Channel Myanmar

Mustafa Harris

Stolen (2012) 5.5
Stolen (2012)  တစ်ချိန်တစ်ခါက ဟုန်းဟုန်းတောက်ကျော်ကြားခဲ့ပြီး အခုအချိန်မှာလည်းပြန်လည်တွေ့မြင်နေရပြီဖြစ်တဲ့မင်းသားကြီး Nicolas Cage ရဲ့ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Stolen ဖြစ်ပြီးတော့ သူ့ကိုအများဆုံးတွေ့ရတဲ့ဇာတ်ရုပ်ဖြစ်တဲ့ ရာဇဝတ်သားတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီထဲမှာတော့ ဝေလ်ဆိုတဲ့ဉာဏ်ကြီးရှင် သူခိုးတစ်ယောက်နေရာကနေတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဘဏ်တစ်ခုထဲက ပိုက်ဆံတွေကိုခိုးယူပြီးထွက်ပြေးနေတာကို တွေ့ရမှာပါ။ဒါပေမယ့် အကြောင်းအရင်းတစ်ခုခုကြောင့် သူ့တွဲဖက်ဖြစ်သူ ဗင်းဆင့်နဲ့သဘောထားကွဲလွဲပြီးသူတစ်ယောက်တည်း ပိုက်ဆံတွေနဲ့ ကျန်ခဲ့ပြီးအဖမ်းခံလိုက်ရပါတော့တယ်။ဒါပေမယ့် ထူးဆန်းတာက သူ့ကိုဖမ်းမိတဲ့အချိန်မှာ ပိုက်ဆံတွေကမရှိတော့ပါဘူး။ဒီလိုနဲ့ ထောင်ရှစ်နှစ်ကျပြီး ပြန်ထွက်လာတဲ့အချိန်မှာတော့ သူ့ဘဝမှာအချစ်ရဆုံးသူဖြစ်တဲ့ သူ့သမီးနဲ့သွားတွေ့ခဲ့ပါတယ်။ဒါပေမယ့် ခါးခါးသီးသီးငြင်းလွှတ်ခံလိုက်ရလို့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ သွားတွေ့နေတဲ့အချိန်မှာသူ့သမီးပြန်ပေးဆွဲခံလိုက်ရပြီး လွန်ခဲ့တဲ့ရှစ်နှစ်ကပိုက်ဆံတွေကို တောင်းပါတော့တယ်။ဒီလိုနဲ့ ဝေလ်တစ်ယောက်သမီးကိုပြန်ရဖို့အတွက် ဘယ်လိုတွေရုန်းကန်ရမလဲအဲ့ဒီပိုက်ဆံတွေကရော တကယ်တမ်းဘယ်ရောက်သွားလဲဆိုတာတွေအပြင်တခြားစိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်းကြည့်ရမဲ့ ဇာတ်ကားဟောင်းထဲးကမှ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။  File size…1.93 GB / 769MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Stolen (2012)

The Host (2013) 5.8
The Host (2013) CM Fan တွေ အတွက် ဒီတစ်ခါမှာတော့ချစ်စရာကောာင်းတဲ့ မျက်နှာလေးနဲ့မင်းသမီးချောလေး Saoirse Ronan ရဲ့သိပ္ပံအက်ရှင် ရုပ်ရှင်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဂြိုဟ်သားတွေက ကမ္ဘာကိုကျူးကျော်တဲ့ဇာတ်ကားမျိုးကြည့်ဖူးကြမယ်ထင်ပါတယ်။ဒီကားမှာတော့ တခြားကားတွေလိုလက်နက်တွေနဲ့လာကျူးကျော်ကြတာမဟုတ်ဘဲ ဂြိုဟ်သားတွေကလူ့ခန္ဓာကိုယ်တွေကို အပိုင်စီးပြီးလူတွေလိုပဲဆက်ပြီးနေထိုင်ကြတာပါ။ဂြိုဟ်သားတွေဟာ ခန္ဓာကိုယ်ကို အပိုင်စီးရုံမကပဲလူသားတွေရဲ့ ဦးနှောက်မှတ်ဉာဏ်ကိုပါအပိုင်သိမ်းဖျက်ဆီးတာပါတွန်းလှန်နိုင်ဖို့ဆိုတာလဲ လုံး၀ မလွယ်ကူပါဘူးခုခံတဲ့လူတွေကိုလဲ သတ်ပစ်ကြပါတယ်။အဲဒီခုခံသူတွေထဲမှာ မယ်လနီဆိုတဲ့ကောင်မလေးလည်း ပါတာပေါ့။သူ့ခန္ဓာကိုယ်ကို ဂြိုဟ်သားတစ်ယောက်ကအပိုင်စီးလိုက်တဲ့အခါမှာ... File size…  1.59 GB /  664 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 5m Genre .....  Action , Drama , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

The Host (2013)

