Channel Myanmar

Natasha Bassett

Hail, Caesar! (2016) 6.3
Hail, Caesar! (2016) ၁၉၅၀ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်လောကကို ထင်ဟပ်ထားတဲ့Dark Comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ Hail Ceasar! ကို တင်ဆက်ပေးလိုက်ရပါတယ်။ကတ်ပီတော်ပစ်ချားရုပ်ရှင်ထုတ်လုပ်ရေးရဲ့ fixer ဖြစ်တဲ့အက်ဒီမန်းနစ်စ်ရဲ့ တစ်နေ့စာအလွဲများလို့ ဆိုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။ရုပ်ရှင်လောကကို ဖော်ပြတဲ့ဇာတ်ကားဖြစ်တာနဲ့အမျှA-List Actor အများစုကို အသုံးပြုထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Josh Brolin, George Clooney, Alden Ehrenreich, RalphFiennes, Jonah Hill, Scarlett Johannsson, Frances McDorman,Tilda Swinton နဲ့ Channing Tatumအထိ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတ်ပီတော်ပစ်ချား ရဲ့ထုတ်လုပ်ရေးဦးစီးဖြစ်တဲ့ အက်ဒီမန်းနစ်စ်ဟာစတူဒီယိုရဲ့ အရှုပ်တော်ပုံများကိုလိုက်လံဒိုင်ခံ ဖြေရှင်းရသူ တစ်ဦးလည်း ဖြစ်ပါတယ်။တစ်ရက်မှာ စတူဒီယိုရဲ့အဓိကပရော်ဂျက်ဖြစ်တဲ့ “Hail Ceasar” ရဲ့ အဓိကသရုပ်ဆောင်ဘာ့တ်ဝှစ်လော့တ် ရိုက်ကွင်းကနေ ဆေးခတ်ပြီး ပြန်ပေးဆွဲခံခဲ့ရပါတယ်။စတူဒီယိုအပေါ်မကျေနပ်ချက်တွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရသူ ဘာ့တ်ဝှစ်လော့တ်ကလည်းစာရေးဆရာကွန်မြူနစ်အုပ်စု ကြားထဲကို ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ အက်ဒီမန်းနစ်စ်ဟာ ပြန်ပေးငွေ ...
movie

Hail, Caesar! (2016)

2016
Elvis (2022) 7.7
Elvis (2022) Elvis (2022)သမိုင်းတလျှောက် အအောင်မြင်ဆုံး အဆိုတော်တွေထဲ တစ်ယောက်ဖြစ်တဲ့ အဲလ်ဗစ်ပရက်စ်လီအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ကို ဘာသာပြန်တင်ဆင်ပေးထားပါတယ်။ မင်းသားကြီး တွမ်ဟန့် နဲ့ မင်းသား အော်စတင်ဘတ်တလာတို့ အဓိက သရုပ်ဆောင်ထားပြီး ဒါရိုက်တာ၊ ဇာတ်ညွှန်းကတော့ The Great Gatsby ရဲ့ ဇတ်ညွှန်းဆရာကြီး Baz Luhrmann ပဲဖြစ်ပါတယ်။ အဲလ်ဗစ်ရဲ့ ငယ်ဘဝကနေသေဆုံးသွားတဲ့အချိန်အထိ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ အောင်မြင်မှုတွေ အခက်အခဲတွေ သမိုင်းတွေ အကြောင်းကို သီချင်းတွေနဲ့အတူ အကောင်းဆုံးရိုက်ကူးထားတာပါပဲ။ Bohemian Rhapsody လို အရသာမျိုးကောင်းကောင်းခံစားရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Music Quality…. 1080p | 720p | 480p File size…2.6GB | 1.4GB | 554MB Format… mp4 Duration…. 2h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Elvis (2022)

