Channel Myanmar

Nam Sang-mi

Slow Video (2014) 6.3
Slow Video (2014)  ၂၀၁၄ က ထွက်ရှိခဲ့တဲ့ ကိုးရီးယား ဟာသဒရာမာ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင် မင်းသားကအူကြောင်ကြောင် ဟာသ ဇာတ်ရုပ် တွေနဲ့ လူသိများတဲ့ ချာထယ်ဟွန်း ပါ၊ဒီဇာတ်ကားမှာဆိုရင် ဇာတ်ကောင်စရိုက်ကို အပိုလိုမရှိ ကွက်တိကျအောင်သရုပ်ဆောင်နိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂျန်ဘူဆိုတဲ့ ကောင်လေးက ထူးဆန်းတဲ့ မျက်စိဝေဒနာ တစ်ခုကိုအသက် ဆယ်နှစ်သားအရွယ်မှာ စပြီး ခံစားခဲ့ရပါတယ်။ သူ့ဝေဒနာကအာရုံစိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ ရုပ်ရှင် အနှေးပြကွက်လိုမျိုးမြင်ကွင်းတွေကို မြင်ရတာပါ။ သူ့ကို ငကြောင်ဆိုပြီး ကျောင်းမှာအနိုင်ကျင့်မှုတွေ ခံရပြီးနောက် အိမ်ထဲက အိမ်ပြင်မထွက်တော့ဘဲတီဗီဇာတ်လမ်းတွဲတွေ ကြည့်ပြီး အခန်းထဲမှာ အချိန်ကုန်ဆုံးခဲ့ပါတယ်။လူတွေနဲ့ အထိအတွေ့ သိပ်မရှိဘဲ အူကြောင်ကြောင်ငတိ ဂျန်ဘူကလုံခြုံရေး စီစီတီဗီတွေကို စောင့်ကြည့်ရတဲ့ ဌာနမှာ အချိန်ပိုင်းအလုပ်ရပြီးနောက် ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ။ကလေးဘဝက crush ခဲ့ရတဲ့ သူငယ်ချင်းမလေး ဆူမီနဲ့ လမ်းမှာပြန်တွေ့တဲ့အခါ ဘယ်လို အလွဲတွေ ဖြစ်ကြမလဲဆိုတာ ရယ်မောဖွယ်ဟာသလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။ File ...
movie

Slow Video (2014)

Dead Friend aka The Ghost (2004) 6
Dead Friend aka The Ghost (2004) Dead Friend aka The Ghost (2004) အညွှန်းဒီတစ်ခေါက်မှာတော့ ၂၀၀၄ တုန်းကထွက်ရှိခဲ့တဲ့ Horror မူဗီဟောင်းလေးကိုတင်ဆင်ပေးချင်ပါတယ်လွန်ခဲ့တဲ့ တစ်နှစ်လောက်က မတော်တဆမှုကြောင့် အတိတ်မေ့ရောဂါကိုခံစားနေရတဲ့ မင်ဂျီဝန်းဆိုတဲ့ကောင်မလေးဟာ သူ့ဘဝမှာ ရည်ရွယ်ချက်ပျောက်ဆုံးပြီး အရာရာကစိမ်းသက်နေတာမို့ နိုင်ငံခြားကိုထွက်သွားဖို့ ရည်ရွယ်နေသူလေးပါ လက်ရှိဘဝမှာတော့ သူဟာ ရှက်ကြောက်တတ်တဲ့သူပေမယ့် ဘယ်လိုရှုပ်လီပွေနေတဲ့သူ့အတိတ်ကြောင့်လဲမသိ သူ့သူငယ်ချင်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြပါတယ်အဲဒါအပြင် သူကိုယ်တိုင်လည်း ထူးဆန်းတာတွေမြင် အိမ်မက်ဆိုးထဲမှာလည်းခြောက်လှန့်ခံလာရပါတော့တယ် သူက အတိတ်မှာ ဘယ်လိုလူမျိုးဖြစ်ခဲ့တာမို့ ဒီလိုအကျိုးဆက်တွေကိုခံစားနေရတာများလဲ ကိုယ့်ကိုယ်ကိုယ် ကိုယ့်အတိတ်ကို ပြန်ရှာနေတဲ့ မင်ဂျီဝန်းဆိုတဲ့ကောင်မလေးအကြောင်းကို Horror vibe အပြည့်နဲ့ကြည့်လိုက်ရအောင်နော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.8GB | 808MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator .....Shin and ...
movie

Dead Friend aka The Ghost (2004)

