Channel Myanmar
Miranda Cosgrove
Drugstore June (2024) 5.5
Drugstore June (2024)  ယခုခေတ်လူငယ်တွေ ကြုံတွေ့ဖြတ်သန်းနေရတဲ့အဖြစ်အပျက်တွေကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးနှောပြီးတင်ဆက်ရိုက်ကူးထားတဲ့ “Drug store June” ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားလေးထဲမှာတော့ -ဆိုရှယ်မီဒီယာ ဆယ်လီကောင်မလေးဖြစ်ချင်တဲ့ ဇွန်အများအပေါ် ဝေဖန်ပြစ်တင်တတ်တဲ့ ဇွန်မိဘတွေနဲ့ သဘောထားမတိုက်ဆိုင်တဲ့ ဇွန်ရည်းစားဟောင်းအပေါ် စိတ်မပြတ်နိုင်သေးတဲ့ ဇွန်စတဲ့ လူမှုရေးပြဿာနာပေါင်းစုံကြားထဲမှာ ရုန်းကန်နေရတဲ့ဇွန်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ….တစ်နေ့မှာတော့ သူအလုပ်လုပ်တဲ့ဆေးဆိုင်ဓားပြတိုက်ခံလိုက်တော့ အမှုကို သူကိုယ်တိုင်ဝင်ရောက်​ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်….အမှုဖြေရှင်းရင်း ဇွန်တစ်ယောက် ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှုခံစားရမှာပါ..လက်တွေ့အပြင်လောက လူငယ်သဘောသဘာဝတွေကိုပါထည့်ရိုက်ပြထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရပျော်စေမှာ အမှန်ပါပဲ.. File size…1.19GB / 536MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Comedy , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thinn & Aoi
movie
Drugstore June (2024)
Minions & More 1 (2022) 6.5
Minions & More 1 (2022) Minions & More 1 (2022) ================== IMDb Rating - 6.5/10နောက်ဆုံးထွက်ရှိထားတဲ့ မီနီမမ်လေးတွေရဲ့ ဇာတ်လမ်းတို စုစည်းမှုလေးတွေပါ။ ကျွန်တော်တို့ ကြည့်ဖူးတဲ့ Minion and Puppy အပိုင်းလို ဇာတ်လမ်းလေးတွေလည်း ပါသလို ဇာတ်လမ်း ကောင်းအသစ်လေးတွေလည်း အများကြီးပါပါတယ်။Despicable Me ဇာတ်ကားထဲက Minion လေးတွေကို သီးသန့် ရိုက်ပြထားတဲ့ ရယ်စရာဟာသ ဇာတ်လမ်းတို မျိုးစုံကို တစ်ဖန်ပြန် လည်ကြည့်ရှုနိုင်ဖို့ မြန်မာစာတန်းထိုးနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(815 MB) / (350 MB) Quality............BluRay 1080p / 720p Duration.........48mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Comedy Translator.......Thiha Yan Naing Encoder..........SWM
movie
Minions & More 1 (2022)
2022
North Hollywood (2021) 5.9
