Channel Myanmar

Morgan Melder

57 Seconds (2023)
57 Seconds (2023)   ကြည့်ရှုနှုန်းတွေလည်း ဆက်တိုက်မြင့်တက်လာနေတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားလေးတစ်ကားပါ။ဝါရင့်သရုပ်ဆောင်ကြီး Morgan Freeman လည်းပါဝင်ထားပြီး အနာဂတ်မှာတိုးတက်လာတဲ့ နည်းပညာနဲ့ဆေးပစ္စည်းတွေရဲ့ အကျိုးဆက်က အမြဲတမ်းမကောင်းနိုင်ဘူး ဆိုတာကိုမီးမောင်းထိုးပြထားတာကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်း..... ဖရန့်ကလင်းဖော့စ်ကတော့ ဇီဝနည်းပညာရှင်တစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူသေဆုံးမှုအတွက် တရားမျှတမှုကိုရှာပေးချင်နေတဲ့သူဖြစ်ပါတယ်။ လူတွေကိုလည်း အကောင်းဆုံးကျန်းမာရေးကိုပိုင်ဆိုင်နိုင်ဖို့ အမြဲနည်းလမ်းတွေပေးနေတဲ့သူဆိုလည်းမမှားပါဘူး။တစ်နေ့မှာတော့ အကောင်းဆုံးကျန်းမာရေးကိုဖော်ဆောင်ပေးနေတဲ့ နည်းပညာရှင်ဂုရုကြီးနဲ့သွားတွေ့ရာက မထင်မှတ်ဘဲ လက်စွပ်တစ်ကွင်းကောက်ရလာခဲ့ပါတယ်။ အဲဒီလက်စွပ်က ရှေ့ ၅၇ စက္ကန့်ကိုပြန်ရစ်လို့ရတဲ့လက်စွပ်ဖြစ်နေမှန်းသိလိုက်ရတဲ့အချိန်မှာ... ဖရန့်ကလင်းတစ်ယောက် လက်စွပ်ရဲ့အစွမ်းကိုအသုံးချပြီး သူ့ညီမအတွက်တရားမျှတမှုကိုဘယ်လိုရှာပေးမလဲ ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.3 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn 
movie

57 Seconds (2023)