆာလုပ်၊ သူရဲ့ကုမ္ပဏီ Amblin က ဖြန့်ပေးထားပြီး ရုပ်ရှင်ရဲ့ VFX Effects တွေကိုတော့ လူးကတ်စ်ရဲ့ ILM က လုပ်ပေးထားသလို မာတင်စကောဆေးစိကလည်း ဗင်းဆင့်ဗန်ဂိုးအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။Dreams ဟာ ထူးထူးခြားခြားပဲ ကူရိုဆာဝါကိုယ်တိုင် သူထပ်ခါထပ်ခါမက်နေတဲ့ အိပ်မက်တွေကနေ ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ သူ့ရုပ်ရှင်ရိုက်သက်ရှည်ကြီးရဲ့ ရှားရှားပါးပါး သူတစ်ယောက်တည်းဇာတ်လမ်းဇာတ်ညွှန်းရေးထားတဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ တစ်နည်းပြောရင် Dreams ဟာ သူ့အိပ်မက်တွေကို ရိုက်ထားတဲ့ရုပ်ရှင်လည်းဟုတ်သလို သူမပြောဖြစ်ခဲ့တဲ့စကားတွေ သူပြောပြချင်တာတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ( ...
movie
Dreams (1990)
1990
6.7
Hinokio: Inter Galactic Love ( 2005 )
IMDb 6.7 ရရှိထားတဲ့ Drama | Sci-Fi အမျိုးအစားဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းလေးကတော့ဆတိုရူဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ကျန်းမာရေးအခြေအနေတစ်ခုကြောင့်ကျောင်းကို လူကိုယ်တိုင်လာတက်ဖို့ အခက်အခဲဖြစ်ပြီး ဖခင်၏အကူအညီနဲ့ ဟိနိုကီနိုဆိုတဲ့ သစ်သားစက်ရုပ်လေးလုပ်ပြီး အဝေးကcontrol လုပ်ရင်း ပထမဆုံးအဝေးရောက် ကျောင်းသားဘဝကို စတင်ခဲ့တယ်။ဒီလိုထူးခြားဖြစ်စဉ်ကို ဆန့်ကျင်တဲ့သူတွေက အရင်စလာတာပေါ့...သစ်သားစက်ရုပ်လေးကို ကျောင်းတွင်းအနိုင်ကျင့်တာတွေကျောင်းပြန် အနိုင်ကျင့်တာတွေ စလုပ်လာတဲ့ ကလေး ၃ ယောက်ရှိတယ်။ဆတိုရူလေးကတော့ ကျန်းမာရေးမကောင်းကတည်းကအိမ်ထဲအောင်းနေခဲ့သူဆိုတော့ သူ့အနိုင်ကျင့်တဲ့ ၃ ယောက်ကိုမှ ခင်ချင်လာတယ်တဲ့...သစ်သားစက်ရုပ်လေးက တစ်ဆင့်ပေါ့...ဆတိုရူလေးက ဘာလို့ စက်ရုပ်ထဲဝင်ပြီးအပြင်လောကနဲ့ အဆက်အသွယ်ဖြတ်နေရတာလဲ...သူ့အနိုင်ကျင့်နေတဲ့ ကလေးတွေနဲ့ရော အဆင်ပြေမှာလား ဘာဆက်ဖြစ်မှာလဲ...နောက်ပြီး ဘယ်လို စိတ်ဝင်စားစရာ ဇာတ်ကြောင်းတွေရှိမယ်ဆိုတာရယ်...ကျန်းမာရေးအခြေအနေကြောင့် သစ်သားစက်ရုပ်အစားထိုးပြီးစာသင်တဲ့စနစ်ရယ်ကို လေ့လာနိုင်ဖို့ဒီကားလေးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါ... Translated & Review By Chu ChuEncoded By LK
movie
2005
6.4
Dororo (2007)
