Channel Myanmar

Millie Davis

A Dark Truth (2012) 5.6
A Dark Truth (2012) ဒီဇာတ်ကားလေးကတော့ တောင်အမေရိကမှာရှိတဲ့ အီကွေဒေါနိုင်ငံက ရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ အတိတ်ကပြုလုပ်မိခဲ့တဲ့ အပြစ်တွေအတွက် ဖြေဆယ်လို့မရနိုင်ဖြစ်နေတာကြောင့် အလုပ်ကနေအနားယူပြီး လက်ရှ်ိမှာ ရေဒီယိုချန်နယ်တစ်ခုမှာ နိုင်ငံရေးစကားဝိုင်း အစီအစဉ်မှူးအဖြစ် လုပ်ကိုင်နေပြီး မိသားစုနဲ့ ဘ၀ကိုအေးအေးချမ်းချမ်းဖြတ်သန်းဖို့ ကြိုးစားနေတဲ့ စီအိုင်အေ အေးဂျင့်ဟောင်း ဂျက်ဘီဂိုစီယန် ... ကလီယာဘက်ခ် ရေကုမ္ပဏီရဲ့ အတောမသတ်နိုင်တဲ့ လောဘတွေကြောင့် တောင်အမေရိက အီကွေဒေါမှာဖြစ်ပွားခဲ့ရတဲ့ အကျည်းတန်တဲ့ဖြစ်ရပ်တွေကို သွားရောက်စုံစမ်းစစ်ဆေး‌ပေးဖို့ ကလီယာဘက်ခ်ရဲ့ ထိပ်သီးရှယ်ယာရှင်တစ်ယောက်က ဂျက်ဘီဂိုစီယန်ကို ငှားရမ်းလာတဲ့အခါ... ဆိုးယုတ်တဲ့အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က ခါးသီးလှတဲ့အမှန်တရားကဘာလဲ? ဂျက်ဘီဂိုစီယန်ကရော အတားအဆီးတွေကြားကနေ အမှန်တရားကိုဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပါ File size…(2.2 GB)/(1.2 GB)/(640 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant ...
movie

A Dark Truth (2012)

The Best Man Holiday (2013)
The Best Man Holiday (2013)  စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဟာပါ..သူရေးထားတဲ့စာအုပ်က မရောင်းရလို့ စာတိုက်က မထုတ်ဝေပေးဘဲသူငယ်ချင်းဟောင်းတစ်ယောက်ဖြစ်တဲ့ အားကစားသမားလန့်စ်ရဲ့အတ္ထုပတ္တိကိုရေးဖို့ အကြံပေးပါတော့တယ်၊တစ်ဖက်မှာလည်း ဇနီးဖြစ်သူက ကလေးမွေးတော့မှာပါဒီလိုနဲ့ ငွေလိုနေတဲ့ ဟာပါတစ်ယောက် သူငယ်ချင်းရဲ့ အတ္တုပတ္တိကိုရေးဖို့‌ တွေဝေနေပါတယ်၊ဒီလိုအချိန်မှာ သူငယ်ချင်းဟောင်းတစ်ဖြစ် လန့်စ်ရဲ့ဇနီးဖြစ်သူမီယာက ခရစ်စမတ်ပိတ်ရက်ကို သူငယ်ချင်းတွေအတူတူပြန်ဆုံကြဖို့ ဖိတ်လာပါတယ်။ ဒီလိုနဲ့ ခရစ်စမတ်ပိတ်ရက်အတွင်း ငယ်သူငယ်ချင်းတွေပြန်ဆုံပြီးအရင်လိုခင်ခင်မင်မင်ပြန်နေဖို့ကြိုးစားတဲ့အချိန်မှာဘယ်လိုကိစ္စတွေကြုံကြရမလဲ၊ ဟာပါကရောငွေကြေးအခက်အခဲဖြေရှင်းနိုင်ဖို့အတွက်လန့်စ်ရဲ့အတ္ထုပတ္တိကိုရေးပါ့မလားလန့်စ်ကို ဘယ်လိုစည်းရုံးမလဲ စတာတွေနဲ့အတူသူငယ်ချင်းတွေကြား သံယောဇဉ်တွေပြဿနာတွေကို ရသအစုံနဲ့ ကြည့်ရှူရမှာပဲဖြစ်ပါတယ် File size…1.83GB / 735MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 45m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Benni
movie

The Best Man Holiday (2013)

