Channel Myanmar

Nancy De Mayo

The Underdoggs (2024)
The Underdoggs (2024) The Underdoggs (2024) ===================အမေရိကန်ရက်ပါ/မင်းသား Snoop Dogg ရဲ့ (၂၀၂၄)ခုနှစ်ထွက် ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ကားတွေ ကတော့ သိတဲ့အတိုင်း အသုံးခပ်ကြမ်းကြမ်းမို့ မိသားစုတို့ဘာတို့နဲ့ ကြည့်မယ်ဆိုရင် ဆင်ခြင်ပြီးကြည့်ရှုကြပါ။ အခုကားကတော့ Comedy/ Sport genre ဖြစ်ပြီး စိတ်ဝင်စားစရာလည်းကောင်းပါ တယ်။ နာမည်ကျသွားတဲ့ မာနခဲကြယ်ပွင့်ကစားသမားတစ်ယောက် အကြောင်းကို ရိုက်ကူးထားတာပါ။ဂျေဆင်ဟာ လူငယ်ဘဝတုန်းက Gridiron Football အားကစားမှာ နာမည်ကြီးခဲ့တဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်။ အသင်းဖော်ကို ရော၊ နည်းပြကိုရော၊ ပရိတ်သတ်ကိုရော ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ သူ့အမူအကျင့်တွေကနေ ပြဿနာတွေဖြစ်လာပြီး အားကစားလောက ကနေ နှစ်၂၀ကင်းကွာသွားတဲ့သူ။ အဆဲအဆိုခံရတာတွေလည်း ဒုနဲ့ဒေး။ ဒါပေမဲ့ သူ့စိတ်ကတော့ သူရွှေထီးဆောင်းခဲ့တဲ့ကာလထဲမှာပဲ ရှိနေဆဲ။ တစ်နေ့ကျ ကားကို ဟယ်လင်ကဲလားလို မောင်းရာကနေ အက်ဆီးဒင့် ဖြစ်ပြီး ရုံးရောက်ဂတ်ရောက်တွေဖြစ်ကုန်တယ်။ တရားရုံးမှာ သူ့အမှုကို ကိုင်ရတဲ့တရားသူကြီးက သူ့ဇာတိမြို့ လောင်းဘိချ်မှာကတည်းကခင်ခဲ့တဲ့ ငတိမ။ သူ့အိမ်နီးချင်းရဲ့ထီမထင် မာနခဲစရိုက်ကိုသိနေတဲ့ တရားသူကြီးက ထောင်ချတဲ့အပြစ်ဒဏ်မပေးဘဲ လောင်းဘိခ်ျမှာ ပရဟိတအလုပ် နာရီ ၃၀၀ပြည့်အောင်လုပ်ရမယ်လို့ အမိန့်ချတယ်။အဲလိုနဲ့ နာမည်ကျဘောလုံးသမားကြီးဟာ သူ့အိပ်မက်တွေ စအခြေတည်ရာ ဇာတိမြို့လေး‌ကို ပြန်ရောက်လာတယ်။ လိမ္မော်ရောင်သန့်ရှင်းရေးဝတ်စုံလေး ဝတ်ပြီး အာဝုအီးကျုံးဖို့ ...
movie

The Underdoggs (2024)

2024
Alpha Dog (2006) 6.9
Alpha Dog (2006)   ၂၀၀၀ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ အမှုတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် " Based on true story " ဇာတ်ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ အဆိုတော် Justin Timberlakeရဲ့ သရုပ်ဆောင် စကေးတွေကို ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Trollhunters: Rise of the Titans, The Chinese Widow, The Motel Life, Lone Survivor အစရှိတဲ့ ဇာတ်ကားပေါင်းများစွာကို သရုပ်ဆောင်ထားဖူးတဲ့ Emile Hirschက အထူးမိတ်ဆက်ပေးစရာ မလိုလောက်မယ့် Ben Fosterနဲ့အတူ ယခုဇာတ်ကားထဲမှာ MCအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ဂျော်နီ ထရူးလပ် ဆိုသူက LAမှာ ဆေးရောင်းလိုက် ပါတီတွေနဲ့ ပွဲခံလိုက်လုပ်တတ်တဲ့ drug dealerကြီး ဖြစ်ပါတယ်။ ဂျိတ် မက်ဇာ့စကီးက ဂျော်နီ ...
movie

Alpha Dog (2006)