2004
She’s on Duty (2005) 6.3
She’s on Duty (2005) အခုတလော နာမည်ကြီးနေတဲ့ Squid Game ဇာတ်ကားမှာ ပါးတွေချည်း လှိမ့်ရိုက်ခဲ့တဲ့ မှင်စာဦးလေးကြီး Gong Yoo ငယ်ငယ်တုန်းက ကားဟောင်းလေးပါရဲစုံထောက်တစ်ဦးဖြစ်တဲ့ ချွန်းဂျယ်အင်း(Kim Sun Ah)ဟာ ကျောင်းကိုမုန်းတီးပြီး စာညံ့ခဲ့သူ ဖြစ်ပေမယ့် စစ်ဆင်ရေးတစ်ခုကြောင့် အထက်တန်းကျောင်းသူယောင်ဆောင်ခဲ့ရပါတယ် ပစ်မှတ်ဖြစ်သူနဲ့ ရင်းနှီးဖို့လုပ်ရာက ပစ်မှတ်အစားအထက်တန်းကျောင်းသား ဂန်နိုယောင်း(Gong Yoo) နဲ့ သိကျွမ်းခဲ့ပါတယ် ပြောင်းသွားတဲ့အိမ်အသစ်ကလည်း ဂန်နိုယောင်း အိမ်ဘေးမှာဖြစ်နေပြန်ရော ဒါနဲ့ပဲ စုံထောက်အစ်မကြီးက ကျောင်းသားမောင်လေးကို ချစ်မိသွားတယ်ပေါ့ စစ်ဆင်ရေးထက်ကို ကျောင်းက ကလေးဆိုးတွေနဲ့ပဲရန်ဖြစ်ရင်း အတော်ဆုံးဖိုက်တာတောင်ဖြစ်လိုက်ပါသေးတယ် စစ်ဆင်ရေးကတော့ တကယ့်ကိုအကြမ်းစားပါ ကျောင်းထဲမှာ ဂျယ်အင်းလိုပဲ အသွင်ယူထားတဲ့ နောက်ထပ် ၂ယောက်ရှိနေသေးတယ် ကျောင်းသားတစ်ယောက်နဲ့ ဆရာတစ်ယောက်... သူတို့တွေထဲမှာမှ လူသတ်သမား လူဆိုးရဲ့ သူလျှိုက ရှိနေတဲ့အခါ...ဖိုက်တင်ခန်းတွေလည်းပါပြီး drama လည်းခင်းတဲ့အပြင် ဟာသပါနှောပြီး ရိုက်ထားတာဖြစ်လို့ ရသစုံစွာနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထား Oleander ပါ )File Size__2 GB, ...
movie

She’s on Duty (2005)

Possessed (2009) 6.2
Possessed (2009) [Unicode]CM Fan တွေအတွက် 2009 တုန်းက ထွက်ရှိခဲ့တဲ့ Possessed ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ။ Horror Movie ကြိုက်နှစ်သက်တဲ့သူတှေအတွက်တော့ တကယ်အကြိုက်တွေ့စေမယ့် ဇာတ်လမ်းမျိုးပါ ။ဇာတ်လမ်းအကျဉ်းဟီဂျင်းဟာ ဆိုးလ်မှာနေပြီး တက်ကသိုလ်တက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ ။သူမမှာ အသက် ၁၄ နှစ်အရွယ် ညီမတစ်ယောက်ရှိပါတယ်တစ်ရက်မှာတော့ ညီမဖြစ်သူပျောက်ဆုံးသွားကြောင်း သူမအမေက ဖုန်းဆက်အကြောင်းကြားခဲ့တဲ့နောက်သတင်းကြားကြားချင်း သူ့အမေရှိတဲ့မြို့ဆီပြန်သွားပြီး ရဲစခန်းမှာ လူပျောက်တိုင်ခဲ့ပါတယ် ။ဘာသာရေးအစွန်းရောက်တဲ့ မိခင်ဖြစ်သူကတော့ ဆက်တိုက်ဆုတောင်းနေမယ်ဆိုရင် သူ့သမီးလေးကို ပြန်တွေ့မယ်လို့ ယုံကြည်နေပါတယ် ။အိမ်နီးနားချင်းတွေကတော့ ညီမဖြစ်သူကို မြင်လိုက်တယ်လို့ပဲ ပြောနေကြပြီး အချို့ကလည်း သူမရဲ့ ညီမကို လူမဟုတ်ဘူးလို့ပြောဆိုကြပါတယ် ။ဒါပေမယ့် ညီမဖြစ်သူ ပျောက်ဆုံးပြီးနောက်မှာတော့ ထူးခြားမှုတွေရှိလာပါတယ်....သူတို့အဆောက်အဦးက အခြား တိုက်ခန်းတွေမှာ လူသေဆုံးမှုတွေရှိလာပြီ...ဒါကြောင့် နောက်ပိုင်းမှာ ရဲကလည်း သူမရဲ့ညီမ ပျောက်ဆုံးမှုနဲ့ ဒီလိုလူတွေသေဆုံးတာက ဆက်စပ်မှုရှိနိုင်ကြောင်း ကောက်ချက်ချပြီး စုံစမ်းပါတော့တဲ့အခါ...အဲ့လိုစုံစမ်းမှုတွေ လုပ်ပြီး ...
movie

Possessed (2009)