Channel Myanmar

Minoru Matsumoto

Azumi (2003) 6.9
Azumi (2003) Azumi (2003)IMDB Rating (6.9)ဂျပန်နင်ဂျာဆာမူရိုင်းကားဆိုတာ ဒါမျိုးလို့ ဆိုရလောက်အောင် Azumi ဇာတ်ကား ၂ ကားလုံးက အခုတ်အဖြတ် အတိုက်အခိုက်တွေနဲ့ နာမည်ကြီးခဲ့တဲ့ တကယ့်ဖိုက်တာ ဂျပန်ကားတွေပါပဲ။ဇာတ်လမ်းကတော့ Azumi ဆိုတဲ့ ဂျပန် နင်ဂျာမလေး တစ်ယောက်အကြောင်းကို အခြေပြုထားပါတယ်... သူမဟာ ရုပ်ကလေးလှပြီးနုဖတ်နေပေမယ့် လူသတ်ဖို့ မျက်တောင်မခတ်တမ်း ရက်စက်တတ်သူ ဖြစ်ပြီး လူပုံစံ ပျော့ပျောင်းသလောက် စိတ်ဓါတ်ခိုင်မာသူ တစ်ယောက်လဲ ဖြစ်ပါတယ်... အုပ်ချုပ်ရေး အဖွဲ့တစ်ခုကို ဆန့်ကျင်တော်လှန်သူခေါင်းဆောင်တစ်ယောက်ဟာ နှစ်ပေါင်းများစွာတိုင် ကလေး တစ်ချို့ကို ဓါးသိုင်း လက်ထပ် သင်ကြားပျိုးထောင်ခဲ့ပါတယ်...အဲ့ဒီ့ကလေးတွေ အရွယ်ရောက်ပြီး ပညာစုံလာတဲ့အခါမှာ လူရောစိတ်ရောမာကျောလာဖို့နဲ့ တာဝန်တွေကို လုံးဝလိုက်နာဖို့ ပြင်းထန်တဲ့ သင်ခန်းစာကို ရက်စက်စွာ သင်ကြားပါတော့တယ်။ အဲ့ဒီ့ သင်ခန်းစာထဲမှာ ရက်စက်တတ်တဲ့ လူသတ်သမားအချို့သာ အသက်ရှင်ကျန်မှာဖြစ်ပြီး ဒီထဲမှာ မိန်းမလှလေး Azumi ဟာလဲ ပါဝင်ခဲ့ပါတယ်။အာဇုမိဟာ Jidaigeki အမျိုးအစား ရုပ်ရှင်တစ်ကားပါ။ Jidaigekiဆိုတာကတော့ ဂျပန်သမိုင်းရဲ့ 1603 ...
movie

Azumi (2003)

2003