Channel Myanmar

Mojean Aria

Shayda (2023) 6.8
Shayda (2023)  လတ်တလော ဆိုရှယ်မီဒီယာမှာ ခပ်စိတ်စိတ် မြင်ရတွေ့နေရသလိုမျိုး Domestic violence အကြောင်း ရိုက်ကူးထားတဲ့ Shaydaဆိုတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအနေအထားကိုပြောရရင်တော့ ရိုးရိုးရှင်းရှင်းနဲ့ မှန်းရလွယ်တဲ့ ပလော့တွစ်တွေဘာတွေမပါတဲ့ ဒရာမာတစ်ပုဒ်ပေမဲ့ domestic violence ဆိုတာဘာလဲ။ ကိုယ်သာဒီလိုအဖြစ်နဲ့ကြုံလာခဲ့ရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ၆ နှစ်အရွယ်သမီးလေးရဲ့မိခင် ရှေဒါဆိုတဲ့ဇာတ်ကောင်ရဲ့ POVနဲ့ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။အီရန်နိုင်ငံသူ ရှေဒါတစ်ယောက် ခင်ပွန်းဖြစ်သူဟိုစိန်ရဲ့ အကြမ်းဖက်ရိုက်နှက် အလိုမတူမုဒိမ်းကျင့်မှုတွေ ခဏခဏခံရပြီးတဲ့နောက်မှာတော့ သတ္တိမွေးပြီး အီရန်ကနေ ဆွေမရှိမျိုးမရှိ ဩစတေးလျကို ထွက်ပြေးပြီး အမျိုးသမီးဂေဟာတစ်ခုမှာ သွားနေပါတယ်။ အရင်ကလည်း ကွာရှင်းခွင့်တောင်းဖို့ ကြိုးစားဖူးပေမဲ့ သမီးလေးမိုနာကို အတင်းခေါ်သွားပြီး အကြပ်ကိုင်တဲ့အတွက် ဒီတစ်ခါတော့ သမီးနဲ့အဝေးကိုထွက်ပြေးပြီးမှ ကွာရှင်းဖို့ တရားစွဲတာပါ။အီရန်ဆိုတာက အမျိုးသားတွေကို အခွင့်ထူးပေးတဲ့နိုင်ငံဖြစ်နေတာကြောင့် ရှေဒါဘက်က သက်သေနဲ့တင်ပြနေတာတောင်မှ တရားရင်ဆိုင်နေစဉ်ကာလအတွင်းမှာ မိုနာလေးကို ဟိုစိန်နဲ့တွေ့ခွင့်ပေးရဖို့ ဖြစ်လာပါတော့တယ်။မိန်းမဆိုတာ ‌ယောက်ျားကိုခစားရမှာပဲ ပြုစုပေးရမှာပဲဆိုတဲ့ အတ္တသမားခင်ပွန်းသည်ဟိုစိန်၊ သမီးလေးကိုသနားရင် ...
movie

Shayda (2023)

Danger Close: The Battle of Long Tan (2019) 6.8
Danger Close: The Battle of Long Tan (2019) Danger Close: The Battle of Long Tan (2019)၁၉၆၆ ခုနှစ် ဩဂုတ်လမှာ လောင်းတန်လို့ ခေါ်တဲ့ ဗီယက်နမ်တွေရဲ့ ရော်ဘာစိုက်ခင်းတစ်ခုထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဩစတြေးလျနဲ့ နယူးဇီလန် နိုင်ငံက အတွေ့အကြုံမရှိသေးတဲ့ လူငယ် စစ်သား ၁၀၈ ယောက် နဲ့ အတွေ့ကြုံရှိတဲ့ မြောက်ဗီယက်နမ်နဲ့ ဗီယက်ကောင်း စစ်သား ၂၅၀၀ တို့ ရဲ့ တိုက်ပွဲပါ။မိုးထဲရေထဲ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေပါ ကုန်သွားတဲ့အခါမှာတော့ တိုက်ပွဲအတွေ့အကြုံ နုနယ်သေးတဲ့ လူငယ်လေးတွေ သူတို့ ဆက်ပြီး ယှဉ်သန်နိုင်ဖို့ ဘယ်လိုတွေ ကျားကုတ်ကျားခဲ ရှေ့ဆက်ရမလဲ?နယ်မြေကျွမ်းကျင်တဲ့ ဗီယက်ကောင်းတွေလက်ထဲ သားကောင်မဖြစ်သွားဖို့အတွက်ဆို သူတို့ ဘာဆက်လုပ်ကြမလဲ? ဆိုတာ ...File Size          : 2.6GB, 1.1GB, 637MB Quality    ...
movie