North Hollywood (2021) ဒီကားလေးက 2021 ထွက် comedy/drama ကားကောင်းလေးပါ။rating လည်း ထိုက်သင့်သလောက် ကောင်းကောင်းရထားတဲ့ ဇာတ်လမ်းလေးပါ။comedy ဆိုတာထက် drama ဘက် ပိုယိမ်းပါတယ်။ဇာတ်လမ်းအကျဉ်း==================လောစ့်အိန်ဂျလိစ့် ၊ North Hollywood ဆိုတဲ့မြို့ကလေးက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ဘဝနဲ့ သူ​ပြေးလိုက်တဲ့ အိပ်မက်အကြောင်းရိုက်ထားတာပါ။အထက်တန်းကျောင်းသားတစ်ဦးဖြစ်သူ မိုက်ကယ်ရူးရူးမူးမူးဖြစ်ချင်တာကတော့ ပရို စကိတ်စီးသမားတစ်ယောက်ပါ။သို့သော် အမိမဲ့သား မိုက်ကယ်ရဲ့ စကိတ်သမားဖြစ်ချင်တဲ့ရည်ရွယ်ချက်ကို သဘောမတူတဲ့ သူ့အဖေကတော့ မိုက်ကယ်ကိုအထက်တန်းကျောင်းပြီးတာနဲ့ ကောလိပ်ကို ဆက်တက်ပြီး ​ပညာရေးကိုရှေ့ဆက်စေချင်တာပါ။ မိုက်ကယ်ကတေ့ာ သူဖြစ်ချင်တဲ့စကိတ်သမားဖြစ်လာဖို့ ဘာကိုမဆို စတေးရ စတေးရအဆင်သင့်ဖြစ်နေသူတစ်ဦးပါ။ ဇာတ်က အေးပါတယ်။ဒါပေမယ့် ဇာတ်ကားမဆန်ဘဲ တကယ့်အပြင်က reality တစ်ခုကိုပြထားသလို ခံစားရမှာပါ။ ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ဖြစ်ချင်တဲ့ စိတ်ဆန္ဒနောက်ကို ပြေးလိုက်တဲ့ ခရီးလမ်းမှာ မိသားစု ၊မိတ်ဆွေသူငယ်ချင်းတွေရဲ့ အရေးပါမှု ဒါတွေကို လက်တွေ့ဆန်စွာခံစားကြည့်ရှုရပါမယ်။ File size…1.26GB / 547MB Quality…1080p WEB DL AAC5.1CH ...
movie
North Hollywood (2021)
2022
Despicable Me 3 (2017) 6.3
movie
Despicable Me 3 (2017)
2017
HEVC 1080p 5.1
3022 (2019) 4.0
3022 (2019) ဒီကား​လေးက​တော့စိတ်ကူးယဥ်ဆန်ဆန်အာကာသသိပ္ပံဇာတ်လမ်း​တွေကြိုက်နှစ်သက်တဲ့သူ​တွေအကြိုက်​တွေ့မယ့်ဇာတ်ကား​ကောင်း​လေးတစ်ကားပါအာကာသစခန်းဖြစ်တဲ့ပန်​ဂျေမှာ၁၀နှစ်တာဝန်ထမ်း​ဆောင်ဖို့USက​နေဂျွန်​ရေမွန်လိမ်ရယ်ဂျက်ကီမီလာရယ် ရစ်ချက်ဗယ်လင်ရယ်လီဆာဘ​ရောင်းရယ်သူတို့​လေး​ယောက်ကို​စေလွှတ်ခဲ့ကြတယ်ပန်​ဂျေစခန်းဟာ ကမ္ဘာက​နေ ယူရိုပါ ကိုသွားတဲ့အင်ဂျင်နီယာ​တွေအတွက်​လောင်စာဆီဖြည့်​ပေးရတဲ့စခန်းတစ်ခုဖြစ်တယ်တာဝန်ထမ်း​ဆောင်ရင်းနှစ်​တွေကြာလာတဲ့အခါမှာကပ္ပတိန်ဂျွန်က ညဘက်အိပ်ရင်း​ယောင်တတ်တဲ့​ဝေဒနာကိုခံစားခဲ့တယ် ​ဒေါက်တာရစ်ချက်က သူ့​ကိုကုသ​ပေးခဲ့တယ်၅နှစ်​လောက်ကြာတဲ့အခါမှာ​တော့ဂျက်ကီဟာကမ္ဘာ​မြေမှာကျန်ခဲ့သူ့မသမီး​လေးနဲ့ဆက်သွယ်မှုပြတ်​တောက်သွားခဲ့တယ်ကမ္ဘာ​မြေကြီးဟာ လူသား​တွေမျိုးသုဥ်း​ပျောက်ကွယ်မယ့်အ​ခြေအ​နေတစ်ခုကို ကြုံခဲ့ရပြီး​တော့​နောက်ဆုံးကျန်ရစ်ခဲ့တဲ့သူ​​တွေဟာ သူတို့​လေး​ယောက်ပဲလားသူတို့​လေး​ယောက်ဒီအဖြစ်အပျက်ကြီးကိုကြုံ​တွေ့လိုက်ရတဲ့အတွက်​နောက်ပိုင်းမှာဘယ်​လို​တွေpsycho​တွေ​ဖောက်သွားမလဲ​နောက်ထပ်အသက်ရှင်ကျန်ခဲ့တဲ့သူ​တွေရှိဦးမလား​နောက်ပိုင်းမှာဘယ်လို​တွေဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရှု့ရမှာပါ File Size : ( 857 MB , 455 MB )Quality :  WEB-DL 720pRunning Time : 1 hr 31 minFormat : Mp4Genre :  Sci-FiSubtitle : Myanmar Subtitle (Hard Sub)Translated by Hsu ...
