Channel Myanmar

Mitchell Hope

Don’t Make Me Go (2022) 6.5
Don’t Make Me Go (2022) Don't Make Me Go (2022)ဘဝမှာအလိုအပ်ဆုံးအရာကဘာများဖြစ်မလဲ...? အချိန်လား...? ငွေလား...? မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်ရမယ့် အခိုက်အတန့်တွေလား...?ဒါတွေအားလုံးကို ထင်ဟပ်စေနိုင်မယ့်ရုပ်ရှင်ကားကောင်းလေးတစ်ကားကတော့ Don't Make Me Go ဆိုတဲ့ Drama ကားလေးပါပဲ။ ပါဝင်တဲ့မင်းသားက John Cho ဖြစ်ပါတယ်။ ဒီမင်းသားကိုတော့ မြန်မာပရိသတ်တွေ သိပ်စိမ်းမယ်မထင်ပါဘူး။ဇာတ်လမ်းသဘောကတော့ စင်ဂယ်ဖားသားတစ်ယောက်ဟာ ပြင်းထန်တဲ့ အကြိတ်ဝေဒနာကို ခံစားနေရပါတယ်။ သူ့သမီးလေးကလည်း ဆယ်ကျော်သက်အရွယ် နန့်နန့်ထိုးလို့ကောင်းတဲ့အချိန်ပေါ့။ သူခံစားနေရတဲ့ အကြိတ်ဝေဒနာဟာ ခွဲစိတ်ရင် အသက်ရှင်ခွင့် ၂၀ ရာခိုင်နှုန်းရှိပြီး မခွဲစိတ်ရင်တော့ ၁ နှစ်သာ ကျန်တော့လောက်အောင် ပြင်းထန်ပါတယ်။ အဲဒီတော့ အဖေတစ်ခုသမီးတစ်ခုဘဝမှာ သမီးရဲ့နောင်ရေးအတွက်ပူပန်ရင်း သမီးကို ငယ်ငယ်က စွန့်ပစ်သွားခဲ့တဲ့ မိခင်နဲ့ ဆုံစည်းပေးဖို့ ကြိုးစားပါတော့တယ်။အမေလုပ်သူကို ရှာဖွေရင်း လမ်းတစ်လျှောက် သမီးလေးလိုအပ်မယ့်အရာတွေကို ကြိုးစားသင်ပြတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ခံစားရမှာပါ။ဒရာမာကားကောင်းလေးတစ်ကားလို့ပြောရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့ အချိုးအကွေ့ကိုလည်း ​​​မြင်ရပါမယ်။ ...
movie

Don’t Make Me Go (2022)

2022
Let It Snow (2019) 5.8
Let It Snow (2019) ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက်ချစ်စရာRomance ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်နှင်းတွေထူထဲစွာကျတဲ့အချိန်မှာဖြစ်ပေါ်လာခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတွေ အကြောင်းပေါ့နှင်းတွေကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရတာချော်လဲရတာ၊နှောင့်နှေးရတာတွေရှိပေမယ့်လှပတဲ့ နှင်းမှူန်လေးတွေကို လွတ်လွတ်လပ်လပ်ကျခွင့်ပေးလိုက်ပါလို့ပြောထားတဲ့ဒီကားလေးက အခုလိုချမ်းအေးတဲ့တန်ဆောင်တိုင်ကာလမှာကြည့်လို့ကောင်းတဲ့ကားလေးဖြစ်လာမှာပါ။နာမည်ကျော်သရုပ်ဆောင်တွေပါဝင်ထားတဲ့ဒီကားလေးနာမည်ကတော့ Let it Snow (2019) ပါ။ File Size : ( 875 MB , 325 MB)Quality :  WEB-DL 720pRunning Time : 1 hr 32 minFormat : Mp4Genre : Comedy , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by Aye Mon KyawEncoded by Moe Myint Lwin 
movie

Let It Snow (2019)

