Channel Myanmar

Naoko Mori

Spice World (1997)
Spice World (1997) Spice World (1997) ရုပ်ကလည်းဖြောင့် ကစားတာလည်း ရှယ်တော်တဲ့ ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ မိန်းမဖြစ်သူဗစ်တိုးရီးယားဆို တော်တော်များများ သိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ အရင်က ၉၀ ကာလတွေမှာ သူပါဝင်ခဲ့တဲ့Girl band တစ်ခုဖြစ်တဲ့ ဗြိတိသျှအခြေစိုက် Spice Girls အဖွဲ့ဆိုတာအမျိုးသမီးကိုယ်စားပြု စာသားသီချင်းတွေနဲ့ အတော်နာမည်ကြီးခဲ့ပါတယ်။ဒီဇာတ်ကားလေးကတော့ သူတို့ Spice Girls အဖွဲ့အနေနဲ့ပဲပါဝင်သရုပ်ဆောင်ထားပြီး ၂ ထပ်ပါ လန်ဒန်ဘတ်စ်ကားကြီးနဲ့အင်္ဂလန်တလျှောက် လျှောက်ပတ်သွားရင်း ဆူပူကြိမ်းမောင်းနေတဲ့မန်နေဂျာနဲ့ ရန်ဖြစ်ရတာတွေ မနာလိုတဲ့လူတွေက ပါပါရာဇီငှားပြီးလိုက်အရှက်ခွဲဖို့ လုပ်တာတွေ နာမည်ကျော်ဘဝရောက်တော့သာမန်ဘဝလိုမျိုး နေထိုင်ဖို့ အချိန်မပေးနိုင်တာတွေပရိတ်သတ်တွေနဲ့ စွန့်စားခန်း လုပ်ကြတာတွေကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဂျိန်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖူးတဲ့ ရော်ဂျာမိုးတောင်ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။  File size…    3.3 GB /  1.3 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Comedy/Music Subtitle…. ...
movie

Spice World (1997)

1997
Mamma Mia! Here We Go Again (2018) 6.7
Mamma Mia! Here We Go Again (2018) Mamma Mia! Here We Go Again (2018) IMDb - 6.7/10_____Rotten - 79%   ဒီတစ်ခါတော့ CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ မကြာသေးခင်ကမှ ရုံတင်ပြသထားတဲ့ "Mamma Mia! Here we go again" ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းကတော့ 2008 တုန်းက ထွက်ခဲ့တဲ့ "Mamma Mia"ဇာတ်လမ်းပြီးနောက် ဒုတိယမြောက်ထွက်ရှိထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...2008 ဇာတ်လမ်းကို ကြည့်ရှုပြီးသူများကတော့ ဒီဇာတ်လမ်းနဲ့ စိမ်းမယ်မထင်ပါဘူး....အရင်ဇာတ်လမ်းရဲ့ သရုပ်ဆောင်တွေအပြင် ဇာတ်လိုက်မင်းသမီးရဲ့ ငယ်ဘဝနေရာ သရုပ်ဆောင်သူကလဲ CM ပရိတ်သတ်တွေနဲ့ မစိမ်းပါဘူး.. သူလေးကတော့ Cindrella ဇာတ်လမ်းထဲက မင်းသမီး "Lily James" ပဲဖြစ်ပါတယ်...ဇာတ်လမ်းက musical/comedy movie ဖြစ်တာကြောင့် တစ်ကားလုံး သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် နားထောင်ရမှာပါ...ဒါကြောင့် ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ... အညွှန်းဖတ်ရှုကြပါဦး...အညွှန်း- ...
movie

Mamma Mia! Here We Go Again (2018)

