Channel Myanmar

Nancy Allen

Carrie (1976) 7.4
Carrie (1976) Carrie (1976)~ IMDb - 7.4/10, Rotten Tomatoes - 93% ~Carrie ဟာ စတီဖင်ကင်းရဲ့ ပထမဆုံးဝတ္ထုဖြစ်ခဲ့သလို ကော်ပီပေါင်း 30,000 ရောင်းရတဲ့အထိ ပေါက်ခဲ့တဲ့ ဘတ်ဆဲလ်လား ဝတ္ထုလည်းဖြစ်ခဲ့တယ်။ Carrie ကနေစလို့ စတီဖင်ကင်းဆိုတဲ့နာမည်က မိန်းစထွင်းမှာ နေရာတစ်နေရာ ရလာခဲ့တယ်ဆိုလည်း မမှားဘူး။ Carrie ကို ရုပ်ရှင်အနေနဲ့ လေးခါပြန်ရိုက်ခဲ့ပြီး Carrie (1976), The Rage: Carrie 2 (1999), Carrie (2002) တို့နောက် ၂၀၁၃မှာလည်း Chloë Grace Moretz ကိုသုံးပြီး Remake ထပ်ရိုက်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီ ၁၉၇၆ဗားရှင်းဟာ အကောင်းဆုံးဖြစ်သလို ကင်းကိုယ်တိုင်လည်း ထပ်ရိုက်မယ်ကြားတော့ မူရင်းကားက ခြောက်ပြစ်ကင်းနေမင့်ကို ဘာလို့ ထပ်ရိုက်နေဦးမှာလဲလို့ ပြောခဲ့ပါသေးတယ်။ စတီဖင်ကင်းကိုယ်တိုင် ဒီရုပ်ရှင်ရဲ့ ...
movie

Carrie (1976)

1976
Blow Out (1981) 7.4
Blow Out (1981) Blow Out (1981)~ IMDb - 7.4/10, Rotten Tomatoes - 87% ~၁၉၈၁ ခုနှစ်တုန်းကထွက်ခဲ့ပြီး ဆန်ခါတင်ဆုနှစ်ခု၀င်ထားတဲ့ Mystery, Thriller ဇာတ်ကားကောင်းလေးပါ။ ဒါရိုက်တာက Thriller Crime genres တွေနဲ့ ပရိသတ်အတွက် မစိမ်းလောက်တဲ့ Brian De Palma ဖြစ်ပြီး သူရဲ့ အကောင်းဆုံးကားတွေထဲက တစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့ဆိုရင်လည်း အဓိကမင်းသားက ၁၉၇၀ခုနှစ်၀န်းကျင် ဟောလိဝုဒ်ရဲ့ Icon တစ်ယောက်ဖြစ်တဲ့ John Travolta မလို့ အရွေးချယ်မမှားမယ့်ကားကောင်းလေးပါပဲ။ဂျက်ဆိုတဲ့သူက ရုပ်ရှင်တွေအတွက် အသံပိုင်းဆိုင်ရာ နည်းပညာရှင်ပါ။ တစ်ရက်တော့ ဇာတ်ကားတစ်ကားအတွက် တံတားပေါ်မှာ လေတိုးသံအသံသွင်းနေတုန်း ကားမတော်တဆမှုတစ်ခုကိုမျက်မြင်ကြုံခဲ့ရပြီး အသံသွင်းမိခဲ့ပါတယ်။ ကားပေါ်က ကောင်မလေးတစ်ယောက်ကိုလည်း ကယ်နိုင်လိုက်ပါတယ်။ ဒါပေမဲ့ ကားမတော်ဆမှုမှာ အသက်ဆုံးသွားတဲ့သူက ရွေးကောက်ခံကိုယ်စားလှယ်မြို့တော်၀န်တစ်ယောက်ဖြစ်နေပါတယ်။ အိမ်ပြန်တော့ အသံပြန်စစ်ရာမှ ကားမှောက်မှုက မတော်တဆမှုသက်သက်မဟုတ်မှန်း ...
movie

Blow Out (1981)