Danger Close: The Battle of Long Tan (2019)

2019
The Enforcer (2022) 5.2
The Enforcer (2022)    ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးမှာတော့ အမှားတွေကြားထဲကနေ ကိုယ့်သမီးလေးကိုချစ်တဲ့ ဖခင်တစ်ယောက်ရဲ့ စိတ်ထားလေးအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါပဲ အဖေဆိုတာဟာ သူများတွေအပေါ်မှာသာ ကြမ်းတမ်းချင်ကြမ်းတမ်းမယ် သားတွေသမီးတွေပေါ်မှာတော့ တကယ့်ကိုနူးညံ့တဲ့သူမျိုးတွေပါ တချို့ခြွင်းချက်ကတော့ ခြွင်းချက်ပေါ့လေ အဲဒီလိုပဲ သားသမီးတွေကိုဖြည့်ဆည်းဖို့အတွက် ဘယ်အရာမဆို သတ္တိအပြည့်နဲ့လုပ်ပေးနိုင်တာလည်းအဖေတွေပါပဲ မိဘရယ်လို့ဖြစ်လာရင် အဖေရော အမေရောဆိုတာက ဘယ်အချိန်ဖြစ်ဖြစ်သားသမီးတွေအတွက် အမြဲတမ်းရှိနေပေးတဲ့သူတွေပါပဲ အဲဒီအကြောင်းလေးတင်ဆက်ထားတဲ့ ကားလေးကိုကြည့်ရှုလိုက်ကြပါဦး ဇာတ်လမ်းအကျဉ်း စထရေးဆိုတဲ့ လမ်းဘေးတိုက်ခိုက်ရေးသမားတစ်ယောက်ဟာ ပြိုင်ဘက်တွေကြားမှာတော့ တကယ့်ကိုနာမည်ကြီးဖိုက်တာတစ်ယောက်ပါ မိုင်ယာမီကိုအုပ်စိုးထားတဲ့ မြေအောက်အဖွဲ့ကြီးရဲ့ ခေါင်းဆောင် အက်စတယ်ကလည်း အဲဒီလိုလူမျိုးကိုလိုက်ရှာရင်းနဲ့ ပြိုင်ပွဲတစ်ခုမှာတွေ့သွားခဲ့ပါတယ် အဲဒါနဲ့ စထရေးလည်း အက်စတယ်ဆီမှာအလုပ်လုပ်ဖြစ်သွားတာပေါ့ သူ့ကို သင်ကြားပေးမဲ့သူကတော့ အက်စတယ်ရဲ့ လူယုံကြီး ကူဒါဆိုတဲ့သူပါပဲ ကူဒါကတော့ ထောင်ကျပြီးပြန်ထွက်လာတဲ့ထောင်ထွက်ကြီးပေါ့ သူ့ဆီမှာလည်း ၁၆နှစ်ပြည့်တော့မဲ့ လိုလာဆိုတဲ့သမီးလေးတစ်ယောက်ရှိနေတာပါ လိုလာက သူ့အဖေထောင်ကျပြီး တာဝန်မကျေခဲ့တာတွေအတွက် စိတ်ခုနေတာပေါ့ အဲဒီလိုနဲ့တစ်နေ့မှာ ကူဒါကမြို့ထဲသွားရင်း ကောင်မလေးတစ်ယောက်အလစ်သုတ်တာကို ဆိုင်ရှင်မြင်သွားလို့ပြဿနာတက်နေတာကိုဝင်ရှင်းပေးရင်း ကောင်မလေးနဲ့ခင်သွားတာပါ ကောင်မလေးကခိုကိုးရာမဲ့ဖြစ်နေတော့ နေဖို့ထိုင်ဖို့စားဖို့သောက်ဖို့ပါပြင်ဆင်ပေးရင်း သမီးလေးတစ်ယောက်လိုသံယောဇဉ်ဖြစ်မိသွားတာပေါ့ အဲဒီလိုနဲ့ ...
movie

