Channel Myanmar

Ming-Shuai Shih

Sheep Without a Shepherd (2019) 6.8
Sheep Without a Shepherd (2019) Sheep without a Shepherd (2019)Sheep without a shepherd ရုပ်ရှင်ခေါင်းစဉ်က ထူးထူးဆန်းဆန်းပါလားပေါ့။ တရုတ်ကားတို့ထုံးစံအတိုင်း အင်္ဂလိပ်နာမည်ကိုကြုံသလိုပေးမိတယ်ထင်တာ။ ဒါပေမဲ့လည်း Drshym ကို remake ပြန်ရိုက်ထားတာဆိုတော့ ဘယ်လိုမျိုးလဲသိချင်ခဲ့မိပါတယ်။ ရုပ်ရှင်ကိုအစအဆုံးကြည့်ပြီးသွားတော့ ဘာလို့အဲ့ဒီလိုပေးဖြစ်ခဲ့လဲဆိုတာ ခံစားမိသွားခဲ့ပါတယ်။ ပိုထူးခြားတာက remake လို့မထင်ရလောက်အောင်ကို တကယ်ကောင်းတဲ့ကားလေးတစ်ကားလို့ ထင်မိပါတယ်။ဒီကားလေးထဲမှာ သိုးနဲ့ပတ်သက်တဲ့စကားလေးနှစ်ခွန်းပါပါတယ်။ ပထမတစ်ခွန်းက မျက်စိမှုန်တဲ့သိုးလေးတွေက အကောင်ကြီးတွေစားတာကိုခံရတယ်တဲ့။ ဒုတိယတစ်ခွန်းက သိုးလေးတွေက စားစရာသာပေးထားရင် သူတို့သိုးမွှေးတွေကိုရိတ်ပစ်လည်း ဂရုမစိုက်ပါဘူးတဲ့။ အန္တရာယ်ကိုကြိုမမြင်နိုင်ဘူးပေါ့။ အဲ့ဒါကြောင့် သိုးလေးတွေကဖြူစင်သလို သနားဖို့လည်းကောင်းပါတယ်။ ပြီးတော့ သူတို့ကိုစောင့်ရှောက်ပေးဖို့ သိုးထိန်းကောင်းတစ်ယောက်လည်း လိုအပ်ပါတယ်။လီဝေကျယ်ဆိုတဲ့ ရုပ်ရှင်ရူးအင်တာနက်ပိုင်ရှင်ဆီမှာ ဖိန်ဖိန်ဆိုတဲ့ သမီးလေးရှိပါတယ်။ ဆယ်ကျော်သက်အရွယ်မိန်းကလေးတို့ထုံးစံအတိုင်း အိမ်မှာအဖေနဲ့သိပ်မတည့်ကြပါဘူး။ သူတို့မိသားစုကို ၁၈၀ ဒီဂရီပြောင်းလဲသွားအောင် လုပ်လိုက်တာကတော့ ဖိန်ဖိန်ရဲ့နွေရာသီစခန်းလေးပဲဖြစ်ပါတယ်။အရွယ်နုနယ်တဲ့သိုးငယ်လေး ဖိန်ဖိန်လေးကတော့ သိုးထိန်းမရှိတဲ့အချိန် နွေရာသီစခန်းမှာ လူငယ်သဘာဝအတိုင်း မှားခဲ့မိရာကနေ ချန်ပန်းတစ်မြို့လုံး အုတ်အုတ်သဲသဲဖြစ်သွားတဲ့အထိ ပြဿနာတွေကြီးမားသွားခဲ့ပါတယ်။ ဖိန်ဖိန်ကို ကျူးလွန်စော်ကားတဲ့သူက တစ်ခြားသူမဟုတ်ဘဲ ရဲမှူးကြီးရဲ့သားဖြစ်နေတော့ သာမာန်ပြည်သူတစ်ယောက်နဲ့ အာဏာပိုင်ရဲအရာရှိတို့ကြား လွန်ဆွဲမှု၊ ဉာဏ်ကစားမှုတွေကို စိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ။အညွှန်း နဲ့ ...
movie

Sheep Without a Shepherd (2019)

2019
A Sun (2019) 7.6
A Sun (2019) [Unicode]A Sun 2019ဒီဇာတ်ကားလေးကတော့ ၂၀၁၉ က ထွက်ရှိခဲ့တဲ့ဇာတ်ကားလေးဖြစ်ပြီး ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်း ၁၀ ဆုရရှိထားတာဖြစ်ပါတယ်မိဘမေတ္တာကို ဖော်ကျူးထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်လို့ ကြည့်ပြီးရင်တော့ ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မှာ သေချာပါတယ်ဇာတ်လမ်းအကျဉ်းအားဝမ်က အလုပ်ကြိုးစားတဲ့ ကားမောင်းနည်းပြတစ်ယောက်ပါချန်ကျန်းဟိုနဲ့ ချန်ကျန်းဟောင်ဆိုပြီး သား၂ယောက်ရှိပေမယ့် ကျန်းဟိုက အမြဲပြဿနာရှာတတ်တာကြောင့် သားအဖြစ် အသိအမှတ်မပြုခဲ့ဘူးတစ်ရက်မှာတော့ ချန်ကျန်းဟို အမှုအခင်းရင်ဆိုင်ရပြီး လူငယ်ထိန်းသိမ်းရေးစခန်းကိုရောက်ခဲရတယ်သိပ်မကြာခင်မှာ အားဝမ် သိပ်ချစ်ရတဲ့ သားကြီး ချန်ကျန်းဟောင်လည်း ဆုံးပါးသွားခဲ့တယ်ရုတ်တရက်ကြီး ကံဆိုးမှုတွေ ကြုံလာရတဲ့ ဒီမိသားစုလေးမှာ နောက်ထပ် ကံဆိုးမှုတွေ မကြုံရအောင် သူတို့ဘယ်လိုတွေ ကြိုးစားမလဲ ဘယ်လိုကာကွယ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ပါ ) [Zawgyi]A Sun 2019ဒီဇာတ်ကားလေးကတော့ ၂၀၁၉ က ထွက်ရှိခဲ့တဲ့ဇာတ်ကားလေးဖြစ်ပြီး ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်း ၁၀ ဆုရရှိထားတာဖြစ်ပါတယ်မိဘမေတ္တာကို ဖော်ကျူးထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်လို့ ကြည့်ပြီးရင်တော့ ...
movie

A Sun (2019)