Channel Myanmar

Milhem Cortaz

Overhaul (2023)
Overhaul (2023)  Fast And Furious လိုမျိုးကားပြိုင်တာတွေ အက်ရှင်ဇာတ်ကြမ်းတွေပါတဲ့ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ လူတွေအတွက် ဘရာဇီးသားတွေကတစ်ကွက်ပြပြီး ရိုက်ကူးထားတဲ့ Overhaul ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဘာထူးခြားသွားလဲဆိုတော့ ဒီဇာတ်ကားထဲမှာပြိုင်တဲ့ကားတွေက အလန်းစားပြိုင်ကားတွေမဟုတ်ဘဲ ကုန်တင်ကားကြီးတွေဖြစ်ပါတယ်။ဒါပေမယ့် သူတို့ယှဉ်ပြိုင်တဲ့ ပုံတွေကိုကြည့်ရင် ထရပ်ကားပါမောင်းချင်သွားလောက်အောင်ရှယ်ကြမ်းတာကိုတွေ့ရမှာပါ။Imdb မှာ Rating နည်းပေမယ့် စာအုပ်တစ်အုပ်ကောင်းမကောင်းကိုအဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရသလို ရုပ်ရှင်တစ်ကားကောင်းမကောင်းကိုလဲ Rating နဲ့ဆုံးဖြတ်လို့မရပါဘူး။ဇာတ်လမ်းအကျဉ်းချုပ်ကတော့အပေါ်မှာပြောသွားခဲ့တဲ့ ထရပ်ကားပြိုင်ပွဲမှာ နာမည်ကြီးတဲ့ ရော်ဂျာက အရည်အချင်းရှိပေမဲ့ ပိုက်ဆံမရှိတော့ ကားကမလိုက်နိုင်တဲ့အခါ ပြိုင်ပွဲတွေမနိုင် စပွန်ဆာတွေမရတော့ ပိုက်ဆံလည်းမရှိနဲ့ အဲ့ဒီသံသရာနဲ့လည်ပတ်နေပါတော့တယ်။အဲ့ဒီအချိန်မှာသူ့အဖေဆုံးပါးသွားခဲ့ပြီး အမွေရရှိခဲ့ပါတော့တယ်။ဒါပေမယ့် ကံဆိုးချင်တော့ရခဲ့တဲ့အမွေကလည်း အကြွေးတွေကြားထဲမှာ နှစ်နေတဲ့ကားပြင်ဆိုင်တစ်ဆိုင်ဖြစ်နေပြီးသူကပါ အဲ့ဒီအကြွေးတွေကိုဆပ်ရမဲ့ကိန်းဆိုက်လာပါတော့တယ်။ရော်ဂျာလည်းအကြွေးရှင်နဲ့ စကားသွားပြောလိုက်တဲ့အခါမှာတော့ သူ့အတွက်ကားမောင်းတဲ့အလုပ်လုပ်ပေးရင် အကြွေးတွေကြေမယ့်အပြင် သူ့အတွက်ပိုက်ဆံတွေအများကြီးရမယ်လို့ကမ်းလှမ်းလာပါတယ်။ရော်ဂျာလည်း သေမထူးနေမထူးဘဝဖြစ်နေတဲ့အတွက် အလုပ်ကိုလက်ခံခဲ့ပါတယ်။ပိုက်ဆံတွေရလာပြီး အောင်မြင်မှုတွေရလာပေမဲ့လူဆိုးတွေနဲ့ ပတ်သတ်နေတဲ့အလုပ်ဖြစ်တဲ့အတွက် မလွဲမသွေကြုံတွေ့ရမဲ့အရာတွေကိုရင်ဆိုင်လာရတဲ့အခါမှာတော့ ရော်ဂျာဘယ်လိုတွေဆက်ပြီး ရင်ဆိုင်မလဲဆိုတာကိုစိတ်ဝင်စားဖွယ်ရာရိုက်ကူးထားတာပဲဖြစ်ပါတယ်။  File size…2.46GB/ 1.14GB Quality…NF WEB-DL  1080p 5.1 CH/ 720p Format…mp4 Duration….1h 47m Genre ….. ...
movie

Overhaul (2023)