2018
Life (2017) 6.6
Life (2017) သိပံံံံံံရုပ်ရှင်တွေကြိုက်တဲ့ပရိတ်သတ်တွေအတွက်တော့ခံစားမှုအသစ်ပေးမယ့်ဇာတ်ကားကောင်းလေးပါ။ယခုနှစ်၂၀၁၇မတ်၂၄ကမှထုတ်လိုက်တဲ့ကားသစ်လေးဖြစ်ပါတယ်။အမြင်တမျိုးနဲ့ကြည့်ရတာကောင်းတဲ့ကားလေးတကားဖြစ်ပါတယ်။နိုင်ငံပေါင်းစုံကအာကာသပညာရှင်တစုဟာနိုင်ငံတကအာကာသစခန်းမှာအတူတူအင်္ဂါဂြိုလ်ကိုလေ့လာရင်းအလုပ်လုပ်နေကြတာပါ။သမိုင်းမှာအရေးကြီးတဲ့ရှာဖွေမှုဖြစ်တဲ့ကမ္ဘာအပြင်တခြားဘယ်နေရာတွေမှာသက်ရှိတွေရှိလဲဆိုတာကိုရှာဖွေလေ့လာနေကြတာပါ။ကံကောင်းစွာပဲအင်္ဂါဂြိုလ်ကယူလာတဲ့မြေနမူနာတွေကိုစမ်းသပ်လိုက်တဲ့အခါသက်ရှိဖြစ်လာမယ့်ကလပ်စည်းလေးကိုတွေ့ရှိသွားပါတယ်တွေ့ရှိမှုအတွက်အားလုံးဝမ်းသာဝမ်းမြောက်ဖြစ်ကြရပြီးနိုင်ငံတကာကပါအားပေးခဲ့ကြပါတယ်။ဒါပေမယ့်ရုတ်တရတ်ပဲမတော်တဆအမှားတခုဖြစ်သွားပြီးတဲ့နောက်မှာတော့အဲဒီသက်ရှိမျိုးစိတ်လေးကလှုပ်ရှားမှုမရှိတော့ပါဘူး။ဒါပေမယ့်လူသားပေပဲ။မဖြစ်နိုင်ဘူးဆိုတာကိုဖြစ်အောင်လုပ်တတ်တာလဲလူသားတွေပါပဲ။အဲဒီဖြစ်လာတဲ့အကျိုးဆက်ကိုခံစားရတာလဲလူပါပဲ။အဲလိုပဲကယ်ဗင်လို့သူတို့နာမည်ပေးထာတဲ့အင်္ဂါဂြိုလ်ကသက်ရှိလေးကိုပြန်လည်အသက်သွင်းပြီးမူလအခြေအနေနဲ့မတူပဲထူးဆန်းစွာပြုမှုနေတဲ့အခါမှာတော့အာကာသပညာရှင်ကြီးတွေဘယ်လိုလုပ်ကြမလဲ။အဲဒီကယ်ဗင်လေးကရောဘယ်လိုတွေကံမကောင်းမှုတွေယူလာမလဲ။သူ့ရန်ကနေအာကာသပညာရှင်တွေကာကွယ်နိုင်မှာလား။ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုတဲ့သူတို့ဆန္ဒတွေပြည့်ဝမလားဆိုတာတော့ဇာတ်ကားလေးမှာဆက်ကြည့်လိုက်ပါဦးဗျာ။စိတ်လှုပ်ရှားမှုတွေပေးမှာဖြစ်ပြီးတကယ်ကြည့်ကောင်းစေမယ့်ကားလေးပါ။ဇာတ်ကားနောက်ပိုင်းရောက်လေပိုပြီးစိတ်လှုပ်ရှားရလေပါပဲ။ရုံဝင်ငွေ၉၃.