God Is a Bullet (2023) 5.5
God Is a Bullet (2023) God Is a Bullet (2023)ဖြစ်ရပ်မှန်တွေကို အခြေခံထားပြီး Teran Boston ရဲ့ အရောင်းရဆုံးဝတ္ထုဖြစ်ခဲ့တဲ့ "God Is a Bullet" ကို ရုပ်ရှင်အနေနဲ့အသက်သွင်းထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ဘော့ဘ်က သူ့မိန်းမဖြစ်သူနဲ့ ကွာရှင်းထားပြီး သမီးဖြစ်တဲ့ဂါဘီနဲ့ ခွဲနေနေရတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့အိမ်ကို စေတန်ဂိုဏ်းတစ်ခုက‌ ဝင်စီးပြီး မိန်းမနဲ့ သူ့ရဲ့နောက်ယောက်ျားကို ဘဝပြောင်းပေးသွားတဲ့အပြင် သမီးဖြစ်တဲ့ဂါဘီကိုပါ ပြန်ပေးဆွဲသွားပါတယ်။ဘယ်ကဘယ်လို စလိုက်လို့လိုက်ရမှန်းမသိတဲ့အချိန်မှာ ‌‌တစ်ချိန်က စေတန်ဂိုဏ်းဝင်ဖြစ်ခဲ့ပြီး ‌ထွက်ပြေးလာခဲ့တဲ့ ကေ့စ်က စေတန်ဂိုဏ်းလက်ချက်ဆိုတာကို သိပြီး ဘော့ဘ်ကိုကူညီဖို့ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီမှာ သူတို့နှစ်ယောက်ပေါင်းပြီး စေတန်ဂိုဏ်းကိုခြေရာခံရင်း ဂါဘီကို ကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။ဇာတ်လမ်းက ဒီအပေါ်ကိုအခြေခံထားပေမဲ့ စေတန်ဂိုဏ်းနဲ့မတွေ့ခင်ကြားထဲတင် ပေအတော်ရှည်တယ်ပြောရမယ်။ ဇာတ်ကောင်တွေကို စိတ်ဝင်စားစရာကောင်းအောင် တဖြည်းဖြည်းတည်ဆောက်သွားပြီးမှ လူဆိုးကြီးနဲ့ပေးတွေ့တာမျိုးပေါ့။ ဘော့ဘ်က အမြဲတမ်းစားပွဲခုံထိုင်တဲ့ လူရိုးလူအေးကြီးဖြစ်ခဲ့ပေမဲ့ သမီးဇောနဲ့ တက်တူးတွေထိုး ဂန်းတွေပါကိုင်ပြီး စေတန်ဂိုဏ်းသားတွေကို အမဲလိုက်တဲ့ ...
movie

God Is a Bullet (2023)

2023
The Notebook (2004) 7.8

The Notebook (2004)

1080p HEVC
Moving On(2022) 6.5
Moving On(2022) Moving On(2022)****************ကလဲရာ၊ အက်ဗ်လင်းနဲ့ ဂျွိုက်စ်တို့ဟာ ကောလိပ်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ပြီးအိမ်ထောင်ကိုယ်စီကျသွားလို့ ဝေးသွားကြသူတွေပါ။ အဘွားအရွယ်ကိုရောက် မြေးတွေရလို့ရနဲ့ ဘဝရဲ့သက်တမ်းအတော်များများကိုဖြတ်သန်းပြီးခဲ့ကြပါပြီ။ ဒီလိုနဲ့ ဂျွိုက်စ် ကွယ်လွန်သွားတဲ့အခါမှာတော့ သူငယ်ချင်းဖြစ်သူရဲ့အသုဘကိုလာရင်း လေဒီကြီးနှစ်ယောက်ပြန်ဆုံစည်းမိကြပါလေရော။ ဇာတ်လမ်းကခုမှစမှာပါ။ သူတို့ဒီအသုဘကို လာခဲ့တာက အခြားရည်ရွယ်ချက်တွေ ကိုယ်စီကိုယ်စီနဲ့ပါ။ ပြောရရင် ကလဲရာဟာ ဂျွိုက်စ်ရဲ့ ယောက်ျားဖြစ်သူနဲ့က ရန်ကြွေးတွေရှိလို့ အသေသတ်ဖို့ကြံနေတာပါ။ အက်ဗ်လင်းကလည်း ဂျွိုက်စ်ရဲ့ ယောက်ျားဖြစ်သူကိုမကြည်တဲ့အကြောင်းရှိလို့ ကလဲရာကိုကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နှစ်ပေါင်းလေးဆယ်ကျော်ကြာခဲ့တဲ့ သူတို့ကြားက ရန်ငြိုးကဘာဖြစ်မလဲ၊လေဒီကြီးနှစ်ယောက်ကရော ဘယ်လိုအတူတကွပူပေါင်းလုပ်ကြံမလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comdedyဇာတ်ကားလေးဖြစ်ပါတယ်။File Size :(1.4GB) and (521MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:25:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Moving On(2022)