1981
RoboCop (1987) 7.6
RoboCop (1987) RoboCop (1987)=============== Science genre အမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက်Robocop ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။Robocop ဆိုတဲ့ စကားလုံးအတိုင်း စက်ရုပ်ရဲရဲ့အကြောင်းကိုကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဒက်ထရွိုက်မြို့ကြီးမှာရာဇဝတ်မှုတွေက အဖြစ်များလှပါတယ်။ တစ်နေ့မှာတော့ဒက်ထရွိုက်ရဲဌာနကို မာဖီ‌ဆိုတဲ့သူက တာဝန်ပြောင်းလာခဲ့ပါတယ်။လူးဝစ်ဆိုတဲ့ ရဲမေနဲ့ ပါတနာအဖြစ် တာဝန်ထမ်းဆောင်ရင်း လူဆိုးဂိုဏ်းတစ်ဂိုဏ်းကို လိုက်ဖမ်းခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းရှာတဲ့မာဖီက လူဆိုးတွေလက်ထဲမှာပဲ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။OCP ဆိုတာက ဒယ်တာမြို့အသစ် တည်ဆောက်ရေးအတွက်ဒက်ထရွိုက်အစိုးရနဲ့ စာချုပ်ချုပ်ထားတဲ့ အဖွဲ့အစည်းပါ။ သူတို့ဟာရဲတွေနေရာမှာ အစားထိုးမယ့် စက်ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပေမဲ့ပရိုဂရမ်အမှားအယွင်းကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ဟာသေသွားတဲ့ မာဖီကို နောက်ထပ်စမ်းသပ်ချက်အတွက် အသုံးချဖို့လုပ်ခဲ့ပါတယ်။ မာဖီအလောင်းကိုယူပြီး စက်ရုပ်တစ်ခုအဖြစ် အသက်သွင်းခဲ့တာပါ။ ဒါဆိုရင် စက်ရုပ်ဖြစ်သွားမယ့် မာဖီကရော မြို့အတွက်အထောက်အကူပြုလာနိုင်မလား၊ သူ့ကို သတ်ခဲ့တဲ့လူတွေကိုရောပြန်ပြီးလက်စားချေမလား၊ ဒီတီထွင်မှုကို ဖျက်စီးချင်တဲ့သူရောရှိလာမလားဆိုတာကိုတော့ Robocop ဆိုတဲ့ ဇာတ်ကားထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါ။  File size…1.98GB / 733MB Quality…Blu-Ray ...
movie

RoboCop (1987)

Out of Sight(1998) 7.0
Out of Sight(1998) ဘဏ်တွေဓားပြတိုက်တာ အကြိမ်ဘယ်လောက်ရှိပြီလဲမေးရင် များလွန်းလို့ အရေအတွက်အတိအကျမမှတ်မိတာကြောင့် ပြန်မဖြေနိုင်ဘူး သူကတော့ ဖိုလေလို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ဇာတ်လိုက်မင်းသားချောကြီး George Clooneyဖြစ်ပါတယ် ဘဏ်ဓားပြမှုတစ်ခုကြောင့်ပဲ သူထောင်ကျခဲ့တယ် ဒါပေမဲ့ တစ်နေ့ သူထောင်ကထွက်ပြေးတယ်....ပြေးရင်းနဲ့ လမ်းမှာတွေ့တဲ့မိန်းမတစ်ယောက်ကိုဓားစာခံလုပ်ဖို့ခေါ်သွားတယ်....ဆိုးတာက သူဓားစာခံလုပ်ဖို့ခေါ်သွားတဲ့အမျိုးသမီးက ထောက်လှမ်းရေးအရာရှိတစ်ယောက်ဖြစ်လို့နေပါတယ်.....ကျွန်တော်ငယ်ငယ်က အချစ်ဝတ္ထုစာအုပ်တွေငှားရင်ပဲဖြစ်ဖြစ်ဝယ်ရင်ပဲဖြစ်ဖြစ် အစပိုင်းနည်းနည်းဖတ်ကြည့်တယ် မင်းသားနဲ့မင်းသမီးက အစပိုင်းမှာ ရန်ဖြစ်နေရင်အာ့စာအုပ်ကိုယူလိုက်ပြီ တကျက်ကျက်ရန်ဖြစ်ရင်း သူတို့နှစ်ယောက်ဟာ ဘယ်လိုခံယူချက်တွေပဲထားထား နောက်ဆုံး နှလုံးသားရဲ့ လိုအင်ဆန္ဒကိုတော့ မဆန့်ကျင်နိုင်ရှာဘူး ....အဲ့ဒါမျိုးတွေဆို သိပ်သဘောကျတယ် စာရေးဆရာမြသန်းတင့်ဘာသာပြန်ထားတဲ့နာမည်ကြီးလေရူးသုန်သုန်တောင် ဇာတ်ကောင် ၂ယောက်ရန်ဖြစ်နေတာမျိုးလေးတွေ့မှဖတ်ဖြစ်တယ် . ဘာဖြစ်လို့ကြိုက်တာလည်းဆိုတော့ မဖြေတတ်ဘူး..ခု out of sight လည်း သူတို့ ၂ယောက်ကအခြေအနေမတူ ရပ်တည်ချက်ခြင်းမတူကြဘူး ဒါပေမယ့်ဘဏ်ဓားပြကြီးက ထောက်လှမ်းရေးအရာရှိမလေးကိုမှကြွေသွားတယ်..သူတို့ ၂ယောက်လည်း ရန်တွေဖြစ်ကြတယ်..ဒီကားကြည့်မိတော့ငယ်ငယ်တုန်းကရင်ခုန်သံတွေပြန်အမှတ်ရတယ် ... လတ်ဆတ်နေတုန်းပဲ...ထောက်လှမ်းရေးအရာရှိမ ကလည်း JLOရဲ့လှသွေးအကြွယ်ဆုံးအချိန်ဆိုတော့ လိုက်ဖက်လှတယ်.. Crime အမျိုးအစားလည်းဖြစ်လေတော့ ကြည့်ရတာတော်တော်ကောင်းပါတယ် ကိုင်းပြိတ်သတ်ကြီးရေကျွန်တော်တို့လို လူမျိုးတွေရှိရင် ဒေါင်းကြည့်လိုက်ပါဦးဗျဘာသာပြန်ကတော့ Sherlock ပါ.....File Size…(853MB) and (350MB) Quality…BluRay ...
movie

Out of Sight(1998)

1998