Lamya’s Poem (2021)
Lamya’s Poem (2021) ကဗျာ၊ စာပေဆိုတာ နှလုံးသားရဲ့အာဟာရလို့ ဆိုတတ်ကြပါတယ်။ ချစ်ခြင်းရဲ့အတိမ်အနက်၊ မေတ္တာရဲ့သဘောတရားကို စာသားတွေ လင်္ကာကာရံတွေနဲ့ ချိန်ထိုးပြတတ်သူတွေအဖို့တော့ ကဗျာ စာပေဆိုတာ အသွားထက်တဲ့ ဓားတစ်လက်နဲ့ ညီမလားမသိနိုင်ဘူးပေါ့။ ‌ကာရန်တွေ နဘေတွေ ညီနေမှ ကဗျာဖြစ်တာမဟုတ်သလို ချစ်ခြင်းအကြောင်း ဖွဲ့သီတာဆိုမှလည်း ကဗျာမည်တာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝအကြောင်း၊ စစ်ပွဲတွေအကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း၊ လူတွေရဲ့အကြောင်း ဘယ်လိုအကြောင်းအရာမျိုးမဆို ကဗျာကိုတင်ပြသူနဲ့ ဖတ်ရှုသူရဲ့ စိတ်ခံစားချက်ကို လိုက်ပြီး ယူဆချက်လည်း ကွဲပြားသွားနိုင်တာမျိုးပါပဲ။ အမေ့ပါးက သနပ်ခါးလေးကလည်း ကဗျာတစ်ပုဒ်ဖြစ်သွားနိုင်သလို ပုရွတ်ဆိတ်လေးတွေ အစာရှာရင်း တရွေ့ရွေ့သွားနေပုံလေးက‌လည်း အတွေးနယ်ချဲ့တတ်တဲ့သူအဖို့ အိပ်မပျော်တဲ့ညကို ကုန်လွန်စေမယ့်အကြောင်းပြချက် ဖြစ်သွားနိုင်တာမျိုးမဟုတ်ပါလား။ စိတ်ပျက်အားငယ် ဝမ်းနည်းနေချိန်မှာ သီချင်းလေးတစ်ပုဒ်၊ ကဗျာလေးတစ်ကြောင်းက ခံစားချက်ကို ပြောင်းလဲပေးနိုင်တယ်ဆိုရင် ဘဝရဲ့အခက်ခဲ အပင်ပန်းဆုံးအချိန်ရောက်တဲ့အခါ ထူးခြားဆန်းကြယ်တဲ့ ဆုံးဖြတ်ချက်တွေကိုချတဲ့နေရာမှာရော အထောက်အကူ ဖြစ်စေနိုင်လေမလား။ ကဗျာလေး တစ်ပုဒ်သာဖြစ်ပေမယ့် ရင်ထဲရောက်အောင်သာ သွားနိုင်မယ်ဆိုရင် သိမြင်နိုင်ဖို့ ...
movie

Lamya’s Poem (2021)

Good Boys (2019) 6.8
Good Boys (2019) ဒါကတော့ IMDb rating 6.8နဲ့ ခရမ်းချဉ်သီးမှာ 79%ရထားတဲ့ဟာသကားလေးပါ။တစ်ကားလုံးရယ်ရလို့ ပါးစပ်တောင်မစေ့နိုင်ဘူးဘရစ်စလီဆိုတဲ့ကောင်မလေးကိုအရမ်းတွေကြွေနေတဲ့မက်စ်ရယ်၊လေကြီးလေကျယ်ပြောတတ်တဲ့သောရယ်၊ရင့်ကျက်ပြီးမှန်တာပဲလုပ်ချင်တဲ့လူကပ်စ်တို့သုံးယောက်ကအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။‌ခြောက်တန်းရောက်တာနဲ့ခြောက်တန်းနဲ့တူအောင်အထာကျမယ်လို့ ဆုံးဖြတ်ထားတဲ့ ငမြွေလေးတွေပေါ့။ တစ်နေ့တော့ kissing partyတစ်ခုကို ဖိတ်ခံလိုက်ရလို့မက်စ်ကသူကြိုက်နေတဲ့ကောင်မလေးကိုပါတီမှာနမ်းရတော့မယ်ဆိုပြီး ရင်တွေခုန်နေတာပေါ့။ ဒါပေမယ့် သူတို့ထဲကဘယ်သူမှမနမ်းဖူးကြတော့သူများတွေဘယ်လိုနမ်းလဲဆိုတာရှာဖွေလေ့လာရင်းပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်ကုန်ပါတော့တယ်။ ကလေးတွေဆိုပေမယ့် သူတို့မှာလည်းသူတို့အရွယ်နဲ့ကြုံတွေ့နေရတဲ့ကိစ္စတွေရှိတာပေါ့။ သူတို့ရဲ့တစ်နေ့တာကိုဘယ်လိုဖြေရှင်းကျော်ဖြတ်ပြီးမိဘတွေအဆူမခံရအောင်ဘယ်လိုတွေဉာဏ်များအုံးမလဲဆိုတာကိုတော့ဒီကားလေးမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါအုံး။ တကယ်ကောင်းတဲ့ဟာသကားလေးကိုလက်လွှတ်မခံဘဲကြည့်ရင်း ခဏတာဘဝအမောပြေနိုင်ပါစေ (အယ့်လယ့်) File Size : ( 840 MB , 314 MB)Quality :  WEB-DL 720pRunning Time : 1 hr 30 minFormat : Mp4Genre : Adventure , ComedySubtitle : Myanmar Subtitle (Hard Sub)Translated by Moe ...
movie

