Channel Myanmar

Nanako Matsushima

Ringu (1998) 7.3
Ringu (1998) နာမည်ကျော် The Ring ရဲ့ Original ဇာတ်ကားဖြစ်တဲ့ Japan ဇာတ်ကား Ringu ပါ။ မူရင်း ဝတ္ထုဇာတ်လမ်းအတိုင်း ရိုက်ကူးတယ်လို့ သိရပါတယ်။ ကျွန်တော်ကတော့ ဒီဇာတ်လမ်းကပိုပြီး စိတ်ဝင်စားစရာကောင်းတယ်လို့ထင်ပါတယ်။ The Ring နဲ့ တော်တော်များများတူနေပေမယ့် ကွဲတဲ့ အချက်တွေကြောင့် ဒီဇာတ်ကားကို ပိုစိတ်ဝင်စားမိတယ် ထင်ပါတယ်။ ဂျပန်ကားတွေရဲ့ ထုံးစံ ဇာတ်လမ်းခပ်အေးအေးပုံစံကို မတွေ့ရဘဲ ဇာတ်လမ်းသွားက နည်းနည်းသွက်ပါတယ်။ ပုံမှန်မြင်နေကျ Overacting တွေလည်း မပါပါဘူး။ အတော်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားပါ။The Ring ကတော့ ဒုတိယ The Ring Two ကြည့်မှ ပိုပြီးကြည့်ကောင်းမယ်ဆိုပေမယ့် ဒီဇာတ်ကားကတော့ နောက်ထပ်မဆက်လည်း ကြည့်ကောင်းတဲ့ ဇာတ်ကားပါ။ ပြီးတော့ ဒီဇာတ်ကားမှာ သရဲတင်မဟုတ်ဘဲ သဘာဝလွန်စွမ်းအင်တွေ တခြားလောကကလာကြတဲ့ သတ္တဝါတွေ အဲဒီအယူအဆတွေကိုပါထည့်သွင်းထားပါတွေ့ရပါတယ်။ ၁၉၉၈ ခုနှစ်က ထွက်ခဲ့တာဖြစ်ပြီး IMDB Rating 7.3 ထိရရှိထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ ...
movie

Ringu (1998)

1998
When Marnie Was There (2014) 7.7
When Marnie Was There (2014) ဇာတ်လမ်းပုံစံလုံးဝမသိပဲကြည့်မှဖီးလ်လို့ကောင်းမယ့်ဂျပန်ကာတွန်းပါ Studio Ghibliရဲ့လက်ရာကောင်းတစ်ခုဖြစ်ပြီး မူရင်းဝတ္ထုကလည်းဆယ်စုနှစ်တစ်ခုရဲ့အကောင်းဆုံးဝတ္ထုတစ်ခုဖြစ်ခဲ့တာမို့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ် နောက်ခံတေးဂီတပိုင်းမှာဆိုရင်လည်းအပြစ်ပြောစရာမလိုလောက်တောင်ပြီးပြည့်စုံလွန်းနေပြီး ဇာတ်လမ်းထဲစီးဝင်သွားလောက်တဲ့ထိကိုကောင်းမွန်နေပါတယ် ဇာတ်လမ်းအကျဉ်းကတော့ကျန်းမာရေးမကောင်းလို့ ဘောင်ပြင်ရောက်နေတဲ့ဆယ်ကျော်သက်ကောင်လေးနဲ့ ပိုက်ဆံချမ်းသာလွန်းလို့ဘောင်ပြင်ထွက်ပေးနေရတဲ့ ဆယ်ကျော်သက်ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ် (English dubကိုဘာသာပြန်ထားတာကြောင့်မူရင်းဂျပန်versionတွင်စာကြောင်းအနည်းငယ်ကျန်နေတာမျိုးဖြစ်နိုင်ပါသည်။) File Format - mp4 IMDB rating - 7.7/10 Quality - Blu-ray1080p/Blu-ray480p Running Time - 1h 43min Translated by Dolly Encoded by sithu
movie


2014