Dororo (2007) IMDb 6.4/10_____Rotten Tomatoes 54% ဒီကားလေးဟာဆိုရင် 1960 တုန်းကထုတ်လွှင့်ခဲ့တဲ့ Manga series လေးကို 2007 မှာပြန်ပြီး အသက်သွင်းရိုက်ကူးထားတဲ့ ဆာမူရိုင်း ကားလေးပဲဖြစ်ပါတယ်... အကျဉ်းချုံးလေးပြောရမယ်ဆိုရင်တော့ ဆယ်စုနှစ်ကြာအောင်ဖြစ်ပွားနေတဲ့ စစ်ပွဲကြီးမှာ စစ်ရှုံးလာတဲ့ စစ်သူကြီးတစ်ယောက်ဟာ တိုင်းပြည်ကို အုပ်စိုးချင်တဲ့အတွက် နတ်ဆိုးတွေနဲ့ ကြောက်မယ်ဖွယ်အပေးအယူကြီးတစ်ခုပြုလုပ်ခဲ့ပါတယ် အဲ့ဒါကတော့ သူ့မိန်းမကိုယ်ဝန်ဆောင်ထားတဲ့ သားရဲ့ ခန္ဓာကိုယ်ကို 48 ပိုင်းပိုင်းပြီး နတ်ဆိုးတွေကို ပူဇော်လိုက်တာပဲဖြစ်ပါတယ်... မမွေးခင်ထဲက ယစ်ပူဇော်ခံရတဲ့ ကလေးဟာ အသားလုံးလေးအဖြစ်မွေးဖွားလာပြီး ရေထဲမျှောခံလိုက်ရပါရော မှော်ဆေးဆရာကြီးက ဆယ်ယူမွေးစားပြီး ကိုယ်လက်အင်္ဂါအတုတွေတပ်ပေးလိုက်ပါတယ် အရွယ်ရောက်လာတော့ အဖြစ်မှန်တွေအကုန်သိပြီး ဟိရခိမာယု ဓားနဲ့ နတ်ဆိုးတွေကိုသုတ်သင်ပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်ရယူပါတော့တယ် သူ့လက်ထဲမှာတပ်ထားတဲ့ ဟီရခိမာယုဓားကို လိုချင်နေတာကတော့ သူ့ကိုယ်သူယောကျ်ားလေးလိုနေထိုင်တဲ့ အလစ်သုတ်သမလေးပဲဖြစ်ပါတယ် သူတို့နှစ်ယောက်ပေါင်းပြီး နတ်ဆိုးတွေသတ်ရာမှာ ခြေထောက်ယူထားတဲ့ နတ်ဆိုးကိုသတ်ပြီးတာနဲ့ ခြေထောက်အတုကပြတ်ကျပြီး အစစ်ပြန်ထွက်လာတာတွေကတော်တော်မိုက်ပါတယ် အခွေခေတ် စာတန်းထိုးတွေမပါတုန်းကတောင် တော်တော်ကြည့်လို့မိုက်တဲ့ကားလေးမို့ မင်းသားလေးကလည်း အရမ်းချောလို့ Dororo ကားလေးကို ညွှန်းလိုက်ရပါတယ်နော်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ထားသူကတော့ Cafeo Wine ဖြစ်ပါတယ်။) File size…(1.16 GB) Quality…WEB-DL Rip 720p Format…mp4 Duration….02:19:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Cafeo ...
movie
Dororo (2007)
2007
7.0
If Cats Disappeared from the World (2016)
If Cats Disappeared From The World (2016) IMDb - 7.0/10_____Rotten - 78% စာပို့သမားလေးတစ်ယောက်( Takeru Satou) သူ့မှာ နေဖို့အချိန်မကျန်တော့တာကို သိလိုက်ရချိန်မှာ သေမင်းတစ်ပါးက သူ့ဆီရောက်လာပြီး အခွင့်အရေးတစ်ခုပေးခဲ့တယ် … အဲ့ဒါက သူသာ ကမ္ဘာကြီးပေါ်က ပစ္စည်းတွေကို ဖျောက်မယ်ဆိုရင် သူအသက်ဆက်ရှင်ခွင့်ရမယ်ဆိုတာပါပဲ… ဒီလိုနဲ့ ပစ္စည်းတွေဖျောက်လို့ အသက်ဆက်ရှင်နိုင်မလား…… ဖျောက်လိုက်ရင်ဘာတွေဆက်ဖြစ်လာမှာလဲ… စာပို့သမားလေးတစ်ယောက်( Takeru Satou) သူ့မှာ နေဖို့အချိန်မကျန်တော့တာကို သိလိုက်ရချိန်မှာ သေမင်းတစ်ပါးက သူ့ဆီရောက်လာပြီး အခွင့်အရေးတစ်ခုပေးခဲ့တယ် … အဲ့ဒါက သူသာ ကမ္ဘာကြီးပေါ်က ပစ္စည်းတွေကို ဖျောက်မယ်ဆိုရင် သူအသက်ဆက်ရှင်ခွင့်ရမယ်ဆိုတာပါပဲ… ဒီလိုနဲ့ ပစ္စည်းတွေဖျောက်လို့ အသက်ဆက်ရှင်နိုင်မလား…… ဖျောက်လိုက်ရင်ဘာတွေဆက်ဖြစ်လာမှာလဲ… File Size : 730 MB Duration : 1: 43: 00 Quality : BluRay Rip 720p Translator : ...
movie
2016