Good Boys (2019)

2019
The Magic Hockey Skates (2012) 7.3
The Magic Hockey Skates (2012) သူလေးစားအားကျရတဲ့ကစားသမားရော်ကတ်ဆိုတဲ့ဟော်ကီကစားသမားနဲ့တွေ့ဆုံနိုင်ခွင့်ပါပဲဂျိုဝီမှာဇက်ချ်ဆိုတဲ့အကိုတစ်ယောက်ရှိပါတယ် .သူကတော့သူတို့မြိုလေးမှာကျင်းပတဲ့ဟော်ကီပြိုင်ပွဲလေးမှာဝင်ပြိုင်မဲ့အသင်းလေးတစ်သင်းရဲ့ခေါင်းဆောင်တစ်ဦးပါ.မိခင်ဖြစ်သူရဲ့တိုက်တွန်းမှုကြောင့် ညီငယ်လေးဖြစ်သူကိုပါ သူ့မှာသင်ကြားသာသင်ကြပေးနေရတာသိပ်တော့စိတ်မှာအထင်ကြီးတယ်ဆိုတာမရှိပါဘူး ညီအကိုနှစ်ယောက် အားကစားပစ္စည်းဆိုင်သွားတဲ့အခါမှာပြိုင်ပွဲဝင်ရမဲ့အကိုဖြစ်သူအတွက်တော့ဖခင်ဖြစ်သူကလိုချင်တာဝယ်ပေးပေမယ့် ဂျိုဝီလေးအတွက်တော့သူလိုချင်တာကိုဖခင်ခမျာဝယ်ပေးဖို့မတတ်နိုင်ဖြစ်နေတဲ့အချိန်ဆိ်ုင်ကအဖိုးကြီးတစ်ယောက်ရဲ့တိုက်တွန်းပြောကြားချက်အပြငါဒစ်စကောင့်ချပေးတဲ့ဆေးကြောင့်ဖခင်ဖြစ်သူကသူ့သားအငယ်လေးဂျိုဝီအတွက်ကိုတစ်ပတ်ရစ်ဟော်ကီနှင်းစီးဖိနပ်လေးဝယ်ပေးခဲ့ပါတယ်ဒါပေမယ့် ဒီဖိနပ်လေးမှာမှော်အစွမ်းတွေရှိ့ပီးတော့ ကြိုက်နှစ်သက်ရာဆု၃ခုတောင်းနိုင်တယ်ဆိုတဲ့အကြောင်းဂျိုဝီတစ်ယောက်သိလိုက်ရချိန်မှာတော့......ဒီဇာတ်ကားလေးကတော့ခရစ်စမတ် စတိုင်လေးဖြစ်ပြီးတော့ချစ်စရာကောင်းလွန်းပါတယ် ကလေးကြိုက်ဇာတ်ကားလေးဆိုပေမယ့်လူကြီးတွေလဲကြည့်ရငါသဘောကျနှစ်သက်နိုင်မဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါကြောင်း(ဇာတ်လမး်အညှွန်းနဲဘာသာပြန်သူကတော့ Charm ပဲဖြစ်ပီ Arkar Phyo မှ Encode ပေးထားပါတယ်)Quality : .1080p.BluRay Running Time :  21min Format : Mp4 Genre    :  Animation, Family, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Charm Encoded by Arkar Phyo (Yrfatt) 
movie

The Magic Hockey Skates (2012)