Elite Squad(2007) 8.0
Elite Squad(2007) Elite Squad(2007)****************IMDb...8.0ရီယို ဒီဂျနေယိုဆိုတာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးမြို့တော်တွေထဲကတစ်ခုဖြစ်ပြီး၊ဆင်းရဲသားရပ်ကွက်တွေမှာဆိုရင် မူးယစ်ရာဇာတွေ၊ မူးယစ်ဂိုဏ်းသားတွေက မူးယစ်ရောင်းဝယ်ပြီးလက်နက်ကိုယ်စီကိုင်ကာအုပ်ချုပ်ပါတယ်။ ဒီကရဲတွေဆိုတာကလည်း အကျင့်ပျက်ခြစားကာ မူးယစ်ဂိုဏ်းတွေနဲ့ပေါင်းစားငွေညစ်ဖို့သာ ခြေဆန့်ပြီး မှုခင်းတိုက်ဖျက်ဖို့ဆိုရင်တော့ကိုယ့်နယ်မြေမှာဖြစ်တဲ့လူသေအလောင်းကို အခြားနယ်မြေကိုရွှေ့ပြီး မှုခင်းကျဆင်းရေးကို ဒီလိုစွမ်းဆောင်ကြသူတွေပါ။ ဒီလိုနေရာမျိုးမှာ ပစ်ကြခတ်ကြရဲတွေလည်းမထိန်းသိမ်းနိုင်ဖြစ်လာပြီဆိုရင် ဝင်ပါရသူတွေကတော့ တိုက်ပွဲဝင်အထူးတပ်ဖွဲ့ BOPEတပ်ဖွဲ့ပါပဲ။ဒီတပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ နက်စီမန်တိုဟာဆိုရင် ဖခင်ဖြစ်တော့မှာမလို့ တပ်ဖွဲ့ကနေလူစားထိုးရှာပြီး အနားယူဖို့ပြင်ဆင်နေချိန်၊ဆင်းရဲသားရပ်ကွက်တွေကို ပုပ်ရဟန်းမင်းကြီးလာလည်မယ်ဆိုတော့ လုံခြုံရေးကို ဦးစားပေးကာစစ်ဆင်ရေးဆင်းလုပ်ဖို့ ပြင်ဆင်ရပါတော့တယ်...အဲ့ဒီနောက်မှာတော့..ဒီဇာတ်ကားဟာ ဆုတံဆိပ်တွေများစွာရရှိထားတဲ့ ဘရာဇီး၊ ရီယီုရဲ့အခြေအနေတွေကိုမြင်တွေ့ရမယ့်အက်ရှင်ဇာတ်ကားကောင်းမို့လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဗျ။File Size :(5.3GB)(1.7GB) and (629MB MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:48:00 Genre :Action, Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Elite Squad(2007)

Elite Squad: The Enemy Within (2010) 8.1
Elite Squad: The Enemy Within (2010) " ရဲဆိုတာအမှန်တရားရဲ့ ဘက်တော်သားလို့ပဲ ကျုပ်တစ်သက်လုံးယုံကြည်လာခဲ့တာ".... မသမာတဲ့ဥပဒေဘက်တော်သားတွေကြောင့် သားဖြစ်သူကိုဆုံးရူံးခါနီးမှာ ရလိုက်တဲ့ အရာခံတပ်ထိန်းဗိုလ်ကြီး Roberto Nescimento ရဲ့ သံဝေဂတရားပါ။ သူသိလိုက်တဲ့အချိန်မှာ ရီယိုတစ်မြို့လုံးကို အကျင့်ပျက်နိုင်ငံရေးသမားတွေနဲ့ရဲတွေ တည်ထောင်ထားတဲ့ မာဖီးယားဆန်ဆန် ပြည်သူ့စစ်တွေကကြီးစိုးနေပါပြီ။ ဖြောင့်မတ်တဲ့ Nescimento လိုပြည်သူ့ အမူထမ်းနဲ့ ရဲရင့်တဲ့စာနယ်ဇင်းသမားတွေပူးပေါင်းပြီးတော့ အုပ်ချုပ်ရေးပိုင်းရဲ့မသမာမူတွေကို ဘယ်လိုဖော်ထုတ်ကြမလဲ ဆိုတာနဲ့ အမှန်တရားက အနိုင်ရပါ့မလားဆိုတာကို ဒီရုပ်ရှင်ထဲမှာဆက်လက်ရူစားကြပါ။   ရုပ်ရှင်ကားကို Archi Thang Gyi မှ ဘာသာပြန်ပေးထားပါတယ်
movie


2010