Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Milo Cawthorne
6.2
Blood Punch (2014)
ဒီဇာတ်ကားက Time-loop ဇာတ်ကားလို့ ပြောရမယ့်ကားမျိုးပါ။သွေးသဲရဲရဲဇာတ်ဝင်ခန်းတွေ အတော်လေးပါသလို အပြောအဆိုအတော်ကြမ်းတဲ့ကားမို့ မိသားစုနဲ့ကြည့်ဖို့ဆိုရင် သတိပြုပေးပါ။ငယ်ငယ်ရွယ်ရွယ်နဲ့ ဉာဏ်ကောင်းပေမယ့် ကျောင်းဓါတ်ခွဲခန်းမှာဆေးချက်မိလို့ ဆေးဖြတ်စခန်းကိုပို့ခံရတဲ့ မီလ်တန်တစ်ယောက်မူးယစ်ဆေးနဲ့ ကံမကုန်ချင်တော့ အဲဒီစခန်းထိ သူ့ကိုလာကယ်ပြီး ဆေးချက်ခိုင်းတဲ့ စကိုင်လာနဲ့ရပ်ဆဲလ် သမီးရည်းစား၂ယောက်နဲ့ကြုံခဲ့ရပါတယ်။ဆေးချက်ရမယ့် နေရာရောက်တော့ ရပ်ဆဲလ်က မီလ်တန်ရဲ့ဆေး၈၅ပေါင်ကို တစ်ဦးတည်းမောင်ပိုင်စီးဖို့ ကြိုးစားရင်း စကိုင်လာနဲ့မီလ်တန်ပေါင်းပြီး ရပ်ဆဲလ်ကို ရှင်းပစ်လိုက်ကြပါတယ်။ ဒါပေမဲ့အဲဒီနေ့အပြီး နောက်တစ်နေ့ မိုးအလင်းမှာ ရပ်ဆဲလ်တစ်ယောက်အသက်ရှင်နေသေးသလို သူတို့ ကြုံတွေ့နေရတာတွေက မနေ့ကဖြစ်ခဲ့တဲ့အရာတွေအတိုင်း Deja vuလိုဖြစ်နေတာမျိုး ကြုံလိုက်ရပါတယ်။အဲဒီလိုနဲ့ ရပ်ဆဲလ်ကိုထပ်သတ်ပြီး နောက်နေ့ကူးသွားလည်း သူကပြန်အသက်ရှင်နေသေးသလို ဖြစ်ပြီးသားကိစ္စတွေပဲ ထပ်တလဲလဲပြန်ဖြစ်နေလို့ မီလ်တန်နဲ့ စကိုင်လာတို့ ၂ ယောက် သူတို့ရဲ့ စိတ်ကပဲလှည့်စားနေတာလား၊ တကယ်ပဲ အချိန်သံသရာထဲ ၂ယောက်လုံးရောက်နေတာလား အဖြေရှာဖို့ ဖြစ်လာပါတော့တယ်။ နောက်ဆုံးအဲဒီအချိန်ကျော့ကွင်းထဲ လွတ်မြောက်နည်းကို ရှာတွေ့သွားမလား၊ဘယ်သူလွတ်မြောက်သွားမှာလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…2.07 GB / 787MB Quality…Blu-Ray 1080p ...