Father of the Bride (2022) 5.9
Father of the Bride (2022) သမီးရှင် .... အဖေဆိုတာ သူ့တို့အလှည့်တုန်းကသာ မိန်းမယူဖို့ တကဲကဲဖြစ်ပြီး ဇွတ်တွေ ယူကြပေမယ့် တကယ်တမ်း သူတို့ မိဘဖြစ်လာတဲ့အခါ သားသမီးကို တစ်ပါးသူလက်ထဲ ထည့်ပေးရမှာ အင်မတန် အူတိုကြသူတွေပါပဲ။ အထူးသဖြင့် သမီးရှင် ဖခင်တွေပါ။ သူ ပိုးမွေးသလို မွေးခဲ့ရတဲ့ သမီးလေးကို အနာဂတ်မှာ သမက်ဖြစ်လာမယ့်လူရဲ့ လက်ထဲကို အပြီးအပိုင် ပေးလိုက်ဖို့အရေးဟာ သူတို့အတွက်တော့ ကမ္ဘာကြီး ပူနွေးလာမှုထက် ပိုပြီး ရင်ဆိုင်ရခက်ခဲတဲ့ ပြဿနာကြီးတစ်ခုပါ။ဒီ‌လူဟာ ငါ့သမီးနဲ့ သင့်တော်ရဲ့လား၊ ငါ့သမီးကို တင့်တောင်းတင့်တယ် ထားနိုင်ပါ့မလား၊ ငါ့သမီးအပေါ် ကောင်းပါ့မလား စတဲ့ စတဲ့ သံသယတွေနဲ့ လောင်မြိုက်ကြတာဆိုသည်မှာ မသိရင် သူတို့အလှည့်တုန်းက ပြီးပြည့်စုံနေသည့်အလား ..... ဒီ သ၀န်တိုမှုဟာ တစ်မျိုးလေးတော့ ချစ်စရာကောင်းနေပါတယ်။ ဖခင်ရဲ့ မေတ္တာပါပဲ .... ဒီဇာတ်လမ်းမှာလည်း ဘီလီဆိုတဲ့ သူဌေးကြီးဟာ သိပ်ကို ...
movie

Father of the Bride (2022)

Love, Simon (2018) 8.1
Love, Simon (2018) ဒီတစ်ခါ CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Love Simon" ဆိုတဲ့ Romantic ဇာတ်လမ်းလေးဖြစ်ပါတယ်...အညွှန်း- ကျွန်တော့်နာမည်က ဆိုင်မွန်(Simon)ပါ...ကျွန်တော်က ခရိဝုလို့ခေါ်တဲ့ကျောင်းမှာ တက်နေတဲ့ အထက်တန်းကျောင်းသားတစ်ယောက်မှာ... ကျွန်တော်တို့ မိသားစုလေးယောက်ရှိပါတယ်...ကျွန်တော်ချစ်ရတဲ့ညီမလေးအပါအဝင်ပေါ့... ကျွန်တော့်မှာ သူငယ်ချင်းကောင်းတွေလဲရှိပါတယ်...သူတို့ကတော့ လီယာ အဘီ နဲ့ နစ် တို့ပါ...ကျွန်တော်တို့ လေးယောက်အမြဲ ကျောင်းတူတူသွားပါတယ်...ကျွန်တော့်ဘဝက ပျော်စရာမိသားစု သူငယ်ချင်းကောင်းတွေနဲ့ ပြည့်စုံပါတယ်....ဒါပေမဲ့ ကျွန်တော့်မှာ ထိပ်တန်းလျို့ဝှက်ချက်တစ်ခုရှိတယ်...တစ်နေ့ ကျွန်တော် လီယာနဲ့ စကားပြောဖြစ်တယ်... သူက ခရိဝုကျောင်းက ကျောင်းသားတွေအကြောင်း တင်တဲ့ ခရိဝုလျို့ဝှက်ချက် ဘလော့အကြောင်း ပြောတာပါ...အဲ့ ဘလော့မှာ ဘလူးဆိုတဲ့သူက သူ့လျိုဝှက်ချက်ကို ဝေမျှခဲ့တာပါ... သူ့ပို့စ်ကို ကျွန်တော်ဖတ်ပြီးတဲ့နောက်မှာတော့ သူ့လျို့ဝှက်ချက်နဲ့ ကျွန်တော့်လျို့ဝှက်ချက်တူနေခဲ့ပါတယ်...အဲ့တော့ ကျွန်တော် သူနဲ့ သိခွင့်ရဖို့ ချဉ်းကပ်ခဲ့ပါတယ်... ဂျက်ဆိုတဲ့ နာမည်နဲ့ပေါ့.... လျို့ဝှက်ချက်ချင်း တူနေတော့ ကျွန်တော်တို့ နှစ်ယောက်ရင်းနှီးခဲ့ပါတယ်..ကျွန်တော်လဲ သူ့ကို ...
movie

Love, Simon (2018)

2018