The Pale Door (2020) 7.3
The Pale Door (2020) ဒယ်တန် ဂိုဏ်သားတွေက ရထားတစ်စီးကို ဓားပြဝင်တိုက်ရင်းနဲ့ သူတို့ခေါင်းဆောင်က သေနတ်မှန်သွားပါတယ် သေနတ်ဒဏ်ရာရနေတဲ့ ခေါင်းဆောင်ကို ကယ်ဖို့ကြိုးစားရင်း တောထဲမှာ ပြည့်တန်ဆာအိမ်တစ်ခုကို တွေ့လိုက်ရပါတယ် ဒါပေမယ့် သူတို့ကို ကြိုဆိုနေတဲ့ မိန်းမချောလေးတွေက တစ်ခုခု မူမမှန်ဘူး ဖြစ်နေတာကို အားလုံးက သတိမထားမိကြပါဘူး ဒဏ်ရာရနေတဲ့ ခေါင်းဆောင်နဲ့ အဖွဲ့သားတွေ အသက်ရှင်ရက် ပြန်လာနိုင်မလား? တောနက်ထဲက ပြည့်တန်ဆာအိမ်က မိန်းမချောလေးတွေက ဘယ်သူတွေလဲ? ကောင်းဘွိုင်ခေတ်ကို အခြေခံထားတဲ့ ထိတ်လန့်သည်းဖို့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ The Pale Door ဟာ Horror ဖန်တွေ သဘောကျနိုင်တဲ့ ဇာတ်ကားတစ်ကားပါ   File Size - 1 gb Quality - web-dl 1080p Subtitle -  burmese Translator - Htet Wai Lwin Encoder - Thit San Khant
movie

The Pale Door (2020)

2020
Spy Intervention (2019) 5.2
Spy Intervention (2019) 2020 မှ လောလောလတ်လတ် ထွက်ထားတဲ့စပိုင်ဟာသကားလေး။ပေါ့ပေါ့ပါးပါးလေးနဲ့ အပျင်းပြေကြည့်လို့အဆင်ပြေတဲ့ကားလေး။မင်းသားက လက်နက် ရဖို့ကြိုးစားနေတဲ့ လူဆိုးနောက်ကို လိုက်ရင်းမင်းသမီးနဲ့ တိုက်မိရင်း တွေ့ကြတယ်။လူဆိုးကတော့ အဲဒါကြောင့် လွတ်သွားတယ်။မင်းသားကတော့ မင်းသမီးကို စတွေ့ကတည်းကသဘောကျသွားတာကြောင့် သူ့အလုပ်ကိုပါ စွန့်လွှတ်ပြီးမင်းသမီးကို လက်ထပ်ဖို့ ကြိုးစားတော့တယ်။သူတို့လက်ထပ်ဖြစ်ပ်ီး မင်းသားက ပုံမှန်ဘဝမှာ အသားကျအောင်ကြိုးစားနေတဲ့အချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ။မင်းသမီးကရော မင်းသားအကြောင်းကို ဘယ်အချိန်မှာသိသွားမှာလဲ။သူ့အလုပ်မှာရော အဆင်ပြေပါ့မလား။အဲလို ရုန်းကန်နေရချိန်မှာ အရင်ကိစ္စတွေနဲ့ ပြန်လည် ပတ်သက်လာရတဲ့အခါမှာတော့......ဇာတ်လမ်းကတော့ သိပ်ထူးထူးဆန်းဆန်းမဟုတ်။မင်းသား မင်းသမီးကလည်း အရမ်းနာမည်ကြီးနေတာတွေ မဟုတ်ပေမယ့်သူ့ဇာတ်လမ်း ဇာတ်ကွက်လေးနဲ့ ကြည့်လို့တော့ အဆင်ပြေပါတယ်။Low budget ဆိုတော့ တချို့နေရာတွေ CGI ထည့်ထားတာတွေတော့ သိပ်မကောင်း။ဒါပေမယ့် ပေါ့ပေါ့ပါးပါး ...
movie

Spy Intervention (2019)