2013
Killing Them Softly (2012) 6.2
Killing Them Softly (2012) Killing Them Softly (2012) ==================== IMDb Rating - 6.2/10 Rotten Tomatoes - 74%ဒီရုပ်ရှင်ကို ဘာလို့ကြည့်ဖြစ်ခဲ့လဲဆိုရင် ဖြေရမယ့် အဖြေက တစ်ခုတည်းရှိမယ်။ ဘရက်ပစ်ပဲ။ ပုံမှန်အားဖြင့်ဆိုရင်တော့ ဇာတ်ကားတစ်ကားကို ကြည့်သင့်လားဆိုတာ ဒါရိုက်တာကြည့် ဆုံးဖြတ်ကြတာများပေမဲ့ ကိုယ်သဘောကျတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ သရုပ်ဆောင်ပုံကို မြင်ရမှာကိုလည်း ထည့်တွက် ဆုံးဖြတ်ကြတာပဲမလား။ ဒီကားဟာ ဒီအချက်အတွက်တော့ စိတ်မပျက်စေခဲ့ဘူး။ဘရက်ပစ်ဟာ မျှော်လင့်ထားတဲ့အတိုင်း သူ့ကိုမြင်နေကျ သူ့ဟန်အတိုင်းပဲ ပေါ်လာခဲ့တယ်။ ဇာတ်လမ်းကတော့"မနူးမနပ်လူမိုက်ကလေးတွေက ဝါရင့်လူမိုက်ကြီးတွေကို ကတုံးပေါ်ထိပ်ကွက် လုပ်ဖို့ ကြံတဲ့အကြောင်းပါပဲ။ ဒီဇာတ်အိမ်ကို အမေရိကန် ဘဏ္ဍာရေးပျက်ကပ်ခေတ်မှာတည်ပြီး အဲ့ဒီကာလက သတင်းတွေ မိန့်ခွန်းတွေကို တစ်ချိန်လုံးနီးပါး နောက်ခံအသံထည့်ထားတယ်။ ထည့်ထားရတဲ့အကြောင်းရင်းက ဘာလဲ ဒီမနူးမနပ် လူမိုက်တွေရဲ့အဖြစ်နဲ့ ဘဏ္ဍာရေးပျက်ကပ်ကို သရော်ချင်တာလား ဘာလားတော့ စီးပွားရေးပျက်ကပ်နဲ့ပက်သက်ပြီး ဂဃနဏမသိလို့ ညဏ်မမှီဘူး။ မှီတဲ့သူတွေအတွက် ပိုသဘောကျချင်စရာ ကောင်းလောက်မယ်။ခပ်ကြမ်းကြမ်း ရွဲ့ရွဲ့ စကားတွေပြောနေမယ့် ဘရက်ပစ်အပြင် Goodfellasထဲက Ray Liottaလည်းပါတယ်။ Cogan's Tradeဆိုတဲ့ ဝတ္တုကိုပြန်ရိုက်ထားပြီး ကားကောင်းတွေ ...
movie

Killing Them Softly (2012)

12 Years a Slave (2013) 8.1
12 Years a Slave (2013) 12 Years a Slave (2013) IMDb - 8.1/10_____Rotten - 95% Won 3 Oscars. Another 238 wins & 335 nominations  ငွေဝယ်ကျွန်စနစ်တွေက အေဘရာဟမ်လင်ကွန်း မတိုက်ဖျက်ခင်အထိ အမေရိကမှာရှိခဲ့ကြပါတယ်။ အဲ့ဒီခေတ် အဲ့ဒီအခါအကြောင်း စာကြီးပေကြီးတွေမှာလည်း ငွေဝယ်ကျွန်တွေနဲ့ ကျွန်ပိုင်ရှင် ပဋိပက္ခတွေပါလေ့ရှိပြီး ပြည်တွင်းစစ်ကာလဆိုလည်း မမှားပါဘူး။ ကျွန်ရှင်တွေဘက်ကအမြင်ကို ပြသွားတဲ့ထဲ အကျော်ကြားဆုံးကတော့ "Gone With the Wind " လေရူးသုန်သုန်ပါ။ အဲ့ဒီစာအုပ်ရဲ့ တစ်ထောင့်တစ်နေရာမှာထည့်ဖော်ပြသွားတဲ့ ၁၉ရာစုရဲ့အရောင်းရဆုံစာအုပ် " Uncle Tom's Cabeint" အန်ကယ်တွမ်ရဲ့တဲကလေး..နဲ့ ယခုကားရဲ့ မူလဘူတ " 12yearsAslave"ဆိုတဲ့ စာအုပ် စာအုပ်တွေကတော့ ကျွန်တွေဘက်က အမြင်ကို ပြထားပြီး နှစ်အုပ်လုံးက ထွက်ချိန်မကွာသလို အကြောင်းအရာလည်း မကွာခြားလှပါဘူး။ ထူးခြားချက်ကတော့12yearsASalve ကတော့ Biography တစ်ပုဒ်ပါတဲ့။ ဒီစာအုပ်တွေမှာ နှစ်ဖက်လုံးမှာရှိတဲ့ အမှန်တရားတွေနဲ့ ထိုခေတ်အခါက ငွေဝယ်ကျွန်စနစ်ကို ကျွန်တော်တို့ ချိန်ထိုးနှိုင်းယှဉ်နိုင်ပါတယ်။ ဒီရုပ်ရှင်ကတော့ ကျွန်တော်သိသလောက် မြန်မာဘာသာပြန်စာအုပ်မရှိသေးတဲ့ 12 Years As A Slaveစာအုပ်ကို ရိုက်ထားတာပါ။ဇာတ်ကြောင်းတစ်ပိုင်းတစ်စကိုပြောရမယ်ဆိုရင်တော့... ဟိုအရင်များဆီတုန်းက.... အမေရိကန်ပြည်တွင်းစစ်ကာလလောက်မှာ Solomon Northupဆိုတဲ့ လွတ်လပ်တဲ့ လူမည်းတစ်ယောက်ရှိခဲ့ပါတယ်။ ဂီတသမားသူ့ အရည်အချင်းကို ပြသရမယ်လို့ လှည့်ဖျားပြီး ...
movie

12 Years a Slave (2013)

2013