2019
Descendants 3 (2019) 7.0
Descendants 3 (2019) High School Musical လို သီချင်းတွေဝေဝေဆာဆာနဲ့ဇာတ်ကားမျိုးကိုနှစ်သက်ရင် ဒီဇာတ်ကားကိုနှစ်သက်မယ်ဆိုတာ အာမခံပါရစေ ဇာတ်လမ်းလေးကတော့ ဒီကားလေးရဲ့ prequels ၂ကားကိုကြည့်ဖူးရင်သိကြမှာပါ မယ်က ဗီလိန်မယ်လီဖီးဆန့်ရဲ့သမီးတော်ပါ ဘန်ကတော့ beauty ဘဲလ် and the beast ရဲ့သားတော်ပါ သူတို့နှစ်ယောက်က မတူညီတဲ့နေရာနှစ်ခုက ပေါက်ဖွားလာပေမယ့် အကြောင်းအမျိုးမျိုးကြောင့်တွေ့ဆုံချစ်ကြိုက်ပြီး အခုဇာတ်ကားမှာဆိုရင် လက်ထပ်မင်္ဂလာပွဲတောင်ကျင်းပတော့မှာဖြစ်ပါတယ် အဲ့ဒါကိုမကျေနပ်နိုင်သူကတော့ Sleeping Beauty အော်ရိုရာရဲ့သမီးတော်ပါပဲ ပင်ကိုတော်ဝင်သွေးပါသူဖြစ်ပေမယ့် မနာလိုမုန်းတီးစိတ်တွေဖုံးလွှမ်းပြီး ဗီလိန်တစ်ယောက်ဖြစ်သွားတဲ့အခါမှာတော့... မယ်တို့သူငယ်ချင်းတွေဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဘာသာပြန်ပြီး အညွှန်းရေးပေးထားသူကတော့ May Myat Thu ဖြစ်ပါတယ်
movie

Descendants 3 (2019)

2019
Descendants 2 (2017) 6.6
Descendants 2 (2017) Disney Channel ကထုတ်လုပ်လိုက်တဲ့ Descendants-2015 ဇာတ်ကားရဲ့ အဆက်အဖြစ်ထွက်ရှိလာတာပါ။Disney ရဲ့ လူသိများကျော်ကြားသော ဗီလိန်များဖြစ်ကြတဲ့ မယ်လီဖီဆမ့် ၊ စနိုးဝှိုက်မင်းသမီးအားပန်းသီးအဆိပ်ကျွေးသူ အီဗယ်ဘုရင်မ ၊ အာလာဒင်နှင့်မီးခွက်စောင့်ထဲမှ ဗီလိန် ဂျာဖာနှင့် 101 Dalmatiansခွေးလိမ္မာကားထဲမှဗီလိန် ခရူလာဒီဗယ် တို့ရဲ့ သားတော်သမီးတော်များဖြစ်ကြတဲ့မော်လ် ၊ အီဗီ ၊ ဂျေ နှင့် ကာရ်လော့စ် တို့ပဲ ပါဝင်ထားပါတယ်။IMDb (6.6) ရရှိထားပြီးတော့ Action,Adventure,Family,Musical ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ကလေးတွေ မိသားစုတွေနဲ့အပန်းဖြေရင်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ May Thu ပါ။)  File size…(999 MB) and (400 MB) Quality…WEB-DL Rip 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by May Thu
movie

Descendants 2 (2017)

2017
Descendants (2015) 6.4
Descendants (2015) Disney Channel ကထုတ်လုပ်လိုက်တဲ့ IMDB 6.4 ထိရရှိထားတဲ့ Adventure,Comedy,Family,Fantasy ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Disney ၏ လူသိများကျော်ကြားသော ဗီလိန်များဖြစ်ကြသည့် မယ်လီဖီဆမ့် ၊ စနိုးဝှိုက်မင်းသမီးအားပန်းသီးအဆိပ်ကျွေးသူ အီဗယ်ဘုရင်မ ၊ အာလာဒင်နှင့်မီးခွက်စောင့်ထဲမှ ဗီလိန် ဂျာဖာနှင့် 101 Dalmatiansခွေးလိမ္မာကားထဲမှဗီလိန် ခရူလာဒီဗယ် တို့၏ သားတော်သမီးတော်များဖြစ်ကြသည့်မော်လ် ၊ အီဗီ ၊ ဂျေ နှင့် ကာရ်လော့စ် တို့သည်သူတို့မိဘများ အချုပ်ချထားသည့် ကျွန်းပေါ်မှ တိုင်းပြည်သို့ကင်းလွတ်ခွင့်ဖြင့်ရောက်သွားကြရာ မိဘများကသူတို့ရဲ့အငြိုးအတေးအားကလဲ့စားချေရန်အတွက် သူတို့သားသမီးများကို အားကိုးကြပါတယ်။တိုင်းပြည်မှာရှိတဲ့ ဒဏ္ဏာရီနတ်သမီးရဲ့ မှော်တုတ်ကို ခိုးပြီးမိဘတွေရဲ့ အကျယ်ချုပ်ကို လွတ်အောင်လုပ်ပေးရမယ်လို့ မိဘများကအတင်းအကြပ် လွှတ်လိုက်ကြတဲ့အခါ လူငယ်သဘာဝမိဘကိုကြောက်စိတ်ဖြင့် မလွန်ဆန်နိုင်ကြဘူး။...
movie

Descendants (2015)

2015