2012
Wonder (2017) 8.0
Wonder (2017) Wonder (2017) IMDb - 8.0/10_____Rotten - 85%   ကျွန်တော်တို့ငယ်စဉ်ကတည်းကလူ့အသိုင်းအဝိုင်းနဲ့စတင်ထိတွေ့ချိန်မှာ အခက်အခဲမျိုးစုံကြုံတွေ့ရလေ့ရှိပါတယ်။အခြေအနေအလိုက် ပိုမိုရုန်းကန်ရတဲ့သူတွေရှိသလို သက်တောင့်သက်သာရဲ့ဖြတ်သန်းသွားရသူတွေလည်းရှိပါတယ်။ဒါပေမယ့် လူတိုင်းဟာကိုယ့်အပူနဲ့ကိုယ်၊ ကိုယ်ပိုင်ဖြေရှင်းစရာပြဿနာတစ်ခုခုကတော့ရှိနေတတ်တာပါပဲ။ဒါတွေကို သေချာမြင်အောင် ကြည့်နိုင်မယ်ဆိုရင်တော့ အားလုံးသာသူ့နည်းသူ့ဟန်နဲ့တိုင်ပတ်နေတာဖြစ်ပြီး ဘယ်သူရယ်မှ သူဟာပုံမှန်လူ သူဟာပုံမှန်မဟုတ်တဲ့လူရယ်လို့ ရှိတော့မှာမဟုတ်ပါဘူး။ဒီဇာတ်ကားလေးဟာ လူတိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးပါ။အဓိကဇာတ်ကောင်လေးဖြစ်တဲ့ အော်ဂီဟာမွေးရာပါချို့ယွင်းချက်တွေနဲ့ခွဲစိပ်မှုပေါင်းများစွာပြုလုပ်ခဲ့ရတဲ့ ကလေးတစ်ယောက်။ပုံမှန်လူတွေရယ်လို့သတ်မှတ်ထားတဲ့သူတွေရှိတဲ့ မျက်နှာအသွင်အပြင်မရှိရှာတဲ့သူတစ်ယောက်။သူ့မိသားစုလေးမှာ တစ်မိသားစုလုံးကို ရယ်မောပျော်ရွှင်စေပြီး အမြဲတမ်းအားပေးတတ်တဲ့အဖေ၊ ကိုယ့်သားသမီးတွေကို အရာအားလုံးစွန့်လွှတ်ပြီး ဂရုစိုက်တတ်တဲ့အမေ၊ ကိုယ့်မိသားစုကိုပြန်ထောက်ကြည့်တတ်တဲ့ အစ်မဖြစ်သူအိုလစ်ဗီယာ ဆိုပြီးမိသားစုသုံးယောက်ရှိပါတယ်။ဒီဇာတ်ကားမှာ မွေးဖွားလာစဉ်ကတည်းကချို့ယွင်းရှာတဲ့သားဖြစ်သူကို အားလုံးထက်ပိုဂရုစိုက်တတ်တဲ့မိခင်၊ ဘယ်တော့မှလက်မလျှော့ပဲ ကိုယ့်သားသမီးအပေါ်ယုံကြည်စိတ်မပျက်တတ်တဲ့ မိဘတွေရဲ့စိတ်၊ ကိုယ့်သားသမီးတွေတစ်ခုခုလိုအပ်နေပြီဆိုရင် အမြဲပြန်လည်ဖြည့်ဆည်းပေးဖို့ကြိုးစားတတ်တဲ့ မိဘတွေရဲ့မေတ္တာ၊ ကိုယ့်မောင်လေးအတွက် မိဘတွေရဲ့မေတ္တာကို ကြည်ကြည်ဖြူဖြူခွဲဝေပေးတဲ့ အစ်မတစ်ယောက်ရဲ့မေတ္တာ၊ သည်းခံစိတ်၊ စွန့်လွှတ်စိတ်၊ မိဘမောင်နှမတွေရဲ့ အားပေးမှု၊ ကူညီရိုင်းပင်းထောက်ပံ့မှုတွေနဲ့ အားတင်းအရှုံးမပေးတတ်တဲ့ အော်ဂီ၊ သူ့အတွက်ထိုးနှက်မှုများစွာနဲ့ ကြိုဆိုနေတဲ့ လောကကြီးထဲ ရဲရဲဝင့်ဝင့်မိသားစုရဲ့အင်အားနဲ့ ကြံကြံခိုင်ရပ်တည်နိုင်တဲ့ အော်ဂီ၊ စသည်ဖြင့် မိသားစုတစ်ခုမှာရှိရမယ့် မိသားစုစိတ်ဓာတ်ကိုအပြည့်အဝဖော်ညွှန်းပြထားပါတယ်။ဒါပေမယ့် လူဆိုတာမျိုးဟာ ...
movie

Wonder (2017)

2017