The Enforcer (2022)

Reminiscence (2021) 7.1
Reminiscence (2021) IMDb Rating (7/10)Nick Bannister (Hugh Jackman) ကစစ်ပြန်တစ်ယောက်၊ သူ့လက်ထောက် Watts (Thandie Newton) နဲ့ အလုပ်စပ်တူလုပ်ကြတယ်.. သူတို့လုပ်တဲ့အလုပ်ကတော့ စိတ်ဝင်စားစရာပါ... အတိတ်ကိုပြန်တမ်းတလွမ်းဆွတ်နေတဲ့ လူတွေကို စက်ကိရိယာတွေဆေးဝါးတွေ အကူအညီနဲ့ သူတို့တမ်းတနေတဲ့အတိတ်ဆီကို တစ်ဖန်ပြန်ပြီးခေါ်ယူသွားပေးနိုင်တဲ့ Reminiscence လို့ ခေါ်တဲ့ ပရိုဂရမ်တစ်ခုကိုလုပ်ကြတာပါပဲအတိတ်လောက်စွဲလန်းစေတဲ့အရာ ဘယ်အရာမှမရှိဘူးမဟုတ်လား? လူတွေဟာ သူတို့ချစ်ရတဲ့သူတွေနဲ့ နောက်တစ်ကြိမ်တွေ့ခွင့်ရချင်ကြတယ်၊ ဘဝရဲ့အဓိပ္ပါယ်အရှိဆုံးအချိန်လေးတွေမှာ ပြန်လည်နေထိုင်ချင်ကြတယ်မဟုတ်လား?ဒီလိုနဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ သူတို့လုပ်ငန်းဆီကို Mae (Rebecca Ferguson) ဆိုတဲ့မိန်းမလှလေးတစ်ယောက် ရောက်လာပါတယ်.. သူ့ပြသနာကတော့ အိမ်ခန်းသော့ပျောက်နေလို့ပါတဲ့ ပြီးခဲ့တဲ့မနက်က သူ့အတိတ်ဆီပြန်ခေါ်သွားပေးဖို့တောင်းဆိုလာပါတယ်.. Watts ကသဘောမတူချင်ပေမယ့် အဲ့ဒီမိန်းကလေးကိုမြင်မြင်ချင်းစွဲလန်းသွားမိတဲ့ Nick ကတော့ချက်ချင်းသဘောတူပြီး ကောင်မလေးကိုလိုက်လျောရာကနေ သူတို့နှစ်ဦးဇာတ်လမ်းဖြစ်သွားပါတော့တယ်။ဒါပေမယ့် တစ်နေ့မှာတော့ ဆူးညှောင့်ခလုတ်မရှိသာယာနေတဲ့ သူတို့ဇာတ်လမ်းလေးကနေ Mae တစ်ယောက်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ အတိတ်တွေဟာ အမြဲမလှပနိုင်ဘူးလေ... တစ်ခါငိုရရင် တစ်ခါမကပြုံးခဲ့ဖူးတာလဲ မင်းမမေ့နဲ့ဦးဆိုတဲ့ သီချင်းလိုပဲပေါ့.. ဘဝတွေက ဆင်းရဲရင် ပိုနက်နဲရှုပ်ထွေးတတ်တာပဲ...ကဲ...ဒီတော့ Mae တစ်ယောက် ဘာကြောင့်ပျောက်သွားတာလဲ... သူ့ရဲ့အတိတ်တွေကရော ဘာတွေဖြစ်နေမလဲ... အတိတ်ကိုတူးဖော်မယ့် Reminiscence နဲ့အတူ လိုက်ပါစီးမျောကြည့်ကြပါစို့။  File size…(2 GB) / (1.1 GB) ...
movie

Reminiscence (2021)