၅သန်းထိဝင်ခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။အားလပ်ချိန်ကိုစိတ်အပန်းပြေစေ၊စိတ်ကျေနပ်စေမယ့်ကားလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)----------------------------------------------------------သိပံံံံံံရုပ္ရွင္ေတြၾကိဳက္တဲ့ပရိတ္သတ္ေတြအတြက္ေတာ့ခံစားမႈအသစ္ေပးမယ့္ဇာတ္ကားေကာင္းေလးပါ။ယခုႏွစ္၂၀၁၇မတ္၂၄ကမွထုတ္လိုက္တဲ့ကားသစ္ေလးျဖစ္ပါတယ္။အျမင္တမ်ဳိးနဲ႕ၾကည့္ရတာေကာင္းတဲ့ကားေလးတကားျဖစ္ပါတယ္။ႏိုင္ငံေပါင္းစံုကအာကာသပညာရွင္တစုဟာႏိုင္ငံတကအာကာသစခန္းမွာအတူတူအဂၤါျဂိဳလ္ကိုေလ့လာရင္းအလုပ္လုပ္ေနၾကတာပါ။သမိုင္းမွာအေရးၾကီးတဲ့ရွာေဖြမႈျဖစ္တဲ့ကမာၻအျပင္တျခားဘယ္ေနရာေတြမွာသက္ရွိေတြရွိလဲဆိုတာကိုရွာေဖြေလ့လာေနၾကတာပါ။ကံေကာင္းစြာပဲအဂၤါျဂိဳလ္ကယူလာတဲ့ေျမနမူနာေတြကိုစမ္းသပ္လိုက္တဲ့အခါသက္ရွိျဖစ္လာမယ့္ကလပ္စည္းေလးကိုေတြ႕ရွိသြားပါတယ္ေတြ႕ရွိမႈအတြက္အားလံုး၀မ္းသာ၀မ္းေျမာက္ျဖစ္ၾကရျပီးႏိုင္ငံတကာကပါအားေပးခဲ့ၾကပါတယ္။ဒါေပမယ့္ရုတ္တရတ္ပဲမေတာ္တဆအမွားတခုျဖစ္သြားျပီးတဲ့ေနာက္မွာေတာ့အဲဒီသက္ရွိမ်ဳိးစိတ္ေလးကလႈပ္ရွားမႈမရွိေတာ့ပါဘူး။ဒါေပမယ့္လူသားေပပဲ။မျဖစ္ႏိုင္ဘူးဆိုတာကိုျဖစ္ေအာင္လုပ္တတ္တာလဲလူသားေတြပါပဲ။အဲဒီျဖစ္လာတဲ့အက်ဳိးဆက္ကိုခံစားရတာလဲလူပါပဲ။အဲလိုပဲကယ္ဗင္လို႕သူတို႕နာမည္ေပးထာတဲ့အဂၤါျဂိဳလ္ကသက္ရွိေလးကိုျပန္လည္အသက္သြင္းျပီးမူလအေျခအေနနဲ႕မတူပဲထူးဆန္းစြာျပဳမႈေနတဲ့အခါမွာေတာ့အာကာသပညာရွင္ၾကီးေတြဘယ္လိုလုပ္ၾကမလဲ။အဲဒီကယ္ဗင္ေလးကေရာဘယ္လိုေတြကံမေကာင္းမႈေတြယူလာမလဲ။သူ႕ရန္ကေနအာကာသပညာရွင္ေတြကာကြယ္ႏိုင္မွာလား။ကမာၻၾကီးကိုကယ္တင္မယ္ဆိုတဲ့သူတို႕ဆႏၵေတြျပည့္၀မလားဆိုတာေတာ့ဇာတ္ကားေလးမွာဆက္ၾကည့္လိုက္ပါဦးဗ်ာ။စိတ္လႈပ္ရွားမႈေတြေပးမွာျဖစ္ျပီးတကယ္ၾကည့္ေကာင္းေစမယ့္ကားေလးပါ။ဇာတ္ကားေနာက္ပိုင္းေရာက္ေလပိုျပီးစိတ္လႈပ္ရွားရေလပါပဲ။ရုံ၀င္ေငြ၉၃.၅သန္းထိ၀င္ခဲ့တဲ့ကားေလးလည္းျဖစ္ပါတယ္။အားလပ္ခ်ိန္ကိုစိတ္အပန္းေျပေစ၊စိတ္ေက်နပ္ေစမယ့္ကားေလးျဖစ္ပါတယ္။(ဇာတ္လမ္းအညႊန္းနဲ.ဘာသာျပန္သူကေတာ့ Fridays ပဲျဖစ္ပါတယ္)File Size : 751 MB Quality : Bluray 720p Running Time : 1hr 44minutes Format : Mp4 Genre : Horror, Sci-Fi, Thriller Translator : Fridays Encoder :Thanhtike Zaw
movie

Life (2017)