movie
3022 (2019)
2019
School of Rock(2003) 7.1
School of Rock(2003) ဂီတကိုရူးသွပ်တဲ့လူတစ်ယောက်....သူ့မှာ တီးကွက်ခပ်လှလှ သီချင်းစာသား ခပ်ရွရွတွေရှိပေမယ့် ကံတရားကြောင့်ပဲလား သူ့ရဲ့နေထိုင်မှုပုံစံကြောင့်ပဲလား မသိ အောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့နေနေသာ အိမ်လခတောင်ပေးဖို့အနိုင်နိုင်....ကံကဆက်ဆိုးချင်တော့ တီးဝိုင်းအဖွဲ့ကလည်း သူ့ကို ထုတ်ပစ်လိုက်တယ်....လေလွင့်နေတဲ့သူဟာ အစားထိုးစာသင်ဖို့ကျောင်းဆရာအဖြစ်နဲ့လုပ်ရဖို့အကြောင်းဖန်လာတယ်...ကျောင်းရောက်တော့ .ကျောင်းသားကျောင်းသူတွေကိုသူတတ်တဲ့ဂီတပညာတွေသင်ပေးမိတယ် ဒီလိုနဲ့ ပါရီမီရှိတဲ့ကလေးတွေနဲ့သူ ဂီတပြိုင်ပွဲတစ်ခုအတွက် ကျောင်းမှာကြိုးစားလေကျင်ရင်း ပြင်ဆင်ကြတယ်....ဒီကားကိုကြည့်မိတော့ ခေါင်းဆောင်မင်းသား (Jack black)က ဂစ်တာတီးဟန် သီချင်းဆိုဟန်တွေကိုသတိထားမိတယ် .....ပြီးတော့ ကလေးတွေ ဒရမ်သမား ဂစ်တာသမား ဟာမိုနီသမားကောင်မလေးတွေ..ကီးဘုတ်တီးတဲ့သူ ....အားလုံးဟာ အပြင်မှာတကယ်တီးနေ ဆိုနေတာကိုရိုက်ထားသလားမှတ်နေရတယ်...ဒါကြောင့် school of rockဇာတ်ကားအကြောင်းနည်းနည်းစုံစမ်းကြည့်တော့  သရုပ်ဆောင်တွေအကုန်လုံးက အခုလက်ရှိအပြင်မှာလည်း Band တွေမှာနာမည်ရနေတဲ့လူငယ်လေးတွေပါတဲ့..ပြီးတော့the school of rockထဲကမှာသရုပ်ဆောင်ခဲ့တဲ့အတိုင်း အပြင်မှာ အတီးအဆိုနဲ့အောင်မြင်နေတဲ့သူတွေဖြစ်ပါတယ် ပြီးတော့ ခေါင်းဆောင်မင်းသား Jack Black ကအပြင်မှာလည်း ဂစ်တာစကေးကြီးဗျ...ကိုင်း   ဇာတ်လမ်းလန်းလန်းလေးနဲ့မြူးမြူးကြွကြွသချင်းလေးတွေခံစားချင်ရင်တော့.....IMDbကလည်း 7.1ဆိုတော့ ထွေထွေထူးထူးပြောစရာမလိုဘူးထင်ပါတယ်..... File Size…(885MB) and (355MB) Quality…BluRay 720p Format…mp4 Duration…01:48:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Subtitle by ...Honest Abe
movie
School of Rock(2003)
2003