Channel Myanmar

Moon Chae-won

Fengshui (2018) 6.1
Fengshui (2018) ဖုန်း​​ရွှေပညာရပ်​အရ မင်္ဂလာ​မြေဟာ လူသား​တွေရဲ့ကံဇာတာကို တိုးတက်​​စေဖို့ များစွာကူညီ​ပေးတယ်​ဆိုတာကို​တော့ ​တော်​​တော်​များများကြားဖူးကြမှာပါ။ဒီကား​လေး​ထဲမှာ​တော့ အထက်​တန်းစားမျိုးနွယ်​ဖြစ်​တဲ့ ကင်​မျိုးနွယ်​စုဟာ ​မိမိတို့ အလိုပြည့်​ဖို့ ဖုန်း​ရွှေပညာနဲ့ ​မြေရဲ့စွမ်းအား​တွေကို မသမာတဲ့နည်းလမ်းနဲ့အသုံးပြုကြသူ​တွေဖြစ်​ပြီး သူတို့လမ်းမှာ ဝင်​​နှောင့်​ယှက်​သူ​တွေကိုလည်း ရှင်းပစ်​ဖို့ဝန်​မ​လေးတဲ့သူ​တွေပါ။တိုင်းပြည်​အ​ပေါ်သစ္စာ​စောင့်​သိတဲ့ သာမာန်​ဖုန်း​ရွေပညာရှင်​​လေး ပတ်​​ဂျေဆန်း က​တော့ အမတ်​ကြီးရဲ့မျက်​မုန်းကျိုးခံရပြီး မိသားစုကို ဆုံးရှုံးခဲ့ရပြီး​နောက်​ ကင်​မိသားစုရဲ့ မသမာမှု​တွေကို တားဆီးဖို့ကြိုးစားရင်း ဖုန်း​ရွှေပညာကို ​လူသား​တွေအကျိုးအတွက်​သာအသုံးပြုချင်​သူပဲဖြစ်​ပါတယ်​။မြေစွမ်းအားကို အသုံးပြုပြီး ​တော်​ဝင်​မိသားစုကို​ ကြိုက်​သလို ခြယ်​လှယ်​​နေတဲ့ ကင်​အမတ်​ကြီး အုပ်​စိုးမှု​အောက်​မှာ ရူးချင်​​ယောင်​​ဆောင်​​ခဲ့ရတဲ့ ဟုန်​ဆိုးမင်းသားတစ်​​ယောက်​ သူ့ရဲ့အ​ပေါင်းအပါ​တွေနဲ့အတူ တူ​တော်​မင်းကြီးကို ကူညီရင်း ဖုန်း​ရွှေပညာရှင်​​လေးနဲ့ ပူး​ပေါင်းမိကြပါတယ်​။သူကိုယ်​တိုင်​​ အနှိမ်​ခံ​တော်​ဝင်​​ခွေးအဖြစ်​နဲ့ ကြီးပြင်းခဲ့ရတဲ့ ဟုန်​ဆိုးမင်းသားတစ်​​ယောက်​ မျိုးဆက်​နှစ်​ဆက်​ မင်းဖြစ်​​စေနိုင်​တယ်​ဆိုတဲ့ ​မြေစွမ်းအားကို တပ်​မက်​မိတဲ့အခါမှာ​တော့....ဂျိုဆွန်းပြည်​ကြီး ဘယ်​လို အဖြစ်​အပျက်​​တွေနဲ့ ကြုံ​တွေ့ရမှာလဲ... ?ဆိုတဲ့ အဖြစ်​အပျက်​​လေး​တွေကို ဒီကား​လေးထဲမှာ ပရိသတ်​ကြီး စိတ်​ဝင်​တစားကြည့်​ရှုရမှာဖြစ်​ပါတယ်​.....ဒီလို မင်းမျိုးနွယ်​​တွေရဲ့ အရှုပ်​အ​ထွေး​တွေကြား နာမည်​ကြီး မင်းသမီးတစ်​လက်​ဖြစ်​တဲ့ Moon ...
movie

Fengshui (2018)

2018
Love Forecast (2015) 6.4
Love Forecast (2015) ဂျန်ဆူ နှင့် ယွန်ဝူး (BFF တို့ အကြောင်း) ==========================ဒီတစ်ခါ CM ပရိတ်သက်တွေကို ကိုရီးယား ရုပ်ရှင်တွေထဲက BFF တွေနဲ့ သက်ဆိုင်တဲ့ ရိုမန့် ဇတ်လမ်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်... ပထမဆုံး ပြောချင်တာက ဒီဇတ်လမ်းကြည့်တော့မယ်ဆိုရင် သင်နဲ့ သူငယ်ချင်း မကျ ချစ်သူမကျ ဖြစ်နေတဲ့ ပြောမနာဆိုမနာ အချစ်ဆုံး သူငယ်ချင်းကို Mention ခေါ်လိုက်ပါ (ခေါ်ရဲလား ?) :P ဒီဇတ်လမ်းမှာတော့ လှလှပပ နဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ မိုးလေ၀သ သတင်းကြေငြာသူလေး ယွန်ဝူး ဆိုတဲ့ ကောင်မလေးရှိတယ် ယောက်ျားတကာက သဲသဲလှုပ် ချစ်ရတဲ့သူလေး တစ်ယောက်ပေါ့... သူ့မှာ ပေါကြောင်ကြောင်နေတက်ပြီး အသဲခဏခဏ ကွဲနေတဲ့ ဂျန်ဆူး ဆိုတဲ့ ကျောင်းဆရာပေါက်စ သူငယ်ချင်း တစ်ယောက်ရှိတယ် ဂျန်ဆူး နဲ့ ယွန်ဝူး ဆိုတာ အချစ်ဆုံးသူငယ်ချင်းတွေပါ ငယ်ငယ်တုန်းကတော့ ယွန်ဝူးကို ဂျန်ဆူး က ချစ်ရေးဆိုဖူးတယ် ဒါပေမယ့် ယွန်ဝူး ဆိုတာ ယောင်္ကျားလေးတွေကို အသဲကို ကစားတက်တဲ့သူပဲလေ ဂျန်ဆူး ကို ချေထားလိုက်တာ ၁၈ နှစ်တောင် ကြာသွားခဲ့တယ်.... ဒီလောက်အချိန်တွေထိ သင်တို့ရော စောင့်နိုင်ပါ့မလား ? အမြဲတမ်းလိုလို ဂျန်ဆူး ဟာ ယွန်ဝူး ရဲ့ အနောက်ကနေ သူလိုအပ်သမျှ လိုက်ဖြည့်ဆည်းပေးနေခဲ့ပြီး ယွန်ဝူးကတော့ သူလိုအပ်တဲ့အချိန်တိုင်း ဂျန်ဆူး ...
movie

Love Forecast (2015)

2015