movie
Blood Punch (2014)
6.3
Deathgasm(2015)
ဒီဇာတ်ကားကြီးက နည်းနည်းတော့စားတယ်ဗျ။Horror ရယ် comedy ရယ်ကို ရောထားတာ။ တစ်ကားလုံး သွေးထွက်သံယိုတွေရယ် သောက်ပေါက်ကရတွေရယ်ချည်းပဲ။သတ်တာဖြတ်တာဆိုရင်လည်း တစ်ကားလုံးနီးပါးပဲ။အူတွေအထွေးလိုက်ထွက်ကျလာရတာနဲ့ ခေါင်းကို ပုဆိန်ကြီးနဲ့ နှစ်ခြမ်းခြမ်းလိုက်ရတာနဲ့။မထင်မှတ်ထားတဲ့အချိန် ပေါက်ကရထထလုပ်လို့ ခွီရတာတွေလည်း အများကြီးပဲ။ထားပါတော့ ဇာတ်လမ်းအကျဉ်း ပြောရအောင်။ဘရိုဒီဆိုတဲ့ Heavy Metalတွေကို ကြိုက်တတ်တဲ့ ဆယ်ကျော်သက် ဘဲတစ်ဗွေရှိတယ်ပေါ့ဗျာ။အဲ့ဘဲဘဝကြီးက စုတ်ပြတ်သတ်လို့။ဘယ်လိုလဲဆို အမေက စိတ်ရောဂါသည်(အရူးထောင်မှာ)။သူကဦးလေးနဲ့ ကပ်နေရတယ်။အဲ့ဦးလေးရဲ့ သားက သူ့ကို ကျောင်းမှာရော အိမ်မှာရော အမြဲတမ်းအနိုင်ကျင့်တယ်။သူ့မှာရှိတဲ့ စိတ်ထွက်ပေါက်ဆိုလို့ Metal တွေတီးပြီး ဝုန်းဒိုင်းကြဲရတာတစ်ခုပဲ ရှိတယ်။(ဒါတောင် Christian သူ့ဦးလေးက နတ်ဆိုးဂီတတွေဆိုပြီး လာလာပြဿနာရှာသေးတယ်)ဘရိုဒီ့မှာ ဇက်ဆိုတဲ့ အကိုလိုခင်ရတဲ့ ဘော်ဒါတစ်ကောင်ရှိတယ်။အဲ့ကောင်က ဇိုးဆိုမှ ဇိုး။ကျောင်းမှာကျောင်းသားတစ်ယောက်ကို ထောက်ဆူးနဲ့ထိုးလို့ ကျောင်းထုတ်ခံရတယ်။အဲ့နောက် သူ့အဖေ work shop မှာအလုပ်လုပ်တယ်။လာပြင်တဲ့ကားတွေဆီက ရသမျှ ဖြုတ်ခိုးတယ်။လမ်းမှာ ရပ်ထားတဲ့လူနာတင်ကားဆီက ဆီခိုးထုတ်တယ်။အဲ့လိုကောင်။သူကလည်း metal သမား။ပြောရရင် ဇလေးလည်းရှိ ဝါသနာလေးလည်းတူ ...
movie
Deathgasm(2015)
5.8
Mega Time Squad (2018)
ဒီဇာတ်ကားလေးကတော့ time travelကားလေးပါ။ပေါ့ပေါ့ပါးပါးတင်ဆက်ထားတဲ့ဇာတ်ကားလေးပါ။ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ကို ဓားပြမှုရာကနေ ယူလာတဲ့လက်ပတ်လေးကအချိန်ခရီးသွားလက်ပတ်လေးဖြစ်နေတဲ့အခါမှာ Johnnyတစ်ယောက်ထူးဆန်းမှုတွေ တစ်သီကြီးနဲ့ကြုံရပါတော့တယ်။တစ်ခါအချိန်ခရီးသွားတိုင်း သူ့ရဲ့ကိုယ်ပွားတစ်ယောက်ပေါ်လာကနေကိုယ်ပွားတွေအများကြီးဖြစ်လာပါတော့တယ်။ဒါပေမယ့် ကိုယ်ပွားအချင်းချင်းတွေ့တဲ့အခါထျောင်ကျဲဆိုတဲ့တရုတ်နတ်ဆိုးကြီးရောက်လာတတ်ပြီးအကုန်လုံးကိုဝါးမျိုသွားတတ်ပါတယ်။Johhnyတစ်ယောက် သူ့ရဲ့ကိုယ်ပွားတွေအများကြီးနဲ့ဘယ်လိုဒုက္ခသုက္ခတွေရောက်မလဲဆိုတာကိုတော့ဇာတ်ကားလေးထဲမှာပဲ ရှုစားလိုက်ပါခင်ဗျာ File Size : ( 737 MB) & ( 277 MB)Quality : Web-DL 720pRunning Time :1hr 26 minFormat : Mp4Genre : Action , Adventure , ComedySubtitle : Myanmar Subtitle (Hard Sub)Translated by Ye Man AungEncoded by Moe Myint Lwin
movie
Mega Time Squad (2018)
2016