Channel Myanmar

Naomi Frederick

Christmas in Paradise (2022) 4.6
Christmas in Paradise (2022) Christmas in Paradise (2022) =====================ခရစ်စမတ်စ်လဲမကြာခင်ကျရောက်တော့မှာဖြစ်လို့ မိသားစု တွေနဲ့ အတူတူကြည့်နိုင်မယ့် ခရစ်စမတ်စ်ရုပ်ရှင်ကားလေး တစ်ကားအကြောင်းကိုပြောပြပေးချင်ပါတယ်။ဂျိုအန်နာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ မကြာခင်ကျရောက် တော့မယ့် ခရစ်စမတ်စ်မှာ သူ့ခင်ပွန်း၊ သူ့ချစ်သမီးလေးတို့နဲ့အတူ မိသားစုသုံးယောက်တည်းပဲ အိမ်မှာနေရင်းသာသာယာယာ၊ ငြိမ်း ငြိမ်းချမ်းချမ်းလေးနဲ့ဖြတ်သန်းဖို့စိတ်ကူးထားသူပါ။ ဒါပေမယ့်လဲ သူ့ညီမဖြစ်သူ ကယ်ရိုလိုင်းဆီကနေဝင်လာတဲ့ဖုန်းက သူ့အတွက် ကံဆိုးမှုတွေသယ်လာခဲ့ပါတယ်။ ဒါကတော့ သူတို့တွေရဲ့ဖခင်ဖြစ်သူ ဂျိမ်းစ်ခရစ်စမတ်စ်တစ်ယောက်ပျောက်သွားတယ်ဆိုတဲ့အကြောင်းပါ။ဂျိမ်းစ်ဟာ အရင်ကလဲ သူတို့ညီအစ်မတွေကိုထားသွားခဲ့ဖူးတဲ့ ရာဇဝင် ရှိနေတော့ ဒီတစ်ခေါက်လဲထပ်ပြီးထားသွားလေသလား၊ ဒါမှမဟုတ် အကြောင်းတစ်စုံတစ်ရာများဖြစ်နေလေသလား။ ဂျိမ်းစ်တစ်ယောက် ဘယ်တွေမှာရောက်နေပြီးတော့ အရင်က ဘာကြောင့် ဂျိုအန်နာတို့ ညီအစ်မတွေကိုထားသွားခဲ့ရတာလဲ။ အခုကရော ဘာအကြောင်းကြောင့် ပျောက်ဆုံးနေတာလဲ။ ဂျိုအန်နာတို့တွေကရော သူတို့ရဲ့ဖေဖေခရစ်စမတ်စ် ကြီးကို ခရစ်စမတ်စ်မတိုင်ခင်ရှာတွေ့ပြီးတော့ သူတို့မူလကရည်ရွယ်ထားတဲ့ ခရစ်စမတ်စ်အိပ်မက်လေးတွေကို အကောင်အထည်ဖော်နိုင်ပါ့မလား။ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာပဲဆက်လက် ကြည့်ရှုလိုက်ကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.82 GB) / (750 MB) / (450 MB) Quality............Web-DL 1080p / 720p / 480p Duration.........2Hr 09mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Fiona Gillen Encoder..........SWM
movie

Christmas in Paradise (2022)

2022
Father Christmas Is Back (2021) 5.0
Father Christmas Is Back (2021) Father Christmas Is Back (2021)=======================ခရစ်စမတ်ကာလနီးလာတာနဲ့အမျှ ခရစ်စမတ်ဇာတ်လမ်းလေးတွေအလျှိုလျှိုထွက်လာပါတယ်။ မိသားစုဇာတ်အိမ်တည်ခရစ်စမတ်ဟာသကားလေးတွေ ခရစ်စမတ်စွန့်စားခန်းကားလေးတွေထွက်လာပါတယ်။ ဒီကားလေးကလည်း မိသားစုဇာတ်အိမ်တည်ထားတဲ့ခရစ်စမတ်ဟာသကားလေးတစ်ကားပါ။ ခရစ်စမတ်နေ့ကြီးမှာ ဖခင်ဖြစ်သူရဲ့ထားခြင်းခံသွားရတဲ့Caroline Chirstmas Hopes က ခရစ်စမတ်ရဲ့အနှစ်သာရထက် ခရစ်စမတ်ပွဲကိုပြီးပြည့်စုံဖို့ကိုပဲဦးတည်နေခဲ့ပါတယ်။ဒါပေမယ့်အမြဲတမ်းအလွဲလွဲအချော်ချော်ဖြစ်ပြီး မှန်းထားသလိုဖြစ်မလာလို့ ဒီနှစ်ခရစ်စမတ်ကိုသေချာလုပ်မယ်ဆိုပြီးခြောက်လလောက်အချိန်ယူလုပ်ခဲ့ပါတယ်။ Carolineမှာ ညီမသုံးယောက်ရှိပြီး သူတို့ညီအစ်မတွေက Spitfire နဲ့ Messerschmittလို အပြိုင်ကြဲပြီးချနေကြပါ။ ဒီလိုညီအစ်မတွေနောက်တစ်ကြိမ်ပြန်ဆုံပြီးလုပ်ကြမယ့်ခရစ်စမတ်ပွဲလေးဆီ မထင်မှတ်ထားတဲ့လူတစ်ယောက်ကရောက်ချလာတဲ့အခါမှာတော့.....မိသားစုဇာတ်အိမ်တည်ခရစ်စမတ်ဟာသကားလေးပီပီ မြူးကြွတဲ့ဇာတ်အိမ်လေးနဲ့ကြည်နူးဖွယ်ကြည့်ရှုခံစားရမယ့်ကားလေးပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး . ဘာသာပြန်ပေးသူများကတော့Chit Tee, Thiha Yan Naing တို့ပဲဖြစ်ပါတယ်။)File size… (1.7GB)/ (1 GB) / (500 MB) Quality…..WEBRIP 1080p/720p/480p Format…mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chit Tee, Thiha Yan Naing Encoder ..... SWM 
movie

Father Christmas Is Back (2021)

2021